News @ M-Media

Tag: MMediaTech

  • ကမ္ဘာ့အပါးလွှာဆုံး တီဗီ ဆိုနီမှ ယခုနှစ်အတွင်း ဖြန့်ချီမည်

    ကမ္ဘာ့အပါးလွှာဆုံး တီဗီ ဆိုနီမှ ယခုနှစ်အတွင်း ဖြန့်ချီမည်

    ဇန်န၀ါရီ ၆၊ ၂၀၁၅
    M-Media

    tv

    – ကမ္ဘာ့တစ်ဝှမ်း အီလက်ထရောနစ် ပစ္စည်းများ ထုတ်လုပ်ရောင်းချနေသည့် ဆိုနီကုမ္ပဏီက ကမ္ဘာ့အပါးလွှာဆုံး တီဗီကို ယခုနှစ်အတွင်း ဈေးကွက်၌ ဖြန့်ချီတော့မည်ဟု သိရသည်။

    မျက်နှာပြင်ခုံး တီဗီများ၊ ကွေးနိုင်သော တီဗီများ၊ ရုပ်သံအရည်အသွေး မြင့်မားသည့် တီဗီများ ပြိုင်ဆိုင်နေသည့် ယခုအချိန်တွင် ဆိုနီ၏ အဆိုပါတီဗီမှာ တစ်လက်မ၏ လေးပုံတစ်ပုံသာ အထူရှိမည်ဖြစ်ပြီး OLED နည်းပညာကို အသုံးပြုမည်ဖြစ်သည်။ X900C စီးရီးဖြင့် ထုတ်ဝေမည့် ထိုတီဗီအား ultra-slim 4K ဟု အမည်ပေးထားသည်။

    `အဲဒီတီဗီဟာ ပါးတယ်၊ စတိုင်ကျတယ်။ ၀.၂ လက်မသာရှိပြီး ကမ္ဘာ့ အပါးလွှာဆုံး တီဗီလည်းဖြစ်ပါတယ်။ Xperia စမတ်ဖုန်းတွေထက်ကို ပိုပြီး ပါးလွှာပါတယ်။ အလွန့်အလွန်သေးပြီး လေထဲကိုမျောလွင့်သွားမယ့် ဒီတီဗီဟာ ခင်ဗျားတို့ရဲ့ အိမ်ခန်းမမှာ
    မကြာခင် ပေါ်ထွက်လာတော့မှာပါ´ ဟု ဆိုနီဥက္ကဌ မိုက် ဖာဆူလိုက လက်စ်ဗီးဂက်စ်၌ယမန်နေ့တွင် ပြုလုပ်သော အဆိုပါ တီဗီ မိတ်ဆက်အခမ်းနားတွင် ပြောကြားခဲ့သည်။

    သို့သော်လည်း အဆိုပါတီဗီ တစ်ခုလုံးမှာ ပါးလွှာနေမည်မဟုတ်ဘဲ ပစ္စည်းများထည့်သွင်းထားသည့် အောက်ဘက်ပိုင်းတွင် လက်မအနည်းငယ် ထူသွားမည်ဖြစ်သည်။ ဆိုနီကမူ မည့်သည်အချိန်တွင် မည်သည့်ဈေးနှုန်းဖြင့် ရောင်းချသွားမည်ကို
    ထည့်သွင်းပြောကြားခဲ့ခြင်း မရှိချေ။

    တီဗီထုတ်လုပ်မှုကဏ္ဍတွင် LCD နည်းပညာ နေရာကို ပိုမိုမြင့်မားသည့် ရုပ်သံအရည်အသွေး ပေးစွမ်းနိုင်သည့် OLED နည်းပညာက လွန်ခဲ့သည့် နှစ်အနည်းငယ်ကပင် လွှမ်းမိုးခဲ့သော်လည်း အဓိကပြဿနာမှာ တန်ဖိုး ကြီးမြင့်နေခြင်းဖြစ်သည်။

    Ref: utsandiego

  • ဓာတ်ပုံဖြင့် လက်ဗွေရာကို ဖန်တီးယူနိုင်သည်ဟု ဥရောပဟက်ကာအဖွဲ့တစ်ခု ပြော

    ဓာတ်ပုံဖြင့် လက်ဗွေရာကို ဖန်တီးယူနိုင်သည်ဟု ဥရောပဟက်ကာအဖွဲ့တစ်ခု ပြော

    ဒီဇင်ဘာ ၃၁၊ ၂၀၁၄
    M-Media
    10419580_818774078165064_8161127319367475285_n
    – လက်ချောင်းများကို ရိုက်ထားသော ဓာတ်ပုံအနည်းငယ်ဖြင့် လူတစ်ဦး၏ လက်ဗွေရာကို ဖန်တီးရယူနိုင်သည်ဟု ဥရောပ၏ အကြီးဆုံး ဟက်ကာအဖွဲ့ဖြစ်သည့် Chaos Computetr Club က ပြောကြားလိုက်သည်။

    ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့တွင် ပြုလုပ်ခဲ့သည့် Chaos Computer Club ၏ ၃၁ ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်ဖြစ်ပြီး ၎င်းတို့၏အဖွဲ့မှ Starbug အမည်ဝှက်ကို အသုံးပြုသည့် ဂျန်ကရစ္စလာကမူ ဂျာမန်ကာကွယ်ရေးဝန်ကြီး အာဆူလန် ဗွန် ဒါ လီယန်၏ လက်ဗွေရာအား မည်ကဲ့သို့ ဖန်တီးခဲ့သည်ကိုလည်း ရှင်းပြခဲ့သည်။

    အောက်တိုဘာလက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဒါလီယန်၏ လက်မအား ရှုထောင့်အမျိုးအမျိုးမှ အနီးကပ်ရိုက်ကူး ထားသော ဓာတ်ပုံအနည်းငယ် ရယူခဲ့ပြီး VriFinger ဟုအမည်ရသည့် ဆော့ဖ်ဝဲတစ်ခုကို အသုံးပြုခဲ့ကာ လက်ဗွေရာကို ဖန်တီးခဲ့ခြင်းဖြစ်သည်။

    လက်ဗွေရာများကို ပြောင်ချောနေသော အရာဝတ္ထုအား လက်ဖြင့်ထိမှသာ  ရယူနိုင်သည်ဟု ယခင်က သိခဲ့သည်။ သို့သော်လည်း လူတစ်ယောက်က အများပြည်သူရှေ့တွင် စကားပြောစဉ် ၎င်း၏ လက်မအား သာမန် ကင်မရာဖြင့်ရိုက်ထားသည့် ဓာတ်ပုံအနည်းငယ်ဖြင့် လက်ဗွေရာကို ရယူနိုင်သည်ဟု ကရစ္စလာက ဆိုပြီး နိုင်ငံရေးသမားများအနေဖြင့်
    အများပြည်သူရှေ့တွင် စကားပြောသည့် အခါ လက်အိတ်များပင် ၀တ်ကောင်းဝတ်ရမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    လူတစ်ဦးတစ်ယောက်၏ လက်ဗွေရာအား ထိုကဲ့သို့ အလွယ်တကူ ရယူနိုင်မည်ဆိုပါက လုံခြုံရေးအတွက် လက်ဗွေရာအသုံးပြုမှုကို ကြီးမားသော ထိုးနှက်ချက်များ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိနေသည်။

    Source : dailytimes

  • Facebook တွင် Dislike ထည့်သွင်းရန် သဘောမကျဟု ဇူကာဘာ့ဂ်

    Facebook တွင် Dislike ထည့်သွင်းရန် သဘောမကျဟု ဇူကာဘာ့ဂ်

    ဒီဇင်ဘာ ၁၃ ၊ ၂၀၁၄
    M-Media
    Facebook doesn't love the idea of a 'dislike' button
    – ကမ္ဘာတစ်ဝှမ်း လူသန်းပေါင်းများစွာ သုံးစွဲနေသော Facebook ပို့စ်များတွင် dislike စာတန်းထည့်သွင်းရန် အယူအဆကို မိမိအနေဖြင့် သဘောမကျဟု Facebook တည်ထောင်သူ ဇူကာဘာ့ဂ်က ပြောကြားလိုက်သည်။

    ကယ်လီဖိုးနီးယားမြောက်ပိုင်းရှိ Facebook ရုံးချုပ်တွင် သောကြာနေ့က ပြုလုပ်ခဲ့သော ပရိတ်သတ်များနှင့် အွန်လိုင်း အမေးအဖြေတွင် ဇူကာဘာ့ဂ်က ထိုကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်ပြီး feeling များ ထပ်မံ ထည့်သွင်းခြင်းကိုမူ ထောက်ခံခဲ့သည်။

    `(dislike ထည်တာဟာ) ကမ္ဘာ့ကြီး အတွက် ကောင်းတယ်လို့ ကျွန်တော်တို့ ထင်ထဲ အထဲက တစ်ခုမဟုတ်ပါဘူး။ အရမ်း တန်ဖိုးရှိမယ့်အရာလို့ ကျွန်တော်ထင်တာက လူတွေဟာ ခံစားချက်တွေကို ပိုမိုဖော်ပြချင်လာတာပဲ ဖြစ်ပါတယ်´ ဟု like၊ dislike နှင့်ပတ်သက်သည့် မေးခွန်တွင် ဇူကာဘာ့ဂ်က ပြန်လည်ဖြေကြားခဲ့သည်။

    Facebook ၏ လူသိများသည့် like စာတန်းမှာ ပို့စ် အများအတွက် ထောက်ခံမှုနှင့် အားကျမှုကို လွယ်ကူစွာ ဖော်ပြနိုင်သော်လည်း အချို့သူများကမူ အဆိုပါ စာတန်းမှာသေဆုံးသော သတင်း၊ သူငယ်ချင်းမိတ်ဆွေများ၏ ၀မ်းနည်းဖွယ်သတင်းများ စသည်တို့အတွက် မလိုက်ဖက်ဟု ထောက်ပြခဲ့ကြသည်။

    ဇူကာဘာ့ဂ်မူ စိတ်ခံစားများကို ဖော်ပြရန် ပြည်သူများ အတွက် မှန်ကန်သော နည်းလမ်းအကြောင်းကိုသာ ပြောဆိုဆွေးနွေးကြောင်း၊ ထို့ပြင် မှန်ကန်စွာ လုပ်ကိုင်ရန် ဆန်းစစ်လေ့လာနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    AFP

  • Toyota က ဟိုက်ဒရိုဂျင် လောင်စာသုံးကား ၂၀၁၆တွင် ရောင်းချမည်

    Toyota က ဟိုက်ဒရိုဂျင် လောင်စာသုံးကား ၂၀၁၆တွင် ရောင်းချမည်

    နိုဝင်ဘာ ၂၂ ၊ ၂၀၁၄
    M-Media
    970708_10152851317303166_459296158146809908_n
    Toyota က ဟိုက်ဒရိုဂျင်လောင်စာသုံး မောင်းနှင်မယ့် ကားကို ၂၀၁၆ ခုနှစ်မှာ စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။

    ဒီကားကို Mirai လို့အမည်ပေးထားပါတယ်။ တစ်ကြိမ်လောင်စာဖြည့်ထားရင် မိုင်၃၀၀ မောင်းနိုင်ပြီး လောင်စာတစ်ကြိမ်ဖြည့်ဖို့ ၅မိနစ်သာကြာပါတယ်။

    ဟိုက်ဒရိုဂျင်လောင်စာသုံး စွမ်းအင်ဟာ လေထုညစ်ညမ်းမှုမရှိစေပဲ ရေခိုးရေငွေ့ကိုသာ ထုတ်လွှတ်ပါတယ်။

    အမေရိကန်ပြည်ထောင်စုနဲ့ အင်္ဂလန် နိုင်ငံမှာ ဟိုက်ဒရိုဂျင် အားဖြည့်စက်တွေ အများအပြားစတင်တည်ဆောက်နေပြီဖြစ်ပါတယ်။

    ကားဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၆၉၀၀၀ သတ်မှတ်ထားပါတယ်။

    – daythanix တင်ဆက်သည်။

  • Skype ကို Install မလုပ်ဘဲ သုံးနိုင်မည်

    Skype ကို Install မလုပ်ဘဲ သုံးနိုင်မည်

    နိုဝင်ဘာ ၁၇ ၊ ၂၀၁၄
    M-Media
    shutterstock_180758705-700x352
    Microsoftက Skypeကို Web Based အဖြစ် မကြာမီ စတင် အသုံးပြုနိုင်တော့မယ်လို့ ကြေငြာပါတယ်။

    ဗွီဒီယို နဲ့စကားပြောနိုင်ဖို့ အတွက်ကတော့ browser plugin ထည့်ပေးဖို့ လိုပါတယ်။

    စီးပွားရေးနဲ့ အဖွဲ့အစည်းတွေ အတွင်း အသုံးပြဖို့ ထုတ်လုပ်ထားတဲ့ Lync ကိုလည်း Skype နဲ့ အစားထိုးသွားမှာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ဧပြီလကလည်း msn messenger (Live messenger) ကို Skypeနဲ့ပဲ အစားထိုးခဲ့ပါတယ်။

    Microsoft ဟာ Skype ကိုဒေါ်လာသန်း၈၅၀၀ နဲ့ ၂၀၁၁ ခုနှစ်က ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

    – daythanix တင်ဆက်သည်။