News @ M-Media

Tag: MMediaTech

  • ၂၀၁၄ ဓါတုဗေဒ နိုဘယ်လ်ဆု  ရစေခဲ့တဲ့ တီထွင်မှု

    ၂၀၁၄ ဓါတုဗေဒ နိုဘယ်လ်ဆု ရစေခဲ့တဲ့ တီထွင်မှု

    အောက်တိုဘာ ၁၃၊ ၂၀၁၄
    M-Media
    10626881_10152764292853166_8409296144059363267_n
    မိုက်ခရိုစကုပ်တွေ ဘယ်လောက်ပဲကောင်းပါစေ ၀.၂ မိုက်ခရိုမီတာထက်သေးငယ်တဲ့ အရွယ်အစားကို သာမန်အလင်းက မဖြတ်သန်းနိုင်တာကြောင့် အဲ့ဒီထက်သေးငယ်တဲ့ အရွယ်အစားကို ပုံဖေါ်လို့ မရခဲ့ပါဘူး။

    ဒါကို 1873 က Ernst Abbe ကတွက်ထုပ်ခဲ့လို့ Abbe’s limit လို့ ခေါ်ပါတယ်။

    Max Planck Instituteက Stefan Hell နဲ့ Howard Hughes Medical Institute က Eric Betzig နဲ့ Stanfordက William E. Moerner တို့ရဲ့ သီးခြားစီ တီထွင်မှု နှစ်မျိုးကတော့ ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့ အတွက် ကြည့်ရှုလိုတဲ့ ဆဲလ်နမူနာ ကိုယ်တိုင်က အရောင်လင်းလက် တောက်ပလာအောင် ပြုလုပ်တဲ့နည်းကို တီထွင်ခဲ့တဲ့အတွက် ၂၀၁၄ ဓါတုဗေဒ နိုဘယ်လ်ဆု ရရှိခဲ့ကြပါတယ်။

    နည်းပညာသစ်ကြောင့် သက်ရှိဆဲလ်တွေကို နာနိုအရွယ် (၁/၁,၀၀၀,၀၀၀,၀၀၀မီတာ) ထိ ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

    တင်ဆက်သူ- daythanix

  • ၂၀၁၄ ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆု ရစေခဲ့တဲ့ အပြာရောင် LED တီထွင်မှု

    ၂၀၁၄ ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆု ရစေခဲ့တဲ့ အပြာရောင် LED တီထွင်မှု

    အောက်တိုဘာ ၁၂၊ ၂၀၁၄
    M-Media
    1620420_10152764294008166_1229554535518140584_n
    ၂၀၁၄ ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုကိုတော့ အပြာရောင် LED(light-emitting diode) ကို တီထွင်ခဲ့တဲ့ ဂျပန်လူမျိုး ရူပဗေဒပညာရှင် သုံးဦးက ရရှိသွားပါတယ်။ LEDမီးလုံး အနီရောင်နဲ့ အစီမ်းရောင်သာ တီထွင်ပြီးဖြစ်ကာ အပြာရောင် အလင်းရရှိမှသာ အလင်းဖြူ ထွက်ပေါ်နိုင်တာ ဖြစ်လို့ သူတို့ရဲ့ တီထွင်မှုက အရေးပါခဲ့ရတာ ဖြစ်ပါတယ်။

    1962ခုနှစ်မှာ Nick Holonyak က ပထမဆုံး အနီရောင် LEDကို တီထွင်ခဲ့ပါတယ်။ နောက် ၅နှစ်အကြာမှာ George Craford က အစိမ်းရောင်LEDကို တီထွင်ခဲ့ပါတယ်။

    ဒါပေမယ့် အပြာရောင် LEDကိုတီထွင်နိုင်ဖို့ကတော့ နောက်ထပ် ၂၇နှစ် ကြာခဲ့ပါတယ်။ အနီနဲ့ အစီမ်း LEDတွေကို gallium arsenide phosphide နဲ့ ပြုလုပ်နိုင်ခဲ့ပေမယ့် ပိုပြီး စွမ်းအင်မြင့်တဲ့ အပြာရောင်အလင်းကို gallium arsenide phosphideနဲ့ မပြုလုပ်နိုင်ကြပါဘူး။

    နောက်ဆုံးမှာ ပရော်ဖက်ဆာIsamu Akasaki ပရော်ဖက်ဆာHiroshi Amano နဲ့ ပရော်ဖက်ဆာ Shuji Nakamura တို့ရဲ့ အကြိမ်ကြိမ် ကြိုးစားမှုတွေကြောင့် gallium nitride နဲ့ပြုလုပ်တဲ့ အပြာရောင် LED ကို တီထွင်နိုင်ခဲ့ကြပါတယ်။

    တင်ဆက်သူ- daythanix

  • ဂူးဂဲလ်ရဲ့ modular screen

    ဂူးဂဲလ်ရဲ့ modular screen

    အောက်တိုဘာ ၁၂၊ ၂၀၁၄
    M-Media
    modular screen
    ဂူးဂဲလ်က အစိတ်အပိုင်း တစ်မျိုးစီ စိတ်ကြိုက် တပ်ဆင်ရတဲ့ modular ဖုန်းတစ်မျိုးကို တီထွင်နေသလို screen မျက်နှာပြင်ကိုလည်း modular ပုံစံ ဆက်စပ်တပ်ဆင်နိုင်မယ့် နည်းပညာကို စတင်လိုက်ပါတယ်။

    ဒါပေမယ့် ဒီတစ်ခါကတော့ ဖုန်းလို ခပ်သေးသေးလေး အတွက် မဟုတ် ပါဘူး။

    တီဗွီ အကြီးကြီးတွေ စိတ်ကြိုက် တပ်ဆင်နိုင်ဘို့ ဖြစ်ပါတယ်။

    ဒီပရောဂျက်ကို MIT မှ ပရော်ဖက်ဆာ Mary Lou Jepsen ကဦးဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ အနားသတ်ဘောင်တွေမပါတဲ့ screenကို အရင်တီထွင်ရမှာ ဖြစ်ပါတယ်။

    လက်ရှိဈေးကွက်ထဲမှာတော့ LED pannel တွေကိုသာ စိတ်ကြိုက် screen အရွယ်အစားနဲ့ ပုံစံ ရနိုင်တယ်။

    တင်ဆက်သူ- daythanix

  • ၂၀၁၄ ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို အပြာရောင် LED တီထွင်ခဲ့သော ဂျပန် သိပ္ပံပညာရှင် သုံးဦး ရရှိ

    ၂၀၁၄ ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို အပြာရောင် LED တီထွင်ခဲ့သော ဂျပန် သိပ္ပံပညာရှင် သုံးဦး ရရှိ

    အောက်တိုဘာ ၇ ၊ ၂၀၁၄
    M-Media

    Physics Nobel prize goes to scientists who perfected LED light 2
    – နှစ်စဉ် ချီးမြှင့်လျက်ရှိသော ရူပဒေဆိုင်ရာ နိုဘယ်ဆုကို အောက်တိုဘာ ၇ ရက်နေ့တွင် ကြေညာခဲ့ရာ အပြာရောင် LED မီးကို ပူးပေါင်း တီထွင်ခဲ့သည့် ဂျပန်သိပ္ပံပညာရှင် ၃ ဦးက ရရှိသွားသည်ဟု သိရသည်။

    အီဆာမူ အာကာဆာကီ၊ ဟီရိုရှီ အာမာနိုနှင့် ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သိပ္ပံပညာရှင် ရှူဂျီ နာကာမူရာတို့ဖြစ်ကြပြီး အိမ်သုံး မီးအလှများမှ ဖုန်များအထိ အသုံးပြုနိုင်သော အလွန်အသုံးဝင်သည့် အပြာရောင် LED မီးကို တီထွင်နိုင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

    ဆုရွေးချယ်ရေးအဖွဲ့မူ LED မီးသီးများမှာ စွမ်းအင်ကိုချွေတာနိုင်ခြင်း၊ ကြာရှည်ခံခြင်း၊ မာကျူရီ မပါဝင်သောကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေပြီး ၎င်းတို့ ၃ ဦး၏ စွမ်းဆောင်မှုက နိုဘယ်ဆုကို တည်ထောင်ခဲ့သူ အဲလ်ဖရဒ်နိုဘယ်၏ ဆန္ဒနှင့် ကိုက်ညီသည်ဟု ပြောကြားခဲ့သည်။

    အနီရောင်နှင့် အစိမ်ရောင် LED များကို နှစ်ပေါင်းများစွာအရင်ကပင် သုံးစွဲခဲ့ကြသော်လည်း အပြာရောင် LED ကို ၁၉၉၀ ပြည့်နှစ်များက ၎င်းတို့ သုံးဦးမှ ဖန်တီးတီထွင်ခဲ့ပြီး၊ ထိုအချိန်မှစ၍ အဖြူရောင်မီးအိမ်များ ထုတ်လုပ်နိုင်ခဲ့ကာ ကမ္ဘာတစ်ဝှမ်းတွင် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာခဲ့ကြသည်။  အပြာရောင် LED မီးကို တီထွင်ရန်အတွက် သိပ္ပံပညာရှင်များနှင့် နှစ်ပေါင်း ၃၀ ခန့် ကြိုးစားခဲ့ရသည်။

    ၎င်းတို့၏ တီထွင်မှုမှာ လျှပ်စစ်ဓာတ်အားမရရှိသော ကမ္ဘာပေါ်ရှိ လူသန်းပေါင်း ၁၅၀၀ ကျော်၏ လူနေမှုဘ၀ကို တိုးတက်စေခဲ့သည်ဟုလည်း ဆုရွေးချယ်ရေးကော်မတီက ထပ်လောင်းပြောကြားခဲ့သည်။

    နိုဘယ်ဆုရရှိသည့်အကြောင်းကို အဆိုပါ သိပ္ပံပညာရှင်သုံးဦးအား ကော်မတီက အကြောင်းကြားခဲ့ပြီး ၎င်းတို့မှာ ဆုကြေးငွေ ဆွီဒင်ကရိုနာ ၈ သန်း (ကန်ဒေါ်လာ ၁.၂ သန်း) ကို ခံစားရမည်ဖြစ်သည်။

    ref_ CNN

  • Dream Chaser ကို အာကာသ ခရီးသွားလုပ်ငန်းတွင် သုံးမည်

    Dream Chaser ကို အာကာသ ခရီးသွားလုပ်ငန်းတွင် သုံးမည်

    အောက်တိုဘာ ၃ ၊ ၂၀၁၄
    M-Media
    SNC_Dream_Chaser_KSC_Launch1-660x528
    ပြီးခဲ့တဲ့ အပတ်ထဲက NASA ရဲ့ အကာသ ခရီးစဉ်တွေ အတွက် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း ကန်ထရိုက်ကို Boeing ရဲ့ CST-100 နဲ့ SpaceXရဲ့ Dragon တို့ကို အသုံးပြုရန် ရွေးချယ်လိုက်ပြီး Sierra Nevada Corpရဲ့ Dream Chaser ကတော့ အရွေးမခံရတဲ့ အတွက် ဥပဒေအရ ရင်ဆိုင် သွားမယ်လို့ ကြေငြာခဲ့ပါတယ်။

    ယှဉ်ပြိုင်တဲ့ ကုမ္ပဏီသုံးခုထဲမှာ Sierra Nevada Corpရဲ့ Dream Chaser ကသာ မြောပြင်ပေါ် ပျံသန်း ဆင်းသက်နိုင်တဲ့ လွန်းပျံယာဉ် ပုံစံဖြစ်ပါတယ်။ ကျန်နှစ်မျိုးကတော့ capsule ပုံစံတွေဖြစ်ပါတယ်။

    ဒီနေ့ (အောက်တိုဘာ ၂)သတင်းအရ အာကာသခရီးသွား လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ပြင်ဆင်နေတဲ့ Stratolaunch Systems က Dream Chaser လွန်းပျံယာဉ်ငယ်ကို ဝယ်ယူဖို့ စိတ်ဝင်စားတယ်လို့ ပြောဆို လိုက်ပါတယ်။

    Stratolaunch Systemsကို ပိုင်ဆိုင်သူကတော့ Microsoft ကိုပူးတွဲတည်ထောင်သူ Paul Allen ဖြစ်ပါတယ်။

    Dream Chaser လွန်းပျံယာဉ်ငယ်ဟာ ခရီးသည် ၇ ဦး လိုက်ပါနိုင်ပြီး NASA ရဲ့ လွန်းပျံယာဉ်ကြီးတွေ ရဲ့ ၄ ပုံ တစ်ပုံ အရွယ်အစားသာ ရှိပါတယ်။

    ပျံသန်းပုံကတော့ လွန်းပျံယာဉ်ငယ်ကို ကမ္ဘာ့လေထုလွှာ အပေါ်ပိုင်းထိ လေယာဉ်ကြီးတစ်စင်းက သယ်ယူသွားပြီး လွှတ်တင်ပေးမှာ ဖြစ်တဲ့အတွက် Virgin Galactic ရဲ့ SpaceShipTwo နဲ့ ဆင်တူပါတယ်။

    တင်ဆက်သူ- daythanix