News @ M-Media

Tag: Palestine

  • ပါလက်စတိုင်းနှင့် ဆက်ဆံရေးပြန်တည်ဆောက်မည်ဟု အမေရိကန်ပြော

    ပါလက်စတိုင်းနှင့် ဆက်ဆံရေးပြန်တည်ဆောက်မည်ဟု အမေရိကန်ပြော

    မေ ၂၆၊ ၂၀၂၁
    M-Media

    -ပါလက်စတိုင်းနဲ့ ဆက်ဆံရေးကို ပြန်လည်တည်ဆောက်သွားမယ်လို့ အရှေ့အလယ်ပိုင်းကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားလိုက်ပါတယ်။

    အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း ရာမာလာဟ်မြို့ကို ဘလင်ကန်ဟာ မနေ့က သွားရောက်ခဲ့ပြီး ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်နဲ့ တွေ့ဆုံခဲ့ပါတယ်။

    မကြာသေးခင်က အစ္စရေးနဲ့ ဟားမက်စ်တို့ ရရှိထားတဲ့ အပစ်ရပ်ရေးသဘောတူညီချက်ကို လိုက်နာဖို့လိုတယ်လို့ ပြောကြားခဲ့သလို၊ အစ္စရေးရဲ့လုံခြုံရေးကို အမေရိကန် အပြည့်အဝ ကာကွယ်သွားမယ်လို့လည်း ထပ်လောင်း ကတိပြုခဲ့ပါတယ်။

    ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၊ ပါလက်စတိုင်းပြည်သူ​တွေနဲ့ ဆက်ဆံရေးပြန်လည်တည်ဆောက်ဖို့ အမေရိကန်က စိတ်ဆန္ဒရှိတယ်လို့ မဟ်မူးဒ်အဘတ်စ်နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘလင်ကန်က ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းဆိုင်ရာ အမေရိကန်ကောင်စစ်ဝန်ရုံး ဂျေရုစလင်မှာ ပြန်လည်ဖွင့်လှစ်ဖို့ လုပ်ဆောင်နေတယ်လို့လည်း ဘလင်ကန်က ဆိုပါတယ်။

    သမ္မတဟောင်း ထရမ့်လက်ထက်က ​ဂျေရုစလင်ကို အစ္စရေးပိုင်အဖြစ် အသိအမှတ်ပြုခဲ့ပြီးတဲ့နောက် ထုတ်ပြန်ခဲ့တဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ ပါလက်စတိုင်းက အမေရိကန်နဲ့ အဆက်အသွယ်အားလုံး ဖြတ်ခဲ့တာပါ။

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့တဲ့ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုကို ခံခဲ့ရတဲ့ ဂါဇာကမ်းမြှောင်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် အမေရိကန်ဟာ နိုင်ငံတကာအသိုင်းအဝိုင်း၊ အစ္စရေး၊ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့တို့နဲ့ ဆက်သွယ်လုပ်ဆောင်တယ်လို့လည်း ဘလင်ကန်က ပြောပါတယ်။

    ဂါဇာအတွက် အရေးပေါ်ထောက်ပံ့ကူညီငွေ ကန်ဒေါ်လာ ၅.၅ သန်း၊ ပါလက်စတိုင်း ပြည်သူတွေကို ကူညီနေတဲ့ ကုလအဖွဲ့ UNRWA ကို ကန်ဒေါ်လာ ၃၂ သန်း အမေရိကန်က ကူညီမှာဖြစ်ကြောင်း ဘလင်ကန်က ဆိုပါတယ်။

    Ref: BBC

  • အစ္စရေးရဲနှင့် ဂျူးအခြေချနေထိုင်သူများ အလ်အက္ကဆွာဗလီထဲ ဝင်ရောက်စီးနင်းပြန်

    အစ္စရေးရဲနှင့် ဂျူးအခြေချနေထိုင်သူများ အလ်အက္ကဆွာဗလီထဲ ဝင်ရောက်စီးနင်းပြန်

    မေ ၂၃၊ ၂၀၂၁
    M-Media

    -ဂျေရုစလင်က အလ်အက္ကဆွာဗလီဝတ်ကျောင်းတော် ပရ၀ုဏ်ထဲကို ဒီနေ့မနက်ပိုင်းက အစ္စရေးရဲတပ်ဖွဲ့ဝင်တွေနဲ့ ဂျူးအခြေချနေထိုင်သူတွေ ဝင်ရောက်စီးနင်းခဲ့ပါတယ်။

    နံနက်အရုဏ်တက်ဝတ်ပြုတဲ့အချိန်မှာ အစ္စရေးရဲတပ်ဖွဲ့က ဗလီထဲ ဝင်ရောက်စီးနင်းခဲ့ပြီး ပါလက်စတိုင်းဝတ်ပြုသူတွေကို ရိုက်နှက်ကန်ကျောက်ဖယ်ရှားကာ ဂျူးအခြေချသူ လက်ယာစွန်းရောက်တွေ ဝင်ရောက်နိုင်ဖို့အတွက် လမ်းရှင်းကာ အစောင့်ရှောက်ပေးခဲ့ပါတယ်။

    ဒီအဖြစ်အပျက်အတွင်း ဗလီအစောင့်တစ်ဦးအပါအဝင် ပါလက်စတိုင်း ၆ ဦးကို အစ္စရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ အလ်အက္ကဆွာဗလီကို အစ္စရေးရဲတပ်ဖွဲ့နဲ့ ဂျူးအခြေချနေထိုင်သူတွေ မကြာခဏ ဝင်ရောက်စီးနင်းအကြမ်းဖက်မှုဟာ အစ္စရေး-ပါလက်စတိုင်း တင်းမာမှုတွေထဲက အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။

    အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ပါလက်စတိုင်းနေအိမ်တွေကို ဂျူးအခြေချသူတွေက လုယူသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းနဲ့ အစ္စရေးတို့အကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

    ဒီလုယူမှုကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေက ဂျေရုစလင်မှာရှိတဲ့ အလ်အက္ကဆွာဗလီမှာ ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့က အင်အားသုံးဖြိုခွဲမှုကြောင့် လူ ၇၀၀ လောက် ဒဏ်ရာရခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က ဂါဇာကနေ အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ မေ ၉ ရက်နေ့မှာ တုန့်ပြန် ပစ်ခတ်ခဲ့ပါတယ်။

    အဲဒီနောက် အစ္စရေးက ဂါဇာကို ၁၁ ရက်ကြာ ဗုံးကြဲခဲ့ပြီး ပါလက်စတိုင်း ပြည်သူ ၂၅၀ နီးပါး သေဆုံးကာ ကျောင်း၊ ဆေးရုံနဲ့ နေအိမ်အဆောက်အဦးအများအပြား ဖျက်ဆီးခံခဲ့ရပါတယ်။ အီဂျစ်ရဲ့ကြားဝင်စေ့စပ်မှုကြောင့် အစ္စရေးနဲ့ ဟားမက်စ်တို့ သောကြာနေ့မှာ ​အပစ်ရပ်ရေး သဘောတူညီချက်ရခဲ့ပေမယ့် အဲဒီနောက်ပိုင်း အလ်အက္ကဆွာဗလီကို အစ္စရေးတပ်ဖွဲ့တွေက အကြိမ်ကြိမ် ဝင်ရောက်စီးနင်းခဲ့ပါတယ်။

    အလ်အက္ကဆွာဗလီအဝင်ဂိတ်တွေမှာ အစ္စရေးတပ်ဖွဲ့တွေက ကန့်သတ်မှုတွေ လုပ်ဆောင်ထားပြီး အသက် ၄၅ နှစ်အောက်လူတွေကို ဗလီထဲဝင်ခွင့် မပေးပါဘူး။

    Ref: Aljazeera

  • ဟားမက်စ်အဖွဲ့နှင့် အပစ်ရပ်ပြီးနောက် အလ်အက္ကဆွာဗလီကို အစ္စရေးက ဝင်ရောက်စီးနင်း

    ဟားမက်စ်အဖွဲ့နှင့် အပစ်ရပ်ပြီးနောက် အလ်အက္ကဆွာဗလီကို အစ္စရေးက ဝင်ရောက်စီးနင်း

    မေ ၂၁၊ ၂၀၂၁
    M-Media

    -ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်က ဟားမက်စ်အဖွဲ့နဲ့ အပစ်ရပ်ပြီးပြီးချင်းမှာပဲ အစ္စရေးဟာ ဂျေရုစလင်က အလ်အက္ကဆွာဗလီကို ဝင်ရောက်စီးနင်းပြီး ပါလက်စတိုင်း ဝတ်ပြုသူတွေကို တိုက်ခိုက်ခဲ့ပါတယ်။

    အီဂျစ်ကကြားဝင်ညှိပေးတဲ့ အပစ်ရပ်ရေးသဘောတူညီချက်ကြောင့် ဂါဇာကို အစ္စရေးက ၁၁ ရက်ကြာ လေကြောင်းတိုက်ခိုက်မှုဟာ ဒီကနေ့နေ့လည်ပိုင်းမှာ ရပ်သွားပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ကလေးငယ် ၆၆ ဦးအပါအဝင် ပါလက်စတိုင်း ပြည်သူ ၂၄၃ ဦး သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူက ထောင်ချီရှိပါတယ်။

    ​စာသင်ကျောင်း ၄၆ ခုနဲ့ မူကြိုကျောင်း ၂ ခု အပါအဝင် ပညာရေးအဆောက်အဦး အနည်းဆုံး ၆၁ ခု၊ ဆေးရုံဆေးခန်းတွေ၊ မီဒီယာနဲ့ လူနေအိမ်တွေအပါအဝင် ဂါဇာက အဆောက်အဦးတော်တော်များများ အစ္စရေးရဲ့ ပစ်မှတ်ထားဖျက်ဆီးမှုကို ခံခဲ့ရပါတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်ရတဲ့ ပါလက်စတိုင်းအရေအတွက်က အနည်းဆုံး ၆ သောင်းလောက် ရှိပါတယ်။

    အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ပါလက်စတိုင်းနေအိမ်တွေကို ဂျူးအခြေချသူတွေက လုယူသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းနဲ့ အစ္စရေးတို့အကြား တင်းမာမှုတွေ မြင့်တက်လာတာပါ။

    ဒီလုယူမှုကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေက ဂျေရုစလင်မှာရှိတဲ့ အလ်အက္ကဆွာဗလီမှာ ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့က အင်အားသုံးဖြိုခွဲမှုကြောင့် လူ ၇၀၀ လောက် ဒဏ်ရာရခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က ဂါဇာကနေ အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ မေ ၉ ရက်နေ့မှာ တုန့်ပြန် ပစ်ခတ်ခဲ့ပါတယ်။

    အဲဒီနောက် အစ္စရေးက ဂါဇာကို ၁၁ ရက်ကြာ ဗုံးကြဲခဲ့တာပါ။ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ အနောက်ဖက်ကမ်းမှာလည်း အစ္စရေးတပ်ဖွဲ့တွေနဲ့ ဂျူးအခြေချနေထိုင်သူတွေရဲ့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းတွေ သေဆုံးတာ၊ ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။

    ဟားမက်စ်အဖွဲ့ရဲ့ ဒုံးကျည်တွေကြောင့် အနည်းဆုံး အစ္စရေး ၁၂ ဦး သေဆုံးခဲ့ပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

    အလ်အက္ကဆွာဗလီကို ဝင်စီး

    ဟားမက်စ်နဲ့ အပစ်ရပ်ရေးသဘောတူညီချက်ရပြီး နာရီပိုင်းအကြာမှာပဲ အစ္စရေးတပ်ဖွဲ့တွေက ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း ဂျေရုစလင်မြို့မှာရှိတဲ့ အလ်အက္ကဆွာဗလီကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။

    သောကြာနေ့ ဝတ်ပြုမှုအပြီး ဝတ်ပြုသူတွေ ရှိနေချိန်မှာ မျက်ရည်ယိုဗုံးတွေ၊ မီးခိုးဗုံးတွေ၊ ရာဘာကျည်ဆံတွေနဲ့ ပစ်ခတ်ခဲ့တာလို့ မျက်မြင်ကြုံရသူတွေကို မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • လူနေအိမ်များကို အစ္စရေးက တိုက်ခိုက်မှုကြောင့် ဂါဇာတွင် အိုးမဲ့အိမ်မဲ့ဖြစ်သူ ၅ သောင်းကျော်ပြီ

    လူနေအိမ်များကို အစ္စရေးက တိုက်ခိုက်မှုကြောင့် ဂါဇာတွင် အိုးမဲ့အိမ်မဲ့ဖြစ်သူ ၅ သောင်းကျော်ပြီ

    မေ ၁၈၊ ၂၀၂၁
    M-Media

    -ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ အစ္စရေးရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် အဆောက်အဦး ၄၅၀ လောက် ပျက်ဆီးခဲ့ပြီး လူပေါင်း ၅၈၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

    အိုးမဲ့အိမ်မဲ့ဖြစ်သွားသူတွေထဲက ၄၇၀၀၀ လောက်ဟာ ကုလက ဆောက်ပေးထားတဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအဖွဲ့ (OCHA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျန်လယ်ရာကီက ဆိုပါတယ်။

    ဖျက်ဆီးခံရတဲ့ အဆောက်အဦး ၄၅၀ ထဲမှာ ဆေးရုံ ၆ ရုံ၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုဌာန ၉ ခုလည်း ပါဝင်ပါတယ်။ ဆေးဘက်ဆိုင်ရာပစ္စည်းတွေကို ထုတ်လုပ်ပေးနေတဲ့ ဂါဇာရဲ့ တစ်ခုတည်းသော သရီးဒီပရင်တာ Tashkeel3D ကိုလည်း အစ္စရေးက ဖျက်ဆီးခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် တနင်္လာနေ့ကစတင်ပြီး ပြုလုပ်ခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် က​လေးငယ် ၆၁ ဦး အပါအဝင် အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၂၁၃ ဦး သေဆုံးပြီ ဖြစ်ပါတယ်။ ဒဏ်ရာရသူ အရေအတွက်ကလည်း ၁၅၀၀ လောက် ရှိနေပါတယ်။

    ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့ ဟားမက်စ်ရဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေး ၂ ဦး အပါအဝင် အစ္စရေး ၁၂ ဦး သေဆုံးပြီး အနည်းဆုံး ၃၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။

    အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ပါလက်စတိုင်းနေအိမ်တွေကို ဂျူးအခြေချသူတွေက လုယူသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းနဲ့ အစ္စရေးတို့အကြား တင်းမာမှုတွေ မြင့်တက်လာတာပါ။

    ဒီလုယူမှုကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေက ဂျေရုစလင်မှာရှိတဲ့ အလ်အက္ကဆွာဗလီမှာ ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့က အင်အားသုံးဖြိုခွဲမှုကြောင့် လူ ၇၀၀ လောက် ဒဏ်ရာရခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က ဂါဇာကနေ အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ ပြီးခဲ့တဲ့တစ်ပတ် တနင်္လာနေ့မှာ တုန့်ပြန် ပစ်ခတ်ခဲ့ပါတယ်။

    အစ္စရေးက ပိတ်ဆို့ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာလည်း ဂျူးအခြေချနေထိုင်သူတွေက နေအိမ်တွေလုယူမှုကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေ ဆန္ဒပြနေပြီး အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ကြောင့် သေဆုံးဒဏ်ရာရသူ တော်တော်များများ ရှိနေပါတယ်။

    Ref: Aljazeera

  • အစ္စရေးလက်ချက်ကြောင့် ဂါဇာတွင်သေဆုံးသူ ၂၀၀ နီးပါး ရှိပြီ

    အစ္စရေးလက်ချက်ကြောင့် ဂါဇာတွင်သေဆုံးသူ ၂၀၀ နီးပါး ရှိပြီ

    မေ ၁၇၊ ၂၀၂၁
    M-Media

    -ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်ကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်နေတာ ၈ ရက်မြောက် ရှိသွားပြီဖြစ်ပြီး ကလေးငယ်တွေအပါအဝင် သေဆုံးသူအရေအတွက်ဟာလည်း ၁၉၈ ဦး ရှိလာပြီဖြစ်ပါတယ်။

    တနင်္လာနေ့မနက်ပိုင်းက တိုက်ခိုက်မှုမှာပဲ အနည်းဆုံး ၄၂ ဦးသေဆုံးကာ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

    အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ပါလက်စတိုင်းနေအိမ်တွေကို ဂျူးအခြေချသူတွေက လုယူသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းနဲ့ အစ္စရေးတို့အကြား တင်းမာမှုတွေ မြင့်တက်လာတာပါ။

    ဒီလုယူမှုကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေက ဂျေရုစလင်မှာရှိတဲ့ အလ်အက္ကဆွာဗလီမှာ ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့က အင်အားသုံးဖြိုခွဲမှုကြောင့် လူ ၇၀၀ လောက် ဒဏ်ရာရခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က ဂါဇာကနေ အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ ပြီးခဲ့တဲ့တစ်ပတ် တနင်္လာနေ့မှာ ပစ်ခတ်ခဲ့ပါတယ်။

    အဲဒီနောက်ပိုင်းမှာတော့ အစ္စရေးက နေ့စဉ်ရက်ဆက် ဂါဇာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    လူနေအဆောက်အဦးတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေလည်း ရှိနေပြီး ဒီနေ့အထိ သေဆုံးသူ ပါလက်စတိုင်းအရေအတွက်က ၁၉၈ ဦး ရှိလာပြီဖြစ်ပါတယ်။ အဲဒီအထဲမှာ ကလေးငယ် ၅၈ ဦး ပါဝင်ပါတယ်။ ဒဏ်ရာရသူကတော့ ၁၃၀၀ ကျော်ပါပြီ။

    အစ္စရေးကပိတ်ဆို့ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာလည်း အစ္စ​ရေးလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဂျူးအခြေချနေထိုင်သူတွေရဲ့ လက်ချက်ကြောင့် ပါလက်စတိုင်းတွေသေဆုံးမှု မြင့်တက်နေပါတယ်။

    ဟားမက်စ်ကလည်း အစ္စရေးဖက်ကို ဒုံးကျည်တွေနဲ့ ပစ်နေပြီး ကလေးငယ် ၂ ဦး အပါအဝင် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ပါတယ်။

    အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကတော့ ဂါဇာကို တိုက်ခိုက်မှုတွေ ဆက်လုပ်သွားမယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း တင်းမာမှုလျော့ချရေး မနေ့က အစည်းအဝေးလုပ်ခဲ့ပေမယ့် ကြေ​ငြာချက် မထုတ်နိုင်ခဲ့ပါဘူး။

    အမေရိကန်ရဲ့နှောက်ယှက်မှုကြောင့် ကြေငြာချက်မထုတ်နိုင်ခဲ့တာလို့ တရုတ်က ပြောပါတယ်။

    Ref: Aljazeera