News @ M-Media

Tag: MMediaTech

  • SpaceShipTwo စမ်းသပ်ပျံသန်းစဉ် ပျက်ကျ

    SpaceShipTwo စမ်းသပ်ပျံသန်းစဉ် ပျက်ကျ

    နိုဝင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    SpaceShipTwo
    Virgin Galactic ရဲ့ SpaceShipTwo ၃၁ရက်နေ့က စမ်းသပ်ပျံသန်းစဉ် ပျက်ကျသွားပါတယ်။ ယာဉ်မှူး တစ်ဦးသေဆုံးသွားပြီး တစ်ဦးက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပါတယ်။

    ဘာကြောင့် ပျက်ကျတယ်ဆိုတာ မသိရှိသေးပါဘူး။ ဒီတစ်ကြိမ်က ၃၅ ကြိမ်မြောက် စမ်းသပ် ပျံသန်းမှု ဖြစ်ပါတယ်။

    ပင်မယာဉ်ဖြစ်တဲ့ WhiteKnightTwo က SpaceShipTwo ကို အမြင့်ပေ ၄၅,၀၀၀ အထိ သယ်ဆောင် လွှတ်တင်ပေးခဲ့အပြီး SpaceShipTwo ရဲ့ ပင်မဒုံး အင်ဂျင်နဲ့ နှစ်မိနစ် လောက်ပျံသန်း အပြီးမှာ ပေါက်ကွဲသွားတယ်လို့ သိရပါတယ်။

    Virgin Galactic အာကာသ ခရီးသွားလုပ်ငန်းမှာ SpaceShipTwo နဲ့ လိုက်ပါစီးနင်းဖို့ စာရင်းပေးထားသူ ၅၀၀ ကျော်ရှိပါတယ်။

    ဈေးနှုန်းကတော့ ဒေါ်လာ ၂၅၀,၀၀၀ ဖြစ်ပါတယ်။ ပုံမှန် အစီအစဉ်များအရ ၂၀၁၅ နှစ်လည်ပိုင်းမှာ အာကာသခရီးစဉ်တွေစတင်ဖို့ ရည်မှန်းထားပါတယ်။

    – daythanix တင်ဆက်သည်။

  • မြေပြင်နဲ့မထိတဲ့ စကိတ်ဘုတ်

    မြေပြင်နဲ့မထိတဲ့ စကိတ်ဘုတ်

    အောက်တိုဘာ ၂၇၊ ၂၀၁၄
    M-Media
    Hendo-The-Worlds-First-Real-Hoverboard-01
    ၁၉၈၉ ခုနှစ်က ရုပ်ရှင် Back to the Future Part II မှာ မြေပြင်နဲ့မထိတဲ့ စကိတ်ဘုတ် (hoverboard)ကို စီးပြတာမျိုး ဟာ အခုတော့ လက်ရှိပြင်ပလောကမှာ တစ်ကယ် ဖြစ်နိုင်ပါပြီ။

    hoverboardအတွက် အဓိက တီထွင်လိုက်တာကတော့ သံလိုက်တွန်းကန်အား ထုတ်ပေးနိုင်တဲ့ အင်ဂျင်အချပ်ပြားတွေ ဖြစ်ပါတယ်။

    hoverboardတစ်ခုမှာ သံလိုက်တွန်းကန်အား စက်ငယ်လေး လေးခု တပ်ဆင်ထားပါတယ်။ သာမန် ဘီးတပ်စကိတ်တွေလို နေရာတကာတော့ စီးလို့ မရပါဘူး။

    မြေပြင်ပေါ်မှာ သံပြားခင်းထားမှ စီးနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိကာလမှာ ပိုမိုကောင်းမွန်အောင် ကြီုးစားဆဲ ဖြစ်ပြီး ရံပုံငွေ စုစည်းမှုအတွက် Kickstarter ဝဘ်ဆိုက်မှာ ဝယ်ယူအားပေးနိုင်ပါတယ်။

    တင်ဆက်သူ- daythanix

  • ကမ္ဘာ့သံလိုက် စက်ကွင်းပြောင်းပြန်ဖြစ်မည်

    ကမ္ဘာ့သံလိုက် စက်ကွင်းပြောင်းပြန်ဖြစ်မည်

    အောက်တိုဘာ ၂၅၊ ၂၀၁၄
    M-Media
    1932417_10152790331318166_4608232113044282726_n
    ကမ္ဘာ့မြေကြီးရဲ့ သံလိုက်စက်ကွင်းဆိုတာ တောင်-မြောက် ဝင်ရိုး အတိုင်း တည်ရှိတယ်လို့ လူတိုင်း သိထားပြီး ဘယ် သံလိုက်ချောင်းကို မဆို တောင်ဘက်စွန်း မြောက်ဘက်စွန်း ဆိုပြီး ခွဲခြား သတ်မှတ်ပါတယ်။

    သိပ္ပံပညာရှင်တွေရဲ့ ခန့်မှန်းချက် အရ နှစ် ၁၀၀၀၀ခန့်တိုင်းမှာ ဒီသံလိုက်ဝင်ရိုးဟာ ပြောင်းပြန်ပြောင်း သွားလေ့ရှိပြီး ဒီတစ်ကြိမ် ပြောင်းလဲမှုကတော့ လက်ရှိလူသားတွေရဲ့ သက်တမ်း အတွင်းမှာ တွေ့ကြုံရနိုင်တယ်လို့ ဆိုပါတယ်။

    ကမ္ဘာ့မြေကြီးရဲ့ သံလိုက်စက်ကွင်းက နေရောင်ခြည်ကလာတဲ့ အန္တရာယ်ရှိနိုင်တဲ့ အလင်းမှုန် တိုက်ခတ်မှုကိုလည်း ကာကွယ်ပေးထားပါတယ်။ အဲ့ဒီအချက်ကို သိသာစေတာကတော့ ဝင်ရိုးစွန်းဒေသတွေမှာ တွေ့မြင်ရတဲ့ aurora အလင်းတန်းတွေ ဖြစ်ပါတယ်။

    ဒီသံလိုက်ဝင်ရိုးဟာ ပြောင်းပြန်ပြောင်းနေတဲ့ကာလမှာ သံလိုက်စွန်း နှစ်ခုထက်ပိုမို ဖြစ်ပေါ်လာနိုင်ပြီး အဲ့လိုကာလမှာ ဝင်ရိုးစွန်းမဟုတ်တဲ့ ဒေသတွေမှာ aurora အလင်းတန်းတွေ တွေ့မြင်ရနိုင်ပါတယ်။ နောက်ဆုံးအကြိမ် သံလိုက်ဝင်ရိုး ပြောင်းလဲမှုဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၇၈၀၀၀၀ ခန့်က ဖြစ်ခဲ့တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

    သံလိုက်ဝင်ရိုး ပြောင်းလဲချိန်မှာ သံလိုက်စက်ကွင်း အားလျော့သွားပါတယ်။ အခုလည်း ESA ဂြိုဟ်တုတွေရဲ့တိုင်းတာမှုအရ ကမ္ဘာ့သံလိုက်စက်ကွင်း သိသိသာသာ အားလျော့လာနေတယ်လို့ သိရပါတယ်။

    တင်ဆက်သူ- daythanix

  • အမေရိကန်လေတပ်ရဲ့ မောင်းသူမဲ့ အာကာသ လွန်းပျံယာဉ် ဆင်းသက်

    အမေရိကန်လေတပ်ရဲ့ မောင်းသူမဲ့ အာကာသ လွန်းပျံယာဉ် ဆင်းသက်

    အောက်တိုဘာ ၂၃၊ ၂၀၁၄
    M-Media
    X-37B
    အမေရိကန်လေတပ်က လွှတ်တင်ထားတဲ့ X-37B မောင်းသူမဲ့ အာကာသ လွန်းပျံယာဉ်လေးဟာ ကမ္ဘာပါတ်လမ်းအနိမ့်ပိုင်းမှာ ၆၇၄ရက် ပျံသန်းခဲ့ပြီးတဲ့နောက် ၁၇ရက်နေ့က ကယ်လီဖိုးနီးယား က Vandenberg လေတပ်စခန်းကို ဆင်းသက်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့ အပတ်က NASA ရဲ့ လွန်းပျံယာဉ်ကြီးများ ထားရှိစဉ်က သုံးခဲ့တဲ့ Orbiter Processing Facility ၁ နဲ့ ၂ ကို အမေရိကန်လေတပ်က X-37B အတွက် လွှဲပြောင်းရယူခဲ့ပါတယ်။

    အရွယ်အစားအားဖြင့် ၂၉ပေ ရှည်တဲ့ ဒီလွန်းပျံ ယာဉ်ငယ်လေးကို ဘယ်လိုအသုံးချဖို့ ရည်ရွယ်တယ်ဆိုတာကို လျို့ဝှက်ထားဆဲပဲ ဖြစ်ပါတယ်။

    တင်ဆက်သူ- daythanix

  • အမေရိကန်ု သူလျို  အာကာသယာဉ် ၂၂ လ ကြာပြီးနောက် မြေပြင်သို့ ပြန်လည်ရောက်ရှိ

    အမေရိကန်ု သူလျို အာကာသယာဉ် ၂၂ လ ကြာပြီးနောက် မြေပြင်သို့ ပြန်လည်ရောက်ရှိ

    အောက်တိုဘာ ၁၉ ၊ ၂၀၁၄
    M-Media
    201410172093460734_20
    – ထောက်လှမ်းရေးနှင့် ဆက်စပ်သည့် လုပ်ငန်းများကို ဆောင်ရွက်သည်ဟု အများစုက ယုံကြည်နေသော အမေရိကန် အာကာသယာဉ်တစ်စီးမှာ ၂၂ လကြာ ကမ္ဘာပတ်လမ်းကြောင်းအတွင်း လှည့်လည်ခဲ့ပြီးနောက်  ယမန်နေ့က ပြန်လည် ဆင်းသက်လာခဲ့သည်ဟု သိရသည်။

    အာကာသအတွင်း စမ်းသပ်မှုအစီအစဉ်အတွက် ၂၀၁၀ ခုနှစ်က ပထမဆုံးအကြိမ် လွှတ်တင်ခဲ့သည့် X-37B ဟု အမည်ရ အဆိုပါ အာကာသယာဉ်မှာ ယမန်နေ့က ကယ်လီဖိုးနီးယားရှိ Vandenberg လေတပ်စခန်းသို့ အောင်မြင်စွာ ပြန်လည် ဆင်းသက်နိုင်ခဲ့သည်။ ထိုလေယာဉ်၏ ယခုခရီးစဉ်မှာ တတိယမြောက်ဖြစ်ပြီး အရှည်ကြာဆုံး ခရီးစဉ်လည်း ဖြစ်ခဲ့သည်။

    ၆၇၄ ရက်ကြာ ကမ္ဘာပတ်လမ်းကြောင်းထဲတွင် လှည့်လည်စဉ်အတွင်း အာကာသထဲ၌ဘေးအန္တရာယ်လျှော့ချခြင်း၊ စမ်းသပ်မှုများပြုလုပ်ခြင်း၊ ပြန်လည်အသုံးပြုနိုင်သော အာကာသယာဉ် နည်ပညာများအတွက် လုပ်ငန်းပိုင်းဆိုင်ရာ သဘောတရား ဖွံ့ဖြိုးမှုများကို ဆောင်ရွက်ခဲ့သည်ဟု အမေရိကန် လေတပ်မှ ပြောကြားခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို လျှို့ဝှက်ထားခဲ့သည်။

    အာကာသအား ငြိမ်းချမ်းစွာအသုံးပြုမှုအတွက် အားပေးသည့် အကျိုးအမြတ်မယူသော The Secure World Foundation အဖွဲ့ကမူ ကမ္ဘာပတ်လမ်းကြောင်းအတွင်း လှုပ်ရှားမှုများကို လျှို့ဝှက်ခြင်းနှင့် X-37B ၏ ပစ္စည်းတင်ဆောင်နိုင်မှုပမာဏတို့က လျှို့ဝှက်ထောက်လှမ်းရေး ပစ္စည်းများ ရှိနေသည်ဆိုခြင်းကို သေချာလုနီးပါးဖြစ်စေသည်ဟု ပြောကြားခဲ့သည်။

    အမေရိကန်အာဏာပိုင်များကမူ X-37B အား လွှတ်တင်မှုမှာ အခြားသော အာကာသယာဉ်များကို ပစ်ချနိုင်သည့် အာကာသလက်နက် ဖန်းတီးနေခြင်းမဟုတ်ဟု ယခင်က ငြင်းဆိုထားသည်။

    ၂.၇၅ မီတာအမြင့်၊ ၉ မီတာအရှည်ရှိပြီး ၅၀၀၀ ကီလိုဂရမ်အလေးချိန်ရှိသည့် အဆိုပါ X-37B အာကာသယာဉ်မှာ အသံထက် ၂၅ ဆမြန်သော အမြန်နှုန်းဖြင့် ပျံသန်းနိုင်ပြီး ၂၀၁၅ ခုနှစ်တွင် အာကာသအတွင်းသို့ နောက်ထပ်တစ်ကြိမ် ထပ်မံလွှတ်တင်ရန် အမေရိကန်အစိုးရက စီစဉ်ထားသည်။

    ref_ Agencies