News @ M-Media

Tag: north korea

  • လက်ရှိ ကိုရီးယားနှစ်နိုင်ငံ နွေးထွေးသောဆက်ဆံရေးကို ထိန်းသိန်းရန် ကင်ဂျုံအန် တိုက်တွန်း

    လက်ရှိ ကိုရီးယားနှစ်နိုင်ငံ နွေးထွေးသောဆက်ဆံရေးကို ထိန်းသိန်းရန် ကင်ဂျုံအန် တိုက်တွန်း

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၈
    M-Media

    တောင်ကိုရီးယားမှ ပြန်လာသည့် မြောက်ကိုရီးယာကိုစားလှယ်အဖွဲ့နှင့် ကင်ဂျုံအန်က လက်ချင်းယှက်၍ ရိုက်ထားသည့် ဓာတ်ပုံတစ်ပုံကိုလည်း KCNA က ထုတ်ပြန်ခဲ့သည်။

    – ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကြောင့် ကိုရီးယားနှ်နိုင်ငံ ရင်ကြားစေ့ရေး နွေးထွေးလာသည့် အခြေအနေကို ဆက်လက်ထိန်းသိမ်းသွားရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တိုက်တွန်းဆော်သြလိုက်သည်။

    ကင်ဂျုံအန်၏ ညီမဖြစ်သူ ဦးဆောင်သော မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့မှာ ပြီးခဲ့သည့်တစ်ပတ်က တောင်ကိုရီးယားသို့ လာရောက်ကာ သမ္မတ မွန်ဂျယ်အင်နှင့် တွေ့ဆုံခဲ့ပြီး ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့လည်း တက်ရောက်ခဲ့သည်။

    ကင်ဂျုံအန်ကမူ အိုလံပစ်ပြိုင်ပွဲသို့ မြောက်ကိုရီးယား၏ တက်ရောက်မှုကို အထူးအလေးထား ဆောင်ရွက်ပေးခဲ့သည့် တောင်ကိုရီးယားကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန KCNA က ယနေ့တွင် ဖော်ပြခဲ့သည်။

    ထို့ပြင် ပြန်လည်ရင်ကြားစေ့ရေးနှင့် ဆွေးနွေးညှိနှိုင်းရေးအတွက် နွေးထွေးသော ရပ်ဝန်းတစ်ခုကို ဆက်လက်တည်တံ့အောင် ဆောင်ရွက်သွားနိုင်ရန် ကင်က အရေးပါသော ညွှန်ကြားမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

    တောင်ကိုရီးယားမှ ပြန်လာသည့် မြောက်ကိုရီးယာကိုစားလှယ်အဖွဲ့နှင့် ကင်ဂျုံအန်က လက်ချင်းယှက်၍ ရိုက်ထားသည့် ဓာတ်ပုံတစ်ပုံကိုလည်း KCNA က ထုတ်ပြန်ခဲ့သည်။

    တောင်ကိုရီးယား၌ ကျင်းပပြုလုပ်သည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲသို့ မြောက်ကိုရီးယားက တက်ရောက်လာခြင်းမှာ ကိုရီးယားနှစ်နိုင်ငံအကြား နွေးထွေးသော ဆက်ဆံရေးအဖြစ် အများစုက ရှုမြင်ကြသော်လည်း ၀ါဒဖြန့်ချီမှုတွင် မြောက်ကိုရီးယားက အောင်ပွဲရသွားမည်ဟု စိုးရိမ်မှုများလည်း ရှိနေသည်။

    တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်က အမေရိကန်အနေဖြင့် မြောက်ကိုရီးယားနှင့် ဆွေးနွေးမှု ပြုလုပ်ရန် လမ်းဖွင့်ထားသည်ဟု ကင်ဂျုံအန်၏ညီမ ကင်ယိုဂျွန်းနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

    Ref: BBC

  • တောင်ကိုရီးယားသမ္မတ ပြုံးယမ်သို့လာရောက်ရန် ကင်ဂျုံအန် ဖိတ်ကြား

    တောင်ကိုရီးယားသမ္မတ ပြုံးယမ်သို့လာရောက်ရန် ကင်ဂျုံအန် ဖိတ်ကြား

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၈
    M-Media

    ကင်ဂျုံအန်၏ ညီမ(၀ဲ) နှင့် တောင်ကိုရီးယားသမ္မတ (ညာ)

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်မှာ တောင်ကိုရီးယားသမ္မတအား ပြုံးယမ်သို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ပြီး ကိုရီးယားနှစ်နိုင်ငံအကြား ထူးခြားသည့် ဖိတ်ခေါ်မှုလည်းဖြစ်သည်။

    ကင်ဂျုံအန်၏ ညီမ ကင်ယိုဂျွန်ဦးဆာင်သည့် မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့မှာ ယမန်နေ့က ဆိုးလ်မြို့ရှိ သမ္မတနန်းတော်တွင် တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်နှင့် တွေ့ဆုံစဉ် ကင်ဂျုံအန်၏ ဖိတ်ခေါ်စာကို ပေးခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယားသမ္မတ ပြောရေးဆိုခွင့်ရှိသူက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    “သမ္မတ မွန်ဂျယ်အင်နဲ့ သိပ်မကြာခင်မှာ တွေ့ဆုံလိုတဲ့အကြောင်း၊ သင့်လျော်တဲ့အချိန်မှာ သမ္မတမွန်အနေနဲ့ မြောက်ကိုရီးယားကို လာရောက်လည်ပတ်မယ်လို့ မျှော်လင့်ကြာင်း ကင်ဂျုံအန်ရဲ့ အမှာကို သူမက ပါးခဲ့ပါတယ်” လို့ ပြောရေးဆိုခွင့်ရှိသူ ကင်အီကျွန်က ဆိုသည်။

    သမ္မတ မွန်ဂျယ်အင်က တွေ့ဆုံမှု အကောင်အထည်ပေါ်လာရန်အတွက် မှန်ကန်သော အနေအထားတစ်ခုကို နှစ်ဖက် ပူးပေါင်းတည်ဆောက်ရမည်ဟု ပြန်လည်ပြောကြားခဲ့သည်။

    မြောက်ကိုရီယား ကိုယ်စားလှယ်အဖွဲ့မှာ ဆောင်းရာသီအိုလံပစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန်အတွက် သောကြာနေ့က တောင်ကိုရီးယားသို့ ရောက်ရှိလာခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် ကိုရီယားနှစ်နိုင်ငံမှ ကစားသမားများမှာ ညီညွတ်သော အလံတော်အောက်၌ စုပေါင်း ချီတက်ခဲ့ကြသည်။

    Ref: Aljazeera

  • ကင်ဂျုံအန်၏ညီမ တောင်ကိုရီးယားသို့ သမိုင်းဝင် လာရောက်

    ကင်ဂျုံအန်၏ညီမ တောင်ကိုရီးယားသို့ သမိုင်းဝင် လာရောက်

    ဖေဖော်ဝါရီ ၉၊ ၂၀၁၈
    M-Media

    – ပြုံချန်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ရန်အတွက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်၏ ညီမမှာ တောင်ကိုရီးယားသို့ ရောက်ရှိလာခဲ့ပြီး သမိုင်းဝင် လာရောက်မှုလည်း ဖြစ်သည်။

    ကင်ယိုဂျွန်မှာ ယနေ့မနက်ပိုင်းက ကင်ဂျုံအန်၏ ကိုယ်ပိုင်လေယာဉ်ဖြင့် အင်ချီယွန်လေဆိပ်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ၁၉၅၀ ပြည့်နှစ် ကိုရီးယားစစ်ပွဲနောက်ပိုင်း မြောက်ကိုရီးယား အုပ်စိုးသူမိသားစုဝင်တစ်ဦး ပထမဆုံး တောင်ကိုရီးယားသို့ လာရောက်ခြင်းလည်း ဖြစ်သည်။

    ကင်ယိုဂျန်နှင့် မြောက်ကိုရီးယားအစိုးရ၏ ရုပ်ပြအကြီးအကဲ အသက် ၉၀ အရွယ် ကင်ယုံနမ်တို့မှာ မနက်ဖြန်တွင် ဆိုလ်းမြို့ သမ္မတနန်းတော်၌ တောင်ကိုရီးယားသမ္မတနှင့် တွေ့ဆုံရန် ရှိနေသည်။

    မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့တွင် အမျိုသား အားကစား လမ်းညွှန်မှုကော်မတီ ဥက္ကဌ ချိုဟွေနှင့် ကိုရီးယား ပေါင်းစည်းညီညွန်ရေးဆိုင်ရာ ဥက္ကဌ ရီဆွန်ဂွန်တို့ ပါဝင်သည်။

    ယနေ့ပြုလုပ်မည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ကိုရီးယားနှစ်နိုင်ငံမှာ ‘ညီညွတ်သော အလံတော်’ အောက်၌ ပူးပေါင်း ချီတက်မည်ဖြစ်သည်။

    Ref: Aljazeera

  • ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းကပွဲပြုလုပ်မည့်အစီအစဉ်ကို မြောက်ကိုရီးယား ဖျက်သိမ်း

    ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းကပွဲပြုလုပ်မည့်အစီအစဉ်ကို မြောက်ကိုရီးယား ဖျက်သိမ်း

    ဇန်န၀ါရီ ၃၀၊ ၂၀၁၈
    M-Media

    တောင်ကိုရီးယားသို့ ရောက်ရှိလာသည့် မြောက်ကိုရီးယား ဟော်ကီ အားကစားသမားများ

    – တောင်ကိုရီးယားမှ အနုပညာရှင်များနှင့် ပူးပေါင်းပြုလုပ်ရန် စီစဉ်ထားသည့် ယဉ်ကျေးမှုကပွဲကို မြောက်ကိုရီးယားဘက်က ဖျက်သိမ်းလိုက်သည်ဟု သိရသည်။

    ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် အဆိုပါ ကပွဲမှာ ပြုံချမ်း ဆောင်းရာသီအိုလံပစ် ပြိုင်ပွဲအထိမ်းအမှတ်အဖြစ် ပြုလုပ်မည့် အခမ်းအနားများမှ တစ်ခုဖြစ်ပြီး မြောက်ကိုရီးယားက ဖျက်သိမ်းကြောင်း တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ယမန်နေ့တွင် အတည်ပြုခဲ့သည်။

    အဆိုပါ တစ်ဖက်သတ်ရုပ်သိမ်းမှုက အလွန်ဝမ်းနည်းဖွယ်ရာဖြစ်သည်ဟုလည်း တောင်ကိုရီးယားက ပြောကြားခဲ့သည်။

    မြောက်ကိုရီးယားကမူ မီဒီယားများက ၎င်းတို့နှင့်ပတ်သက်၍ တစ်ဖက်သက် သတင်းများကို ဖော်ပြသည့်အတွက်ကြောင့် ကပွဲကို ဖျက်သိမ်းလိုက်ရခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

    တောင်-မြောက် နှစ်နိုင်ငံမှ အနုပညာရှင်များပါဝင်မည့် ကပွဲမှာ မြောက်ကိုရီးယားအပေါ် ပြုလုပ်ထားသည့် ကုလလုံခြုံရေးကောင်စီ၏ ပိတ်ဆို့မှုများကို ချိုးဖောက်ခြင်းဖြစ်မည်ဆိုသည့် စိုးရိမ်မှုများရှိကြောင်း တောင်ကိုရီးယား မီဒီယာများက ပြီးခဲ့သည့်ရက်ပိုင်းတွင် ဖော်ပြခဲ့သည်။

    ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ကျရောက်မည့် မြောက်ကိုရီးယား တပ်မတော်နေ့အတွက် စစ်ရေးပြမှုနှင့် ပတ်သက်၍ တောင်ကိုရီးယားမီဒီယာများက ရည်ညွှန်းဖော်ပြမှုကိုလည်း မြောက်ကိုရီးယားက ကျေနပ်ခြင်းမရှိပေ။

    တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီး ချိမြောင်ဂျွန်းက မြောက်ကိုရီးယားအနေဖြင့် အိုလံပစ်ပြိုင်ပွဲမတိုင်ခင် တစ်ရက်အလို၌ ထိုကဲ့သို့ စစ်ရေးပြရန် စီစဉ်မှုမှာ ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ကိုရီးယားနှစ်နိုင်ငံမှာ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ပြန်လည်ရင်ကြားစေ့ရေလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်လာခဲ့ပြီး ဇန်န၀ါရီလ ၉ ရက်နေ့တွင် ၂ နှစ်အတွင်း ပထမဆုံးအကြိမ် နှစ်ဖက် အဆင့်မြင့်အစည်းအဝေးတစ်ခုကို ကျင်းပခဲ့သည်။

    Ref: Aljazeera

  • မြောက်ကိုရီးယားပြည်သူများ၏ ဒုက္ခကို ကမ္ဘာ့မီဒီယာက လစ်လျူရှုဟု Care International ပြော

    မြောက်ကိုရီးယားပြည်သူများ၏ ဒုက္ခကို ကမ္ဘာ့မီဒီယာက လစ်လျူရှုဟု Care International ပြော

    ဇန်န၀ါရီ ၂၃၊ ၂၀၁
    M-Media

    မြောက်ကိုရီးယားပြည်သူများ၏ ပုံရိပ်

    – မြောက်ကိုရီးယားပြည်သူတွေ ခံစားနေရတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းတွေကို ကမ္ဘာ့မီဒီယာတွေက မျက်ကွယ်ပြုထားတယ်လို့ ဆွစ်ဇာလန်အခြေစိုက် အန်ဂျီအိုအဖွဲ့Care International က ပြောကြားလိုက်ပါတယ်။

    Suffering in Silence (တိတ်ဆိတ်စွာ ခံစားနေရခြင်း) ဆိုတဲ့ခေါင်းစဉ်နဲ့ မနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဒီအဖွဲ့က ဂျာနယ်လစ်တွေဟာ မြောက်ကိုရီးယားမှာ အစားအသောက် ပြတ်လပ်မှုထက် နိုင်ငံရေးတင်းမာမှုတွေကိုပဲ အာရုံစိုက်နေတယ်လို့ ဖော်ပြထားပါတယ်။

    မြောက်ကိုရီးယား လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဖြစ်တဲ့ လူ ၁၈ သန်းလောက်ဟာ အဟာရပြည့်ဝတဲ့ အစားအသောက်တွေကို မစားသောက်ရဘူးလို့ ကုလက ဆိုပါတယ်။

    ၂၀၀၁ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ မိုးခေါင်မှုကြောင့် ဆန်နဲ့ အာလူးထုတ်လုပ်မှုဟာ ကျဆင်းသွားပြီး ၂၀၁၇ ခုနှစ်အတွင်းမှာ စားနပ်ရိက္ခာပြတ်လပ်မှုဟာ ဆိုးရွားလာခဲ့တယ်လို့လည်း ကုလရဲ့ စားနပ်ရိက္ခာနဲ့ လယ်ယာစိုက်ပျိုးရေးအဖွဲ့က ထုတ်ြပန်ထားပါတယ်။

    Care International က မြောက်ကိုရီးယားမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေ ဖြစ်နေတယ်ဆိုတာကို ဖော်ပြတဲ့သတင်းဟာ ၂၀၁၇ ခုနှစ်မှာ ၅၁ ခုသာရှိပြီး ဒဿမမြောက် ဖော်ပြမှုအနည်းဆုံး ပီရူးက ရေကြီးမှုအကြောင်း သတင်း ၇၀၁၇ ခုနဲ့တွက်ရင် တော်တော်လေးကို နည်းနေတယ်လို့ ထောက်ပြပါတယ်။

    အီရစ်ထရီယာ၊ ဗီယက်နမ်နဲ့ ကွန်ဂိုနိုင်ငံတို့က သဘာကပ်ဘေးတွေအကြောင်းလည်း မီဒီယာတွေက လုံလုံလောက်လောက် မဖော်ပြဘူးလို့ Care International ဆိုပါတယ်။

    “ဒီအကြပ်အတည်းတွေကို မီဒီယာတွေက မဖော်ပြရင် ပြည်သူတွေဆီက အလှူငွေတွေရဖို့၊ နိုင်ငံရေး အပြောင်းအလဲလုပ်ရေး တွန်းအားပေးဖို့ ခက်ခဲပါတယ်။ ပေါ်လစီတွေပြောင်းလဲရေး၊ အကူအညီအတွက် ဘက်ဂျက်ချပေးရေး ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်မှာ မီဒီယာတွေဟာ တော်တော်လေးကို လွှမ်းမိုးမှု ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း မီဒီယာက ဖော်ပြမှုအနည်းဆုံး အကြပ်အတည်း ၁၀ ခုက ၆ ခုဟာ ကုလရဲ့ ထောက်ပံ့ကူညီမှုကို အနည်းဆုံးရရှိတဲ့ ကိစ္စတွေ ဖြစ်နေပါတယ်” လို့ အဖွဲ့ရဲ့ အတွင်းရေးမှူး လော်ရီလီက ပြောပါတယ်။

    ဘေးအန္တရာယ်တွေမှာ သတင်းယူဖို့ ဘဏ္ဍာငွေနည်းတာ၊ စစ်ပွဲတွေကြောင့် သွားရောက်ဖို့ ခက်ခဲတာတွေက ဒီကိစ္စတွေကို ဂျာနယ်လစ်တွေ သတင်းသွားယူမှု လျော့ကျစေပြီး မှောင်မိုက်တဲ့ဘ၀တွေကိုြ ဖတ်သန်းနေရတဲ့ လူသားတွေ အကြောင်း ကမ္ဘာကြီးက မသိရှိတော့ဘူးလို့လည်း လီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း သတင်းယူနေစဉ်မှာ သေဆုံးခဲ့တဲ့ ဂျာနယ်လစ် အနည်းဆုံး ၈၁ ဦး ရှိတယ်လို့ နိုင်ငံတကာ ဂျာနယ်လစ်များဖက်ဒရေးရှင်းက သတင်းထုတ်ပြန်ပါတယ်။ ၂၀၁၆ ခုနှစ်က ၆၃ ဦးသဆုံးမှုထက်စာရင် လျော့ကျသွားပေမယ့်၊ ထောင်ကျတဲ့ ဂျာနယ်လစ်အရေအတွက်က ပြီးခဲ့တဲ့နှစ်မှာ တော်တော်လေး မြင့်တက်ခဲ့ကာ ၂၅၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

    Ref: Aljazeera