News @ M-Media

Tag: MMediaTech

  • ကြယ်တံခွန်ပေါ်ဆင်းသက်သည့် အာကာသယာဉ်

    ကြယ်တံခွန်ပေါ်ဆင်းသက်သည့် အာကာသယာဉ်

    နိုဝင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    12768_10152834266373166_3937415612847411023_n
    ဥရောပအာကာသအဖွဲ့အစည်း ESAက လွနိခဲ့တဲ့ ၁၀နှစ်က လွှတ်တင်ထားတဲ့ Rosetta အာကာသယာဉ်ဟာ ကမ္ဘာမြေကနေ မိုင်သန်းပေါင်း ၃၁၀ အကွာအဝေးက ကြယ်တံခွန်67P အနီးကို ဩဂုတ်လထဲက ရောက်ရှိခဲ့ပါတယ်။

    နိုဝင်ဘာ ၁၂ရက်မှာတော့ Philae ယာဉ်ငယ်လေးဟာ ပင်မRosetta ယာဉ်ကနေခွဲခွာပြီး ကြယ်တံခွန်ပေါ် ဆင်းသက်နိုင်ခဲ့ပါတယ်။

    Philae မှာတပ်ဆင်ထားတဲ့ မြေပြင်မှာ ကုတ်တွယ်မယ့် ဆူးချိတ်တွေ အလုပ်မလုပ်လို့ အစပိုင်းမှာ မတည်ငြိမ်ပေမယ့် အခုတော့ တည်တည်ငြိမ်ငြိမ် ရှိကြောင်း သိရပါတယ်။

    ကြယ်တံခွန်67P ဟာ အချင်းမိုင်၂.၅ခန့် ကြီးပါတယ်။ Philae မှာတပ်ဆင်ထားတဲ့ ကင်မရာက ကြယ်တံခွန် ရဲ့ပုံတွေကို ပို့ပေးနိုင်ခဲ့ပြီး တပ်ဆင်ထားတဲ့ကိရိယာတွေက သုတေသန ၉ မျိုးပြုလုပ်မှာ ဖြစ်ပါတယ်။

    – daythanix တင်ဆက်သည်။

  • နိုဘယ်လ်ဆုရ သုတေသန တွက်ချက်မှု မှားခဲ့သလား

    နိုဘယ်လ်ဆုရ သုတေသန တွက်ချက်မှု မှားခဲ့သလား

    နိုဝင်ဘာ ၁၂ ၊ ၂၀၁၄
    M-Media
    Higgs Boson
    ဥရောပရဲ့ အမှုန် သုတေသန အဖွဲ့အစည်း CERN ဟာ မနှစ်က Higgs Bosonအမှုန် ကို ရှာဖွေတွေ့ရှိခဲ့တာ မဟုတ်ဘဲ Higgs Boson တုန့်ပြန်ပြုမူ ပုံဆင်တူတဲ့ အမှုန် ကို တွေ့ခဲ့တာ ဖြစ်နိုင်တယ်လို့ Southern Denmark တက္ကသိုလ် က ရူပဗေဒပညာရှင်တွေက သုံးသပ် တွက်ချက်ပြီး Physical Review ဂျာနယ်မှာ ရေးသားခဲ့ပါတယ်။

    standard model ကခန့်မှန်းတဲ့ စင်္ကြာဝဠာ ရဲ့ အား(၄) မျိုးကို ပြည့်စုံအောင် သက်သေပြနိုင်ဖို့ Higgs Boson ရဲ့ ဖြစ်တည်မှုက အရေးပါနေပါတယ်။

    ၂၀၁၃ခုနှစ်က ရူပဗေဒ ဆိုင်ရာ နိုဘယ်လ်ဆုကို Higgs Boson သုတေသီတွေက ရရှိခဲ့ပါတယ်။

    – daythanix တင်ဆက်သည်။

  • အီဘိုလာအတွက် လှူဒါန်းနိုင်ရန် Button တစ်ခု Facebook တွင် ထည့်သွင်းမည်

    အီဘိုလာအတွက် လှူဒါန်းနိုင်ရန် Button တစ်ခု Facebook တွင် ထည့်သွင်းမည်

    နိုဝင်ဘာ ၁၂ ၊ ၂၀၁၄
    M-Media
    8780f6a4-14f7-40bc-8b41-b36aaedf0a97_16x9_600x338

    – လူပေါင်း ငါးထောင်ကျော် သေဆုံးခဲ့သည့် အီဘိုလာဗိုင်းရပ်စ်ပိုး ပြန့်နှံ့မှုအား တွန်းလှန်ရာတွင် Facebook မှတစ်ဆင့် အလှူငွေများ လွယ်ကူစွာ လှူးဒါန်းနိုင်ရန်အတွက် button တစ်ခုထည့်သွင်းရန် Facebook Inc က စီစဉ်နေသည်ဟု သိရသည်။

    အဆိုပါ Button ကို လာမည့် သီတင်းပတ်များအတွင်း ထည့်သွင်းသွားမည် ဖြစ်ပြီး Facebook အသုံးပြုသူများအနေဖြင့် အီဘိုလာ တိုက်ဖျက်ရေးအတွက် အလှူငွေများ လှူဒါန်းသွားနိုင်မည်ဟု Facebook Inc က ပြောကြားခဲ့သည်။

    Facebook Inc မှာ အီဘိုလာ တိုက်ဖျက်ရေးလုပ်ငန်းအတွက် ဆက်သွယ်ရေးပိုင်းဆိုင်ရာတွင် ယခင်ကလည်း ကူညီခဲ့ဖူးပြီး ရောဂါဖြစ်ပွားနေသော နိုင်ငံများတွင် တယ်လီဖုန်းနှင့် အင်တာနက်လိုင်းများ လွယ်ကူစေရန်အတွက် ဂြိုဟ်တုဆက်သွယ်ရေး နေရာ ၁၀၀ ကို ဖြန့်ကျက်ပေးထားသည်။

    Facebook စီအီးအို မာ့ခ် ဇူကာဘာ့ဂ်နှင့် သူ၏ ဇနီး ပရစ်စီလာ ချန်တို့ကလည်း အီဘိုလာရောဂါတိုက်ဖျက်ရေးတွင် အသုံးပြုရန်အတွက် ကန်ဒေါ်လာ ၂၅ သန်းကို အမေရိကန် ရောဂါဘယ ထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးစင်တာသို့ ပြီးခဲ့သည့်လက လှူဒါန်းခဲ့သည်။

    ထို့ပြင် အီဘိုလာဒဏ်ကို အဆိုးဆုံး ခံစားနေရသော ဂီနီ၊ လိုက်ဘေးရီးယားနှင့် ဆီရာလီယိုနီ နိုင်ငံများရှိ ဝေးလံခေါင်သီသောဒေသများတွင်လည်း ၀ိုင်ဖိုင်အသုံးပြုနိုင်မည့် နေရာများ ပြုလုပ်ပေးသွားရန်း Facebook Inc က စီစဉ်နေသည်။

    ref_ The Associated Press

  • သိပ္ပံလေ့လာမှု အတွက် ရိုဗာယာဉ်အား ပင်ဂွင်း ကလေးငယ် အဖြစ် ပုံစံပြောင်း စမ်းသပ်

    သိပ္ပံလေ့လာမှု အတွက် ရိုဗာယာဉ်အား ပင်ဂွင်း ကလေးငယ် အဖြစ် ပုံစံပြောင်း စမ်းသပ်

    နိုဝင်ဘာ ၅ ၊ ၂၀၁၄
    M-Media
    1384138_10152912341517518_1610593662315654496_n
    သဘာဝတောရိုင်း တိရိစ္ဆာန်တွေကို လေ့လာတဲ့ သိပ္ပံပညာရှင်တွေဟာ သူတို့လေ့လာ အာရုံစိုက်ရတဲ့ တောကောင်တွေရဲ့ သဘာဝလှုပ်ရှားမှုတွေကို အနှောက်အယှက် မဖြစ်စေဘဲ နီးနိုင်သမျှ အနီးကပ်လေ့လာလိုကြပါတယ်။ အဲ့ဒါကို ဖြစ်နိုင်စေမယ့် နည်းလမ်းတစ်ခုကတော့ ရီမုတ်ကွန်ထရိုး ရိုဗာယာဉ် အသုံးပြုခြင်းပဲဖြစ်ပါတယ်။

    လေ့လာမှု အသစ်တစ်ခုမှာ ပြင်သစ်နိုင်ငံ Strasbourg တက္ကသိုလ်က ဗွန်လီမာဟို နဲ့သူ့အဖွဲ့သားတွေဟာ ပင်ဂွင်း (၃၄) ကောင်ကို ပြင်ပ နှလုံးခုန်နှုန်းတိုင်း ကိရိယာ တပ်ဆင်ပေးထားခဲ့ကြပါတယ်။ နှလုံးခုန်နှုန်း ကိရိယာက အချက်အလက်တွေကို RFID Antenna ကနေပြန်လည် ဖမ်းယူမှာဖြစ်ပါတယ်။ (RFID ဆိုတာ ကား၊ရထားစီးတဲ့အခါ သို့ ရုံးထဲဝင်တဲ့အခါ အထဲဝင်ဖို့ ကတ်ဖြတ်ရတဲ့နည်းပညာနဲ့တူ) ။

    နောက်တစ်နေ့မှာ သူတို့ဟာ ပြင်ဆင်မှုမလုပ်ထားတဲ့ ရိုဗာယာဉ်ကို ပင်ဂွင်းတွေဆီလွှတ်လိုက်တဲ့အခါ အနီးကပ်ခံရုံမျှမက ယာဉ်ငယ်ကြောင့် ပင်ဂွင်းတွေရဲ့ နှလုံးခုန်နှုန်းဟာ ခဏသာမြင့်တက်ပြီး ချက်ခြင်းဆိုသလို ပုံမှန်ပြန်ဖြစ်သွားပါတယ်။ အလားတူစမ်းသပ်မှုကို လူကိုယ်တိုင်အနီးကပ် လက်ကိုင်နှလုံးခုန်နှုန်းတိုင်းတာ စက်နဲ့ပြုလုပ်တဲ့အခါ နှလုံးခုန်နှုန်းဟာ ပိုမိုမြန်ဆန်နေပါတယ်။

    နောက်ထပ်စမ်းသပ်မှု တစ်ခုမှာတော့ သုတေသီတွေဟာ ရိုဗာယာဉ်ကို ပင်ဂွင်းကလေးငယ်လေး ပုံစံပြောင်းပေးလိုက်ပြီး အင်မတန် ရှက်တတ်တဲ့ ပင်ဂွင်းတွေဆီ လွှတ်လိုက်ပါတယ်။ ပင်ဂွင်းငှက်တွေဟာ သူတို့အနား အကပ်ခံရုံတင်မကဘဲ ပင်ဂွင်းပေါက်စလေးတွေနဲ့ ပွေ့ဖက်နေပါတယ်။ နောက်ဆုံးမှာ သူတို့ဟာ ပေါင် (၇ဝဝဝ) ကျော်အလေးချိန်ရှိတဲ့ ဖျံအကြီးစားတွေ(ပင်လယ်ဖျံ)ဆီကို မပြင်ဆင်ထားတဲ့ရိုဗာယာဉ်သက်သက်ကို လွှတ်ကြည့်ခဲ့ပါတယ်။ ပင်လယ်ဖျံတွေက သတိတောင် မထားမိကြပါဘူး။ ပင်လယ်ဖျံတွေဟာ သူတို့အမြီးနားကို လူအကပ်မခံဘဲ ပြင်းပြင်းထန်ထန် ရန်မှုတတ်ကြောင်း လူသိများတဲ့ သတ္တဝါဖြစ်ပါတယ်။

    သုတေသီ လီမာဟို ဟာ ရိုဗာယာဉ်တွေသုံးပြီး ရာသီဥတုပြောင်းလဲမှုဟာ ပင်ဂွင်းတွေရဲ့ သားပေါက်နှုန်းနဲ့ ရှင်သန်မှုအပေါ် ဘယ်လို အကျိုးသက်ရောက် မှုတွေဖြစ်နေလဲဆိုတာ လေ့လာနေတာဖြစ်ပါတယ်။ သူနဲ့အဖွဲ့သားတွေက ရိုဗာယာဉ်ရဲ့ အသုံးဝင်မှုဟာ ဒီထက် အများကြီးရှိသေးတယ်လို့ဆိုပါတယ်။ ရိုဗာယာဉ်ကို ပြုပြင်ပြီး တိရိစ္ဆာန်တွေရဲ့ ဝန်းကျင်မှာ သူတို့ကိုအနှောက်အယှက်မဖြစ်စေဘဲ အာရုံခံ ကိရိယာတွေက တစ်ဆင့် အချက်အလက်တွေ ယူ လေ့လာနိုင်တယ်လို့ဆိုပါတယ်။

    Source: Science Alert

    မြတ်ဇော် ရှာဖွေတင်ဆက်သည်။

  • ကျန်းမာရေး အခြေအနေကို စဉ်ဆက်မပြတ် ဖေါ်ပြပေးပြီး လက်မှာ ဝတ်ဆင်ရတဲ့ Microsoft Band

    ကျန်းမာရေး အခြေအနေကို စဉ်ဆက်မပြတ် ဖေါ်ပြပေးပြီး လက်မှာ ဝတ်ဆင်ရတဲ့ Microsoft Band

    နိုဝင်ဘာ ၄ ၊ ၂၀၁၄
    M-Media
    1376376_10152811911738166_231421673100874967_n
    Microsoft က ကျန်းမာရေး အခြေအနေကို စဉ်ဆက်မပြတ် ဖေါ်ပြပေးနိုင်တဲ့ Microsoft Band ကို ထုတ်လုပ်လိုက်ပါတယ်။

    ၁၉၉ဒေါ်လာနဲ့ ရောင်းချမယ်လို့ ကြေငြာပါတယ်။ Microsoft Band မှာ အာရုံခံကိရိယာ ၁၀မျိုးပါဝင်ပါတယ်။ နှလုံးခုံနှုန်း၊ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှု။ စိတ်ဖိစီးမှုကို အရေးပြားမှတိုင်းတာခြင်း ကဲ့သို့ လုပ်ဆောင်မှု များစွာ ပါဝင်ပါတယ်။

    တိုင်းတာထားတဲ့ အချက်အလက်တွေကို Microsoft Health Vault မှာ သုံးသပ်ချက်တွေပြုလုပ်နိုင်ပါတယ်။

    ဓါတ်အားတစ်ကြိမ် ဖြည့်ထားရင် ၄၈နာရီ အသုံးပြုနိုင်ပါတယ်။ Windows phone, Android phoneနဲ့ Apple-iPhone စတဲ့ ဖုန်းမျိုးစုံနဲ့ ချိတ်ဆက် အသုံးပြုနိုင်တယ်လို့ ကြေငြာထားပါတယ်။ Microsoft online store မှာ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

    – daythanix တင်ဆက်သည်။