ပြီးခဲ့သည့်နှစ်အတွင်း ပြုလုပ်
Tag: north korea
-
မိမိ၏စားပွဲပေါ်တွင် နျူခလုပ် အမြဲတမ်းရှိသည်ဟု ကင်ဂျုံအန်က ကန်ကို သတိပေး
ဇန်န၀ါရီ ၁၊ ၂၀၁၈M-Media– နျူကလီးယားခလုပ်မှာ မိမိ၏ စားပွဲပေါ်တွင် အမြဲတမ်းရှိနေသည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားလိုက်ပြီး မည်သည့်အခါမှ စစ်ပွဲစတင်ရေး စိတ်မကူးရန်လည်း အမေရိကန်ကို သတိပေးခဲ့သည်။ရုပ်သံမှပြောကြားသော နှစ်သစ်ကူးမိန့်ခွန်းတွင် ကင်ဂျုံအန်က မြောက်ကိုရီးယား၏ နျူလက်နက်များမှာ အမေရိကန်နိုင်ငံတစ်ခုလုံးသို့ ပစ်ခတ်နိုင်ကာ ခြိမ်းခြောက်နေခြင်းမဟုတ်ဘဲ အမှန်တကယ်လုပ်နိုင်စွမ်းရှိသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။ သို့သော် မိမိအနေဖြင့် တောင်ကိုရီးယားနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် လမ်းဖွင့်ထားပြီး ဆိုးလ်မြို့တွင် ပြုလုပ်မည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲတွင် မြောက်ကိုရီးယားက အဖွဲ့တစ်ခု စေလွှတ်သွားနိုင်သည်ဟုလည်း ဆိုသည်။မြောက်ကိုရီးယား၏ ထိုခြိမ်းခြောက်မှုနှင့်ပတ်သက်၍ ဖလော်ရီဒါရှိ Mar-a-Lago အပန်းဖြေစခန်းသို့ ရောက်ရှိနေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား သတင်းထောက်များကမေးမြန်းရာ ထရမ့်က ‘ကြည့်တာပေါ့။ ကြည့်တာပေါ့’ ဟု ပြန်လည်ဖြေကြားခဲ့သည်။ခဲ့သည့် ဒုံးကျည်စမ်းသပ်မှု၊ နျူစမ်းသပ်မှုများကြောင့် မြောက်ကိုရီးယားမှာ ကမ္ဘာ့နိုင်ငံများ၏ ဝေဖန်မှုများ ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး ကုလနှင့် အမေရိကန်တို့က ပိတ်ဆို့မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ Ref : BBC -
လာမည့်နှစ်တွင် ဒုံးကျည်စမ်းသပ်မှု ပိုမိုပြုလုပ်မည်ဟု မြောက်ကိုရီးယားပြော
ဒီဇင်ဘာ ၃၀၊ ၂၀၁၇
M-Media– ယခုနှစ်အတွင်း တိုက်ချင်းပစ် ဒုံးကျည်များနှင့် နျူးကလီးယားဒုံးကျည်များ စမ်းသပ်နိုင်မှုအတွက် မြောက်ကိုရီးယားက ဂုဏ်ယူသည်ဟု ဆိုပြီး လာမည့်နှစ်တွင်လည်း စမ်းသပ်မှုများ ဆက်လက်ပြုလုပ်သွားမည်ဟု ပြောကြားလိုက်သည်။
“မိမိတို့၏ လွတ်လပ်ရေးနှင့် တရားမျှတမှုကို မည်သည့် အင်အားကမှ တားဆီးနိုင်မည်မဟုတ်” ဟူသည့် ခေါင်းစဉ်ဖြင့် နှစ်ချုပ် ကြေငြာချက်တစ်ခုကို မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက KCNA က ယနေ့တွင် ထုတ်ပြန်ရာ၌ ထိုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။
တာလတ်ပစ် Pukguksong-2 ဒုံးကျည်၊ နျူထိပ်ဖူးတပ်ဆင်နိုင်ပြီး အမေရိကန် ပြည်မကြီးအထိ ပစ်လွှတ်နိုင်သည့် Hwasong-14 နှင့် Hwasong-15 ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်နိုင်ခြင်းမှာ အောင်မြင်မှုဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် နျူဖြင့်ခြိမ်းခြောက်မှု၊ မိမိတို့ အိမ်တံခါးဝတွင် စစ်ရေးလေ့ကျင်မှု ရှိနေသမျှ ကာပတ်လုံး နျူလက်နက်ဖြင့် ကာကွယ်နိုင်စွမ်း၊ ကြိုတင်လက်ဦး တိုက်ခိုက်နိုင်စွမ်း ရှိအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် လာမည့်နှစ်များတွင် ဒုံးကျည်စမ်းသပ်မှုများကို ပိုမိုဆောင်ရွက်သွားမည်ဟုလည်း မြောက်ကိုရီးယားက ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားမှာ ယခုနှစ်အတွင်း ကုလလုံခြုံရေးကောင်စီ၏ ပိတ်ဆို့မှုအသစ်များကို ခံစားခဲ့ရပြီး၊ အမေရိကန်ကန်လည်း ပိတ်ဆို့မှုများစွာ ပြလုပ်ခဲ့သည်။ မြောက်ကိုရီးယားက ထိုလုပ်ရပ်များမှာ ရာဇ၀တ်မှုလုပ်ရပ်များဟု ပြန်လည်တုန့်ပြန်ခဲ့သည်။
Ref: RT
-
ကိုရီးယားကျွန်းဆွယ် စစ်ဖြစ်လျှင် အမေရိကန် ၂ သိန်းကျော် သေဆုံးမည်ဟု ရုရှားသတိပေး
ဒီဇင်ဘာ ၂၆၊ ၂၀၁၇
M-Media– ကိုရီးယားကျွန်းဆွယ်မှာ အင်အားအပြည့်နဲ့ စစ်ပွဲဖြစ်ရင် တောင်ကိုရီးယားနိုင်ငံမှာ နေထိုင်နေတဲ့ အမေရိကန်နိုင်ငံသား သိန်းချီ သေဆုံးနိုင်တယ်လို့ ရုရှား လုံခြုံရေးကောင်စီ အကြီးအကဲ နီကိုလိုင်း ပက်ထရူရှက်ဗ်က သတိပေးလိုက်ပါတယ်။
မြောက်ကိုရီးယားက တိုက်လာရင် သူ့နိုင်ငံသား ၂၅၀၀၀၀ လောက် သေမယ်ဆိုတာ အမေရိကန်ကလည်း သိရှိထားပြီး ဒီအရေအတွက်ဟာ စစ်ရေးဗျူဟာအရ လက်မခံနိုင်လောက်တဲ့ သေဆုံးမှုမျိုးဖြစ်တယ်လို့ ပက်ထရူရှက်ဗ်က ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ အမြောက်တွေ၊ ဒုံးကျည်ပစ်စင်တွေကို တောင်ကိုရီးယားက လူ ၁၀ သန်းလောက်နေထိုင်တဲ့ မြို့တော်ဆိုးလ်နဲ့ ကီလိုမီတာ ၅၀ အကွာလောက်မှာ ထားရှိတာဖြစ်တယ်လို့ သူက ထောက်ပြခဲ့ပြီး ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်လာရာမှာ အမေရိကန်ရဲ့ မဆင်ခြင်မှုကြောင့်လည်း ပါတယ်လို့ ဆိုပါတယ်။
“ဒီကနေ့ အမေရိကန်ဟာ မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းနဲ့ ပြည်သူတစ်ရပ်လုံးအပေါ် ရန်လိုတဲ့စကားတွေ ပြောနေပြီး၊၊ တောင်ကိုရီးယားနဲ့အတူ ကြီးမားတဲ့ လေကြောင်း၊ ရေကြောင်း လေ့ကျင်မှုတွလည်း လုပ်နေပါတယ်”
ပြီးခဲ့တစ်ပတ်မှာ ကုလဟာ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုအသစ် ထပ်မံပြုလုပ်ခဲ့ပြီး ကင်ဂျုံအန်ကတော့ ဒါဟာ သူ့နိုင်ငံအပေါ်မှာ စစ်ကြေငြာတာပဲလို့ ပြောကြားခဲ့ပါတယ်။
ပက်ထရူရှက်က ဒီလိုတင်းမာမှုတွေ ပျောက်ဖို့ဆိုရင် နိုင်ငံရေး၊ သံတမန်ရေးအရသာ ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ရုရှားနဲ့ တရုတ်တို့ဟာ မြောက်ကိုရီးယား ဒုံးကျည်နဲ့ နျူကလီးယား စမ်းသပ်မှုတွေ ရပ်တန့်ရေး၊ အမေရိကန်က စစ်ရေးလေ့ကျင့်မှုတွေ မလုပ်ရေးတွေ ပါဝင်တဲ့ လမ်းပြမြေပုံတစ်ခုကို ဖော်ဆောင်ဖို့ ကြိုးစားနေကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
Ref: RT
-
မြောက်ကိုရီးယားအပေါ် ကုလက ပိတ်ဆို့မှုအသစ် ထပ်လုပ်၊ အမေရိကန်က စစ်တပ်ကို တပ်လှန့်ထား
ဒီဇင်ဘာ ၂၃၊ ၂၀၁၇
M-Media– ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးကိုသာ လိုလားကာ သတ်ဖြတ်မှုကို မလိုလားဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပြီး မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုအသစ် ပြုလုပ်ပြီးနောက် ယခုမှတ်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။
ပိတ်ဆို့မှုအသစ်တွင် နိုင်ငံခြား၌ အလုပ်လုပ်နေသည့် မြောက်ကိုရီးယားနိုင်ငံသားများအနေဖြင့် ၂ နှစ်အတွင်း ပြည်တော်ပြန်ရန်၊ မြောက်ကိုရီးယားသို့ တင်ပို့သည့် သန့်စင်ပြီး ရေနံထွက်ပစ္စည်း ၉၀ ရာခိုင်နှုန်းကို ပိတ်ပင်ရန်တို့ ပါဝင်သည်။
အဆိုပါအရေးယူမှုကို ယမန်နေ့တွင် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအားလုံးက သဘောတူခဲ့ကြသည်။
“မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှု ထပ်လုပ်ရေးနဲ့ပတ်သက်ပြီး ကုလ လုံခြုံရေးကောင်စီက ထောက်ခံမဲ ၁၅ မဲ၊ ကန့်ကွက်မဲမရှိဘဲ အခုလေးတင် အတည်ပြုခဲ့ပါတယ်။ ကမ္ဘာကြီးဟာ ငြိမ်းချမ်းရေးကို လိုလားပြီး သတ်ဖြတ်မှုကို မလိုချင်ပါဘူး” ဟု ထရမ့်က မဲခွဲမှုအပြီးတွင် ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားခဲ့သည်။
မြောက်ကိုရီးယား၏ နျူစီမံကိန်း ဆက်လက်လုပ်ဆောင်နေမှုကို တားဆီးရန် ရည်ရွယ်သည့် ယခု ပိတ်ဆို့မှုအသစ်ကို အမေရိကန်က တင်သွင်းခြင်းဖြစ်ပြီး ယခုနှစ်အတွင်း တတိယမြောက် ပိတ်ဆို့မှုလည်း ဖြစ်သည်။
မြောက်ကိုရီးယားအပေါ် စက်မှုပစ္စည်းများ တင်သွင်းမှု၊ အစားအသောက်များ၊ လယ်ယာထွက်ကုန်ပစ္စည်းများ ၀ယ်ယူမှု စသည်တို့ကို တားမြစ်ရေးလည်း ယခုပိတ်ဆို့မှုတွင် ပါဝင်သည်။
ထရမ့်က ငြိမ်းချမ်းရေးကို လိုလားသည်ဟု ပြောကြားခဲ့သော်လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မာတစ်က ကိုရီးယားကျွန်းဆွယ်တွင် ‘မုန်တိုင်းဖြစ်မည့် တိမ်များ စုစည်းလာနေသည့်’ အတွက် တပ်ဖွဲ့ဝင်များအနေဖြင့် အသင့်အနေအထားရှိကြရန် ယမန်နေ့တွင် သတိပေးခဲ့သည်။
Ref: Aljazeera
-
နျူနိုင်ငံဖြစ်ပြီဟု မြောက်ကိုရီးယားခေါင်းဆောင် ကြေငြာ
နိုဝင်ဘာ ၂၉၊ ၂၀၁၇
M-Media– မိမိတို့တိုင်းပြည်မှာ နျူကလီးယားကို အပြည့်အ၀ပိုင်ဆိုင်သည့် နိုင်ငံ ဖြစ်လာပြီး အမေရိကန်၏ မည်သည့်နေရာကိုမဆို ပစ်ခတ်နိုင်သည့် ဒုံးကျည်သစ် စမ်းသပ်မှုမှာလည်း အောင်မြင်ခဲ့ပြီဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ယနေ့တွင် ကြေငြာလိုက်သည်။
မြောက်ကိုရီးယားမှာ ယနေ့မနက်ပိုင်းတွင် ဒုံးကျည်အသစ်တစ်ခုကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး Hwasong-15 ဟု ခေါ်သည့် အဆိုပါ တိုက်ချင်းပစ်ဒုံးကျည်မှာ အမြင့် ၄၄၇၅ ကီလိုမီတာအထိ ရောက်ခဲ့ကာ ပစ်ခတ်သည့်နေရာမှ ကီလိုမီတာ ၉၅၀ အကွာတွင် ကျခဲ့ကြောင်း၊ နိုင်ငံက စမ်းသပ်ခဲ့သမျှတွင် ယခုဒုံးကျည်မှာ အဆန်းပြားဆုံးဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနက ကြေငြာခဲ့သည်။
“ကျွန်မတို့တိုင်းပြည်ဟာ နောက်ဆုံးမှာ ဒုံးကျည်စွမ်အား တည်ဆောက်မှု အကြောင်းအရင်းတစ်ရပ်ဖြစ်တဲ့ နိုင်ငံရဲ့ နျူကလီးယားအင်အားကို အပြည့်အ၀ ဖြည့်တင်းနိုင်တဲ့ ကြီးကျယ်တဲ့ သမိုင်းသစ်တစ်ခု ရရှိခဲ့တယ်ဆိုတာ ကင်ဂျုံအန်က ဂုဏ်ယူစွာနဲ့ ကြေငြာလိုက်ပါတယ်။ တိုက်ချင်းပစ် Hwasong-15 ဒုံးကျည် စမ်းသပ်မှု ပြည့်ပြည့်၀၀ အောင်မြင်မှုဟာ ကြီးကျယ်ပြီး၊ သူရဲကောင်းဆန်တဲ့ မြောက်ကိုရီးယားပြည်သူတွေ ရရှိလိုက်တဲ့ အဖိုးမဖြတ်နိုင်တဲ့ အောင်ပွဲပါပဲ” ဟု မြောက်ကိုရီးယား၏ နာမည်ကြီး သတင်းကြေငြာသူ ရီချွန်ဟီးက ပြောကြားခဲ့သည်။
သူမမှာ နိုင်ငံ၏ အရေးပါသော အောင်မြင်မှုများကိုသာ ကြေငြာလေ့ရှိသူ ဖြစ်သည်။
အနောက်နိုင်ငံမှ ကျွမ်းကျင်သူများက ယနေ့ ပစ်ခတ်ခဲ့သည့် ဒုံးကျည် ပျံသန်းမှုအရ ထိုဒုံးကျည်မှာ ကီလိုမီတာ ၁၃၀၀၀ အထိ ရောက်ရှိနိုင်ပြီး အမေရိကန်၏ အဓိက မြို့ကြီးတိုင်းကို ပစ်ခတ်နိုင်စွမ်းရှိသည်ဟု ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယခုပစ်ခတ်မှုကို အလေးထား ကိုင်တွယ်သွားမည်ဟု အိမ်ဖြူတော်တွင် ပြောကြားခဲ့ပြီး ရုရှားကလည်း ထိုလုပ်ရပ်မှာ ရန်စခြင်းဖြစ်ကြောင်း၊ တရုတ်က အလွန်အမင်း စိုးရိမ်မိပြီး ထိုကိစ္စကို ဆန့်ကျင်ကြောင်း အသီးသီး ပြောကြားခဲ့ကြသည်။
Ref: CNA