News @ M-Media

Tag: MMediaTech

  • Shellshock bug လုံခြုံရေးယိုပေါက်

    Shellshock bug လုံခြုံရေးယိုပေါက်

    စက်တင်ဘာ ၂၉ ၊ ၂၀၁၄
    M-Media
    Web attacks build on Shellshock bug
    ပြင်သစ်နိုင်ငံက ကွန်ပျူတာ လုံခြုံရေးပညာရှင် Stéphane Chazelas က UNIX အခြေခံ ကွန်ပျူတာတွေမှာ အသုံးပြုတဲ့ Bash shell မှာ လုံခြုံရေး ယိုပေါက်တစ်ခုကို တွေ့ရှိဖေါ်ထုတ်နိုင်ခဲ့ပါတယ်။

    လုံခြုံရေးယိုပေါက်ကို bash bug သို့အဟုတ် Shellshock bug လို့ ခေါ်ဆိုထားကြပါတယ်။ ဒီ bug ကြောင့် ထိခိုက်နိုင်တဲ့ စနစ်တွေကတော့ Linux, Apple mac, တွေအပြင် connected device လို့ခေါ်ဆိုကြတဲ့ အင်တာနတ်နဲ့ ချိတ်ဆက်ထားတဲ့ ကိရိယာတွေ အထိပါဝင်ပါတယ်။

    ထိခိုက်နိုင်မှုဟာ ဒီနှစ်အစောပိုင်းက ထွကိပေါ်ခဲ့တဲ့ Heartbleed bug ထက် ဆိုးရွားနိုင်ပါတယ်။

    Android ကိုတော့ ထိခိုက်မှုမရှိဘူးလို့ ဂူးဂဲလ်က ပြောဆိုပါတယ်။ hacker တွေဟာ အင်တာနက် ဆာဗာတွေကို botnet အဖြစ်ထိမ်းချုပ်ပြီး တိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်တယ်လို့ ကွန်ပျူတာ လုံခြုံရေးပညာရှင် တွေက ဆိုပါတယ်။

    တင်ဆက်သူ- daythanix

  • အင်တာနက် မရှိတဲ့ ဒေသအတွက် Facebook က အင်တာနက် ဒရုန်း သုံးပြီး Wifi ပေးမည်။

    အင်တာနက် မရှိတဲ့ ဒေသအတွက် Facebook က အင်တာနက် ဒရုန်း သုံးပြီး Wifi ပေးမည်။

    စက်တင်ဘာ ၂၅ ၊ ၂၀၁၄
    M-Media
    10704396_10152719461178166_8043475496751922207_o
    ကမ္ဘာမှာ အင်တာနတ် ဆက်သွယ်မှုမရတဲ့ ဒေသတွေအတွက် Facebook က ဒရုန်း (Drone) လို့ခေါ် ဆိုကြတဲ့ မောင်းသူမဲ့ လေယာဉ်တွေ အသုံးပြုပြီး WiFi ထုတ်လွှင့်ပေးဖို့ စီစဉ်နေပါတယ်။

    ပုံမှန်အားဖြင့် Droneတွေဟာ လေယာဉ် အသေးလေးတွေဖြစ်ပေမယ့် Facebookရဲ့ Droneကတော့ ဘိုးရင်း ၇၄၇ လောက် အရွယ်အစား ကြီးမားပါတယ်။

    ဒါပေမယ့် ပေါ့ပါးတဲ့ နေရောင်ခြည်သုံးလေယာဉ်ဖြစ်ပါတယ်။ လေထုထဲမှာ ၁၇မိုင် အမြင့်မှာနေရောင်ခြည် စွမ်းအင်သုံး ပျံသန်းမှာဖြစ်တဲ့အတွက် နှစ်ရှည်လများ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။

    လေယာဉ်ကိုတည်ဆောက်ပေးမယ့် ကုမ္ပဏီက Titan Aerospace ဖြစ်ပါတယ်။

    တင်ဆက်သူ- daythanix

  • နိုင်ငံတကာ အာကာသစခန်း သို့ 3D printer ပိုဆောင်

    နိုင်ငံတကာ အာကာသစခန်း သို့ 3D printer ပိုဆောင်

    စက်တင်ဘာ ၂၃ ၊ ၂၀၁၄
    M-Media

    10672210_10152713630598166_8547542414419798269_n

    ဒီတစ်ခေါက် နိုင်ငံတကာအာကာသစခန်း ISS ကို ပို့ဆောင်မယ့် ကုန်ပစ္စည်းတွေထဲမှာ 3D printer တစ်လုံးလည်း ပါဝင်ပါတယ်။

    ပလပ်စတစ်ကုန်ကြမ်းတစ်မျိုးကို အသုံးပြုပြီး ISSမှာ လိုအပ်တဲ့ အပိုပစ္စည်းတွေကို 3D printerနဲ့ ထုတ်လုပ်ပြီး အစားထိုးတပ်ဆင်နိုင်ဖို့ ဖြစ်ပါတယ်။

    SpaceX ကDragon capsule ကိုFalcon 9 ဒုံးပျံနဲ့ တနင်္ဂနွေနေ့မနက်က လွှတ်တင်လိုက်ပါတယ်။

    Dragon capsule ထဲမှာ နိုင်ငံတကာအာကာသစခန်းကို ပို့ဆောင်မယ့် အလေးချိန်ပေါင်၅၀၀၀စာ ကုန်ပစ္စည်းတွေ သယ်ဆောင် သွားပါတယ်။ အခြား သယ်ဆောင်သွားတဲ့ အရာတွေကတော့ ကြွက်အကောင် ၂၀။ ကြွက်ကို ဓါတ်မှန်ရိုက်ဖို့ စက်။ ယင်ကောင် အကောင် ၃၀ နဲ့ ပင်လယ်ပြင်ပေါ်က လေစီးကြောင်းကို တိုင်းတာဖို့ စက်ကိရိယာ တွေပါဝင်ပါတယ်။

    တင်ဆက်သူ- daythanix

  • စတီဗင်ဟော့ကင်း၏ Higgs အမှုန် ခန့်မှန်းချက်

    စတီဗင်ဟော့ကင်း၏ Higgs အမှုန် ခန့်မှန်းချက်

    စက်တင်ဘာ ၂၂ ၊ ၂၀၁၄
    M-Media

    Stephen Hawking

    Higgs boson အမှုန်ဟာ စွမ်းအင် 100bn gigaelectronvolts (GeV)ရှိတဲ့အခါမှာ မတည်မငြိမ်ဖြစ်ခါ ပတ်ဝန်းကျင် စကြာဝဠာဟာ တွင်းနက်သဖွယ် ပြိုလဲသွားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေရဲ့ ဟောပြောပို့ချချက်တွေ စုစည်းထုတ်ဝေတဲ့ “Starmus” စာအုပ်ရဲ့ အမှာစာမှာ Stephen Hawking က ရေးသားခဲ့ပါတယ်။

    ဒါပေမယ့် Higgs boson အမှုန်ကို စွမ်းအင် 100bnGeV ရရှိဖို့အတွက် အမှုန်အရှိန်ပေးစက် တည်ဆောက်မယ်ဆိုရင် ကမ္ဘာထက်တောင် ကြီးမားမှာ ဖြစ်တာကြောင့် ဒီကိစ္စ ဖြစ်နိုင်ခြေ သိပ်မရှိဘူးလို့လည်း ရေးသားထားပါတယ်။

    တင်ဆက်သူ- daythanix

  • 3D printer နဲ့တည်ဆောက်တဲ့ ကမ္ဘာ့ပထမဆုံး ကား

    3D printer နဲ့တည်ဆောက်တဲ့ ကမ္ဘာ့ပထမဆုံး ကား

    စက်တင်ဘာ ၁၇ ၊ ၂၀၁၄
    M-Media
    3d
    အမေရိကန် ရှီကာဂို မြို့မှာ ကျင်းပတဲ့ (IMTS)နိုင်ငံတကာ စက်မှုထုတ်လုပ်မှု နည်းပညာ ပြပွဲမှာ Local Motors ကားကုမ္ပဏီက ကားတစ်စီးကို 3D printer အသုံးပြုပြီး တည်ဆောက်ပြခဲ့ပါတယ်။

    သာမန်ကားတစ်စီးမှာ အစိတ်အပိုင်း ၂၀,၀၀၀ ခန့်ထိ ပါဝင်ပေမယ့် အခုတည်ဆောက်တဲ့ကားမှာတော့ အစိတ်အပိုင်း ၄၀ ပဲပါဝင်ပါတယ်။

    ကားအမည်ကို Strati လို့ပေးထားပါတယ်။ ကားတည်ဆောက်တဲ့ကြာချိန်ကတော့ 3D printing ၄၄ နာရီ၊ အချောကိုင်စက် ကြာချိန်နဲ့ အင်ဂျင်၊ စတီယာရင်၊ ဘီး၊ suspension ကဲ့သို့ အစိတ်အပိုင်းတပ်ဆင်ချိန် စုစုပေါင်း ၄ ရက် ကြာမြင့်ပါတယ်။

    လျှပ်စစ်အင်ဂျင်နဲ့ မောင်းနှင်ပြီး တစ်နာရီ မိုင်၄၀ နှုန်း မောင်းနိုင်တယ်လို့ ဆိုပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဈေးကွက်တင်ရောင်းချမှာဖြစ်ပြီး ဈေးနှုန်း US$ 18,000လောက် ခန့်မှန်းထားပါတယ်။

    တင်ဆက်သူ- daythanix