News @ M-Media

Tag: Pakistan

  • ပါကစ္စတန်တွင် ဆိုက်ကလုန်းတိုက်ခတ်၊ သေဆုံးသူများပြား

    ပါကစ္စတန်တွင် ဆိုက်ကလုန်းတိုက်ခတ်၊ သေဆုံးသူများပြား

    ဧပြီ ၂၇၊ ၂၀၁၅
    M-Media

    A child is taken to Leady Reading Hospital for treatment after torrential rains caused flooding and houses to collapse in Peshawar

    – ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ယမန်နေ့တွင် မီနီဆိုက်ကလုန်းဟု ခေါ်ဆိုသော မုန်တိုင်းတစ်ခု တိုက်ခတ်သွားပြီး ယခုအချိန်အထိ လူပေါင်း ၄၄ ဦး သေဆုံးခဲ့ပြီဟု အာဏာပိုင်များက ယနေ့တွင် ပြောကြားလိုက်ကာ သေဆုံးသူအရေအတွက်မှာ ဆက်လက်မြင့်တက်လာဖွယ် ရှိနေသည်။

    ယမန်နေ့ညပိုင်းတွင် မုန်တိုင်းကြောင့် ပက်ရှ်ဝါရ်မြို့နှင့် အနီးအနားရှိ ခရိုင်များတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပွားခဲ့ပြီး အိမ်များ၊ အဆောက်အဦးများ၊ သစ်ပင်များ ပြိုကျ ပျက်ဆီးခဲ့ကြသည်။

    ဒဏ်ရာရသူများမှာ ကလေးငယ် ၁၀၀ အပါအ၀င် စုစုပေါင်း ၂၀၀ ကျော်ရှိနေပြီး လယ်သမားများ၏ ကောက်ပဲသီးနှံများမှာလည်း ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ကြကာ ကျွဲနွားတိရစ္ဆာန်များလည်း သေကျေပျက်ဆီးခဲ့ကြသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

    “အနည်းဆုံး လူ ၄၄ ဦးသေဆုံးပြီး ၂၀၂ ဦးလောက် ဒဏ်ရာရပါတယ်။ မုန်တိုင်းကြောင့် မိုးကြီးကာ မိုးသက်မုန်တိုင်းတွေ တိုက်ခက်ခဲ့ပြီး ဂျုံတွေ၊ သီးပင်စားပင်တွေ ဆိုးဆိုးဝါးဝါး ပျက်ဆီးခဲ့ပါတယ်” ဟု ပြည်နယ် ပြန်ကြားရေးဝန်ကြီး မွတ်ရှ်တက် ဂါနီက ပြောကြားခဲ့သည်။

    တာဝန်ရှိသူများမှာ မုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံးမှုများကို တွက်ချက်နေပြီး၊ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒေသများတွင်လည်း လျှပ်စစ်ဓာတ်အားများ ပြတ်တောက်လျက်ရှိနေသည်။

    ပြည်နယ် ဘေးအန္တရာယ် စီမံခန့်ခွဲရေး အကြီးတန်းတာဝန်ရှိသူ အမီရ် အာဖက်က သေဆုံးသူအရေအတွက်ကို အတည်ပြုခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။ အဆောက်အဦးများ ပြိုကျပျက်ဆီးမှုကြောင့် သေဆုံး၊ ဒဏ်ရာရသူ အရေအတွက်မှာ ယခုထက်ပို၍ မြင့်မားလာနိုင်သည်။

    Ref: Alarabiya

  • ယီမင်ပြဿနာတွင် ပါကစ္စတန် ကြားနေမည်

    ယီမင်ပြဿနာတွင် ပါကစ္စတန် ကြားနေမည်

    ဧပြီ ၁၁၊ ၂၀၁၅
    M-Media

    yemen

    – လက်ရှိဖြစ်ပွားနေသာ ယီမင်ပြဿနာတွင် ပါကစ္စတန်နိုင်ငံအနေဖြင် ကြားနေသွားမည့် မူဝါဒကို အတည်ဖြစ်စေသော ဆုံးဖြတ်ချက်တစ်ခုကို ပါလီမန်က ယမန်နေ့တွင် တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့ပြီး ထိုသို့ အတည်ပြုခဲ့ခြင်းက ဆော်ဒီခေါင်းဆောင်သည့် မဟာမိတ်များ ယီမင်ရှိ ဟူသီသူပုန်များကို တိုက်ခိုက်မှုတွင် ပါကစ္စတန်က ပါဝင်မည်မဟုတ်ဟု ဖော်ပြလိုက်ခြင်းလည်း ဖြစ်သည်။

    ပါကစ္စတန်ပါလီမန်မှာ ထိုကိစ္စနှင့်ပတ်သက်၍ တစ်ပတ်လုံး အကြိတ်အနယ် ဆွေးနွေးခဲ့ပြီးနောက် ဘဏ္ဍာရေးဝန်ကြီး အစ္စဟက် ဒါရ် တင်သွင်းသည့် အဆိုပါမူကြမ်းကို ယမန်နေ့က တစ်ညီတစ်ညွှတ်တည်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။ အဆိုပါဆုံးဖြတ်ချက်တွင် ပါကစ္စတန်မှာ ယီမင်ပြဿနာ၌ ကြားနေရမည်ဟူသည့် ဆန္ဒကို ဖော်ပြထားပြီး ဆော်ဒီ၏ တိုက်ခိုက်မှုများကိုလည်း လုံးဝ ကူညီသွားမည်မဟုတ်ဟု အသေအချာ ဖော်ပြထားသည်။

    သို့သော်လည်း ပါလီမန်အမတ်များမှာ ဆော်ဒီနိုင်ငံ၏ပိုင်နက် တည်တံ့ခိုင်မြဲမှုကို ချိုးဖောက်မှုများ ရှိလာပါက သို့မဟုတ်
    မွတ်စလင်တို့ အထွဋ်အမြတ်ထားသော မက္ကာနှင့် မဒီနာမြို့တို့အား ခြိမ်းခြောက်မှုများ ရှိလာပါက ဆော်ဒီနိုင်ငံနှင့် အတူတကွ ရပ်တည်ရင်ဆိုင်သွားမည်ဟု သဘောတူညီခဲ့ကြသည်။

    ယီမင်ပြဿနာဖြစ်လာပြီးနောက် ဆောက်ဒီက ပါကစ္စတန်အား ၎င်းတို့၏ တိုက်ခိုက်မှုများတွင် ပါဝင်ရန် တိုက်တွန်းခဲ့ပြီး ပါကစ္စတန်ခေါင်းဆောင်များကမူ ပြီးခဲ့သည့် နှစ်ပတ်အတွင်း ဆော်ဒီအကြီးတန်းအရာရှိများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြကာ စစ်ဘက်ခေါင်းဆောင်များကလည်း အီရန်၊ အီဂျစ်တို့နှင့် ဆွေးနွေးခဲ့ကြသည်။

    ပါကစ္စတန်သမ္မတ နာဝဇ်ရှရစ်ဖ်မှာ ယီမင်ပြဿနာနှင့်ပတ်သက်၍ တူရကီခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ကြပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်ကလည်း ပါကစ္စတန်သို့ ၂ ရက်ကြာ လာရောက်လည်ပတ်ခဲ့ကာ ထိုကိစ္စများနှင့် ပတ်သက်၍ ပါကစ္စတန်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

    ယီမင်ပြဿနာတွင် ပါကစ္စတန်မှာ မဟာမိတ်တူရကီနှင့်အတူ ကြားဝင်ညှိနှိုင်းပေးမည့်နိုင်ငံအဖြစ် ၎င်းတို့ကိုယ်ကို သတ်မှတ်ထားပြီး ပဋိပက္ခအဆုံးသတ်ရေး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရာတွင် တက်ကြွသည့်အခန်းကဏ္ဍမှ ပါဝင်ရန် ကုလနှင့် OIC တို့ကိုလည်း တိုက်တွန်းပြောဆိုခဲ့သည်။

    Ref: Aljazeera

  • ပါကစ္စတန်တွင် အကြမ်းဖက်မှုနှင့် ဆက်စပ်သော အမှုများ အတွက် သေဒဏ်ပြစ်ဒဏ် ဆိုင်းငံခြင်း အဆုံးသတ်

    ပါကစ္စတန်တွင် အကြမ်းဖက်မှုနှင့် ဆက်စပ်သော အမှုများ အတွက် သေဒဏ်ပြစ်ဒဏ် ဆိုင်းငံခြင်း အဆုံးသတ်

    ဒီဇင်ဘာ ၁၇၊ ၂၀၁၄
    M-Media
    c625da93-a609-4ea8-ad95-4bcb0ae7df11_16x9_600x338
    – အကြမ်းဖက်မှုနှင့် ဆက်စပ်သော အမှုများအတွက် သေဒဏ်များ ဆိုင်းငံ့ထားခြင်းကို အဆုံးသတ်တော့မည်ဟု ပါကစ္စတန် ၀န်ကြီးချုပ်ရုံးက ယနေ့တွင် ကြေညာလိုက်သည်။

    ယမန်နေ့က ပါကစ္စတန်မြောက်ပိုင်းရှိ စာသင်ကျောင်းတစ်ကျောင်းကို တာလီဘန်များက ၀င်ရောက်တိုက်ခိုက်ခြင်းကြောင့် ကလေး ၁၂၀ အပါအ၀င် လူပေါင်း ၁၄၀ ကျော် သေဆုံးခဲ့ပြီးနောက် ၀န်ကြီးချုပ်က သေဒဏ်ဆိုင်းငံ့ထားမှုကို ရုပ်သိမ်းရန် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

    `အကြမ်းဖက်ဝါဒနဲ့ ဆက်စပ်တဲ့ သေဒဏ်ချမှတ်မှုတွေနဲ့ပတ်သက်ပြီး ဆိုင်းငံ့ထားခြင်းကို ပယ်ဖျက်ဖို့အတွက် ၀န်ကြီးချုပ်က အတည်ပြုလိုက်ပါပြီ´ ဟု ၀န်ကြီးချုပ် နာဝက်ဇ်ရှရှစ်ဖ်၏ ရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    အဆိုပါ သေဒဏ်ဆိုင်းငံ့မှု ပယ်ဖျက်ခြင်းမှာ အကြမ်းဖက်မှုနှင့် ဆက်စပ်သည့် အမှုများအတွက်သာ အကျုံးဝင်မည်ဖြစ်ပြီး သာမန်ပြစ်မှုများအတွက်မူ ယခင်အတိုင်း သေဒဏ်ဆိုင်းငံ့မှု ဆက်လက်ရှိနေမည် ဖြစ်သည်။

    စာသင်ကျောင်းအား တိုက်ခိုက်မှုအတွက် ပါကစ္စတန် တာလီဘန်အဖွဲ့က တာဝန်ယူခဲ့ပြီး၊ အာဖဂန်ရှိ တာလီဘန်အဖွဲ့ကမူ ထိုလုပ်ရပ်အား ကြေညာချက်ထုတ်ကာ ရှုတ်ချခဲ့သည်။

    ထိုအဖြစ်အပျက်အတွက် ၃ ရက်တာဝမ်းနည်ဖွယ်နေ့အဖြစ် ၀န်ကြီးချုပ်က သတ်မှတ်ခဲ့ပြီး နိုင်ငံတစ်ဝှမ်းရှိ ပါကစ္စတန်ပြည်သူများ ကလည်း သေဆုံးသွားသူအားလုံး အတွက် ဆုမွန်ကောင်းတောင်းမှုများ ပြုလုပ်ခဲ့ကြသည်။

    Al Arabiya News

  • ပါကစ္စတန်ရှိ စာသင်ကျောင်းကို တာလီဘန် သေနတ်သမားများ ၀င်ရောက်ပစ်ခတ်၊ လူ ၁၀၀ ကျော်သေဆုံး

    ပါကစ္စတန်ရှိ စာသင်ကျောင်းကို တာလီဘန် သေနတ်သမားများ ၀င်ရောက်ပစ်ခတ်၊ လူ ၁၀၀ ကျော်သေဆုံး

    ဒီဇင်ဘာ ၁၆ ၊ ၂၀၁၄
    M-Media

    09749D8D-A775-45C0-B354-F762CB1CF87F_mw1024_s_n
    – ပါကစ္စတန်အနောက်မြောက်ပိုင်း ပက်ရှ်ဝါရ်ပြည်နယ်မှာ စစ်တပ်က ဖွင့်လှစ်ထားတဲ့ ကိုယ်ပိုင်စာသင်ကျောင်းတစ်ခုကို တာလီဘန်က ဒီနေ့နေ့လည်ပိုင်းမှာ ၀င်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အခုအချိန်အထိ နည်းဆုံး လူ ၁၃၀ လောက် သေဆုံးခဲ့ပြီလို့ သိရပါတယ်။

    ဒီတိုက်ခိုက်မှုအတွက် ပါကစ္စတန်တာလီဘန် TTP က တာဝန်ယူခဲ့ပြီး အသေခံ သေနတ်သမား ၆ ဦးကို စေလွှတ်ခဲ့ကြောင်း ၀ါဇီရစ္စတန်နဲ့ ခိုရာဆာနီဒေသတို့မှာရှိတဲ့ ၎င်းတို့ ခြေကုပ်စခန်းကို အစိုးရတပ်က တိုက်ခိုက်နေပြီး ၎င်းတို့ရဲ့ မိသားစုဝင်တွေ သေဆုံးခဲ့ရတာကို လက်တုံ့ပြန်တဲ့အနေနဲ့ ပြုလုပ်တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    သေဆုံးသူတွေထဲမှာ ကျောင်းသား ၈၀ ကျော်ပါပြီး၊ သေဆုံးဒဏ်ရာရမှုကလည်း မြင့်တက်လာနိုင်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။ တာလီဘန် သေနတ်သမား ၆ ဦးစလုံးကို ပါကစ္စတန်စစ်တပ်က ပစ်သတ်နိုင်ခဲ့ပါတယ်။

    တိုက်ခိုက်မှုက လွတ်မြောက်လာသူ အသက် ၁၆ နှစ်အရွယ်ကျောင်းသား ရှာရွတ်ခန်းကတော့ တိုက်ခိုက်ရေးသမားတွေဟာ ကျောင်းခန်းထဲဝင်လာပြီး မြင်မြင်ကရာ ကျောင်းသားတွေကို ပစ်ခတ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ၎င်းကိုယ်တိုင်လည်း ခြေထောက် ၂ ဖက်လုံးမှာ ကျည်ဆံမှန်ခဲ့ပြီး သေချင်ယောင်ဆောင်ခဲ့တာကြောင့် လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

    ပါကစ္စတန်ဝန်ကြီးချုပ် နာဝပ်ဇ်ရှရစ်ဖ်ကတော့ ဒီတိုက်ခိုက်မှုကြီးကို `နိုင်ငံလုံးဆိုင်ရာ အဖြစ်ဆိုးကြီး´ လို့ ကင်ပွန်းတပ်ခဲ့ပါတယ်။

    ပါကစ္စတန်အစိုးရတပ်နဲ့ တာလီဘန်တို့ဟာ အရင်ကတည်း အပြန်အလှန်တိုက်ခိုက်မှုတွေရှိပြီး အပြစ်မဲ့ပြည်သူတွေ အများအပြား သေကြေပျက်ဆီးခဲ့ရပါတယ်။

    Al Jazeera and agencies
    Photo-AP

  • ISIL အဖွဲ့ ပါကစ္စတန်တွင် အခြေ မစိုက်နိုင်ဟု လုံခြုံရေးဆိုင်ရာ လေ့လာစောင့်ကြည့် သူများဆို

    ISIL အဖွဲ့ ပါကစ္စတန်တွင် အခြေ မစိုက်နိုင်ဟု လုံခြုံရေးဆိုင်ရာ လေ့လာစောင့်ကြည့် သူများဆို

    နိုဝင်ဘာ ၁၂ ၊ ၂၀၁၄
    M-Media
    09-11-14_Analysts-Deny-ISIL-Influence--in-Pakistan
    – ISIL အဖွဲ့မှာ အီရတ်နှင့် ဆီးရီးယားတို့တွင် အခြေခိုင်စွာ လှုပ်ရှားနေကြသော်လည်း မိမိတို့နိုင်ငံအတွင်း လွှမ်းမိုးမှု ရှိမည်မဟုတ်ဟု ပါကစ္စတန် ကာကွယ်ရေးနှင့် လုံခြုံရေး လေ့လာဆန်းစစ်သူများက ပြောကြားလိုက်သည်။

    “ပါကစ္စတန်နဲ့ အီရတ်၊ ဆီးရီးယားတို့ရဲ့ အခြေအနေဟာ လုံးဝ ကွဲပြားခြားနားပါတယ်။ ISIL အဖွဲ့ ပါကစ္စတန်မှာ အခြေစိုက်လို့မရတဲ့ အကြောင်းအရင်းတွေ အများကြီးရှိနေပါတယ်” ဟု အစ္စလာမ်မာဘတ်အခြေစိုက် လုံခြုံရေး လေ့လာဆန်းစစ်သူ ကမားလ် ဟိုင်ဒါက ပြောကြားခဲ့သည်။

    အနောက်တိုင်း မီဒီယာများကမူ ISIL အဖွဲ့မှာ ပါကစ္စတန်၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နိုင်သည့် အလားအလာရှိနေပြီဟု ဖော်ပြကြပြီး ဟိုင်ဒါကမူ ထိုဖော်ပြချက်မှာ အသိဥာဏ်မဲ့ခြင်းနှင့် ချဲ့ကားပြောဆိုခြင်းသာ ဖြစ်သည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

    ထို့ပြင် ISIL မှာ အီရတ်တွင် မာလီကီဦးဆောင်သော ရှီအာအစိုးရက နိုင်ငံအတွင်းရှိ စွန်နီများအပေါ် ကျူးလွန်ခဲ့သည့် လုပ်ရပ်များကြောင့် ပေါ်ထွက်လာခြင်းဖြစ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ISIL ပေါ်လာတဲ့ နောက်ခံအကြောင်းအရင်းကို ခင်ဗျားတို့ နားလည်ထားရပါမယ်။ မာလီကီအစိုးရဟာ သူတို့ရဲ့ အခွင့်အရေးတွေကို လုယူသိမ်းပိုက်သွားတယ်လို့ အီရတ်မှာရှိတဲ့ စွန်နီလူ့အဖွဲ့အစည်းက ထင်နေကြပြီး ဒါ့ကြောင့်ပဲ ISIL ဟာ လူထုရဲ့ ထောက်ခံမှုကို ရခဲ့တာပါ။ ဒါပေမယ့် ပါကစ္စတန်မှာတော့ အခြေအနေက လုံးဝ ဆန့်ကျင်ဘက်ပါပဲ။ ဆွန်နီတွေဟာ နိုင်ငံ လူဦးရေရဲ့ ၈၀ ကနေ ၈၅ ရာခိုင်းနှုန်းအထိ ရှိပါတယ်။ ဒီက ရှီအာတွေကလည်း သူတို့ကို ခြိမ်းခြောက်မှုတွေမရှိတော့ စွန်နီတွေက ဘာ့ကြောင့် ISIL နဲ့ ဆက်သွယ်ရမှာလဲ” ဟု ဟိုင်ဒါကဆိုသည်။

    ထို့ပြင် ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့တွင် နယ်မြေများသိမ်းပိုက်နိုင်သကဲ့သို့ ပါကစ္စတန်တွင် သိမ်းပိုက်၍ မရဟုလည်း ဟိုင်ဒါက ထပ်လောင်းပြောကြားခဲ့သည်။

    “ပါကစ္စတန်မှာ မြောက်ဘက် ၀ါဇီရစ္စတန်မှာရှိတဲ့ တာလီဘန်တွေရဲ့ နောက်ဆုံးစခန်းကို အမြစ်ဖြုတ်ခဲ့တဲ့ တောင့်တင်းတဲ့ စစ်တပ်ရှိပါတယ်။

    ဒီကတာလီဘန်တွေဟာ ဒေသအတွင်း အစိတ်အပိုင်းအချို့ရဲ့ ထောက်ခံမှုရပေမယ့် စနစ်တကျဖွဲ့စည်းထားတဲ့ စစ်တပ်ကိုတော့ ပြန်မတိုက်နိုင်ပါဘူး။ ISIL က တော့ ဒီလိုထောက်ခံမှု မရပါဘူး”

    ref_ OnIslam