News @ M-Media

Tag: PremierLeague

  • ဖိအားများ ရှိနေသော်လည်း ဆက်လက် တိုက်ပွဲ ၀င်သွားမည်ဟု နယူးကာဆယ် နည်းပြဆို

    ဖိအားများ ရှိနေသော်လည်း ဆက်လက် တိုက်ပွဲ ၀င်သွားမည်ဟု နယူးကာဆယ် နည်းပြဆို

    စက်တင်ဘာ ၃၀ ၊ ၂၀၁၄
    M-Media
    1412029538301_wps_14_STOKE_ON_TRENT_ENGLAND_SE
    – အသင်းမှနှုတ်ထွက်ရန် ပရိတ်သတ်များက ဖိအားပေးနေသော်လည်း မိမိအနေဖြင့် အသင်းအခြေအနေကောင်းရန် တိုက်ပွဲဝင်သွားမည်ဟု နယူးကာဆယ်နည်းပြ အလန် ပါဂျူးက ပြောဆိုလိုက်သည်။

    ယနေ့နံနက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် စတုတ်အား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် နယူးကာဆယ်မှာ ၆ ပွဲကစားပြီးချိန်တွင် ၃ ပွဲသရေ၊ ၃ ပွဲရှုံးဖြင့် နိုင်ပွဲမရသေးဘဲ ဇယားအောက်ဆုံးသို့ ရောက်ရှိနေသည်။

    ထိုပွဲတွင် နယူးကာဆယ်ပရိတ်သတ်များမှာ ပါဂျူး အသင်းမှ နှုတ်ထွက်ပေးရန် စာတမ်းများကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။ သို့သော်လည်း ပါဂျူးကမူ ပရိတ်သတ်များ၏ အမြင်အား လေးစားကြောင်း မိမိမှာအသင်းတွင် ဆက်လက်ရှိနေ၍ တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    “(နည်းပြအလုပ် ဘယ်လောက်သေချာသလဲဆိုတာ) ကျွန်တော် မသိပါဘူး။ ဒါဟာ ကျွန်တော်တို့အတွက် နောက်ထပ်ရှုံးပွဲတစ်ပွဲဖြစ်ပြီး အရှုံးသံသရာကနေ ကျွန်တော်တို့ မထွက်နိုင်သေးပါဘူး။ ဒါကို သေသေချာချာ ကိုင်တွယ်ဖြေရှင်းရတော့မှာပါ။ ကျွန်တော်တို့ တိုက်ပွဲဝင်ရပါမယ်။ ကျွန်တော်တို့ အခြေအနေ ပြန်ကောင်းတဲ့အထိ ဒါကို ဆက်လုပ်ရမှာပါ” ဟု ပါဂျူးက ဆိုသည်။

    စတုတ်နှင့်ပွဲမတိုင်ခင် နာရီအနည်းငယ်အလိုကပင် နယူးကာဆယ် အသင်းပိုင်ရှင် မိုက်အရှက်လေက ထိုပွဲတွင် စတုတ်အား မနိုင်ပါက ပါဂျူးအား ထုတ်ပစ်မည်ဟု သတင်းထောက်များအား ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ထိုပြောဆိုမှုမှာ နောက်ပြောင်ခြင်းသာဖြစ်သည်ဟု ပြန်လည်ပြောဆိုခဲ့သည်။

    ပါဂျူးကမူ လာမည့်စနေနေ့ ဆွမ်ဆီးအသင်းနှင့် ပွဲမတိုင်ခင် မိုက်အရှက်လေနှင့် တွေ့ဆုံစကားပြောသွားမည်ဟု ဆိုသည်။

  • မိမိမှာ စွမ်းဆောင်ရည် မကျသေးဟု လီဗာပူးလ် ကွင်းလယ်လူ ဂျရတ်ဆို

    မိမိမှာ စွမ်းဆောင်ရည် မကျသေးဟု လီဗာပူးလ် ကွင်းလယ်လူ ဂျရတ်ဆို

    စက်တင်ဘာ ၂၉ ၊ ၂၀၁၄
    M-Media
    461389_heroa
    – ယခုနှစ်ဘောလုံးရာသီ ပွဲအချို့တွင် မိမိမှာ ပြိုင်ဘက်ကစားသမားများ၏ အနိုင်ယူမှုကို ခံခဲ့ရသော်လည်း မိမိ၏ စွမ်းဆောင်ရည်မှာ ကျဆင်းမှုမရှိသေးဟု လီဗာပူးလ် အသင်းခေါင်းဆောင် စတီဗင်ဂျရတ်က ပြောကြားလိုက်သည်။

    ပရီးမီးယားလိဂ်တွင် လီဗာပူးလ်အသင်း၏ ရုန်းကန်ရမှုနှင့်အတူ ဂျရတ်မှာလည်း ဝေဖန်ခံနေရပြီး၊ အဲဗာတန်နှင့်ပွဲတွင် ဖရီးကစ်မှတစ်ဆင့် အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီးနောက် ဂျရတ်က ယခုကဲ့သို့ တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

    “အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေကို ကျွန်တော်လက်ခံပါတယ်။ ကျွန်တော်ဟာ ပြီးခဲ့တဲ့နှစ်ပွဲလောက်မှာ ဒုက္ခရောက်ခဲ့ပြီး ကျွန်တော့်နောက်လိုက်လာတဲ့ ကစားသမားတွေကို မကျော်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် တစ်ချို့လူတွေက “သူဟာ အသက် ၃၄ နှစ်ရှိနေပြီ၊ မပြေးနိုင်တော့ပါဘူး။ သူကုန်နေပါပြီ” စသဖြင့် အဲဒီလိုပြောတာမျိုးကတော့ လွန်ပါတယ်။ ကျွန်တော့်နားမှာရှိနေတဲ့ ကစားသမားကောင်းတွေနဲ့ ကျွန်တော် ယှဉ်ပြိုင်နိုင်ပါသေးတယ်” ဟု ဂျရတ်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    လီဗာပူးလ်းမှာ ထိုပွဲတွင် ဂျရတ်၏ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲပြီးကာနီး နာကျင်အချိန်ပိုတွင် ပေးလိုက်ရသည့်ဂိုးကြောင့် အနိုင် ၃ မှတ်ရမည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။

  • အိမ်ကွင်းမှာ ဂိုးပြတ်ခဲ့တဲ့ချယ်ဆီး၊ မန်ယူတို့ နိုင်ပွဲပြန်ရခဲ့ပြီး၊ အာဆင်နယ်၊ လီဗာပူးလ်တို့ သရေကျ

    အိမ်ကွင်းမှာ ဂိုးပြတ်ခဲ့တဲ့ချယ်ဆီး၊ မန်ယူတို့ နိုင်ပွဲပြန်ရခဲ့ပြီး၊ အာဆင်နယ်၊ လီဗာပူးလ်တို့ သရေကျ

    စက်တင်ဘာ ၂၈ ၊ ၂၀၁၄
    M-Media

    အိမ်ကွင်းမှာ ဂိုးပြတ်ခဲ့တဲ့ချယ်ဆီး၊ မန်ယူတို့နိုင်ပွဲပြန်ရခဲ့ပြီး၊ အာဆင်နယ်၊ လီဗာပူးလ်တို့ သရေနဲ့သာ ကျေနပ်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၆ စနေနေ့ည ပွဲစဉ်များ

    – ပရီးမီးယားလိဂ် ပွဲစဉ် ၆ ရဲ့ ၈ ပွဲကို ယမန်နေ့ညမှာ ကစားခဲ့ပြီး ချယ်ဆီး၊ မန်ယူ၊ မန်စီးတီးတို့အနိုင်ရခဲ့ကာ အာဆင်နယ် လီဗာပူးလ်တို့ကတော့ သရေကျခဲ့ပါတယ်။
    444
    အစောဆုံးကစားခဲ့တဲ့ပွဲမှာ ဒီနှစ်ခြေစွမ်းကျဆင်းနေတဲ့ လီဗာပူးလ်တို့ ဒုတိယပိုင်း နာကျင် အချိန်ပိုရောက်မှ အဲဗာတန်ကို တစ်မှတ်ခွဲပေးလိုက်ရပါတယ်။ ၅ ပွဲမှာ သုံးပွဲအထိ ရှုံးထားတာကြောင့် နည်းပြ ရော်ဂျာ အကောင်းဆုံးပြင်ဆင်ခဲ့ပြီး အသာစီးလည်း ရခဲ့ပါတယ်။ ၆၅မိနစ်မှာ ဂျရတ်က သူ့ရဲ့ ဒါဘီပွဲ ၉ ဂိုးမြောက်အဖြစ် ဖရီးကစ်ကနေပြီး ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမယ့် ပွဲပြီးကာနီး နာကျင်အချိန်ပိုမှာ ဂျာကီလ်ကာက အဲဗာတန်အတွက် ချေပဂိုး သွင်းယူပေးခဲ့တာကြောင့် လီဗာပူးလ်တို့ အနိုင် ၃ မှတ်နဲ့ ဝေးခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ နည်းပြရော်ဂျာက မိမိတို့ဟာ ထိုက်တန်တဲ့ အနိုင်ရလဒ်ကို မရတဲ့အတွက် စိတ်ပျက်မိကြောင်း ပြောကြားခဲ့ပါတယ်။

    1111
    ပြီးခဲ့တဲ့ တစ်ပါတ်မှာ မန်စီးတီးကို သရေကျခဲ့ပြီး ရာနှုန်းပြည့်နိုင်ပွဲစံချိန် ရပ်သွားခဲ့တဲ့ ချယ်ဆီးတို့ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ အမှားအယွင်းမရှိခဲ့ပါဘူး။ ပွဲအစ ၇ မိနစ်မှာပဲ အော်စကာက ချယ်ဆီး အတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့ပြီး၊ ၅၉ မိနစ်နဲ့ ၇၉ မိနစ်တို့မှာ ဒီယေဂိုကော်စတာနဲ့ ၀ီလီယံတို့က အသီးသီး သွင်းယူပေးခဲ့ပါတယ်။ အော်စကာရဲ့ ဒီဂိုးဟာ ၆ ပွဲမှာ ၈ ဂိုးမြောက်လည်းဖြစ်ပါတယ်။
    555
    မန်စီးတီးကလည်း အဝေးကွင်းမှာ ဟားလ်စီးတီးကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ချယ်ဆီး ကွင်းလယ်လူဟောင်းလမ်းပတ်က တစ်ဂိုးသွင်းပေးခဲ့ပါတယ်။

    222

    မန်ယူက ရူနီ၊ ဗန်ပါစီတို့ရဲ့ အစောပိုင်း သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပြီး အာဆင်နယ်ကတော့ ချိန်ဘာလိန်ရဲ့ နောက်ကျဂိုးနဲ့ အိမ်ကွင်းမှာ သရေတစ်မှတ်ရခဲ့ပါတယ်။
    333
    ဒီနှစ်မှာ ခြေစွမ်းပြနေတဲ့ ဆောက်သက်တမ်တို့ အိမ်ကွင်းမှာ ကျူပီအာရ်ကိုအနိုင်ရပြီး ချယ်ဆီးရဲ့အောက် ၃ မှတ်အကွာ ဒုတိယနေရာမှာရှိနေပါတယ်။

    ပွဲစဉ် ၈ အနိုင်အရှုံးရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    လီဗာပူးလ် ၁-၁ အဲဗာတန်
    ချယ်ဆီး ၃-၀ အက်စတွန်ဗီလာ
    ခရစ္စတယ်ပဲလေ့စ် ၂-၀ လက်စတာ
    ဟားလ်စီးတီး ၂-၄ မန်စီးတီး
    မန်ယူ ၂-၁ ၀က်စ်ဟမ်း
    ဆောက်သက်တမ် ၂-၁ ကျူပီအာရ်
    ဆန်းဒါးလန်း ၀-၀ ဆွမ်ဆီး
    အာဆင်နယ် ၁-၁ စပါး

  • မန်ယူနည်းပြဘ၀မှာ သက်တမ်း တစ်လျှောက် အခက်ခဲဆုံးဟု ဗန်ဂါးလ်ဖွင့်ဟ

    မန်ယူနည်းပြဘ၀မှာ သက်တမ်း တစ်လျှောက် အခက်ခဲဆုံးဟု ဗန်ဂါးလ်ဖွင့်ဟ

    စက်တင်ဘာ ၂၆ ၊ ၂၀၁၄
    M-Media
    Van Gaal
    – မန်ယူအသင်း၏ အခြေအနေအား ဆုံးဖြတ်ရန်အတွက် တစ်နှစ်ခန့် စောင့်ကြည့်ရမည်ဖြစ်ပြီး မိမိနည်းပြ သက်တမ်းတစ်လျှောက် မန်ယူနည်းပြရာထူးမှာ အခက်အခဲဆုံး အလုပ်ဖြစ်သည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ပရီးမီးယားလိဂ် ၅ ပွဲကစားပြီးချိန်တွင် မန်ယူမှာ ၂ ပွဲအထိရှုံးနိမ့်ထားပြီး အဆင့် ၁၂ နေရာသို့ရောက်ရှိနေသည်။ ထို့ပြင် ဗန်ဂါးလ်မှာ အသင်းတွင် ဒဏ်ရာအနာတရနှင့် ပွဲပယ်ခံရသည့် ပြဿနာများနှင့်လည်း ရင်ဆိုင်နေရသည်။

    ထိုအခြေအနေမှာ နည်းပြဘ၀ အခက်အခဲဆုံးအခြေအနေလားဟု မေးမြန်းခဲ့ရာတွင် ဗန်ဂါးလ်က

    “ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တစ်ပတ်လောက်ကို ကြည့်တာမျိုး မဟုတ်ဘဲ တစ်နှစ်လောက် စောင့်ကြည့်ရပါမယ်။ ကျွန်တော်တို့မှာ ဒဏ်ရာရကစားသမားနဲ့ ပွဲပယ်ပြစ်ဒဏ်ခံထားရတဲ့ ကစားသမား ၉ ယောက်လောက်ရှိပါတယ်” ဟု ပြန်လည် တုံ့ပြန်ခဲ့သည်။

    ထို့ပြင် ယခုအချိန်မှာ အကူးအပြောင်းကာလတစ်ခုဖြစ်နေပြီး မိမိတို့အသင်းမှာ ရာသီအကြိုတွင် အနိုင်ရလဒ်များ ရခဲ့သော်လည်း ယခုအချိန်တွင် အခက်အခဲများနှင့် ရင်ဆိုင်ရခြင်းဖြစ်ကာ စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဗန်ဂါးလ်က ထပ်လောင်းပြောကြာခဲ့သည်။

    မန်ယူမှာ ယခုတစ်ပတ်တွင် ၀က်စ်ဟမ်းအသင်းအား အိုးထရက်ဖို့ဒ်၌ ဧည့်ခံကစားရမည် ဖြစ်သည်။

  • လမ်းပတ် အသင်းတွင် ဆက်ရှိနိုင်သည်ဟု မန်စီးတီးနည်းပြဆို

    လမ်းပတ် အသင်းတွင် ဆက်ရှိနိုင်သည်ဟု မန်စီးတီးနည်းပြဆို

    စက်တင်ဘာ ၂၅၊ ၂၀၁၄
    M-Media
    460509_heroa
    – နှစ်ပွဲပေါင်း ၃ ဂိုးသွင်းယူပေးကာ ခြေစွမ်းပြနေသည့် ကွင်းလယ်လူလမ်းပတ်အား ဆက်လက်သက်တမ်းတိုးသွားနိုင်ဖွယ်ရှိနေသည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။

    မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးအသင်းမှ ဇန်န၀ါရီလအထိ မန်စီးတီးက အငှားဖြင့် ခေါ်ယူထားခဲ့သည့် လမ်းပတ်မှာ ပြီးခဲ့သည့်တစ်ပတ် ချယ်ဆီးနှင့်ပွဲတွင် အသင်းအတွက် အရေးပါသည့် ချေပဂိုးကို သွင်းယူပေးခဲ့ပြီး ယနေ့မနက်က ကစားခဲ့သည့် လိဂ်ဖလားပြိုင်ပွဲ ရှက်ဖီးအား ၇ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင်လည်း ၂ ဂိုး သွင်းယူပေးခဲ့သည်။

    ပွဲအပြီးနောက် လမ်းပတ်အား သက်တမ်းတိုးမည်လားဟု သတင်းထောက်များက မေးမြန်းရာတွင် ပယ်လီဂရီနီက

    “ဒါဟာ နောက်မှ ကြည့်လုပ်ရမယ့် ကိစ္စပါ။ အခုလောလောဆယ် မှာတော့ ဒါဟာ အရေးကြီးတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူး။ ဇန်န၀ါရီမှာ ဘာဖြစ်မလဲဆိုတာ ကြည့်ရပါမယ်။ ဆုံးဖြတ်ဖို့ ၂ လ သုံးလလာက် လိုပါသေးတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    ထို့ပြင် လမ်းပတ် အနေဖြင့် ဂိုးများ ဆက်လက် သွင်းယူရန် အရေးကြီးကြောင်း၊ ၎င်းမှာ အသင်းအတွက် အရေးပါသည့် ကစားသမားတစ်ဦးဖြစ်ပြီး အသင်းတွင် ဆက်လက်ရှိနေရေးမှာလည်း ဖြစ်နိုင်သည့် ကိစ္စ တစ်ခုဖြစ်သည်ဟု ပယ်လီဂရီနီက ထပ်လောင်းပြောကြားခဲ့သည်။

    မန်စီတီးမှာ ယခုတစ်ပတ် ပရီးမီးယားလိဂ်တွင် နယူးကာဆယ်အား အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။