News @ M-Media

Tag: MMediaTech

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ

    တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ

    ဒီဇင်ဘာ ၇၊ ၂၀၂၀
    M-Media

    ကလေးများအပေါ်လိင်အမြတ်ထုတ်မှုကို ကာကွယ်ပေးရန် ဟောလီးဝုဒ်မင်းသားက ဥရောပသမဂ္ဂကို တောင်းဆို

    Facebook နဲ့ Google လို နည်းပညာကုမ္ပဏီတွေက သူတို့ရဲ့ ပလက်ဖောင်းမှာ ကလေးညစ်ညမ်းကား ဖြန့်ဝေမှုနဲ့ပတ်သက်ပြီး အနီးကပ်စောင့်ကြည့်တာကို ဆက်လက်ခွင့်ပြုပေးဖို့ လူကုန်ကူးမှု၊ က​လေးများအပေါ် လိင်မြတ်ထုတ်မှု တိုက်ဖျက်ရေး ဆောင်ရွက်နေတဲ့ အမေရိကန်မင်းသား အက်ရှ်တန် ကက်ချာက ဥရောပသမဂ္ဂကို တိုက်တွန်းလိုက်ပါတယ်။

    ဆိုရှယ်မီဒီယာကုမ္ပဏီတွေဟာ သူတို့ရဲ့ ပလက်ဖောင်းမှာ ကလေးညစ်ညမ်းကားတွေ တင်တာ၊ ကလေးငယ်တွေအပေါ် လိင်အမြတ်ထုတ်ဖို့ ကြိုးပမ်းတာတွေကို တားဆီးဖို့ အလိုအလျောက် အသိပေးတဲ့စနစ် ထည့်သွင်းကာ စောင့်ကြည့်နေတာပါ။

    ဒီဇင်ဘာ ၂၁ ရက်နေ့မှာ သက်ရောက်မယ့် ဥရောပသမဂ္ဂရဲ့ အီလက်ထရောနစ် ဥပဒေအသစ်အရ ဒီစောင့်ကြည့်မှုတွေကို တားမြစ်ပိတ်ပင်ထားပါတယ်။

    ကက်ချာကတော့ ဒီလိုပိတ်ပင်တာကြောင့် က​လေးငယ်တွေအပေါ် လိင်အမြတ်ထုတ်သူတွေကို ခြေရာခံနိုင်တော့မှာမဟုတ်ဘဲ ကလေးငယ်တွေရဲ့ဘ၀ကလည်း အမှောင်ကမ္ဘာထဲမှာ ပျက်ဆီးသွားလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    တရုတ်ကဖန်တီးထားသည့်နေအတု နေအစစ်ထက် ၁၀ ဆ အပူထုတ်နိုင်

    နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြေဆည်းပေးနိုင်မယ့် ‘နျူကလီးယား ဖျူးရှင်း ဓာတ်ပေါင်းဖို’ (Nuclear Fusion Reactor) ကို တရုတ်နိုင်ငံက သောကြာနေ့မှာ အောင်မြင်စွာ ပါဝါပေး လည်ပတ်နိုင်ခဲ့ပါတယ်။

    ဧရာမအပူအချိန်ကို ထုတ်ပေးနိုင်တာကြောင့် ဒီဓာတ်ပေါင်းဖိုကို ‘နေအတု’ လို့ အမည်​ပြောင်ပေးထားပါတယ်။ သောကြာ​နေ့က စမ်းသပ်မှုမှာ အပူချိန် သန်း ၁၅၀ ဒီဂရီဆဲလ်စီးယက်စ်အထိ ဓာတ်ပေါင်းဖိုက ထုတ်နိုင်ခဲ့ပြီး ဒါဟာ နေကထုတ်တဲ့ အပူချိန်ရဲ့ ၁၀ ဆ ဖြစ်ပါတယ်။

    ဟိုက်ဒရိုဂျင်နဲ့ ဒီထီရီယမ်ဓာတ်ငွေ့တွေ ပေါင်းစပ်လောင်ကျွမ်းပြီး အပူထွက်တဲ့ နေရဲ့အခြေအနေကို တုပဖန်တီးထားတဲ့ နျူကလီးယား Nuclear Fusion နည်းပညာဟာ သန့်ရှင်းတဲ့ စွမ်းအင်ရင်းမြစ်ရရှိရေးမှာ အရေးပါတဲ့ သုတေသနတစ်ခု ဖြစ်ပါတယ်။ ရေဒီယိုသတ္တိကြွတာလို ဘေးထွက်ဆိုးကျိုးတွေလည်း လုံး၀ မရှိပါဘူး။

    ကမ္ဘာ့အကြီးဆုံး Nuclear Fusion ဓာတ်ပေါင်းဖိုကို ပြင်သစ်နိုင်ငံမှာ ဆောက်လုပ်နေပြီး ၂၀၂၅ ခုနှစ်ရောက်ရင် လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

    တရုတ်နိုင်ငံ၏ သမိုင်းဝင် လသွားခရီးစဉ် အောင်မြင်

    တရုတ်ရဲ့ လူမဲ့အာကာသယာဉ် Chang’e 5 ဟာ အခုတစ်ပတ်အစောပိုင်းက လပေါ်ကို အောင်မြင်စွာဆင်းသက်ကာ လမြေကြီး နမူနာကို ရယူနိုင်ခဲ့ပါတယ်။ ၏

    ဒီခရီးစဉ်ဟာ နှစ်ပေါင်း ၄၄ နှစ်အတွင်း ပထမဆုံးအကြိမ် လူသားတွေ လမြေကြီးကို ယူဆောင်နိုင်တာပါ။ လူလိုက်ပါခြင်းမရှိဘဲ​ ဂြိုဟ်ဆင်းယာဉ်နဲ့ လပတ်လမ်းက အာကာယာဉ်တို့ ပထမဆုံးအကြိမ် အောင်မြင်စွာ ချိတ်ဆက်နိုင်တဲ့ မှတ်တမ်းကိုလည်း တရုတ်က ရခဲ့ပါတယ်။

    Chang’e 5 အာကာသယာဉ်ဟာ ကမ္ဘာမြေကို ဒီဇင်ဘာလအလယ်ပိုင်းလောက်မှာ ပြန်ရောက်မှာဖြစ်ပြီး ပါလာတဲ့ လမြေကြီးနမူနာတွေကို ပညာရှင်တွေက လေ့လာစူးစမ်းမှာ ဖြစ်ပါတယ်။

    Chang’e 5 အာကာသယာဉ်ဟာ လမျက်နှာပြင်ပေါ်မှာ တရုတ်အလံလွှင့်ခဲ့ပြီး အမေရိကန်ပြီးရင် လပေါ်မှာ အလံလွှင့်နိုင်တဲ့ ဒုတိယမြောက်နိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
    ဒီခရီးစဉ်ဟာ တရုတ်ရဲ့ ရည်မှန်းချက်ကြီးမားတဲ့ အာကာသစီမံကိန်းက အရေးပါတဲ့ အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ကိုယ်ပိုင် အာကာသစခန်း တည်ဆောက်ဖို့နဲ့ ၂၀၂၉ ခုနှစ်မှာ ဂျူပီတာဂြိုဟ်ကို အာကာသယာဉ်လွှတ်ပြီး စူးစမ်းလေ့လာဖို့လည်း တရုတ်က စီစဉ်ထားပါတယ်။

    လက်ရှိမှာ အင်္ဂါ​ဂြိုဟ်ကို လူမဲ့ အာကာသယာဉ်တွေလွှတ်ပြီး လေ့လာမှုတွေ ပြုလုပ်နေပါတယ်။

    Ref: BBC, Reuters

  • တစ်ပတ်အတွင်း နည်းပညာသတင်းများ

    တစ်ပတ်အတွင်း နည်းပညာသတင်းများ

    ဩဂုတ် ၃၁၊ ၂၀၂၀
    M-Media

    ဦးနှောက်ကိုစောင့်ကြည့်မည့် နည်းပညာတစ်ခုကို အေလွန်မက်စ် ထုတ်ပြ

    ဦးနှောက်ထဲမှာ အီလက်ထရောနစ် ချစ်ပ်ထည့်ကာ ကွန်ပျူတာနဲ့ ချိတ်ဆက်စောင့်ကြည့်နေတဲ့ နမူနာ ဝက်တစ်ကောင်ကို စွန့်ဦးလုပ်ငန်းရှင် အေလွန်မက်စ်က သေကြာနေ့မှာ ထုတ်ပြလိုက်ပါတယ်။ မက်စ်ရဲ့ Neuralink ကုမ္ပဏီဟာ ဒီနည်းပညာကို လူတွေမှာ စမ်းသပ်ဖို့ ခွင့်ပြုချက်ယူထားပြီး အောင်မြင်မယ်ဆိုရင် စိတ်ကစဉ့်ကလျားရောဂါ၊ ပါကင်ဆန်ရောဂါနဲ့ ကျောရိုးမထိခိုက်မှုတွေကို ရောဂါတွေကို ကုသရာမှာ အထောက်အကူဖြစ်မှာ ဖြစ်ပါတယ်။

    စူပါ App ထုတ်နိုင်အောင် Air Asia စီစဉ်နေ

    BigPay ကို အစားအသောက်မှာယူမှု၊ ဘဏ်လုပ်ငန်း၊ စျေးဝယ်မှု၊ ငွေပေးချေမှုနဲ့ ခရီးသွားလာမှု စသဖြင့် ဘက်စုံသုံး အက်ပလီကေးရှင်းတစ်ခုဖြစ်လာအောင် AirAsia တည်ထောင်သူ တိုနီဖာနန်ဒက်စ်က စီစဉ်နေပါတယ်။ ငွေပေးချေမှုအပြင် မက်ဆေ့ပါ ပို့လို့ရတဲ့ BigPay ကို သုံးစွဲသူ ၁ သန်းလောက်ရှိနေပါတယ်။ တိုနီဖာနန်ဒက်စ်က စင်ကာပူက Grab၊ အင်ဒိုနီးရှားက GoJek တို့လို့ စွယ်စုံသုံးဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အရှေ့တောင်အာရှက ဂီတလောကို ပစ်မှတ်ထားတဲ့ ဂီတ အက်ပလီကေးရှင်း RedRecords ကို AirAsia က ပြီးခဲ့တဲ့နှစ်မှာ မိတ်ဆက်ခဲ့ပါတယ်။

    ပြည်သူ့စစ်ပေ့ချ်ကို မဖျက်မိသည့်အတွက် Facebook က ပြန်တောင်းပန်

    ဝစ်ကွန်စင်ပြည်နယ် ကီနိုရှာမြို့က ပစ်ခတ်မှုအတွက် ဆော်ဩတဲ့ ပြည်သူ့စစ်အဖွဲ့ ပေ့ချ်ကို အချိန်မီ မဖျက်ချမိတဲ့အတွက် Facebook က ပြန်တောင်းပန်လိုက်ပါတယ်။ လူမည်းအမျိုးသား ဘလက်ကီကို ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ပြီးတဲ့နောက် ကီနိုရှာမှာ ၃ ရက်ကြာ ဆန္ဒပြမှုဖြစ်ခဲ့ပြီး ပြည်သူအချင်းချင်း သေနတ်နဲ့ပစ်တာကြောင့် လူ ၂ ဦး သေဆုံးခဲ့ပါတယ်။ ပြည်သူ့စစ်အဖွဲ့ရဲ့ Kenosha Guard ပေ့ချ်ဟာ ဆန္ဒပြမှုကို သေနတ်တွေယူလာဖို့ ဆော်ဩခဲ့ပါတယ်။ Facebook တည်ထောင်သူ ဇက်ကာဘာ့ဂ်က ပေ့ချ်ကို အချိန်မီ ဖျက်မချနိုင်တာဟာ လုပ်ငန်းပိုင်ဆိုင်ရာ အမှားကြောင့် ဖြစ်တယ်လို့ ဝန်ခံခဲ့ပြီး လက်ရှိမှာတော့ ဖျက်ချလိုက်ပြီလို့ ဆိုပါတယ်။

    Ref:BBC

  • တစ်ပတ်အတွင်း နည်းပညာသတင်းများ

    တစ်ပတ်အတွင်း နည်းပညာသတင်းများ

    သြဂုတ် ၂၄၊ ၂၀၂၀
    M-Media

    TikTok က ကန်အစိုးရကို ဥပေဒကြောင်းဖြင့် ရင်ဆိုင်မည်

    အမေရိကန်အစိုးရကို ဥပဒေကြောင်းအရ ရင်ဆိုင်သွားမယ်ဖို့ TikTok က စီစဥ်နေပါတယ်။ ကန်ပြည်သူတွေရဲ့ အချက်အလက်တွေ တရုတ်စိုးရထံ ပေါက်ကြားမှာ စိုးရိမ်တဲ့အတွက် ထရမ့်အစိုးရက TikTok ကို ပိတ်ပင်ထားတာပါ။ ထရမ့်အစိုးရနဲ့ ညှိနှိုင်းနေတာ တစ်နှစ်လောက်ရှိနေပမယ့် ဘာမှ ထူးမလာဘူးလို့လည်း TikTok ကိုပိုင်တဲ့ တရုတ်ကုမ္ပဏီ ByteDance က ပြောပါတယ်။

    မျိုးဗီဇပြင်ထားသည့် ခြင်သန်း ၇၅၀ ကို ဖလော်ရီဒါတွင် လွှတ်မည်

    သွေးလွန်တုပ်ကွေးနဲ့ ဇီကာလိုရောဂါသယ်နိုင်တဲ့ ခြင်အရေအတွက်ကို လျော့ချပေးမယ့် မျိုးရိုးဗီဇပြင် ခြင်အကောင်ရည် သန်း ၇၅၀ လောက်ကို အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါမှာ လွှတ်ပေးတော့မှာပါ။ OX5034 လို့ ခေါ်တဲ့ အေးဒီးစ်ခြင်မှာ လူကိုကိုက်တဲ့ ခြင်အမတွေကို ကိုက်နိုင်တဲ့အရွယ်မရောက်ခင် သေဆုံးစေမယ့် ပရိုတိန်းတစ်မျိုး ပါ၀င်ပါတယ်။ ဒီခြင်တွေဟာ သဘာ၀ပတ်၀န်းကျင် ဟန်ချက်ညီမှုကို ထိခိုက်စေလိမ့်မယ်လို့ ၀ေဖန်မှုတွေရှိပေမယ့် သုတေသနအဖွဲ့နဲ့ အစိုးရတာ၀န်ရှိသူတွေက လူနဲ့ သဘာ၀ပတ်၀န်းကျင်အပေါ် အန္တရာယ်မရှိဘူးဆိုတာ စမ်းသပ်မှုအတွင်း တွေ့ရတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    Uber လုံခြုံရေးအကြီးအကဲဟောာင်းကို ကန်တရားစွဲ

    ယာဥ်မောင်းတွေ၊ အသုံးပြုသူတွေရဲ့ အချက်အလက်တွေ ပေါက်ကြားမှုကို ဖုံးကွယ်ခဲ့တဲ့ Uber လုံခြုံရေးအကြီးအကဲဟောင်း ဂျိုးဆက်ဖ် ဆူလီဗန်ကို ကန်တရားရေးဌာနက တရားစွဲဆိုလိုက်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ Uber အငှားယာဥ်လုပ်ငန်းကို အသုံးပြုသူပေါင်း ၅၇ သန်းရဲ့ အချက်အလက်တွေဟာ ဟက်ကာတွေရဲ့ ခိုးယူမှုကို ခံခဲ့ရပြီး ဆူလီဗန်လည်း ၂၀၁၇ ခုနှစ်မှာ အလုပ်ထုတ်ခံခဲ့ရပါတယ်။ ယူသွားတဲ့အချက်အလက်တွေကို ဖျက်ပစ်ဖို့အတွက် ဟက်ကာတွေကို ကန်ဒေါ်လာ ၁ သိန်း ပေးခဲ့ရတယ်လို့ Uber က ၀န်ခံခဲ့ပါတယ်။

    Source – BBC

  • တစ်ပတ်အတွင်း နည်းပညာသင်းများ

    တစ်ပတ်အတွင်း နည်းပညာသင်းများ

    ဇူလိုင် ၆၊ ၂၀၂၀
    M-Media

    အိမ်မှအလုပ်လုပ်သည့်စနစ်ကို ဂျပန်နည်းပညာကုမ္ပဏီ ပြောင်းမည်

    အိမ်ကနေ အလုပ်လုပ်တဲ့ပုံစံကို ကုမ္ပဏီရဲ့ အဓိကပုံစံအဖြစ် သတ်မှတ်သွားမယ်လို့ ဂျပန်နည်းပညာကုမ္ပဏီ Fujitsu က ထုတ်ပြန်လိုက်ပါတယ်။

    ကုမ္ပဏီမှာ စုစုပေါင်း ဝန်ထမ်း ၈ သောင်းလောက်ရှိပြီး အလုပ်ချိန်ကိုလည်း ပြောင်းလွယ်ပြင်လွယ် အနေအထားနဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ ပိုပြီး အလုပ်တွင်စေဖို့၊ ဝန်ထမ်းတွေကို စွမ်းဆောင်ရည် မြှင့်တင်ပေးဖို့၊ တီထွင်ကြံဆမှု မြှင့်တင်နိုင်မယ့် ဆန်းသစ်တဲ့ အတွေ့အကြုံတွေရစေဖို့၊ ဖောက်သည်တွေနဲ့ဆက်နွယ်ပတ်သက်သူတွေကို အလေးထားမှုပေးနိုင်ဖို့ ဖြစ်တယ်လို့ ဘီဘီစီသတင်းဌာနကို ကုမ္ပဏီက ပေးပို့တဲ့ ကြေငြာချက်ထဲမှာ ဖော်ပြထားပါတယ်။

    ကိုဗစ်ကပ်ရောဂါ ကြုံတွေ့လာခဲ့ပြီးတဲ့နောက် စီးပွားရေးလုပ်ငန်းတွေဟာ နေအိမ်ကနေ အလုပ်လုပ်တဲ့ပုံစံကို ပိုမိုစဉ်းစားလာကြပြီး ဆိုရှယ်မီဒီယာကုမ္ပဏီ Twitter က ဒီစနစ်ကို မေလမှာ ပထမဆုံး ကျင့်သုံးခဲ့ပါတယ်။

    ဟောင်ကောင်အစိုးရကတောင်းခံသည့် အချက်အလက်ကို Facebook က ပေးမည်မဟုတ်

    ဟောင်ကောင်အတွက်ပြဌာန်းတဲ့ တရုတ်အစိုးရရဲ့ အငြင်းပွားဖွယ် လုံခြုံရေးဥပဒေအောက်ကနေ ဟောင်ကောင်အစိုးရက အချက်အလက်တောင်းခံမှုတွေကို ပေးမှာမဟုတ်ဘူးလို့ Facebook နဲ့ WhatsApp တို့က ပြောပါတယ်။

    တရုတ်ရဲ့ဒီဥပဒေသစ်ဟာ ဟောင်ကောင်ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို ထိပါးရာရောက်တယ်လို့ ဝေဖခံနေရတာပါ။ Facebook က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဟာ အခြေခံလူ့အခွင့်အရေးဖြစ်ပြီး ကြောက်ရွံမှုမရှိဘဲ မိမိတိုယုံကြည်ရာ ပြောဆိုခွင့်ကို မိမိတို့က ဆက်လက်ထောက်ခံမယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    တရုတ်အစိုးရရဲ့ ဒီဥပဒေသစ်ကို Facebook က သုံးသပ်ဖို့လည်း ရှိနေပါတယ်။ တရုတ်ဟာ ဟောင်ကောင်ကို ပြည်မကြီးရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ထားပြီး ဟောင်ကောင်ပြည်သူတွေကတော့ လွတ်လပ်တဲ့နိုင်ငံတစ်ခု ဖြစ်ချင်နေတာ ဖြစ်ပါတယ်။

    Huawei ကို လက်ခံထားသည့်ကိစ္စ ယူကေ ပြန်စဉ်းစားနေ

    တရုတ်အစိုးရရဲ့ သူလျှိုဖြစ်နိုင်တယ်ဆိုတဲ့အချက်ကြောင့် Huawei ကုမ္ပဏီကို လုပ်ကိုင်ခွင့်ရုပ်သိမ်းဖို့ ယူကေအစိုးရက စဉ်းစားနေကြောင်း သတင်းထွက်လာပါတယ်။

    အမေရိကန်က သတိပေးထားပေမယ့် Huawei ကို ယူကေက သူတို့ရဲ့ 5G ကွန်ယက်တည်ဆောက်မှုမှာ ပါဝင်ခိုင်းထားတာပါ။တိုင်းပြည်ရဲ့ လုံခြုံရေးကို Huawei က ခြိမ်းခြောက်နိုင်ခြင်း ရှိ၊ မရှိ ဗြိတိန် အမျိုးသား ဆိုက်ဘာလုံခြုံရေးစင်တာက အစီရင်ခံစာတစ်စောင်ရေးသားကာ ဆက်သွယ်ရေးဝန်ကြီးဌာနကို ပေးပို့ထားပါတယ်။

    အဲဒီကနေတစ်ဆင့် မှတ်ချက်နဲ့ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ဆီကို ရောက်မှာဖြစ်ပါတယ်။ဂျွန်ဆင်က တိုင်းပြည်ရဲ့ လုံခြုံရေးကို အထိအခိုက်မခံနိုင်ဘူးလို့ ပြောထားတာရှိပြီး Huawei ကတော့ ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ ပြောဆိုထားပါတယ်။

    Ref: BBC,CNN

  • တစ်ပတ်အတွင်း နည်းပညာသတင်းများ

    တစ်ပတ်အတွင်း နည်းပညာသတင်းများ

    တရုတ် အက်ပလီကေးရှင်း ၅၀ ကျော်ကို အိန္ဒိယက အသုံးပြုခွင့်ပိတ်

    – နာမည်ကျော် TikTok နဲ့ WeChat တို့အပါအဝင် တရုတ်ထုတ် ဖုန်းအက်ပလီကေးရှင်း စုစုပေါင်း ၅၀ ကျော်လောက်ကို အိန္ဒိယက အသုံးပြုခွင့် ပိတ်လိုက်ပါတယ်။

    ဟိန္ဒိမ၀န္တာတောင်တန်း လာဒက်ခ်ဒေသမှာ အခုလအစောပိုင်းက နှစ်ဖက်စစ်တပ် ခိုက်ရန်ဖြစ်ပွားပြီးတဲ့နောက် အိန္ဒိယနိုင်ငံမှာ တရုတ်ထုတ်ကုန် ဆန့်ကျင်ရေးလှုပ်ရှားမှု မြင့်တက်လာခဲ့တာပါ။

    တထရုတ်ထုတ် အက်ပလီကေးရှင်းတွေဟာ တိုင်းပြည်ရဲ့ အချုပ်အခြာ၊ လုံခြုံရေးနဲ့ ကာကွယ်ရေး၊ လူထုညီညွတ်ရေး၊ ဥပဒေစိုးမိုးရေးကို ပျက်ဆီးစေနိုင်တယ်လို့ အိန္ဒိယအစိုးရက ထုတ်ပြန်ထားပါတယ်။

    တရုတ်ကအစိုးရကတော့ မိမိတို့နိုင်ငံက ကုမ္ပဏီတွေကို နိုင်ငံတကာ ဥပ​​ဒေ၊ ပြည်တွင်းဥပဒေနဲ့ညီအောင် ဆောင်ရွက်ဖို့ တိုက်တွန်းထားပြီး အိန္ဒိယအနေနဲ့ တရုတ်ကုမ္ပဏီတွေရဲ့ ဥပဒေနဲ့ အညီစီးပွားရေးလုပ်ကိုင်ခွင့် ပြန်ပေးဖို့ တောင်းဆိုထားခဲ့ပါတယ်။

    အိန္ဒိယက ပိတ်ပင်လိုက်တဲ့ အက်ပလီကေးရှင်းတွေမှာ Weibo၊ Clash of Kings၊ UC Browser၊ Club Factory နဲ့ Shein တို့ ပါဝင်ပါတယ်။

    Ref : BBC

    အာကာသစူးစမ်းရှာဖွေရေးကို ဂျပန်က တိုးမြှင့်လုပ်ဆောင်မည်

    အာကာသ ရှာဖွေစူးစမ်းရေးလုပ်ငန်းမှာ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမယ်လို့ ဂျပန်က ဇွန်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

    အသေးစား ထောက်လှမ်းရေး ဂြိုဟ်တုတွေ လွှတ်တင်သွားဖို့၊ အမေရိကန်ရဲ့ လသွားခရီးစဉ်မှာ ဂျပန်အာကာသာယာဉ်မှူးတွေ လိုက်ပါနိုင်ဖို့ စတာတွေကို ဆောက်ရွက်မှာဖြစ်ပြီး အာကာသကဏ္ဍအတွက် လက်ရှိ ယန်း ၁.၂ ထရီလီယံ အသုံးပြုမှုကို ၂၀၃၀ ပြည့်နှစ်ရောက်ရင် ၂ ဆတိုးဖို့လည်း စီစဉ်ထားပါတယ်။

    နည်းပညာ၊ ကာကွယ်ရေးနဲ့ အာကာသကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှု ပိုမိုလုပ်ဆောင်နိုင်ရေး အားပေးဆောင်ရွက်သွားမယ်လို့ ဂျပန်၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref : Stripes