News @ M-Media

Tag: Palestine

  • ပါလက်စတိုင်းအား အစိုးရက ကျူးကျော်သိမ်းပိုက်ထားမှုကို အစ္စရေးဂျူးများ ဆန့်ကျင်ဆန္ဒပြ

    ပါလက်စတိုင်းအား အစိုးရက ကျူးကျော်သိမ်းပိုက်ထားမှုကို အစ္စရေးဂျူးများ ဆန့်ကျင်ဆန္ဒပြ

    ဧပြီ ၂၊ ၂၀၁၇
    M-Media

    – ပါလက်စတိုင်းပိုင်နက်များအား အစ္စရေးက နှစ်ပေါင်း ၅၀ ကြာ ကျူးကျော်သိမ်းပိုက်ထားမှုများကို ဆန့်ကျင်သည့်အနေဖြင့် အစ္စရေးရှိ ဂျူးလူမျိုးများမှာ ဂျေရုစလင်တွင် ချီတက် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါ ချီတက်ဆန္ဒပြမှုကို Standing Together လှုပ်ရှားမှုအဖွဲ့မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လူပေါင်း ၂၀၀၀ ခန့်မှာ ဂျေရုစလင်မြို့ဟောင်းရှိ ဂျက်ဖာဂိတ်အထိ ချီတက်ခဲ့ကြသည်။

    Standing Together လှုပ်ရှားမှုမှာ အစ္စရေးရှိ ငြိမ်းချမ်းရေးလိုလားသော အဖွဲ့အစည်းများနှင့် လက်ဝဲပါတီများ စုပေါင်းကာ ဆောင်ရွက်ခြင်းဖြစ်ပြီး ယမန်နေ့ ချီတက်မှုမှာ ၆ ရက်စစ်ပွဲ နှစ် ၅၀ မြောက် အထိမ်းအမှတ်လည်းဖြစ်သည်။

    ချီတက်ဆန္ဒပြမှု၏ ရည်ရွယ်ချက်မှာ ပါလက်စတိုင်းပိုင်နက်များ အထူးသဖြင့် အရှေ့ဂျေရုစလင်အား အစ္စရေးက ဆက်လက် ထိန်းချုပ်ထားမှုကို ဆန့်ကျင်ပြီး၊ ငြိမ်းချမ်းသော အဖြေတစ်ခုထွက်လာရေး ဖြစ်သည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    ဆန္ဒပြသူများမှာ အစ္စရေးအစိုးရက ပါလက်စတိုင်းပိုင်နက်များတွင် တရားမ၀င် အခြေချအိမ်ယာများ ဆောက်လုပ်ခြင်းကို ဆန့်ကျင်ခဲ့ကြပြီး “အစိုးရ၏ ကျူးကျော်သိမ်းပိုက်မှု အလိုမရှိ” ဟုလည်း ကျွေးကျော်ခဲ့ကြသည်။

    Ref: Press TV

  • အစ္စရေး၏ တရားမ၀င်အိမ်ယာများက ငြိမ်းချမ်းရေးကို ခြိမ်းခြောက်မှုဟု ကုလပြော

    အစ္စရေး၏ တရားမ၀င်အိမ်ယာများက ငြိမ်းချမ်းရေးကို ခြိမ်းခြောက်မှုဟု ကုလပြော

    ဧပြီ ၁၊ ၂၀၁၇
    M-Media

    ပါလက်စတိုင်းမြေပေါ်ရှိ ကျူးကျော်အိမ်ယာမှ မြင်ကွင်းတစ်ခု

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် တရားမ၀င်အခြေချအိမ်ယာ ဆောက်လုပ်ရန် အစ္စရေးအစိုးရက ကြာသာပတေးနေ့တွင် အတည်ပြုမှုကို ကုလသမဂ္ဂက ရှုတ်ချလိုက်ပြီး ငြိမ်းချမ်းရေးအတွက် အတားအဆီးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ကုလအထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖိန်း ဒူဂျာရစ်က အစ္စရေးအစိုးရ လုံခြုံရေးကက်ဘိနတ်၏ ထိုဆုံးဖြတ်ချက်မှာ ‘စိတ်ပျက်ဖွယ်ရာနှင့် စိုးရိမ်ဖွယ်ရာ’ ဖြစ်သည်ဟု ဆိုပြီး ငြိမ်းချမ်းစွာ၊ လုံခြုံစွာ အတူယှဉ်တွဲနေထိုင်ရေးနည်းလမ်မှလွဲ၍ ပါလက်စတိုင်းများနှင့် အစ္စရေးပြည်သူများအတွက် အခြားနည်းလမ်းမရှိဟု အတွင်းရေးမှူးချုပ်က အခိုင်အမာ ပြောကြားကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

    “အထွေထွေအတွင်ရေးမှူးက ဒီတစ်ခုလို အစ္စရေးရဲ့ တစ်ဖက်သတ်ဆုံးဖြတ်ချက်အားလုံးကို ရှုတ်ချပါတယ်။ ဒါဟာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်ပြီး နှစ်နိုင်ငံတည်ရှိရေးအဖြေကို ပျက်ဆီးစေပါတယ်” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    ကြာသာပတေးနေ့က အစ္စရေးကက်ဘိနတ်မှ အတည်ပြုသော ဆုံးဖြတ်ချက်မှာ ပါလက်စတိုင်းပိုင် အေမက်ရှီလိုဒေသတွင် အခြေချအိမ်ယာများ ဆောက်လုပ်ရန်ဖြစ်ပြီး နိုင်ငံတကာ ဥပဒေအရ တရားမ၀င်သော အဆိုပါ အိမ်ယာများကို ရပ်တန့်ရေး အစ္စရေးက မဆောင်ရွက်သည့်အတွက် ကုလက ဝေဖန်ပြီး တစ်ပတ်အကြာတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။

    နိုင်ငံတကာ အသိုင်းအ၀ိုင်းက ရှုတ်ချကန့်ကွက်ထားသော်လည်း အစ္စရေးမှာ ပါလက်စတိုင်းပိုင်နက်များဖြစ်သည့် အနောက်ဖက်ကမ်း၊ အရှေ့ဂျေရုစလင်နှင့် ဂါဇာကမ်းမြှောင်တို့တွင် တရားမ၀င်အခြေချ အိမ်ယာများကို ဆက်လက်ဆောက်လုပ်နေသည်။

    Ref : Aljazeera

  • ပါလက်စတိုင်းပိုင်နက်တွင် တရားမ၀င်အိမ်ယာ ဆောက်လုပ်ရန် အစ္စရေးက ထပ်မံ အတည်ပြု

    ပါလက်စတိုင်းပိုင်နက်တွင် တရားမ၀င်အိမ်ယာ ဆောက်လုပ်ရန် အစ္စရေးက ထပ်မံ အတည်ပြု

    မတ် ၃၁၊ ၂၀၁၇
    M-Media

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် တရားမ၀င် အခြေချအိမ်ယာများ ဆောက်လုပ်ရန်အတွက် အစ္စရေးအစိုးရက ယမန်နေ့တွင် အတည်ပြုလိုက်ပြီး နှစ်နိုင်ငံတည်ရှိရေးအဖြေကို အတားအဆီးဖြစ်စေသည့် ထိုလုပ်ရပ်အတွက် ဝေဖန်မှုများနှင့်လည်း ရင်ဆိုင်နေရသည်။

    အနောက်ဖက်ကမ်းတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ဆောက်လုပ်မည့် အဆိုပါ အစီအစဉ်အတွက် ယမန်နေ့ည နှောင်းပိုင်းက အတည်ပြုခဲ့ခြင်းဖြစ်ပြီး အစ္စရေးက သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင်နက်များတွင် အခြေချအိမ်ယာများ ဆောက်လုပ်မှုကို ကုလက ဝေဖန်ခဲ့ပြီးနောက် တစ်ပတ်အကြာတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း၊ အရှေ့ဂျေရုစလင်နှင့် ဂါဇာကမ်းမြှောင်တို့တွင် အစ္စရေးက အခြေချအိမ်ယာများ ဆောက်လုပ်ခြင်းမှာ နိုင်ငံတကာဥပဒေအရ တရားမ၀င်ပေ။

    ဒီဇင်ဘာလကလည်း ကုလ လုံခြုံရေးကောင်စီက ပါလက်စတိုင်းပိုင်နက်များအတွင်း အစ္စရေးက အခြေချအိမ်ယာများ ဆောက်လုပ်မှုများ ရပ်တန့်ရန် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့သည်။

    အေမက်ရှီလိုဒေသတွင် ဆောက်လုပ်မည့် အဆိုပါ အခြေချအိမ်ယာ စီမံကိန်းကို ပါလက်စတိုင်း ခေါင်းဆောင်များက ဝေဖန်ရှုတ်ချခဲ့သည်။

    “ဒီနေ့ ဒီလိုကြေငြာမှုက အစ္စရေးဟာ တည်ငြိမ်ရေးနဲ့ တရားမျှတရေးအတွက် လိုအပ်ချက်ကိုတွေကို လိုက်နာမှုထက် တရားမ၀င်ဝင်ရောက်နေထိုင်တဲ့သူတွေရဲ့ ဆန္ဒကို ပိုပြီး ဦးစားပေးတယ်ဆိုတာ ထပ်ပြီး သက်သေပြလိုက်တာပါ” ဟု ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့မှ အမှုဆောင်ကော်မတီအဖွဲ့ဝင် ဟာနန်
    အက်ရှ်ရာဝီက ပြောကြားခဲ့သည်။

    ထို့ပြင် ၁၉၇၆ ခုနှစ်က ပိုင်နက်ပြန်လည်ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသော ပါလက်စတိုင်းပြည်သူများကို အစ္စရေးတပ်ဖွဲ့များက ပစ်သတ်ခဲ့သောကြာင့် ၆ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည့် နှစ်ပတ်လည်နေ့တွင် အစ္စရေးက ယခုကဲ့သို့ အတည်ပြုလိုက်မှုမှာ ‘အတင့်ရဲသည့်လုပ်ရပ်’ ဖြစ်သည်ဟုလည်း
    ၎င်းက ဆိုသည်။

    အစ္စရေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အာဏာရပြီးကတည်းက ပါလက်စတိုင်းပိုင်နက်များအတွင်း တရားမ၀င် အခြေချအိမ်ယာများ ထပ်မံဆောက်လုပ်ရန် စီမံကိန်းအများအပြားကို အတည်ပြုခဲ့သည်။

    Ref: Aljazeera

  • လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံပေါ်ပေါက်ရေး အာရပ်နိုင်ငံများ ဆက်လက်ထောက်ခံမည်

    လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံပေါ်ပေါက်ရေး အာရပ်နိုင်ငံများ ဆက်လက်ထောက်ခံမည်

    မတ် ၃၀၊ ၂၀၁၇
    M-Media

    – ဆယ်စုနှစ်ချီ ကြာမြင့်နေသည့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွက် နှစ်နိုင်ငံတည်ရှိရေးအဖြေကို အာရပ်ခေါင်းဆောင်များက တောင်းဆိုလိုက်ပြီး ပါလက်စတိုင်း ပိုင်နက်များတွင် အစ္စရေး၏ ခွဲခြားသော စနစ်ကိုလည်း ဆန့်ကျင်သည်ဟု ပြောကြားခဲ့သည်။

    ထရမ့်အစိုးရက နှစ်နိုင်ငံအဖြေကို ဦးစားမပေးဟု ပြောဆိုမှုကြောင့် စိုးရိမ်မှုရှိနေချိန် ယမန်နေ့က ဂျော်ဒန်နိုင်ငံ မြို့တော် အမ်နန်၌ ပြုလုပ်သည့် အာရပ်လိဂ် နှစ်ပတ်လည် အစည်းအဝေးတွင် အာရပ်ခေါင်းဆောင်များက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

    ထရမ့် သို့မဟုတ် ၎င်း၏ ပါလက်စတိုင်းအရေး ပြောကြားချက်များကို လူသိရှင်ကြား ရည်ညွှန်းခဲ့ခြင်း မရှိသော်လည်း လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံတစ်ခု ဖြစ်ပေါ်လာရေးအတွက် ဆက်လက် ထောက်ခံသွားမည်ဟု ဆိုသည်။

    ကာတာသမ္မတ ရှိခ် တာမင် ဘင် ဟာမဒ် အလ် သာနီက ၂၁ ရာစုတွင် အစ္စရေး၏ ခွဲခြားမှုစနစ်ကို ဆန့်ကျင်ရေး နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ကုလတို့အား ထိထိရောက်ရောက် ပူးပေါင်း ဖိအားပေးရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။

    ဆော်ဒီဘုရင် အဘ်ဒူလာက အစ္စရေးနှင့်အတူ ပါလက်စတိုင်းနိုင်ငံ တည်ရှိရေးမှာ လုံးဝပြည့်စုံသည့် ငြိမ်းချမ်းရေး သဘောတူညီချက်၏ အခြေခံဖြစ်သည်ဟု ပြောကြားခဲ့ကာ၊ အစ္စရေးက ပါလက်စတိုင်းပိုင်နက်များတွင် ကျူးကျော်အိမ်ယာများ တည်ဆောက်ခြင်းက ငြိမ်းချမ်းရေးကို ထိခိုက်စေသည်ဟု ဆိုသည်။

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က ၎င်း၏ မိန့်ခွန်းတွင် အစ္စရေးအနေဖြင့် ၂၀၀၉ ခုနှစ်ကတည်းက တရားမ၀င်အိမ်ယာများ တိုးချဲ့ဆောက်လုပ်ခြင်း၊ မြေယာများ သိမ်းပိုက်ခြင်းတို့ကို တိုးမြှင့်လုပ်ဆောင်ခဲ့ကာ နှစ်နိုင်ငံတည်ရှိရေးအဖြေကို ပျက်အောင်လုပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ၂ ရက်တာကြာမြင့်မည့် အဆိုပါ အာရပ်လိဂ် အစည်းအဝေး ပထမနေ့တွင် ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဗီဒီယိုမှတစ်င့် မိန့်ခွန်းပြောကြားခဲ့ပြီး ပါလက်စတိုင်းနှင့် အစ္စရေးပြည်သူများအနေဖြင့် ၎င်းတို့၏ အမျိုးသားစိတ်ဓာတ်ကို အသိအမှတ်ပြုကာ၊ ငြိမ်ချမ်းမှု၊ လုံခြုံရေးနှင့် ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်ေ
    ရးအတွက် ၂ နိုင်ငံအဖြကသာ တစ်ခုတည်းသော လမ်းကြောင်းဖြစ်စ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • တပ်မှူးတစ်ဦး အသတ်ခံရပြီးနောက် ဟားမက်စ်က ဂါဇာနယ်စပ်ကို ပိတ်ပစ်

    တပ်မှူးတစ်ဦး အသတ်ခံရပြီးနောက် ဟားမက်စ်က ဂါဇာနယ်စပ်ကို ပိတ်ပစ်

    မတ် ၂၇၊ ၂၀၁၇
    M-Media

    – အကြီးတန်းတပ်မှူးတစ်ဦး အသတ်ခံခဲ့ရပြီးနောက်ပိုင်းတွင် အစ္စရေးနှင့် ကပ်နေသည့် ဂါဇာနယ်စပ်ကို ဟားမက်စ်အာဏာပိုင်များက ပိတ်ပစ်ခဲ့ပြီး ထိုသတ်ဖြတ်မှုမှာ အစ္စရေးနှင့် အပေါင်းအပါများ၏ လက်ချက်ဟုလည်း ပြစ်တင်ပြောဆိုခဲ့သည်။

    မာဇန် ဖက်ဟာမှာ သောကြာနေ့နှောင်းပိုင်းက ဂါဇာစီးတီးရှိ ၎င်း၏ နေအိမ်အ၀င်အ၀တွင် သေနတ်ဖြင့် ပစ်သတ်ခံရကာ သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။

    ဟားမက်စ်ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အီယဒ် အလ်-ဘိုဖမ်က ဂါဇာကမ်းမြှောင်မြောက်ပိုင်းရှိ အစ္စရေးနှင့်ကပ်နေသည့် ဘီအစ် ဟာနွန် စစ်ဆေးရေးဂိတ်ကို နောက်ထပ် ကြေငြာချက် မထုတ်ခင်အထိ ပိတ်ထားမည်ဟု ကြေငြာခဲ့သည်။

    ထို့ပြင် လူသားချင်းစာနာထောက်ထားမှု အခြေအနေများအတွက်မူ နယ်ခြားကို ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း၊ ဖက်ဟာ သတ်ဖြတ်ခံရမှိုလည်း စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။

    ထိုလုပ်ကြံခံရမှုအတွက် ဟားမက်စ်က မည်ကဲ့သို့ တုန့်ပြန်သွားမည်ဆိုသည်ကို ထုတ်ဖော်ပြောဆိုမည်မဟုတ်ဟု အကြီးတန်း ဟားမက်စ်တာဝန်ရှိသူ မဟ်မူဒ် အလ်-ဇာဟာရ်က ပြောကြားခဲ့ပြီး “ယခုကဲ့သို့ ကြီးမားသည့် ရာဇ၀တ်မှုတွင် မိမိတို့ပြည်သူများ၏ သွေးများကို အချီးအနှီးအဖြစ်ခံမည်မဟုတ်” ဟုလည်း ဆို
    သည်။

    ဂါဇာကို အုပ်စိုးနေသည့် ဟားမက်စ်အဖွဲ့က ဖက်ဟာမှာ ဦးခေါင်းကို အသံတိတ်သေနတ်ဖြင့် ၄ ချက် ပစ်ခံခဲ့ရပြီး အစ္စရေးနှင့် အပေါင်းအပါများမှာ ထိုတိုက်ခိုက်မှုအတွက် တာဝန်ရှိသည်ဟု ပြောကြားခဲ့သည်။

    အသက် ၃၈ နှစ်အရွယ် ဖက်ဟာမှာ အစ္စရေးက သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှ အကြီးတန်း ဟားမက်စ်တာဝန်ရှိသူတစ်ဦးဖြစ်ပြီး အစ္စရေးနိုင်ငံသားများကို တိုက်ခိုက်ရန် ကြံစည်သည်ဟုဆိုကာ ၂၀၀၃ ခုနှစ်တွင် အစ္စရေးက ၎င်းအား တစ်သက်တစ်ကျွန်း ၉ ကြိမ် ချမှတ်ခဲ့သည်။

    သို့သော်လည်း ဂါဇာ၌ အစ္စရေးစစ်သား ဂီလဒ် ရှာလစ်နှင့် ပါလက်စတိုင်းအကျဉ်းသား ၁၀၀ ကျော် လဲလှယ်မှုတွင် ဖက်ဟာမှာ ဂါဇာကမ်းမြှောင်၌ ပြန်လည် လွတ်မြောက်လာခဲ့သည်။

    အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဖက်ဟာ အသတ်ခံရမှုနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

    Ref: Aljazeera