News @ M-Media

Tag: Pakistan

  • ပါကစ္စတန်ဒါရိုက်တာတစ်ဦး ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ပထမဆုံး အနုပညာရှင် သဘာပတိ ဖြစ်လာမည်

    ပါကစ္စတန်ဒါရိုက်တာတစ်ဦး ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ပထမဆုံး အနုပညာရှင် သဘာပတိ ဖြစ်လာမည်

    ဇန်န၀ါရီ ၁၁၊ ၂၀၁၇
    M-Media

    shrminn

    – ပါကစ္စတန်နိုင်ငံမှ အော်စကာဆုရ ဒါရိုက်တာ ရှရ်မင်း အိုဘိုက် ချင်နွိုင်းမှာမှာ ယခုလအတွင်း ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၄၇ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ပတ်လည်အစည်းအဝေးတွင် ပူးတွဲသဘာပတိအဖြစ် တာဝန်ယူရမည်ဟု သိရသည်။

    Responsive and Responsible Leadership ခေါင်းစဉ်ဖြင့် ဇန်န၀ါရီ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဒါဗို့စ် ကိုလ်စတာမြို့တွင် ကျင်းပမည့် အဆိုပါအစည်းအဝေးသို့ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်မှ ပရိတ်သတ် ၂၅၀၀ ခန့်တက်ရောက်မည်ဖြစ်ပြီး ဆွေးနွေမှုပေါင်း ၃၀၀ ကျော်ပြုလုပ်သွားမည်ဖြစ်သည်။

    ကမ္ဘာ့စီးပွားရေးဖိုရမ်၏ Crystal Award ကို ရရှိထားပြီး Yong Global Leaders အဖွဲ့တွင်လည်း ပါဝင်ထားသူ ရှရ်မင်းမှာ နှစ်ပတ်လည်အစည်းအဝေးတွင် သဘာပတိပြုလုပ်ရသည့် ပထမဆုံး အနုပညာရှင်ဖြစ်သည်။ သူမမှ ပါကစ္စတန်အတွင် ဂျာနယ်လစ်တစ်ဦးအဖြစ်လည်း တက်ကြွစွာ ဆောင်ရွက်နေသူဖြစ်သည်။

    ယခုနှစ် နှစ်ပတ်လည်အစည်းအဝေးတွင် ၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာကြီးက ရင်ဆိုင်ရမည့် စိန်ခေါ်မှု ၅ ခုကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်သည်။

    ရှရ်မင်းနှင့်အတူ ပူးတွဲသဘာပတိအဖြစ် တာဝန်ထမ်းဆောင်ရမည့်သူများမှာ Bank of America မှာ ဘရိုင်ယန် တီ မွိုင်နီဟန်၊ Save the Children International မှ ဟဲလ်လီ သောရ်နင်း-ရှမစ်၊ နယ်သာလန်ကုမ္ပဏီ Royal Philips မှ ဖရန့်စ် ဗန် ဟူတန်း၊ Hewlett Packard Enterprise မှ မဂ် ၀ှစ်မန်းတို့ ဖြစ်ကြသည်။

    “၂၀၁၇ ခုနှစ် ဒါဗို့စ်မှာ ပြုလုပ်မယ့် ဒီလို ဂုဏ်သိက္ခာမြင့်မားတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပူးတွဲသဘာပတိအဖြစ် ဆော င်ရွက်ခွင့်ရတဲ့ ပထမဆုံး အနုပညာရှင်ဖြစ်တဲ့အတွက် အင်မတန်ဂုဏ်ယူမိပါတယ်” ဟု ရှရ်မင်းက ပြောကြားခဲ့သည်။

    အဆိုပါ အစည်းအဝေးတွင် ၂၃ ကြိမ်မြောက် Crystal Award ဆု၊ နာမည်ကျော် တယောပညာရှင် အန်နီ-ဆိုဖီမတ္တာ၊ အဆိုတော် ရှာကီးရာနှင့် လူမှုတက်ကြွလှုပ်ရှားသူ ဖောရက်စ် ၀ှစ်တိတ်ကာတို့မှာ အနုပညာနယ်ပယ်တွင် ၎င်းတို့၏ ခေါင်းဆောင်နိုင်မှုနှင့် ကမ္ဘာ့အဆင့်တွင် တိုးတက်မှုများအတွက် ထိုဆုကို ရရှိမည်ဖြစ်သည်။

    Ref: The Nation

  • နျူထိပ်ဖူးတပ်နိုင်သည့် ရေငုပ်သင်္ဘောပစ်ဒုံးကျည်ကို ပါကစ္စတန် စမ်းသပ်အောင်မြင်

    နျူထိပ်ဖူးတပ်နိုင်သည့် ရေငုပ်သင်္ဘောပစ်ဒုံးကျည်ကို ပါကစ္စတန် စမ်းသပ်အောင်မြင်

    ဇန်ဝါရီ ၉၊ ၂၀၁၇
    M-Media

    missile

    – မိမိတို့အနေဖြင့် ရေငုပ်သင်္ဘောအခြေပြု နျူထိပ်ဖူးတပ်ဆင်နိုင်သည့် ဒုံးကျည်ကို ပထမဆုံး အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့သည်ဟု ပါကစ္စတန်စစ်တပ်က ယမန်နေ့တွင် ပြာကြားခဲ့သည်။

    Babur-3 ဟု အမည်ရသည့် အဆိုပါ ခရုဇ်ဒုံးကျည်ကို အိန္ဒိယသမုဒ္ဒရာအောက်ရှိ ရေငုပ်သင်္ဘောမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး ပစ်မှတ်ကို တိတိကျကျ ထိမှန်ခဲ့သည်ဟု ပါကစ္စတန်လက်နက်ကိုင်အဖွဲ့၏ မီဒီယာဌာန ISPR မှ ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    “Babur-3 SLCM ရဲ့ မြေပြင်ကို တိုက်ခိုက်မှုအဆင့်မှာ ထိပ်ဖူးအမျိုးမျိုးကို သယ်ဆောင်နိုင်မှာဖြစ်ပြီး ပါကစ္စတန်အတွက် Second Strike Capability (နျူနှင့်တိုက်ခိုက်ခံရပါကာ နျူဖြင့် ပြန်လည်တိုက်ခံနိုင်စွမ်း) ကို ရရှိစေမှာ ဖြစ်သလို၊ ကာကွယ်ရေးစွမ်းအားကိုလည်း တိုးတက်စေမှာဖြစ်ပါတယ်” ဟု စစ်တပ် ပြောကြားခဲ့သည်။

    စစ်တပ်၏ ထိုအောင်မြင်မှုကို ချီးကျူးခဲ့သူများတွင် ၀န်ကြီးချုပ် နအ်ဝဇ်ရှရစ်ဖ်လည်း ပါဝင်ပြီး ‘Babur-3 မှာ မိမိတို့တိုင်းပြည်၏ နည်းပညာတိုးတက်မှုနှင့် မိမိတို့ကိုယ် အားကိုးနိုင်စွမ်းကို ထင်ထင်ရှားရှား ပြလိုက်ခြင်းဖြစ်သည်’ ဟု ပြောကြားခဲ့သည်။

    Babur-3 ဒုံးကျည်မှာ ဒီဇင်ဘာ ၂၀၁၆ ခုနှစ်က စမ်းသပ်ပစ်လွှတ်ခဲ့သည့် Babu-2 ဒုံးကျည်၏ ပစ်လယ်ပြင်အခြပြု အမျိုးအစားဖြစ်သည်။ ကီလိုမီတာ ၄၅၀ (မိုင်ပေါင်း ၂၈၀) အကွာအဝေးအထိ ရောက်ရှိနိုင်သည့် Babur-3 မှာ ပင်လယ်ရေအောက် တွန်းအားစနစ်၊ ပဲ့ထိန်းစနစ်၊ လမ်းကြောင်းပြစနစ်တို့ ပါဝင်ပြီး၊ အနိမ့်ပျံသန်းခြင်း၊ ရေပေါ်ရှပ်ပြေးခြင်းနှင့် ရေဒါရှောင်ကွင်းခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်။

    Ref : RT

  • ပါကစ္စတန်မှ နာမည်ကျော် လက်ဖက်ရည်အဖျော်ဆရာ ရုပ်ရှင်ရိုက်ကူးတော့မည်

    ပါကစ္စတန်မှ နာမည်ကျော် လက်ဖက်ရည်အဖျော်ဆရာ ရုပ်ရှင်ရိုက်ကူးတော့မည်

    ဇန်န၀ါရီ ၂၊ ၂၀၁၆
    M-Media

    khan-2

    – လက်ဖက်ရည်အဖျော်ဆရာအဖြစ်ကနေ ခန့်ညားတဲ့ ရုပ်ဆင်းသွင်ပြင်ကြောင့် တစ်မဟုတ်ချင်း အွန်လိုင်းဆယ်လီဖြစ်လာတဲ့ ပါကစ္စတန်က အာရ်ရှဒ်ခန်းတစ်ယောက် ရုပ်ရှင်ရိုက်ကူးတော့မယ်လို့ သိရပါတယ်။

    Kabeer လို့ခေါ်တဲ့ ရုပ်ရှင်ဖြစ်ပြီး အဲဒီအထဲမှာ အသက် ၁၈ နှစ်အရွယ် ခန်းဟာ မင်းသားရဲ့ ညီအဖြစ် သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်အတွက် ဒူဘိုင်းနဲ့ အင်္ဂလန်တို့ကို ခန်းတစ်ယောက် မကြာမီ သွားရောက်မှာပါ။

    “ဒီကားထဲက ဇာတ်ရုပ်တော်တော်များများအတွက် ကျွန်တော့်ကို ကမ်းလှမ်းပေမယ့် မင်းသားရဲ့ ညီနေရာက ကျွန်တော့်ပုံစံနဲ့ အဆင်ပြေဆုံးလို့ ကျွန်တော် ခံစားရပါတယ်။ ကျွန်တော့်ဇာတ်ရုပ်က ဒီကားမှာ အင်မတန်အရေးကြီးပါတယ်။ အနုပညာကြေးကိုလည်း တော်တော်ပေးတယ်ဗျ။ ဒါပေမယ့် ဘယ်လောက်လည်းဆိုတာကိုတော့ အခု ကျွန်တော် မပြောရဲပါဘူး။ တစ်ခုသေချာတာက ကျွန်တော့်ရဲ့ ပထမဆုံး ရုပ်ရှင်အတွက် ဒူဘိုင်းနဲ့ အင်္ဂလန်ကို သွားရမယ် ဆိုတာပါပဲ” လို့ ခန်းက ပြောကြားခဲ့ပါတယ်။

    အာရ်ရှဒ်ခန်းဟာ ပါကစ္စတန်ကဈေးတစ်ခုမှာ ၄ နှစ်လောက် လက်ဖက်ရည်ရောင်းခဲ့ရတာဖြစ်ပြီး၊ သူ့ရဲ့ ထူးခြားတဲ့ ရုပ်ဆင်းသွင်ပြင်ကို ဂျာနယ်လစ်တစ်ယောက်က ဓာတ်ပုံရိုက်ကူးကာ အွန်လိုင်းမှာ လွှင့်တင်ခဲ့ပြီးတဲ့နောက်ပိုင်း နာမည်ကျော်လာတာဖြစ်ပါတယ်။

    Ref: Arabnews

  • သတင်းမှားကို အခြေခံကာ နျူဖြင့် လက်စားချေမည်ဟု ပါကစ္စတန်က အစ္စရေးကို သတိပေး

    သတင်းမှားကို အခြေခံကာ နျူဖြင့် လက်စားချေမည်ဟု ပါကစ္စတန်က အစ္စရေးကို သတိပေး

    ဒီဇင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    paki
    ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ မိုဟာမက် အာဆစ်ဖ်

    – အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သည့် သတင်းမှားတစ်ခုကို အမှန်ဟုယူဆ၍ ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးမှာ အစ္စရေးအား နျူလက်နက်ဖြင့် ခြိမ်းခြောက်ခဲ့သည်ဟု သိရသည်။

    ပါကစ္စတန်မှာ ဆီးရီးယားသို့ စစ်တပ်များ စေလွှတ်မည်ဆိုလျှင် မိမိတို့က နျူကလီးယားလက်နက်ဖြင့် ပါကစ္စတန်ကို တိုက်ခိုက်မည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီး မိုရှေး ယာလွန်က ပြောကြားသည်ဆိုသော သတင်းတစ်ပုဒ်ကို AWD ၀ဘ်ဆိုက်တွင် ဖော်ပြပြီးနောက်ပိုင်း ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ မိုဟာမက် အာဆစ်ဖ်က ယခုကဲ့သို့ တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

    “ဆီးရီးယားက IS အကြမ်းဖက်တွေကို တိုက်ခိုက်မှုမှာ ပါကစ္စတန်ရဲ့ အခန်းကဏ္ဍအတွက် အစ္စရေးကာကွယ်ရေးဝန်ကြီးက နျူလက်နက်နဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ပါကစ္စတန်လည်း နျူလက်နက်ပိုင်ဆိုင်တယ်ဆိုတာ အစ္စရေးက မေ့နေလားမသိဘူး” ဟု အာဆစ်ဖ်က သောကြာနေ့နှောင်းပိုင်းတွင် ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားခဲ့သည်။

    သို့သော် AWD ၏ အဆိုပါသတင်းမှာ လုပ်ကြံသတင်းဖြစ်ပြီး မိုရှေးယာလွန်မှာလည်း အစ္စရေးကာကွယ်ရေးဝန်ကြီးအဖြစ်မှ မေလတွင် အနားယူသွားခဲ့သည်။

    အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါသတင်းမှာ မှားယွင်းပြီး၊ မိုရှေးယာလွန်အနေဖြင့် ထိုကဲ့သို့ မည်သည့်အခါကမှ ပြောကြာခဲ့ခြင်းမရှိဟု Twitter စာမျက်နှာမှတစ်ဆင့် ပြန်လည်ဖြေရှင်းခဲ့သည်။

    အစ္စရေးနှင့် ပါကစ္စတန် နှစ်နိုင်ငံစလုံးတွင် နျူလက်နက်များ ရှိသည်ဟု ယူဆရပြီး နျူလက်နက်မပြန့်ပွားရေးစာချုပ် NPT တွင် လက်မှတ်မထိုးထားချေ။

    အစ္စရေးမှာ ၁၉၆၀ ပြည့်နှစ်များကတည်းက နျူကလီးယားလက်နက်ကို ပိုင်ဆိုင်သည်ဟု အများစုက ယူဆကြသော်လည်း အစ္စရေးနိုင်ငံက တရားဝင် ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

    ပါကစ္စတန်နှင့် အစ္စရေးတို့မှာ သံတမန်အဆက်အသွယ်လည်းမရှိဘဲ ပါကစ္စတန်မှာ အစ္စရေးအား အသိအမှတ်မပြုပေ။

    အွန်လိုင်းအချက်အလက်စစ်ဆေးရေး ၀ဘ်ဆိုက်တစ်ခုဖြစ်သော Snopes က AWD သတင်းဝဘ်ဆိုက်မှာ ယုံကြည်စိတ်ချ၍မရသော ၀ဘ်ဆိုက်ဖြစ်သည်ဟု ပြောကြားခဲ့ပြီး ယခင်ကလည်း ဂျော်ဒန်ဘုရင် အဘ်ဒူလာမှာ ၎င်းမိဘုရား ရာနီယာကို သတ်ဖြတ်ခဲ့သည်ဟု လွှင့်တင်ခဲ့ဖူးသည်။ ရာနီယာမှာ ယခုအချိန်အထိ အသက်ထင်ရှား ရှိနေသေးသည်။

    Ref: RT

  • ဘောလီးဝုဒ်ရုပ်ရှင်များ ပိတ်ပင်ခြင်းကို ပါကစ္စတန်ပယ်ဖျက်

    ဘောလီးဝုဒ်ရုပ်ရှင်များ ပိတ်ပင်ခြင်းကို ပါကစ္စတန်ပယ်ဖျက်

    ဒီဇင်ဘာ ၁၈၊ ၂၀၁၆
    M-Media

    paki

    – ပြီးခဲ့သည့်လအနည်းငယ်အတွင်း ကက်ရှ်မီးယားဒေသအရေး နှစ်ဖက်တင်းမာမှုများကြောင့် ဘောလီးဝုဒ်ရုပ်ရှင်များ ပြသခွင့် ပိတ်ပင်ထားမှုကို ပါကစ္စတန်အစိုးရက ရုပ်သိမ်းလိုက်သည်ဟု သိရသည်။

    စက်တင်ဘာ ၁၉ ရက်နေ့တွက် အိန္ဒိယက ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသရှိ စစ်စခန်းကို လက်နက်ကိုင်များက တိုက်ခိုက်မှုကြောင့် အိန္ဒိယစစ်သား ၁၉ ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း အိန္ဒိယနှင့် ပါကစ္စတန်တို့မှာ အပြန်အလှန်ပြစ်တင်မှုများ၊ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး နိုင်ငံရေးအရ တင်းမာမှုများ မြင့်တက်ခဲ့သည်။

    ထိုအဖြစ်အပျက်ကြောင့် ဘောလီးဝုဒ် ထုတ်လုပ်သူများက ပါကစ္စတန်သရုပ်ဆောင်များကို လက်မခံဟု ကြေငြာခဲ့ပြီးနောက် ပါကစ္စတန်ကလည်း ဘောလီးဝုဒ်ရုပ်ရှင်များကို ပါကစ္စတန်တွင် မပြရဟု အမိန့်ထုတ်ခဲ့သည်။

    သို့သော်လည်း ယခုတွင်မူ ထိုပိတ်ပင်ထားချက်အား ပါကစ္စတန်အစိုးရက ရုပ်သိမ်းခဲ့သည်။

    “ဒါဟာ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေးအတွက် ခြေလှမ်းတစ်ခုပါပဲ။ နှစ်နိုင်ငံလုံးကပြည်သူတွေကို သွားမေးကြည်လိုက်ဗျ။ ရန်ဖြစ်နေပေမယ့် ကုန်သွယ်မလားဆိုရင် ‘သွယ်မယ်’ လို့ဖြေကြမှာပါ။ နှစ်နိုင်ငံစလုံးမှာ ကျွန်တော်တို့ဟာ အစွန်းရောက်ဝါဒတွေကို တိုက်ဖျက်ဖို့ လိုပါတယ်” ဟု ကာရာချီအခြေစိုက် Atrium ရုပ်ရှင်လုပ်ငန်းအကြီးအကဲ နဒီမ်း မန်ဗီဝါလာက ပြောကြားခဲ့သည်။

    ဘောလီးဝုဒ်ရုပ်ရှင်များ ပိတ်ပင်ထားခြင်းကို အစိုးရက ပယ်ဖျက်မှုတွင် ဘဏ္ဍာရေးအကြောင်းအရင်းကလည်း စေ့စော်မှုတစ်ခု ဖြစ်မည်ဟု ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    ပါကစ္စတန်တွင် ဘောလီးဝုဒ်ရုပ်ရှင်များနှင့် မင်းသားမင်းသမီးများမှာ အလွန်လူကြိုက်များပြီး၊ ပါကစ္စတန်မှ အဆိုတော်များ၊ သရုပ်ဆောင်များကလည်း အိန္ဒိယနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် နေရာရနေသည်။

    Ref : Aljazeera