News @ M-Media

Tag: Palestine

  • ပါလက်စတိုင်းတွင် အစ္စရေး၏ တရားမ၀င်အိမ်ယာများ လုံးဝရပ်တန့်ရေး ကုလ၌ မဲခွဲမည်

    ပါလက်စတိုင်းတွင် အစ္စရေး၏ တရားမ၀င်အိမ်ယာများ လုံးဝရပ်တန့်ရေး ကုလ၌ မဲခွဲမည်

    ဒီဇင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    pales
    ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက ဆောက်လုပ်ထားသော တရားမ၀င် အိမ်ယာများ

    – ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက ကျူးကျော်ကာ တရားမ၀င်အခြချအိမ်ယာများ ဆောက်လုပ်မှုလုပ်မှုကို ချက်ခြင်းနှင့် လုံးဝ ရပ်တန့်ရန် တောင်းဆိုထားသည့် မူကြမ်းတစ်ခုအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ယနေ့တွင် မဲခွဲရန် ရှိနေသည်ဟု သိရသည်။

    အစ္စရေး၏ အဆိုပါ အခြေချအိမ်ယာများ ဆောက်လုပ်ခြင်းမှာ နိုင်ငံတကာဥပဒေအရ တရားမ၀င်ဘဲ၊ ပါလက်စတိုင်းနိုင်ငံနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုကလည်း ထိုလုပ်ရပ်ကြောင့် အဟန့်အတားဖြစ်နေသည်။

    ယမန်နေ့ညနှောင်းပိုင်းက အီဂျစ်မှတင်သွင်းသော အဆိုပါမူကြမ်းတွင် အရှေ့ဂျေရုစလင် အပါအ၀င် ပါလက်စတိုင်းပိုင်နက်များအတွင်းသို့ အစ္စရေးက ကျူးကျော်ဝင်ရောက်ကာ တရားမ၀င်အခြေချအိမ်ယာများမှာ တရားမ၀င်ဘဲ နိုင်ငံတကာဥပဒေကို ရှက်ဖွယ် ချိုးဖောက်ခြင်းဖြစ်သည်ဟု ဖော်ပြထားပြီး ချက်ခြင်းနှင့် လုံးဝရပ်တန့်ရန် တောင်းဆိုထားသည်။

    ထို့ပြင် ထိုလုပ်ရပ်မှာ အစ္စရေးနှင့်အတူ ပါလက်စတိုင်းနိုင်ငံ အတူယှဉ်တွဲတည်ရှိရေးဆိုသော ၂ နိုင်ငံတည်ရှိရေးအဖြေကို အန္တရာယ်ရှိစေသည်ဟုလည်း ဖော်ပြထားသည်။

    ပါလက်စတိုင်းမှာ အနောက်ဖက်ကမ်း ဂါဇာကမ်းမြှောင်နှင့် အရှေ့ဂျေရုစလင်တို့ကို စုပေါင်း၍ နိုင်ငံထူထောင်ရန် ဆန္ဒရှိနေပြီး အဆိုပါဒေသများကို ၁၉၆၇ စစ်ပွဲကတည်းက အစ္စရေးက ထိန်းချုပ်ထားခြင်းဖြစ်သည်။

    အစ္စရးကမူ အဆိုပါတရားမ၀င်အိမ်ယာများ တရားမ၀င်ဆိုသည်ကို လက်မခံဘဲ ပါလက်စတိုင်းနိုင်ငံထူထောင်ရေးအတွက် ပြုလုပ်မည့် ဆွေးနွေးပွဲတွင်မှ ဆုံးဖြတ်မည်ဟု ပြောကြားထားသည်။

    ကုလကမူ ထိုအိမ်ယာများမှာ တရားဝမင်ဖြစ်သောကြောင့် ဆောက်လုပ်မှုရပ်တန့်ရန် တောင်းဆိုထားသော်လည်း အစ္စရေးက နာခံခြင်းမရှိဘဲ ဆက်လက်ဆောက်လုပ်လျက် ရှိနေသည်။

    ယခုမူကြမ်းမှာ ထောက်ခံမဲ ၉ မဲရကာ၊ အမေရိကန်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန်နှင့် တရုတ်တို့က ဗီတိုမသုံးမှ အတည်ပြုနိုင်မည်ဖြစ်သည်။ ၂၀၁၁ ခုနှစ်က ထိုကဲ့သို့သော မူကြမ်းကို အမေရိကန်က ဗီတိုသုံး၍ ပယ်ချခဲ့သည်။

    Ref: Aljazeera

  • ပါလက်စတိုင်းကျူးကျော်ရေး စိတ်ဓာတ်ရှိသူကို အစ္စရေးသံအမတ်အဖြစ် ထရမ့် အဆိုပြု

    ပါလက်စတိုင်းကျူးကျော်ရေး စိတ်ဓာတ်ရှိသူကို အစ္စရေးသံအမတ်အဖြစ် ထရမ့် အဆိုပြု

    ဒီဇင်ဘာ ၁၇၊ ၂၀၁၆
    M-Media

    david
    အစ္စရေးသံအမတ်အဖြစ် ထရမ့်က အဆိုပြုထားသည့် ဒေးဗစ်ဖရိဒ်မန်း

    – ပါလက်စတိုင်းပိုင်နက်များတွင် တရားမ၀င် ကျူးကျော်အိမ်ယာများ ဆောက်လုပ်ကာ နယ်မြေ ကျူးကျော်သိမ်းပိုက်နေသော အစ္စရေး၏လုပ်ရပ်ကို ထောက်ခံသည့် လက်ယာနိုင်ငံရေးသမားတစ်ဦးကို အစ္စရေးဆိုင်ရာ အမရိကန်သံအမတ်အဖြစ် ဒေါ်နယ်ထရမ့်က အဆိုပြုလိုက်သည်ဟု သိရသည်။

    ဒေးဗစ် ဖရိဒ်မန်းဆိုသူဖြစ်ပြီး သံတမန်အတွေ့အကြုံ လုံးဝမရှိဘဲ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းနှင့် အရှေ့ဂျေရုစလင်တို့တွင် အစ္စရေးက ဂျူးအခြေချအိမ်ယာများ ဆောက်လုပ်မှုကို ထောက်ခံသူလည်းဖြစ်သည်။ အဆိုပါအိမ်ယာများမှာ နိုင်ငံတကာဥပဒေအရ တရားမ၀င်သောကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက ကန့်ကွက်မှုများ ပြုလုပ်ထားသည်။

    အနောက်ဖက်ကမ်းရှိ အစ္စရေး၏ အဆိုပါ တရားမ၀င်အိမ်ယာများတွင် နေထိုင်သူအရေအတွက်မှာ လက်ရှိတွင် ၅ သိန်း ၃ သောင်းကျော် ရှိနေသည်။

    ကြာသာပတေးနေ့တွင် ထရမ့်၏ ထိုကြေငြာချက် ထွက်လာပြီးနောက်ပိုင်း ဖရိဒ်မန်းမှာ ၁၉၆၇ ခုနှစ်ကတည်းက နိုင်ငံတကာအသိုင်းအ၀ိုင်းက ပါလက်စတိုင်းပိုင်နက်အဖြစ် သတ်မှတ်ပေးထားသော အရှေ့ဂျေရုစလင်တွင် အစ္စရေးဆိုင်ရာ အမေရိကန်သံရုံ ပြောင်းရွှေ့အခြေစိုက်ရန် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သောကြောင့် နိုင်ငံတကာက စိုးရိမ်မှုများ မြင့်တက်လာသည်။

    လက်ရှိတွင် အမေရိကန်သံရုံးမှာ တဲလ်အဗီးတွင် ရှိနေသည်။

    ရာမာလာအခြေစိုက် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့မှာ ၎င်းတို့၏ အနာဂတ် ပါလက်စတိုင်းနိုင်ငံတော်ကို အရှေ့ဂျေရုစလင်အပါအ၀င် အနောက်ဖက်ကမ်းတွင် တည်ထောင်ရန် မျှော်လင့်ထားပြီး၊ အစ္စရေးက အရှေ့ဂျေရုစလင်အား ပိုင်ဆိုင်ရန် ကြိုးပမ်းမှုကို ဥရောပနှင့် အာရပ်နိုင်ငံအများစုက ကန့်ကွက်ထားသည်။

    ထရမ့်ကမူ ဖရိဒ်မန်းမှာ အမေရိကန်နှင့် အစ္စရေးအကြား ‘ထူးခြားသော ဆက်ဆံရေးကို ထိန်းသိမ်းထားမည်’ ဟု ပြောကြားခဲ့သည်။ ထရမ့်၏ ထိုအဆိုပြုမှုကို လွှတ်တော်က မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။

    Ref : Aljazeera

  • တော်လှန်ရေးကသာ ပါလက်စတိုင်းကို လွတ်မြောက်စေမည်ဟု အီရန်အဓိပတိပြော

    တော်လှန်ရေးကသာ ပါလက်စတိုင်းကို လွတ်မြောက်စေမည်ဟု အီရန်အဓိပတိပြော

    ဒီဇင်ဘာ ၁၅၊ ၂၀၁၆
    M-Media

    iran-5

    – တော်လှန်ရေးလှုပ်ရှားမှု၊ ပါလက်စတိုင်းပြည်သူများ၊ အဖွဲ့များ၏ ရုန်းကန်ကြိုးစားမှုများဖြင့်သာ ပါလက်စတိုင်းမှာ အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှုလက်မှ လွတ်မြောက်မည်ဟု အီရန်အဓိပတိ အယာတိုလာ ဆယဒ် အလီ ခါမေနီက ပြောကြားလိုက်သည်။

    အစ္စလာမ့်မစ် ဂျီဟတ် လှုပ်ရှားမှုခေါင်းဆောင် ရမဒန် အဘ်ဒူလာ ဆာလာဟ်နှင့် ယမန်နေ့က မြို့တော် တီဟီရန်၌ တွေ့ဆုံစဉ် ခါမေနီက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ယုံကြည်ချက်နှင့် တော်လှန်ရေးစိတ်ဓာတ်ကို အခြေခံသည့် ပါလက်စတိုင်းတို့၏ နိုးကြားမှုများကိုလည်းကို ချီးကျူးခဲ့သည်။

    “မြင့်မြတ်တဲ့မြို့တော် အလ်-ကွဒ်စ် လွတ်မြောက်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ လုံလစိုက်မှုနဲ့ တော်လှန်ရေးလှုပ်ရှားမှုပါပဲ။ အခြားနည်းလမ်းတွေက အသုံးဝင်မှာ မဟုတ်သလို အချည်းအနှီးဖြစ်မှာပါ” ဟု ခါမေနီက ပြောကြားခဲ့သည်။

    အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင်နက်များ လွတ်မြောက်ရေးအတွက် ပါလက်စတိုင်းလူငယ်များမှာ အရေးပါသော အကြောင်းအရင်းတစ်ခု ဖြစ်နေပြီး အစ္စရေးအစိုးရမှာ နောက်ထပ် ၂၅ နှစ်အတွင်း ပြိုလဲသွားမည်ဟု အီရန်အဓိပတိက မှတ်ချက်ပြုခဲ့သည်။

    “အရင်က ကျွန်တော်တို့ ပြောခဲ့သလိုပါပဲ – ပါလက်စတိုင်း ပြည်သူတွေနဲ့ မွတ်စလင်တွေက ဇီယွန်ဝါဒီတွေကို စည်းစည်းလုံးလုံးနဲ့ ဆန့်ကျင်ကြမယ်ဆိုရင် ဇီယွန်အစိုးရဟာ နောက်ထပ် ၂၅ နှစ်အတွင်းမှာ ပျောက်ကွယ်သွားပါလိမ့်မယ်”

    ထို့ပြင် မိမိတို့ အီရန်နိုင်ငံအနေဖြင့် ပါလက်စတိုင်းအား ဆက်လက် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း၊ အရှေ့အလယ်ပိုင်းတွင် လက်ရှိဖြစ်ပွားနေသော ပြဿနာများ၏ နောက်ကွယ်မှ အကြောင်းအရင်းမှာ အမေရိကန်နှင့် မဟာမိတ်များကြောင့်သာဖြစ်ပြီး ဘာသာရေးပြဿနာ၊ စွန်နီ-ရှီအာ ပြဿနာမဟုတ်ကြောင်း ခါမေနီက ထည့်သွင်းပြောကြားခဲ့သည်။

    “အဲလစ်ပို၊ မူဆိုးလ်နဲ့ အခြားမြို့တွေက ဆွန်နီတွေကလည်း IS ရာဇ၀တ်ကောင်တွေရဲ့ သတ်ဖြတ်မှုကို ခံနေရတာပါပဲ။ ဒါ့ကြောင့် ဒီပြဿနာတွေဟာ ဆွန်နီနဲ့ ဒါမှမဟုတ် ရှီအာနဲ့ ဘာမှကို မဆိုင်ပါဘူး”

    Ref: PressTV

  • ဂါဇာအတွက် ရာဖာနယ်ခြားကို အီဂျစ်က ၃ ရက်ကြာ ဖွင့်ပေး

    ဂါဇာအတွက် ရာဖာနယ်ခြားကို အီဂျစ်က ၃ ရက်ကြာ ဖွင့်ပေး

    ဒီဇင်ဘာ ၁၁၊ ၂၀၁၆
    M-Media

    – အစ္စရေး၏ ပိတ်ဆို့ဖြတ်တောက်မှုကို ခံစားနေရသည့် ဂါဇာကမ်းမြှောင်မှ ပါလက်စတိုင်းပြည်သူများအတွက် အီဂျစ်က ရာဖာနယ်ခြားကို ၃ ရက်ကြာ ဖွင့်လှစ်ပေးခဲ့သည်ဟု သိရသည်။

    လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများနှင့် နယ်စပ်နှစ်ဖက်တွင် ရှိနေသည့် ခရီးသွားများအတွက် ရည်ရွယ် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ စနေနေ့ မနက်ပိုင်းမှစ၍ ဘတ်စ်ကားများမှာ နေမကောင်းသူများ၊ ကျောင်းသားများကို အီဂျစ်နိုင်ငံတွင်းသို့ ပို့ဆောင်ပေးခဲ့သည်။

    ဂါဇာကမ်းမြှောင်မှာ ၂၀၀၇ ခုနှစ်ကတည်းက အစ္စရေး၏ လေကြောင်း၊ ရေကြောင်းနှင့် ကုန်ကြောင်းတို့အားလုံး ပိတ်ထားမှုကို ခံခဲ့ရခြင်းဖြစ်ပြီး၊ အီဂျစ်ကလည်း ရာဖာနယ်ခြားကို တစ်ခါတစ်ရံမှသာ ဖွင့်ပေးလေ့ရှိသည်။ ထို့ကြောင့် ဂါဇာရှိ ပါလက်စတိုင်းပြည်သူများမှာ အခြေခံ ကုန်ပစ္စည်းများပြတ်တာက်ခြင်းအပါအ၀င် အတိဒုက္ခမျိုးစုံကို ခံစားနေရသည်။

    Ref: IINA

  • ပါလက်စတိုင်းပြည်သူများအတွက် အိန္ဒိယက ဒေါ်လာ ၁.၂၅ သန်း ကူညီမည်

    ပါလက်စတိုင်းပြည်သူများအတွက် အိန္ဒိယက ဒေါ်လာ ၁.၂၅ သန်း ကူညီမည်

    ဒီဇင်ဘာ ၈၊ ၂၀၁၆
    M-Media

    india-4

    – အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှု၊ ဖိနှိပ်ချုပ်ချယ်မှုများကြောင့် အတိဒုက္ခရောက်နေကြသော ပါလက်စတိုင်းပြည်သူများအား ကူညီပေးနေသည့် ကုလ၏ UNRWA အဖွဲ့သို့ ကန်ဒေါ်လာ ၁.၂၅ သန်း ကူညီထောက်ပံ့သွားမည်ဟု အိန္ဒိယက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    UNRWA ၏ ၂၀၁၇ ခုနှစ် ဘက်ဂျက်အတွက် ကူညီပေးမည်ဟု ယမန်နေ့တွင် နိုင်ငံပေါင်း ၂၀ ကျော်က ကတိပြုခဲ့ပြီး အိန္ဒိယမှာ ထိုအထဲတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

    ဒီဇင်ဘာ ၅ ရက်နေ့က ကျင်းပခဲသော UNRWA ၏ အစည်းအဝေးတွင် ကုလဆိုင်ရာ အိန္ဒိယ၏ အမြဲတမ်းကိုယ်စာလှယ်အဖွဲ့မှ ပထမအတွင်းဝန် မာဟက်ရှ်ကူးမားရ်က ပါလက်စတိုင်းပြဿနာအတွက် သင့်မြတ်သည့်အဖြေမျိုး မတွေ့ရခြင်း၊ သာမန်ဘ၀ကို ရရှိရန် ပါလက်စတိုင်းဒုက္ခသည်များ၏ မျှော်လင့်ချက်များကို မဖြည့်ဆည်းပေးနိုင်ခြင်းတို့အတွက် ၀မ်းနည်းရသည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် UNRWA အနေဖြင့် ဘဏ္ဍာရေးနှင့် လက်တွေ့ဆောင်ရွက်ရေးပိုင်းတွင် မကြုံစဖူး စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရပြီး မိမိတို့ အိန္ဒိယအနေဖြင့် ပါလက်စတိုင်း တရားမျှရေးအတွက် ထောက်ခံကာ၊ ပါလက်စတိုင်းပြည်သူများနှင့် အတူအကွရှိနေကြောင်း ထပ်မံပြောကြားလိုသည်ဟု ဆိုသည်။

    UNRWA မှာ ဂျော်ဒန်၊ လက်ဘနွန်၊ ဆီးရီးယား၊ အနောက်ဖက်ကမ်းနှင့် ဂါဇာကမ်းမြှောက်တို့ရှိ ပါလက်စတိုင်းပြည်သူ ၅.၃ သန်းကို ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ ကယ်ဆယ်ရေး လူမှုဝန်ဆောင်မှုများ၊ အရေးပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ၅၆ နှစ်ကြာ ပေးအပ်ခဲ့ရသည်။

    Ref: outlookindia