News @ M-Media
Tag: PremierLeague
  • လီဗာပူး မနှစ်ကထက် ခြေစွမ်းထက်ညံ့နေကြောင်း နည်းပြရောဂျာဝန်ခံ
    လီဗာပူး မနှစ်ကထက် ခြေစွမ်းထက်ညံ့နေကြောင်း နည်းပြရောဂျာဝန်ခံ
    စက်တင်ဘာ ၂၃ ၊ ၂၀၁၄
    M-Media
    456524_heroa
    – မိမိတို့အသင်းမှာ ယမန်နှစ်စွမ်းဆောင်ရည်အောက်ကို ရောက်ရှိနေသည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ၀န်ခံခဲ့ပြီး ကစားသမားမျာအနေဖြင့် အရှုံးများကို နောက်တွင်ချန်ကာ လာမည့်ပွဲအတွက် အာရုံစိုက်ရန် တိုက်တွန်းခဲ့သည်။
    အနှစ် ၂၀ အတွင်း အကောင်ဆုံးခြေစွမ်းများကို ပြသ၍ ယမန်နှစ်က အဆင့် ၂ နေရာအထိ ရောက်ရှိခဲ့သည့် လီဗာပူးလ်မှာ ယခုနှစ် ပရီးမီးယားလိဂ်တွင် ရုန်းကန်နေရပြီး ၅ ပွဲကစားပြီးချိန်တွင် ၃ ပွဲအထိ ရှုံးနိမ့်ထားသည်။
    ရော်ဂျာကမူ ထိုရှုံးနိမ့်မှုများအား မေ့ပစ်ကာ လာမည့်ပွဲတွင် ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်နိုင်ရေး တိုက်တွန်းခဲ့ကာ၊ မိမိတို့အသင်း ခံစစ်ကို ပြုပြင်ရမည်ဟုဆိုသည်။
    “ပွဲတွေမှာ ကျွန်တော်တို့ အမှားတွေလုပ်ခဲ့ပြီး ဒါတွေကို စွဲလမ်းမနေဖို့ လိုပါတယ်။ ကျွန်တော်တို့ အလုပ်ပြန်လုပ်ရမှာပါ။ အရင်ဆုံးလုပ်ရမှာကတော့ ခံစစ်ကို တောင့်တင်းအောင်လို့ပါ။ နောက်ပြီး တစ်သင်းလုံး ပိုကောင်းဖို့လိုပါတယ်” ဟု ရော်ဂျာက ယမန်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
    လီဗာပူးလ်မှာ ယနေ့ညတွင် လိဂ်ဖလားပွဲစဉ်အဖြစ် မစ်ဒယ်ဘရော့အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
  • မန်စီးတီးအတွက် ဂိုးသွင်းခြင်းမှာ မိမိအလုပ် မိမိလုပ်ခြင်းသာဖြစ်သည်ဟု လမ်းပတ်ဆို
    မန်စီးတီးအတွက် ဂိုးသွင်းခြင်းမှာ မိမိအလုပ် မိမိလုပ်ခြင်းသာဖြစ်သည်ဟု လမ်းပတ်ဆို
    စက်တင်ဘာ ၂၂ ၊ ၂၀၁၄
    M-Media
    459003_heroa
    – အသင်းဟောင်းချယ်ဆီးအား ဂိုးသွင်းခဲ့ခြင်းမှာ ခက်ခဲသောလုပ်ရပ်ဖြစ်ပြီး မိမိအလုပ်ကိုသာ မိမိလုပ်ခဲ့ခြင်းဖြစ်သည်ဟု မန်စီးတီးအလယ်တန်းလူ လမ်းပတ်က ပြောကြားလိုက်သည်။
    ချယ်ဆီးတွင် ၁၃ နှစ်ကြာ ကစားခဲ့ပြီးနောက် လမ်းပတ်မှာ ယခုနှစ် နွေရာသီတွင် အမေရိကန် မေဂျာလိဂ်ရှိ နယူးယောက် စီးတီး အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး၊ မန်စီးတီးတွင် ဇန်န၀ါရီလအထိ အငှားဖြင့်လာရောက်ကစားနေသူဖြစ်သည်။
    ယမန်နေ့က ကစားခဲ့သည့် အသင်းဟောင်းချယ်ဆီးနှင့်ပွဲတွင် လမ်းပတ်မှာ ဒုတိယပိုင်း၌ လူစားဝင်လာခဲ့ပြီး ၈၅ မိနစ်တွင် မန်စီးတီးအတွက် အဖိုးတန်ချေပဂိုးကို သွင်းယူပေးခဲ့သည်။
    “တကယ့်ကိုခက်ခဲပါတယ်။ ကျွန်တော့်အလုပ် ကျွန်တော် မလုပ်ဘူးဆိုရင် ကျွန်တော်ဟာ ပရော်ဖက်ရှင်နယ် မပီသသူ ဖြစ်သွားပါလိ့မ်မယ်။ ချယ်ဆီးမှာ အံ့သြစရာကောင်းတဲ့ အချိန် ၁၃ နှစ်ကို ဖြတ်သန်းခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော် ရောထွေးတာမျိုးတွေ ရှိပါတယ်။ ကျွန်တော်ကစားတဲ့အသင်း သရေရတဲ့အတွက် ကျေနပ်မိပါတယ်” ဟု လမ်းပတ်က ပွဲအပြီးတွင် Sky Sports သို့ ပြောကြားခဲ့သည်။
    လမ်းပတ်ကွင်းထဲဝင်လာချိန်တွင် ချယ်ဆီးပရိတ်သများမှာ ၎င်းအား ဂုဏ်ပြုသည့် သီချင်းများ ဆိုခဲ့ကြပြီး ထိုအတွက် မိမိမှာ အလွန်ခံစားရကြောင်း လမ်းပတ်က ထပ်လောင်းပြောကြားခဲ့သည်။
    မန်စီးတီးနည်းပြ ပယ်လီဂရီနီကမူ ချယ်ဆီးမှာ ထိုပွဲတွင် အသင်းငယ်ကဲ့သို့ ကစားသွားခဲ့သည်ဟု ဝေဖန်ပြောကြားခဲ့သည်။
  • အနိုင်ကနေ ရှုံးခဲ့တဲ့ မန်ယူ၊ ချယ်ဆီး ထံမှ မန်စီတီးအတွက် တမှတ်ယူပေးခဲ့ လမ်းပတ်
    အနိုင်ကနေ ရှုံးခဲ့တဲ့ မန်ယူ၊ ချယ်ဆီး ထံမှ မန်စီတီးအတွက် တမှတ်ယူပေးခဲ့ လမ်းပတ်
    စက်တင်ဘာ ၂၂၊ ၂၀၁၄
    M-Media
    – ပရီးမီးယားလိဂ် ပွဲစဉ် ၅ ရဲ့ လက်ကျန်လေးပွဲကို ယမန်နေ့ညမှာ ကစားခဲ့ပြီး မထင်မှတ်တဲ့ ရလဒ်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
    ဘောလုံးပိုင်ဆိုင်မှုအသာရပြီး ၅၇ မိနစ်အထိ ၃ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တဲ့ မန်ယူတို့ တန်းတက် လက်စတာကို ရှုံးခဲ့သလို၊ စောစောစီးစီး ဦးဆောင်ဂိုးရခဲ့တဲ့ အဲဗာတန်တို့လည်း ခရစ္စတယ်ပဲလေ့စ်ကို ရှုံးခဲ့ပါတယ်။ ဒီတစ်ပတ်ရဲ့ Match of The Week ဖြစ်တဲ့ မန်စီးတီးနဲ့ ချယ်ဆီးတို့ ပွဲမှာတော့ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။
    229
    ပြီးခဲ့တဲ့ တစ်ပတ်ကမှ ပရီးမီးယားလိဂ် နိုင်ပွဲစရခဲ့တဲ့ မန်ယူတို့ အဝေးကွင်းမှာ လက်စတာကို သိသိသာသာပဲ ဖိကစားနိုင်ခဲ့ပါတယ်။ ၁၃ မိနစ်နဲ့ ၁၆ မိနစ်တို့မှာ ဗန်ပါစီနဲ့ ဒီမာရီယာတို့က ဦးဆောင်ဂိုတွေသွင်းခဲ့ပြီး ၅၇ မိနစ်အရောက်မှာ မန်ယူတို့ ၃ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မန်ယူခံစစ်ဟာ လက်စတာရဲ့ ဂိုး ၄ ဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ မန်နောက်တန်းရဲ့ အမှားလို့ ပြောလို့ရပေမယ့် တစ်ပွဲလုံးမှာ ဂိုးကန်သွင်းခွင့် ၅ ကြိမ်သာရပြီး ၅ ဂိုး သွင်းယူနိုင်ခဲ့တဲ့ လက်စတာ ကစားသမားတွေရဲ့ အဆုံးသတ်သေချာမှုကတော့ ချီးကျူးစရာပါပဲ။
    2291
    ဒီနိုင်ပွဲဟာ လက်စတာတို့အတွက် ၁၉၉၈ နောက်ပိုင်း မန်ယူကို ပထမဆုံး အနိုင်ရခြင်းလည်းဖြစ်ပါတယ်။ နည်းပြဗန်ဂါးလ်ကတော့ စိတ်ပျက်စရာ ရလဒ်ဖြစ်တယ်လို့ဆိုပြီး မိမိတို့အသင်း တိုးတက်လာပါလိမ့်မယ်လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
    229-4
    မန်စီးတီးနဲ့ ချယ်ဆီးတို့ပွဲမှာတော့ အိမ်ရှင်မန်စီးတီးတို့ ချယ်ဆီးကစားသမားဟောင်း လမ်းပတ်ရဲ့ သွင်းဂိုးနဲ့ အဖိုးတန် တစ်မှတ်ရခဲ့ပါတယ်။ မန်စီးတီးတို့ ပွဲကိုစိုးမိုးခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်းရခဲ့ပေမယ့် ၆၆ မိနစ်မှာ နောက်ခံလူ ဇာဘလက်တာ နှစ်ဝါတစ်နီနဲ့ အထုတ်ခံလိုက်ရတာက ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာ ချယ်ဆီးတို့ ပထမဆုံးအကြိမ် မန်စီးတီးဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး အဲဒီအခွင့်အရေးကနေပဲ ၇၁ မိနစ်မှာ အန်ဒရီ ရှူရဲလ်က ဦးဆောင်ဂိုး သွင်းပေခဲ့ပါတယ်။ ဒါပေမယ့် ကိုလာရော့ဗ်အစား ၀င်လာတဲ့ လမ်းပတ်က မီလ်နာရဲ့ ဖန်တီးမှုကတစ်ဆင့် ၈၅ မိနစ်မှာ ချေပဂိုး သွင်းယူပေးခဲ့တာကြောင့် အိမ်ရှင်မန်စီးတီးတို့ အဖိုးတန် သရေတစ်မှတ် ရခဲ့တာဖြစ်ပါတယ်။
    229-3
    မာတီနက်ဇ်ရဲ့ အဲဗာတန်ကတော့ အိမ်ကွင်းမှာ ပွဲအစ ၉ မိနစ်မှာပဲ ဦးဆောင်ဂိုးရခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲကို တစ်ဖက်သတ် စိုးမိုးထားခဲ့ပေမယ့် မထိန်းနိုင်ခဲ့ပဲ ဂိုးတွေပြန်ပေးလိုက်ရတာကြောင့် ပွဲအပြီးမှာ ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ စပါးကလည်း အိမ်ကွင်းမှာပဲ ၀က်စ်ဘရွန်းကို နောက်ကျဂိုး တစ်ဂိုးတည်းနဲ့ အရှုံးပေးခဲ့ရပါတယ်။
    ပရီးမီးယားလိဂ် ပွဲစဉ် ၅ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    လက်စတာ ၅-၃ မန်ယူ
    စပါး ၀-၁ ၀က်စ်ဘရွန်း
    အဲဗာတန် ၂-၃ ခရစ္စတယ်ပဲလေ့စ်
    မန်စီးတီး ၁-၁ ချယ်ဆီး
    ကျူပီအာရ် ၂-၂ စတုတ်စီးတီး
    အက်စတွန်ဗီလာ ၀-၃ အာဆင်နယ်
    ဘန်လေ ၀-၀ ဆန်းဒါးလန်း
    နယူးကာဆယ် ၂-၂ ဟားလ်စီးတီး
    ဆွမ်ဆီး ၀-၁ ဆောက်သက်တမ်
  • ၀ဲလ်ဘတ် ဂိုးစသွင်းပြီး အာဆင်နယ်နိုင်၊ လီဗာပူးလ်တို့ တတိယမြောက် ရှုံးပွဲတွေ့
    စက်တင်ဘာ ၂၁ ၊ ၂၀၁၄
    M-Media
    – ပရီးမီးယားလိဂ် ပွဲစဉ် ၅ ရဲ့ ၆ ပွဲကို မနေ့က ကစားခဲ့ပြီး အာဆင်နယ်တို့ ၄ မိနစ်အတွင်းရတဲ့ ၃ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲစဉ် ၃ အထိ ရာနှုန်းပြည့်အနိုင်ရခဲ့တဲ့ ဆွမ်းဆီးတို့ မနေ့ကပွဲမှာလည်း ရှုံးနိမ့်ခဲ့ပြီး၊ လီဗာပူးကလည်း ၀က်စ်ဟမ်းကို အရေးနိမ့်ခဲ့ပါတယ်။
    2192014
    ချန်ပီယံလိဂ်မှာ ဂိုးပြတ်ခြေပြတ်နဲ့ ရှုံးခဲ့ရတဲ့ ၀င်းဂါးရဲ့ အာဆင်နယ်ကတော့ မနေ့က ကစားခဲ့တဲ့ပွဲမှာ အက်စတွန်ဗီလာကို အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်အရှုံးအတွက် သိက္ခာပြန်ဆယ်နိုင်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့တဲ့ အာဆင်နယ်တို့ ပွဲကစားချိန် နာရီဝက်ကျော်တဲ့အထိ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ၃၂၊ ၃၄၊ ၃၆ မိနစ်တွေမှာ အနိုင်ဂိုး ၃ ဂိုး စလုံးရခဲ့ပါတယ်။ ပထမဂိုးကို ခြေစွမ်းကျနေလို့ ဝေဖန်ခံနေရတဲ့ ကွင်းလယ်လူ အိုဇေးလ်က ၀ဲလ်ဘတ်ရဲ့ ဖန်တီးမှုကတစ်ဆင့် တည်တည်ငြိမ်ငြိမ်နဲ့ သွင်းယူပေးခဲ့တာဖြစ်ပြီး၊ ဒုတိယဂိုးကိုတော့ ၀ဲလ်ဘတ်ကိုယ်တိုင် သွင်းယူပေးခဲ့တာပါ။ တတိယဂိုးကတော့ ဗီလာနောက်ခံလူ စစ်ဆိုခိုရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ရခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ၀င်းဂါးက အသင်းရဲ့လုပ်အားနဲ့ စုစည်းမှုကို ကျေနပ်ကြောင်း ပြောကြားခဲ့ပါတယ်။
    21920142
    အပြောင်းအလဲတွေနဲ့ ခြေမငြိမ်သေးတဲ့ လီဗာပူးလ်ကလည်း အဝေးကွင်းမှာ ၀က်စ်ဟမ်းကို ရှုံးနိမ့်ခဲ့ပါတယ်။ ပွဲအစ ၇ မိနစ်အတွင်း ၂ ဂိုးပေးလိုက်ရတာက လီဗာပူးတို့အတွက် ထိုးနှက်မှုတစ်ခုဖြစ်ခဲ့ပြီး ၂၆ မိနစ်မှာ စတာလင်က ချေပဂိုး ၁ ဂိုး ပြန်သွင်းနိုင်ခဲ့ပေမယ့် ပွဲပြီးကာနီမှာ နောက်ထပ်တစ်ဂိုး ပေးလိုက်ရတာကြောင့် ၃ ဂိုး ၁ ဂိုးနဲ့ ပွဲသိမ်းခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ခြေစွမ်းပြကာ ချန်ပီယံဆုကိုပါ ခြိမ်းခြောက်နိုင်ခဲ့တဲ့ လီဗာပူးလ် ယခုနှစ် ပရီးမီးယားလိဂ် ၅ ပွဲပြီးချိန်မှာ ၃ ပွဲအထိ ရှုံးနိမ့်ထားပါတယ်။
    ပြီးခဲ့တဲ့တစ်ပါတ်က ချယ်ဆီးကိုရှုံးခဲ့တဲ့ ဆွမ်ဆီးတို့ မနေ့ကပွဲမှာလည်း ဆောက်သက်တမ်ကို နောက်ကျဂိုး တစ်ဂိုးတည်းနဲ့ အရှုံးပေးခဲ့ရပါတယ်။ ပွဲစဉ် ၃ အထိ ရာနှုန်းပြည့်အနိုင်ရခဲ့တဲ့ ဆွမ်ဆီးတို့ ပွဲအစပိုင်းကတည်းက ဆောက်သက်တမ်ကို ဖိကစားနိုင်ပေမယ့် ၃၈ မိနစ်မှာ ဘိုနီအထုတ်ခံလိုက်ရတာက ပွဲကို အလှည့်အပြောင်းဖြစ်စေခဲ့ပါတယ်။ ဆောက်သက်တမ်အတွက် အဖိုတန်အနိုင်ဂိုးကိုတော့ လူစားဝင်ကကစားသမား ဗစ်တာ ၀မ်ယာမာက မိနစ် ၈၀ မှာ သွင်းယူပေးခဲ့တာပါ။
    ပရီးမီးယားလိဂ် ပွဲစဉ် ၅ ရဲ့ စနေနေ့ အနိုင်အရှုံးရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ကျူပီအာရ် ၂-၂ စတုတ်စီးတီး
    အက်စတွန်ဗီလာ ၀-၃ အာဆင်နယ်
    ဘန်လေ ၀-၀ ဆန်းဒါးလန်း
    နယူးကာဆယ် ၂-၂ ဟားလ်စီးတီး
    ဆွမ်ဆီး ၀-၁ ဆောက်သက်တမ်
  • ပရိတ်သတ်များ လီဗာပူလ်းအတွက် စိတ်ရှည်ကြရန် နည်းပြ ရော်ဂျာ တိုက်တွန်း
    ပရိတ်သတ်များ လီဗာပူလ်းအတွက် စိတ်ရှည်ကြရန် နည်းပြ ရော်ဂျာ တိုက်တွန်း
    စက်တင်ဘာ ၁၉ ၊ ၂၀၁၄
    M-Media
    455542_heroa
    – ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေပြီး အသင်းအား တည်ဆောက်နေချိန်တွင် ပရိတ်သတ်များအနေဖြင့် စိတ်ရှည်ကြရန် လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက တိုက်တွန်းလိုက်သည်။
    ပြီးခဲ့သည့် အပြောင်းအရွှေ့တွင် တိုက်စစ်မှူးဆွာရက်ဇ်အား ရောင်းချခဲ့ပြီးနောက် ကစားသမား ၈ ယောက်အထိခေါ်ယူကာ အသင်းအား ပြန်လည် တည်ဆောက်ခဲ့သော်လည်း ပရီးမီးယားလိဂ် ၄ ပွဲကစားပြီးချိန်တွင် ၂ ပွဲအထိ ရှုံးနိမ့်ထားခြင်းကြောင့် ရော်ဂျာအပေါ် ဝေဖန်မှုများ ရှိနေသည်။
    “မှော်ဆန်တဲ့ ဖော်မြူလာတော့ မရှိပါဘူး။ လေ့ကျင့်ကွင်မှာ မပြောင်းလဲတဲ့ ပုံစံအတိုင်းသာ ဆက်သွားနေတာပါ။ ပြီးခဲ့တဲ့နှစ် ဒီလိုအချိန်ကို ကျွန်တော် သတိရနေပါတယ်။ အသင်းက ဂိုးရနိုင်ပါ့လားလို့ ကျွန်တော်အမေးခံခဲ့ရပြီး အဆုံးမှာတော့ ကျွန်တော်တို့ ၁၀၁ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ အချိန်နဲ့ စိတ်ရှည်မှုလိုပါတယ်” ဟု ရော်ဂျာက သတင်းထောက်များအား ပြောကြားခဲ့သည်။
    ကစားသမားအသစ်များမှာလည်း အသင်း၌ အံဝင်လာပြီး၊ အခြေကျလာကြောင်း မိမိ၏အတွေ့အကြုံအရ ပြောရလျှင် မိမိတို့အသင်းမှာ ပိုမိုတောင့်တင်းလာမည်ဖြစ်ကြောင်း ရော်ဂျာက ထပ်လောင်းပြောကြားခဲ့သည်။