News @ M-Media

Tag: MMediaTech

  • နာမည်ကြီး တစ်ချို့ရဲ့ iCloud ကဓါတ်ပုံများ ခိုးယူခံရ

    နာမည်ကြီး တစ်ချို့ရဲ့ iCloud ကဓါတ်ပုံများ ခိုးယူခံရ

    စက်တင်ဘာ ၄ ၊ ၂၀၁၄
    M-Media
    တင်ဆက်သူ- daythanix
    iCloud
    ဒီတစ်ပတ်ထဲ အင်တာနက်မှာ ပျံနှံ့နေတဲ့သတင်းကတော့ နာမည်ကြီးတစ်ချို့ရဲ့ iCloud ကဓါတ်ပုံများ ခိုးယူခံရတာပဲဖြစ်ပါတယ်။

    မင်းသမီး Jennifer Lawrence, မော်ဒယ်လ် Kate Upton, နဲ့ အဆိုတော်Ariana Grande, တို့ရဲ့ ကိုယ်တိုင် iPhone နဲ့ရိုက်ထားတဲ့ ဝတ်လစ်စလစ်ပုံတွေကို  hacker တစ်ဖွဲ့က iCloud စနစ်ကို ဖေါက်ထွင်း ရယူသွားပြီး 4Chan ဝဘ်ဆိုက်မှာ တင်လိုက်ပါတယ်။

    ပညာရှင်တွေရဲ့ အဆိုအရ iCloud Login မှာ brute force attack လုပ်လို့ ရတဲ့အခြေအနေရှိနေခဲ့တာကြောင့် အခုလို လုံခြုံရေး ကျိုးပေါက်ခဲ့တာလို့ သိရပါတယ်။

  • ဒရုန်းလေယာဉ်ဖြင့် ပစ္စည်းများပေးပို့နိုင်မည့် ပရောဂျက်တစ်ခုကို ဂူးဂဲလ် ကြေညာ

    ဒရုန်းလေယာဉ်ဖြင့် ပစ္စည်းများပေးပို့နိုင်မည့် ပရောဂျက်တစ်ခုကို ဂူးဂဲလ် ကြေညာ

    သြဂုတ် ၃၀ ၊ ၂၀၁၄
    M-Media
    20140829_014355_Google-Drone
    – အမေရိကန်ပြည်ထောင်စုအတွင်း ယာဉ်လမ်းကြော ပိတ်ဆို့မှုများကို ရှောင်ရှားကာ ပစ္စည်းများပေးပို့ရာတွင် အသုံးပြုနိုင်မည့် ဒရုန်းလေယာဉ်များကို တည်ဆောက်နေသည်ဟု ဂူးဂဲလ်က ကြေညာလိုက်သည်။

    Project Wing ဟု အမည်ပေးထားသည့် အဆိုပါ ပရောဂျက်ကို ယမန်နေ့က ထုတ်ဖော် ပြသခဲ့ခြင်းဖြစ်သည်။ အွန်လိုင်း စတိုးတစ်ခုဖြစ်သည့် Amazon ကလည်း ဈေးဝယ်သူများသို့ ဒရုန်းလေယာဉ်များဖြင့် ပစ္စည်းများပေးပို့နိုင်ရန် စီစဉ်နေသောကြောင့် ဂူးဂဲလ်၏ထိုပရောဂျက်မှာ Amazon အား ယှဉ်ပြိုင်ရဖွယ်ရှိနေသည်။

    ထိုပရောဂျက် အတွက် စမ်းသပ် ပျံသန်းမှုများပြုလုပ်ခဲ့သော်လည်း အပြည့်အ၀ လုပ်ငန်းဆောင်ရွက်နိုင်ရန် အတွက် နှစ်အနည်းငယ် ကြာမြင့်ဖွယ်ရှိနေသည်ဟု ဂူးဂဲလ်မှ ပြောကြားခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြခဲ့သည်။

    အဆိုပါ ဒရုန်းများကို မြေပြင်မှ ထိန်းချုပ်ရန် မလိုအပ်ဘဲ ဂူးလ်ဂဲလ်မှ ထုတ်လုပ်ထားသည့် အလိုအလျောက်မောင်းနှင့်သည့် ကားများ၏ ပုံစံအတိုင်းဖြစ်သည်ဟု ဆိုသည်။

    “ဒီလေယာဉ်တွေဟာ မြေပြင်က ထိန်းချုပ်တဲ့ လေယာဉ်တွေထက် ဂူးဂဲလ်ရဲ့ အလိုအလျောက် မောင်းနှင်နိုင်တဲ့ကားနဲ့ ပိုတူပါတယ်။ အလိုအလျောက် ပျံသန်းနိုင်တဲ့ လေယာဉ်တွေဟာ ယနေ့လုပ်နိုင်တာထက်ပိုပြီး အကုန်အကျသက်သာကာ လျင်လျင်မြန်မြန်နဲ့ အလေ့အလွင့်နည်းပါးပြီး ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ရမယ်ဆိုတဲ့ ရွေးချယ်မှုတွေအပါအ၀င် ကုန်ပစ္စည်းတွေပေးပို့ဖို့အတွက် ချဉ်းကပ်မှု အသစ်ပါပဲ” ဟု ဂူးလ်ဂဲလ်က ၎င်း၏ ၀ဘ်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

    ထိုပရောဂျက်ကို အလိုအလျောက်မောင်းနှင်သည့်ကားများ၊ ဂူးလ်ဂဲလ် မျက်မှန်များ စသည့် အထူးအဆန်း ပစ္စည်းများကို တီထွင်ထုတ်လုပ်သည့် ဂူးလ်ဂဲလ်၏ X သုတေသနဌာနမှ နောက်ဆုံးပေါ်ထွက်လာသည့် ဆောင်ရွက်ချက်တစ်ခုလည်းဖြစ်သည်။

    အရပ်ဘက်တွင် ဒရုန်းလေယာဉ်များကို အသုံပြုရန် ထိုကဲ့သို့ ပေရာဂျက်များဆောင်ရွက်ရန်အတွက် အမေရိကန် ဥပဒေက ခွင့်ပြုထားပြီး Amazon ကလည်း ၎င်းတို့အနေဖြင့် စမ်းသပ်မှုများကို ပိုမိုပြုလုပ်နိုင်ရန် အမေရိကန်အစိုးရသို့ ပြီးခဲ့သည့်လက လျှောက်ထားခဲ့သည်။

    ref_Al Jazeera and agencies

  • ဂျပန်နိုင်ငံရဲ့ အာကာသ အမှိုက်ရှင်းလင်းရေး

    ဂျပန်နိုင်ငံရဲ့ အာကာသ အမှိုက်ရှင်းလင်းရေး

    သြဂုတ် ၁၃ ၊ ၂၀၁၄
    M-Media
    တင်ဆက်သူ- daythanix

    ဂျပန်နိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့ ပူးပေါင်းပြီး ကမ္ဘာပါတ်လမ်းကြောင်းထဲက ဂြိုဟ်တု အပျက်အစီးဟောင်းတွေကို စောင့်ကြည့် ရှင်းလင်းသွားဖို့ စီစဉ်နေပါတယ်။ ဒီအစီအစဉ်ကို ‘fourth battlefield’ လို့အမည်ပေးထားပြီး Okayama မြို့မှာ ရေဒါစနစ်တွေ တည်ဆောက် သွားမှာ ဖြစ်ပါတယ်။

    လက်ရှိအားဖြင့် ကမ္ဘာပါတ်လမ်းကြောင်းထဲမှာ အပျက်အစီး အပိုင်းအစပေါင်း ၅သိန်းလောက် ရှိနေပြီး တစ်နာရီ ၁၇၅၀၀ မိုင်နှုန်းနဲ့ ရွေ့လျားနေကြတဲ့အတွက် ဂြိုဟ်တုတွေကို ထိခိုက်မှု ရှိလာပါတယ်။

    ၂၀၀၇ ခုနှစ်က တရုတ်နိုင်ငံက ဂြိုဟ်တုဖျက် ဒုံးခွင်းစနစ်ကို စမ်းသပ် ခဲ့တာတစ်ခုထဲကပင် အပိုင်းအစ တစ်သိန်းခွဲ ပြန့်ကျဲကျန်ခဲ့ပါတယ်။  အခုလို အာကာသ အမှိုက်တွေ ရှင်းမယ့် အစီအစဉ်မျိုးကို ဆွစ်ဇာလန်နိုင်ငံ ကလည်း CleanSpaceOne အစီအစဉ်ကို အကောင်အထည်ဖေါ်နေပါတယ်။

    10462735_10152595778673166_7886990014558916507_n

  • အင်္ဂါဂြိုဟ်မှာ လေ့လာမယ့် Mars 2020 Rover  (M-Media Tech ကဏ္ဍ)

    အင်္ဂါဂြိုဟ်မှာ လေ့လာမယ့် Mars 2020 Rover (M-Media Tech ကဏ္ဍ)

    သြဂုတ် ၁၀ ၊ ၂၀၁၄
    M-Media
    တင်ဆက်သူ- daythanix

    10557173_10152595778463166_1263484639389736866_n

    အင်္ဂါဂြိုဟ်မှာ လက်ရှိလှည့်ပါတ် သွားလာပြီး လေ့လာနေတဲ့  Curiosity Mars rover လိုမျိုး နောက်ထပ် Mars rover အသစ်တစ်စီးကို ၂၀၂၀ မှာထပ်လွှတ်ဖို့ စီစဉ်ထားပါတယ်။

    ဒီယာဉ်အသစ်မှာ အာရုံခံ ကိရိယာ ၇ မျိုးတပ်ဆင်မှာ ဖြစ်ပြီး ဒေါ်လာသန်း ၁၉၀၀ ကုန်ကျမှာ ဖြစ်ပါတယ်။ Mars rover အသစ် မှာတော့ ဘက်တီးရီယား အရွယ် သက်ရှိတွေ အထိ ရှာဖွေနိုင်မယ့် ကိရိယာတွေ ပါဝင်မယ့်အပြင် လေထုထဲကနေ အောက်စီဂျင် ထုတ်လုပ်နိုင်မယ့် ကိရိယာ ပါဝင်ပါတယ်။

    အောက်စီဂျင် ကို နောင်တစ်ချိန် အာကာသယာဉ်မှူးတွေ ကိုယ်တိုင် သွားရောက်တဲ့ အခါမှာ အသက်ရှုဖို့ အပြင် ဒုံးပျံလောင်စာအဖြစ် ရရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။

  • နာဆာရဲ့ ထူးခြားတဲ့ အင်ဂျင် (M-Media Tech ကဏ္ဍ)

    နာဆာရဲ့ ထူးခြားတဲ့ အင်ဂျင် (M-Media Tech ကဏ္ဍ)

    သြဂုတ် ၆ ၊ ၂၀၁၄
    M-Media
    တင်ဆက်သူ- daythanix

    EmDrive

    EmDrive လို့ခေါ်တဲ့ အင်ဂျင်မှာ ဂျက်အင်ဂျင်လို တွန်းကန် ထုတ်လွှတ်တဲ့ အရာတစ်ခုမှ မပါပါဘူး။ အဲ့ဒါကြောင့် အဟုန်တည်မြဲမှု နိယာမကို ချိုးဖေါက်တဲ့အတွက် အလုပ် မဖြစ်နိုင်ဘူးလို့ အချို့က ယူဆပါတယ်။

    EmDrive တည်ဆောက်ပုံကတော့ အလုံပိတ် ထုလုံးရှည်ရဲ့ မျက်နှာပြင်သေးတဲ့ တစ်ဘက်စွန်းကနေ microwave ထုတ်လွှတ်ပေးတဲ့ အခါမှာ ဘေးဘက်နံရံကို အကြိမ်ကြိမ် လှိုင်းရိုက်ခတ်မှုတွေဖြစ်ပြီး မျက်နှာပြင်ကျယ်တဲ့ တစ်ဘက်စွန်းကို ပိုမို တုန်ခါစေခြင်းဖြင့် ထွန်းကန်အားကို ရရှိမှာ ဖြစ်ပါတယ်။  EmDrive ရဲ့ သဘောတရားကို တွေးခေါ်တီထွင်သူကတော့ Roger Shawyer ဖြစ်ပါတယ်။

    လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်က ဒီအင်ဂျင်ကို တည်ဆောက်ခဲ့စဉ်က 17mN ပဲတွန်းကန်အားရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ တရုတ်နိုင်ငံက သုတေသီYang Juan နဲ့အဖွဲ့က တည်ဆောက်တဲ့ အင်ဂျင်ကတော့720mN တွန်းအားရရှိခဲ့ပါတယ်။ အခုအခါမှာတော့ နာဆာရဲ့ စိတ်ဝင်စားမှုရရှိလာပြီး အာကာသ ခရီးရှည်သွားမယ့် ယာဉ်တွေမှာ အသုံးပြုဖို့ သုတေသနပြုနေပါတယ်။