News @ M-Media

Tag: Palestine

  • ပါလက်စတိုင်းများကို အစ္စရေးက တမင်ရည်ရွယ် ညှင်းပမ်းနေသည်ဟု ကုလအကြီးအကဲဟောင်း ပြော

    ပါလက်စတိုင်းများကို အစ္စရေးက တမင်ရည်ရွယ် ညှင်းပမ်းနေသည်ဟု ကုလအကြီးအကဲဟောင်း ပြော

    ဇန်နဝါရီ ၂၀၊ ၂၀၂၀
    M-Media

    -အစ္စရေးရဲ့ ဖိနှိပ်ညှင်းပမ်းမှုအောက်မှာ နေထိုင်နေရတဲ့ ပါလက်စတိုင်းတွေရဲ့ အခြေအနေဟာ ဖော်မပြနိုင်လောက်အောင် စက်ဆုပ်ဆိုးရွားဖွယ် ဖြစ်နေတယ်လို့ ကုလသမဂ္ဂ ဒုတိယအထွေထွေအတွင်းရေးမှူးဟောင်း အန်ဒရူး ဂီလ်မူရ်က ပြောကြားလိုက်ပါတယ်။

    ဂီလ်မူရ်ဟာ ကုလသမဂ္ဂမှာ နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး အခုအချိန်မှာတော့ အစ္စရေးနဲ့ ပါလက်စတိုင်းပိုင်နက်တွေက လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာသုံးသပ်မှုတွ ပြုလုပ်နေသူပါ။

    အလ်ဂျာဇီးရားသတင်းဌာနနဲ့ အင်တာဗျူးမှာ ပါလက်စတိုင်းတွေ၊ အထူးသဖြင့် အစ္စရေးရဲ့ ပိတ်ဆို့မှုကို ခံနေရတဲ့ ဂါဇာကမ်းမြှောင်က ပြည်သူတွေရဲ့ အခြေအနေ ဘယ်လောက်ဆိုးဝါးနေလဲလို့ မေးမြန်းရာမှာ ဂီလ်မူရ်က အလွန် ဆိုးရွားနေတယ်လို့ဖြေကြားခဲ့ပါတယ်။

    “တကယ့်ကို ဆိုးဆိုးဝါးဝါးဖြစ်နေတယ်လို့ ကျွန်တော် ပြောရမယ်ဗျ။ ဂါဇာကလူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေဟာ ပြောပြလို့မရအောင်ကို ဆိုးရွားနေတာပါ။ ကမ္ဘာကြီးက ဒါကိုခွင့်ပြုထားတယ်ဆိုတာဟာ လက်မခံနိုင်စရာ၊ တုန်လှုပ်ဖွယ်ရာ ဖြစ်ပါတယ်”

    တစ်ကယ်တမ်း ဂါဇာဟာ စီးနင်းပိတ်ဆို့ခံထားရတဲ့အခြေအနေမျိုးဖြစ်ပြီး၊ ၁၉၉၀ ပြည့်နှစ်တွေက တောင်အာဖရိကမှာ လူဖြူတွေ ကြီးစိုးဂုပ်သွေးစုပ်ကာ လူမည်းတွေအပေါ်မှာ ဖိနှိပ်မှုအခြေအနေနဲ့ ဆင်တူနေကြောင်း၊ အစ္စရေးဟာ ပါလက်စတိုင်းတွေကို အရှက်တကွဲအကျိုးနည်းဖြစ်အောင် တမင်ဆောင်ရွက်နေပြီး အချိန်ကြာလာတာနဲ့အမျှ ပိုမိုဆိုးရွားလာကြောင်း ဂီလ်မူရ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • ပါလက်စတိုင်းတွင် အစ္စရေးကကျူးလွန်သည့် စစ်ရာဇဝတ်မှုအတွက် ICC က စုံစမ်းစစ်ဆေးမည်

    ပါလက်စတိုင်းတွင် အစ္စရေးကကျူးလွန်သည့် စစ်ရာဇဝတ်မှုအတွက် ICC က စုံစမ်းစစ်ဆေးမည်

    ဒီဇင်ဘာ ၂၁၊ ၂၀၁၉
    M-Media

    -ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးက ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် အပြည့်အ၀ စုံစမ်းစစ်ဆေးသွားမယ်လို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ရဲ့ ရှေ့နေချုပ် ဖာတူ ဘန်ဆူဒါက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ICC ရဲ့ ဒီထုတ်ပြန်ချက်ကို ပါလက်စတိုင်းခေါင်းဆောင်ပိုင်းက ကြိုဆိုခဲ့ပြီး၊ အစ္စရေးကတော့ ရှုတ်ချခဲ့ပါတယ်။

    “ပါလက်စတိုင်းက အခြေအနေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ ကျိုးကြောင်းဆီလျောတဲ့ အခြေခံအကြောင်းအရင်း ရှိနေတဲ့အတွက် ကျွန်မ ကျေနပ်မိပါတယ်။ အနောက်ဖက်ကမ်း၊ အရှေ့ဂျေရုစလင်နဲ့ ဂါဇာကမ်းမြှောင်တွေမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာ၊ ကျူးလွန်နေတာ ရှိနေတယ်လို့ အကြမ်းဖျင်း ပြောချင်ပါတယ်” လို့ ‌ဘန်ဆူဒါရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အစ္စရေးဟာ အဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့အတွက် ပြည့်၀တဲ့ စုံစမ်းစစ်ဆေးမှုမလုပ်ခင် ICC မှာ တရားစီရင်ပိုင်ခွင့် တောင်းဆိုသွားမှာဖြစ်ပြီး နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ ခွင့်ပြုပေးဖို့လည်း တရားသူကြီးတွေကို ဘန်ဆူဒါက တောင်းဆိုခဲ့ပါတယ်။

    ကြိုဆို

    ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဘန်ဆူဒါရဲ့ ပြောကြားမှုကို ကြိုဆိုခဲ့ပါတယ်။

    “ကနဦး စုံစမ်းမှုကို ၅ နှစ်ကြာအောင် ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ရပြီးနောက် ရှေ့ဆက်ဖို့ ဖြစ်လာတဲ့ ဒီခြေလှမ်းကို ပါလက်စတိုင်းက ကြိုဆိုပါတယ်”

    ပါလက်စတိုင်းပြည်သူ ၂၂၅၁ ဦးသေဆုံးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဂါဇာကမ်းမြှောင်ကို အစ္စရေးက ကျူးကျော်တိုက်ခိုက်မှု ပြီးတဲ့နောက် ၂၀၁၅ ခုနှစ်မှာ ICC ရှေ့နေချုပ် ဖာတူ ဘန်ဆူဒါက ကနဦး စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

    ပါလက်စတိုင်းဟာ ၂၀၁၅ ခုနှစ်က ICC မှာ လက်မှတ်ရေးထိုးခဲ့ပြီး ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးရဲ့ ကျူးလွန်မှုတွေအတွက် စုံစမ်းစစ်ဆေးမှု မြန်မြန်လုပ်ဆောင်ဖို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့ပါတယ်။

    ICC ဟာ နိုင်ငံတစ်ခုကို တရားစွဲဆိုပိုင်ခွင့်မရှိဘဲ စစ်ရာဇတ်မှု ကျူးလွန်သူတွေကိုသာ တရားစွဲဆိုခွင့် ရှိပါတယ်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ‌ဘန်ဆူဒါရဲ့ ထုတ်ပြန်ချက်ကို ဝေဖန်ခဲ့ပြီး ‘အမှန်တရားနဲ့ တရားမျှတမှု အမှောင်ကျတဲ့နေ့’ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ပါလက်စတိုင်းရှိ အစ္စရေး၏ ကျူးကျော်အိမ်ယာများကို အမေရိကန်က အသိအမှတ်ပြု

    ပါလက်စတိုင်းရှိ အစ္စရေး၏ ကျူးကျော်အိမ်ယာများကို အမေရိကန်က အသိအမှတ်ပြု

    နိုဝင်ဘာ ၁၉၊ ၂၀၁၉
    M-Media

    ပါလက်စတိုင်းပိုင်နက်ရှိ အစ္စရေး၏ ကျူးကျော်အိမ်ယာများကို မြင်ရစဉ်

    -ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးက ဆောက်လုပ်ထားတဲ့ တရားမဝင်အိမ်ယာတွေဟာ နိုင်ငံတကာဥပဒေနဲ့ မညီညွတ်ဘူးဆိုတဲ့အချက်ကို လက်မခံတော့ဘူးလို့ အမေရိကန်အစိုးရက ကြေငြာလိုက်ပြီး ပါလက်စတိုင်းနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒီလုပ်ရပ်ကို ကန့်ကွက် ရှုတ်ချခဲ့ပါတယ်။

    အရှေ့ဂျေရုစလင်အပါအဝင် ပါလက်စတိုင်းပိုင် နောက်ဖက်ကမ်းဒေသမှာ အစ္စရေးဟာ တရားမဝင်အိမ်ယာ အမြောက်အများ ဆောက်လုပ်ထားပြီး ဂျူး ၆ သိန်းလောက် နေထိုင်နေတာပါ။ အစ္စရေးရဲ့ ဒီလုပ်ရပ်ဟာ ကုလရဲ့ ဂျီနီဗာသဘောတူညီချက်နဲ့ လုံး၀ ဆန့်ကျင်နေတာဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေက ဒီတရားမဝင်အိမ်ယာတွေကို အသိအမှတ်မပြုပါဘူး။

    ၁၉၇၈ ခုနှစ် အမေရိကန်အစိုးရရဲ့ ဥပဒေပိုင်းဆိုင်ရာ သဘောထားမှာလည်း ဒီတရားမဝင်အိမ်ယာတွေဟာ ‘နိုင်ငံတကာ ဥပဒေနဲ့ မညီဘူး’ လို့ သတ်မှတ်ထားတာပါ။

    ဒါပေမယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက အဖက်ဖက်ကနေ ဥပဒေပိုင်းဆိုင်ရာ လေ့လာ သုံးသပ်မှုတွေ ပြုလုပ်ပြီးတဲ့နောက် အနောက်ဖက်ကမ်း‌ဒေသမှာရှိတဲ့ အစ္စရေးရဲ့ လူနေအိမ်ယာတွေဟာ နိုင်ငံတကာဥပဒေနဲ့ မညီဘူးဆိုတဲ့ သဘောထားမျိုး ဆက်လက်ထားရှိသွားတော့မှာ မဟုတ်ဘူးလို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ၁၉၇၈ ခုနှစ် သဘောထားကိုလည်း ထရမ့်အစိုးရက လိုက်နာမှာမဟုတ်ဘူးလို့လည်း သူကဆိုပါတယ်။

    ပါလက်စတိုင်းပိုင်နက်အတွင်းမှာရှိတဲ့ အစ္စရေးရဲ့ တရားမဝင်အိမ်ယာတွေဟာ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး ဒီလိုလုပ်ရပ်မျိုးကို ဆန့်ကျင်တယ်လို့ ကုလသမဂ္ဂက ဆုံးဖြတ်ချက်အမြောက်အများ ထုတ်ပြန်ထားပါတယ်။

    ဆန့်ကျင်ရှုတ်ချ

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ် အဘတ်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ နဘီလ် အဘူ ရူဒီနာက အမေရိကန်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံတကာ ဥပဒေနဲ့ လုံး၀ဆန့်ကျင်ကြောင်း၊ နိုင်ငံတကာဥပဒေ ဆုံးဖြတ်ချက်တွေကို ပယ်ချဖို့ အမေရိကန်မှာ အာဏာ မရှိသလို၊ အစ္စရေးရဲ့ တရားမဝင်အိမ်ယာတွေကို တရာဝင်ကြောင်း အာမခံဖို့ အခွင့်လည်းမရှိကြောင်း ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး အေမန် ဆာဖာဒီက အမေရိကန်အနေနဲ့ ဒီလိုရပ်တည်ချက်ပြောင်းလဲမှုကြောင့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှင်သန်ရေးမှာ အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲကိစ္စတွေ ဖြစ်လာနိုင်တယ်လို့ ‌သတိပေးခဲ့ပါတယ်။

    ကုလ လူ့အခွင့်အရေးဆိုင်ရာရုံး OHCHR ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရူပါ့တ် ကိုလ်ဗီလ်က အစ္စရေးရဲ့ တရားမဝင်အိမ်ယာတွေဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တဲ့လုပ်ရပ်ဖြစ်တယ်ဆိုတဲ့ ကုလရဲ့ ရပ်တည်ချက်ကိုသာ ဆက်လက်စွဲကိုင်ထားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဥရောပသမဂ္ဂကလည်း မိမိတို့အနေနဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာ ဆောက်လုပ်ထားတဲ့ အစ္စရေးရဲ့ တရားမဝင် အိမ်ယာတွေဟာ နိုင်ငံတကာ ဥပဒေနဲ့ဆန့်ကျင်ပြီး ရေရှည်ငြိမ်းချမ်းရေး ရည်မှန်းချက်ကို ပျက်ဆီးစေမယ်ဆိုတဲ့ သဘောထားအတိုင်း ဆက်ရှိသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch ရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သူ ကန်နသ် ရို့သ်က ပွမ်ပီယိုရဲ့ ထုတ်ပြန်ချက်ကြောင့် ဘာပြောင်းလဲမှုမှ ဖြစ်လာမှာမဟုတ်ဘဲ အစ္စရေးရဲ့ တရားမဝင်အိမ်ယာတွေဟာ စစ်ရာဇဝတ်မှုဖြစ်တယ်ဆိုတဲ့ နိုင်ငံတကာဥပဒေအရ ကြေငြာချက်တွေကို ထရမ့်ကလည်း ဖျောက်ဖျက်နိုင်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ရေပန်းစားနေတဲ့ ဘာနီ ဆန်းဒါးစ်ကလည်း ပါလက်စတိုင်းက အစ္စရေးရဲ့အိမ်ယာတွေဟာ တရားမဝင်ဘူးလို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    အစ္စရေးဘက်လိုက်

    ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးက ကျူးကျော် သိမ်းပိုက်ထားပြီး တရားမဝင်အိမ်ယာ ဆောက်လုပ်မှုဟာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးကိစ္စမှာ အဖုအထစ်တစ်ခု ဖြစ်နေတာပါ။

    အမေရိကန်ဟာ အစ္စရေး-ပါလက်စတိုင်းငြိမ်းချမ်းရေးမှာ ကြားဝင်ဆွေးနွေးသူအဖြစ် ရှိခဲ့ပေမယ့် ထရမ့်အစိုးရ လက်ထက်မှာတော့ အစ္စရေးဘက်လိုက်တဲ့ မူဝါဒတွေကို ချမှတ်ခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ်မှာ ထရမ့်ဟာ ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း ကြေငြာခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ အမေရိကန်သံရုံးကို တလ်အဗီးကနေ ဂျေရုစလင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ပါလက်စတိုင်းဟာ အရှေ့ဂျေရုစလင်ကို မြို့တော်ထားပြီး လွတ်လပ်တဲ့ နိုင်ငံတစ်ခု တည်ထောင်ချင်နေတာ ဖြစ်ပါတယ်။

    ၂၀၁၈ ခုနှစ်မှာတော့ ပါလက်စတိုင်းပြည်သူတွေကို အကူအညီပေးနေတဲ့ ကုလရဲ့ UNRWA အဖွဲ့ကို ရန်ပုံငွေ ဖြတ်တောက်ကြောင်း အမေရိကန်က ကြေငြာခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ် မတ်လမှာလည်း ထရမ့်ဟာ ၁၉၈၁ ခုနှစ်မှာ အစ္စရေးက ဆီးရီးယားထံကနေ ကျူးကျော်သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ဒေသကို အစ္စရေးပိုင်နက်အဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက မိုက်ပွမ်ပီယိုရဲ့ မနေ့ကထုတ်ပြန်ချက်ကို ကြိုဆိုကြောင်း ပြောကြားခဲ့ပြီး ဒါဟာ သမိုင်းဆိုင်ရာ အမှားတစ်ခုကို ပြင်ဆင်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

    Ref: Aljazeera

  • အပစ်ရပ်သဘောတူညီချက်ရသော်လည်း ဂါဇာတွင် အစ္စရေးက တိုက်ခိုက်မှု ထပ်လုပ်

    အပစ်ရပ်သဘောတူညီချက်ရသော်လည်း ဂါဇာတွင် အစ္စရေးက တိုက်ခိုက်မှု ထပ်လုပ်

    နိုဝင်ဘာ ၁၅၊ ၂၀၁၉
    M-Media

    အစ္စရေး၏ တိုက်ခိုက်မှုပြီးနောက် မြင်ကွင်း

    -အစ္စရေးနဲ့ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့တို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိထားပေမယ့် အစ္စရေးက ဒီကမနေ့မနက်မှာ ဂါဇာကမ်းမြှောင်ကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်ခဲ့ပါတယ်။

    ပါလက်စတိုင်း တော်လှန်ရေးအဖွဲ့ Islamic Jihad ရဲ့ ခေါင်းဆောင်တစ်ဦး အင်္ဂါနေ့မှာ အစ္စရေးရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီးတဲ့နောက် တင်းမာမှုတွေ အစပြုခဲ့တာပါ။ အစ္စရေးဟာ အင်္ဂါနေ့ကစတင်ကာ ဂါဇာကမ်းမြှောင်ကို လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပြီး ပါလက်စတိုင်းပြည်သူ ၃၀ ကျော် သေဆုံးခဲ့ပါတယ်။

    အီဂျစ်ရဲ့ ကြားဝင် စေ့စပ်ပေးမှုကြောင့် မနေ့က အစ္စရေးနဲ့ Islamic Jihad တို့အကြား အပစ်ရပ်သဘောတူညီချက် ရရှိခဲ့ပေမယ့် သောကြာနေ့မှာတော့ ပျက်ပြယ်သွားခဲ့တာဖြစ်ပါတယ်။ အစ္စရေးက ဂါဇာဖက်ကနေ ဒုံးကျည်တွေ ပစ်ခတ်တာကြောင့် လေကြောင်းက ပြန်လည်တိုက်ခိုက်ရတာလို့ ထုတ်ပြန်ခဲ့ပါတယ်။

    အောက်တိုဘာ ၁၂၊ ၁၃ ရက်နေ့တွေမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၃၄ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၈ ဦး၊ အမျိုးသမီး ၃ ဦးအပါအဝင် ထက်ဝက်နီးပါးလောက်က အရပ်သားတွေဖြစ်တယ်လို့ ဂါဇာအာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။ Islamic Jiahad အဖွဲ့ရဲ့ ဒုံးကျည်နဲ့ပစ်ခတ်မှုတွေကြောင့် အစ္စရေးတောင်းပိုင်းမှာ အနည်းဆုံး ၆၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

    ၁၉၄၈ ခုနှစ် အစ္စရေးနိုင်ငံထူထောင်ချိန် ပါလက်စတိုင်းပိုင်နက်တွေကို ကျူးကျော်သိမ်းပိုက်မှုကြောင့် ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းတွေ နေရပ်ပြန်ရေး ဆန္ဒ‌ပြမှုတစ်ခုကို ဂါဇာမှာ ၂၀၁၈ ခုနှစ်မတ်လကနေ အပတ်စဉ် လုပ်ဆောင်နေပြီး အစ္စရေးက ပစ်ခတ်နှိမ်နှင်းမှုကြောင့် ပါလက်စတိုင်းပြည်သူ ၃၁၃ ဦး သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera

  • ဂါဇာတွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ၂ ရက်အတွင်း အရပ်သား ၂၀ ကျော် သေဆုံး

    ဂါဇာတွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ၂ ရက်အတွင်း အရပ်သား ၂၀ ကျော် သေဆုံး

    နိုဝင်ဘာ ၁၃၊ ၂၀၁၉
    M-Media

    -ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်ဒေသမှာ အင်္ဂါနေ့ကနေစတင်ပြီး အစ္စရေးကပြုလုပ်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ပါလက်စတိုင်းအရပ်သားအရေအတွက်ဟာ ၂၄ ဦးအထိ ရှိလာခဲ့ပါတယ်။

    အစ္စရေးဟာ အီရန်ကျောထောက်နာက်ခံပြု ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ Islamic Jihad အဖွဲ့က တပ်မှူး ဘာဟာ အဘူ အလ်-အတ္တာနဲ့ သူ့ရဲ့ဇနီးတို့ကို ဂါဇာမှာ အင်္ဂါနေ့က လေကြောင်းကနေ တိုက်ခိုက်သတ်ဖြတ်ခဲ့ပါတယ်။ အဲဒီနောက် လွတ်မြောက်ရေးအဖွဲ့က ဒုံးကျည်တွေနဲ့ အစ္စရေးဖက်ကို ပြန်လည်ပစ်ခတ်ခဲ့ပြီး အခြေအနေ တင်းမာလာတာပါ။

    ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့မှာ Islamic Jihad တာဝန်ရှိသူ အက္ကရမ် အလ်-အဂျူရီရဲ့ နေအိမ်ကိုလည်း အစ္စရေးက အင်္ဂါနေ့မှာပဲ ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အလ်-အဂျူရီရဲ့ သားတစ်ဦးအပါအဝင် လူ ၂ ဦး သေဆုံးခဲ့ပါတယ်။

    ဂါဇာတာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ၂ ရက်အတွင်း အစ္စရေးဟာ လေကြောင်းတိုက်ခိုက်မှု ၅၀ ကျော်၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၂၁ ခု ပြုလုပ်ခဲ့ပြီး ပါလက်စတိုင်းတွေရဲ့ နေအိမ်တွေ၊ လယ်ယာတွေ၊ သစ်သီးခြံတွေ၊ Islamic Jihad အဖွဲ့နဲ့ သက်ဆိုင်တဲ့ နေရာတွေကို ပစ်မှတ်ထားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဗုဒ္ဓဟူးနေ့အထိ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ ၂၄ ဦးအထိ ရှိလာခဲ့ပြီး အနည်းဆုံး ၆၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    Ref: Aljazeera