News @ M-Media
Tag: PremierLeague
  • လီဗာပူးလ်၊ မန်စီးတီးတို့ အနိုင်ရခဲ့ပြီး နယူးကာဆယ် သရေကျ
    လီဗာပူးလ်၊ မန်စီးတီးတို့ အနိုင်ရခဲ့ပြီး နယူးကာဆယ် သရေကျ
    အောက်တိုဘာ ၅ ၊ ၂၀၁၄
    M-Media
    – ပရီးမီးယားလိဂ် ပွဲစဉ် ၇ ရဲ့ ၆ ပွဲကို ယမန်နေ့ညမှာကစားခဲ့ပြီး ပယ်လီဂရီနီရဲ့ မန်စီးတီးနဲ့ ရော်ဂျာရဲ့ လီဗာပူးလ်တို့ အနိုင်ရခဲ့ပါတယ်။ နှုတ်ထွက်ဖို့ ဖိအားပေးခြင်းခံနေရတဲ့ နယူးကာဆယ်ကတော့ အဝေးကွင်းမှာ ဂိုးတွေနောက်ကလိုက်သွင်းပြီး သရေတစ်မှတ် ရခဲ့ပါတယ်။
    liverpool
    ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက်တိုက် နိုင်ပွဲမရခဲ့တဲ့ လီဗားပူးလ်တို့ မနေ့ကပွဲမှာတောု့လိုအပ်နေတဲ့ အနိုင် ၃ မှတ်ကို အရယူနိုင်ခဲ့ပါတယ်။ အီတလီတိုက်စစ်မှူး ဘာလော့တယ်လီ အရန်ခုံထိုင်ခဲ့ရပြီး လီဗာပူးလ်တိုက်စ်ကို ရစ်ကီလမ်ဘာ့တ်က ဦးဆာင်ခဲ့ပါတယ်။ ပွဲအစပိုင်းမှာ လီဗာပူးလ်တို့ အသာရခဲ့ပြီး ဂိုးသွင်းခွင့်အချို့ရခဲ့ပေမယ့် ဂိုးအဖြစ်တော့ မပြောင်းလဲနိုင်ခဲ့ပါဘူး။ ၄၅ မိနစ်မှာ လီဗာပူးလ်တို့ အဖွင့်ဂိုးရခဲ့ကာ အဒမ် လာလနာက သွင်းပေးခဲ့တာပါ။ ၅၆ မိနစ်မှာ ပင်နယ်တီကတစ်ဆင့် ၀က်စ်ဘရွန်းတို့ ချေပဂိုးရခဲ့ပေမယ့် ၆၁ မိနစ်မှာ ဂျော်ဒန် အန်ဒါဆန်က လိုအပ်နေတဲ့ အနိုင်ဂိုး သွင်းပေးခဲ့တာကြောင့် လီဗာပူးလ်တို့ အဖိုးတန် ၃ မှတ် ရရှိခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ လီဗာပူးလ်နည်းပြ ရော်ဂျာက ရလဒ်ကို ကျေနပ်မိပြီး မိမိတို့အသင်း စွမ်းဆောင် ရည်ကောင်းကို ပြနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
    အသင်းက နှုတ်ထွက်ဖို့ အလွန်အမင်း ဖိအားပေးခံနေရတဲ့ ပါဂျူးရဲ့ နယူးကာဆယ်ကတော့ အဝေးကွင်းမှာ ဆစ်စီရဲ့ နောက်ကျဂိုးနဲ့ သရေတစ်မှတ်ရခဲ့ပါတယ်။ ဒါပေမယ့် အသင်းရဲ့ ကစားပုံကတော့ စွဲမက်စရာမရှိဘဲ ချေပဂိုးတွေကိုလည်း နောက်ကလိုက်သွင်းခဲ့ရတာပါ။ ၁၆ မိနစ်လောက်မှာ အပိုင်ဂိုးသွင်းခွင့်တစ်ကြိမ်ရခဲ့ပေမယ့် နယူးကာဆယ်တို့ အသုံးမချနိုင်ခဲ့ပါဘူး။ ဘိုနီက ဆွမ်ဆီးအတွက် ၁၇ မိနစ်မှာ ဦးဆောင်ဂိုးသွင်းပေးခဲ့ပြီး ၄၃ မိနစ်မှာ ပါပစ် ဒန်ဘာ ဆစ်စီက ချေပဂိုးသွင်းပေးခဲ့ပါတယ်။ ဒါပေမယ့် မိနစ် ၅၀ မှာ ၀ိန်း ရုသ်လက်ဂ်ျရဲ့ ဂိုးကိုတော့ နယူးကာဆယ်တို့  ပြန်ခွင့်ပြုခဲ့ရပြန်ပါတယ်။ နောက်ပိုင်းမှာတော့ နယူးကာဆယ်တို့ ချေပဂိုးရဖို့ ကြိုးစားကစားခဲ့ပြီး ၇၅ မိနစ်မှာ ဆစ်စီကပဲ ချေပဂိုး ပြန်သွင်းပေးခဲ့တာကြောင့် ပွဲအပြီးမှာ သရေတစ်မှတ်ရခဲ့ပါတယ်။ ဒါပေမယ့် ယခုနှစ်ရာသီမှာ နိုင်ပွဲတစ်ပွဲမှ ရအောင် မစွမ်းဆောင်နိုင်သေးတဲ့ အလန်ပါဂျူးအတွက် ဖိအားတွေ ဆက်ရှိနေပါတယ်။
    ASTON VILLA VS MAN CITY
    မန်စီးတီးတို့ကတော့ အဝေးကွင်းမှာ အက်စတွန်ဗီလာကို သက်တောင့်သက်သာပဲ အနိုင်ရခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု တစ်ဖက်သက်ဖြစ်ခဲ့ပြီး ဂိုးသွင်းခွင့်လည်း ၁၁ ကြိမ်လောက်ရခဲ့ပေမယ့် အနိုင်ဂိုးတွေကိုတော့ ၈၂ မိနစ်နဲ့ ၈၈ မိနစ်တွေမှသာ ယာယာတိုးယေးနဲ့ အဂူရိုတို့က အသွင်းယူပေးခဲ့တာပါ။
    ဆန်းဒါးလန်းက အိမ်ကွင်းမှာ စတုတ်ကို ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ရခဲ့ပြီး၊ ဒီနှစ်မှာ ခြေစွမ်းငြိမ်နေတဲ့ လက်စတာတို့ ဒုတိယပိုင်းနာကျင်အချိန်ပို နောက်ဆုံးမိနစ်ဂိုးကြောင့် ဘန်လေကို သရေတစ်မှတ် ခွဲပေးလိုက်ရပါတယ်။
    ယမန်နေ့ အနိုင်အရှုံးရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ဟားလ်စီးတီး ၂-၀ ခရစ္စတယ်ပဲလေ့စ်
    လက်စတာ ၂-၂ ဘန်လေ
    လီဗာပူးလ် ၂-၁ ၀က်စ်ဘရွန်း
    ဆန်းဒါးလန် ၃-၁ စတုတ်စီးတီး
    ဆွမ်ဆီး ၂-၂ နယူးကာဆယ်
    အက်စတွန်ဗီလာ ၀-၂ မန်စီးတီး
  • ချယ်ဆီးအား မနှစ် ရှုံးကြွေးအား ပြန်ဆပ်မည်ဟု အာဆင်ဝင်းဂါးဆို
    ချယ်ဆီးအား မနှစ် ရှုံးကြွေးအား ပြန်ဆပ်မည်ဟု အာဆင်ဝင်းဂါးဆို
    အောက်တိုဘာ ၄ ၊ ၂၀၁၄
    M-Media
    Chelsea-v-Arsenal-Premier-League
    – ပြီးခဲ့သည့်နှစ်က ချယ်ဆီးအသင်းအား ၆ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သော ရှုံးကြွေးကို မနက်ဖြန်တွင် ပြန်ဆပ်သွားမည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြား လိုက်သည်။
    အာဆင်နယ်မှာ ပြီးခဲ့သည့် မတ်လက ချယ်ဆီးအား ၆ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး အာဆင်ဝင်းဂါး၏ အာဆင်နယ်နည်းပြ သက်တမ်း တစ်လျှောက် မြို့ခံပြိုင်ဘက်အား အဆိုးဝါးဆုံး ရှုံးနိမ့်မှုလည်းဖြစ်သည်။
    “မနှစ်က ဘောလုံးရာသီမှာ တွေ့ကြုံခဲ့ရတာတွေထက် ကစားသမားတွေဟာ ပိုကောင်းအောင်လုပ်ချင်ကြပြီး လက်စားချေကြမှာပါ။ အဲဒီနေ့ကို ကျွန်တော် ဘယ်တော့မှ မမေ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုအတွက် အရမ်း ဂုဏ်ယူမိပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    အာဆင်နယ်နှင့် ချယ်ဆီးတို့မှာ မနက်ဖြန်တွင် ပရီးမီးယားလိဂ် ပွဲစဉ် ၇ အဖြစ် စတမ်းဖို့ဒ်ဘရစ်ခ်ျ၌ ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး ထိုပွဲက ၀င်းဂါး၏ ပွဲပေါင်း ၁၀၀၀ မြောက်ဖြစ်ကာ မော်ရင်ဟိုနှင့် ၁၂ ကြိမ်မြောက်တွေ့ဆုံခြင်းလည်းဖြစ်သည်။ ပြီးခဲ့သည့် ၁၁ ကြိမ်တွင် ၀င်းဂါးမှာ မော်ရင်ဟိုအား တစ်ကြိမ်မှ အနိုင်ရခြင်းမရှိခဲ့ပေ။
  • အသင်းမှ နှုတ်ထွက်ရန် ဖိအားပေးမှု မိသားစုအပေါ် ထိခိုက်မည်ကို နယူးကာဆယ် နည်းပြ စိုးရိမ်
    အသင်းမှ နှုတ်ထွက်ရန် ဖိအားပေးမှု မိသားစုအပေါ် ထိခိုက်မည်ကို နယူးကာဆယ် နည်းပြ စိုးရိမ်
    အောက်တိုဘာ ၃ ၊ ၂၀၁၄
    M-Media
    1412274500852_Image_galleryImage_NEWCASTLE_UPON_TYNE_ENGLA– အသင်းမှနှုတ်ထွက်ရန် အလွန်အမင်းဖိအားပေးနေသော ပရိတ်သတ်ကြောင့် မိမိ၏ မိသားစုလုံခြုံရေးအား စိုးရိမ်မိသည်ဟု နယူးကာဆယ်နည်းပြ အလန်ပါဂျူးက ပြောကြားလိုက်သည်။
    ပရီးမီးယားလိဂ် ၆ ပွဲကစားပြီးချိန်တွင် နယူးကာဆယ်မှာ နိုင်ပွဲမရရှိသေးဘဲ အဆင့် ၁၉ နေရာသို့ရောက်ရှိနေပြီး ပရိတ်သတ်များက နည်းပြအလန်ပါဂျူး အသင်းမှ နှုတ်ထွက်ရန် ပြင်းပြင်းထန်ထန် ဖိအားပေးလျက်ရှိနေသည်။
    ထို့ပြင် ယခုသီတင်းပတ်အတွင်း အသင်း၏ လေ့ကျင့်ရေးကွင်း၌ ဒေါသထွက်နေသော ပရိတ်သတ်များ၏ နှောက်ယှက်မှုကို ပါဂျူးမှာ နှစ်ကြိမ်ခန့် ခံခဲ့ရပြီးနောက် မိမိနှင့် နီးစပ်သောသူများထံသို့ပါ သက်ရောက်မှုရှိမည်ကို စိုးရိမ်ကြောင်း ပါဂျူးက ၀န်ခံခဲ့သည်။
    “ကျွန်တော့်ရဲ့မိသားစုနဲ့ မိတ်ဆွေကို နည်းနည်းတော့ စိတ်ပူပါတယ်။ ပရိတ်သတ်တွေရဲ့ တုံ့ပြန်မှုကို တစ်ကြိမ် နှစ်ကြိမ်လောက် ခံခဲ့ရတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြဿနာမရှိပါဘူး။ ဒါဟာ နည်းပြတစ်ယောက်ဖြစ်ခြင်းရဲ့ အစိတ်အပိုင်းပါပဲ” ဟု ပါဂျူးက ပြောကြားခဲ့သည်။
    နယူးကာဆယ်မှာ ယခုတစ်ပတ်တွင် ဆွမ်းဆီးအသင်းနှင့် အဝေးကွင်း၌ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပါဂျူးကမူ မိမိအနေဖြင့် နယူးကာဆယ်ကိုချစ်ကြောင်း၊ အသင်းအား ပစ်၍သွားမည်မဟုတ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
    ပါဂျူးမှာ နယူးကာဆယ်နည်းပြ မိုက်အက်ရှ်လေ၏ ထောက်ခံမှုကို အပြည့်အ၀ ရရှိထားသူဖြစ်သည်။
    ref_ DailyMail
  • မန်ယူအသင်း၏ စက်တင်ဘာ အကောင်းဆုံး ကစားသမား အဖြစ် ဒီမာရီယာ ရွေးချယ်ခံရ
    မန်ယူအသင်း၏ စက်တင်ဘာ အကောင်းဆုံး ကစားသမား အဖြစ် ဒီမာရီယာ ရွေးချယ်ခံရ
    အောက်တိုဘာ ၃ ၊ ၂၀၁၄
    M-Media
    1412280056750_wps_35_By9d9zNIgAAD1ax_jpg
    – မန်ချက်စတာယူနိုက်တက်အသင်း၏ တစ်လတာအကောင်းဆုံးကစားသမားအဖြစ် ရီးယဲလ်မှ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်လာခဲ့သည့် အာဂျင်တိုင်းကွင်းလယ်လူ အိန်ဂျယ်ဒီမာရီယာက ရွေးချယ်ခံခဲ့ရသည်ဟု သိရသည်။
    စက်တင်ဘာလအတွက် ချီးမြှင့်သည့် ထိုဆုကို မန်ယူပရိတ်သတ်များက မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဒီမာရီယာက ဟာရဲရားနှင့် ရာဖေးလ်တို့ကို အပြတ်အသတ်ကျော်ကာ ၆၈ ရာခိုင်နှုန်းဖြင့် ထိုဆုအား ရရှိခဲ့ခြင်းဖြစ်သည်။ ဒီမာရီယာမှာ စက်တင်ဘာလအတွင်း မန်ယူအသင်းတွင် ခြေစွမ်းပြခဲ့ပြီး လက်စတာနှင့်ပွဲတွင် ၁ ဂိုး သွင်းယူပေးခဲ့သည်။
    “ဒီဆုကိုရတဲ့အတွက် ကျွန်တော်အရမ်း ပျော်ရွှင်မိပါတယ်။ ဒါပေမယ့်ါတွေအားလုံးဟာ အသင်းအတွက်ပဲဆိုတာ အလေးထားရပါမယ်။ မန်ယူမှာ ကျွန်တော် ကောင်းမွန်စွာ စတင်နိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိပါတယ်။ ပြီးတော့ ကွင်းထဲက ကျွန်တော့်ရဲ့ ဆောင်ရွက်မှုတွေက အသင်းကို အမှတ်တွေရပြီး အောင်မြင်မှုတွေရစေဖို့ အကူအညီဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်” ဟု ဒီမာရီယာက တစ်လတာ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရမှုနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။
  • ဘာလော့တယ်လီ ပိုကြိုးစားရမည်ဟု လီဗာပူးလ်နည်းပြ ရော်ဂျာပြော
    ဘာလော့တယ်လီ ပိုကြိုးစားရမည်ဟု လီဗာပူးလ်နည်းပြ ရော်ဂျာပြော
    အောက်တိုဘာ ၃ ၊ ၂၀၁၄
    M-Media
    balotelli
    – ဘေဆယ်အား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် ယနေ့မနက် ချန်ပီယံလိဂ်ပွဲတွင် ဂိုးသွင်းယူနိုင်ခြင်းမရှိသည့် ဘာလော့တယ်လီအနေဖြင့် ပိုမိုကြိုးစားရန် လိုအပ်သည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြား လိုက်သည်။
    အဖွင့်ပွဲ လူဒိုဂိုးရက်စ်နှင့်ပွဲတွင် ၁ ဂိုး သွင်းယူပေးခဲ့သည့် ဘာလော့တယ်လီမှာ ယနေ့နံနက် ပွဲတွင် ခြေစွမ်းပြနိုင်ခြင်း မရှိဘဲ လီဗာပူးလ်မှာလည်း ဘေဆယ်ဂိုးပေါက်အား သိသိသာသာ ခြိမ်းခြောက်နိုင်ခဲ့ခြင်း မရှိချေ။
    ရော်ဂျာကမူ ၎င်း၏ ရင်းနှီးမြှုပ်နှံထားမှုအတွက် ဘာလော့တယ်လီထံမှ စွမ်းဆောင်ရည် ကောင်းများကို လိုချင်နေသည်။
    “သူ(ဘာလော့တယ်လီဟာ) ကြိုစားခဲ့ပါတယ်။ ဒါပေမယ့် ပိုကြိုးစားဖို့လိုပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်ကို သူဘယ်လောက်ဖန်တီးပေးတယ်၊ ဘယ်လောက် ဂိုးသွင်းတယ်ဆိုတာနဲ့ ဆုံးဖြတ်ပါတယ်။
    (ဘေဆယ်နဲ့ပွဲမှာ) သူ ဂိုးမသွင်းခဲ့ပါဘူး။ ဒါပေမယ့် သူဟာ ကြိုစားနေပြီး အလုပ်ကိုလည်း ပြင်းပြင်းထန်ထန် လုပ်ပါတယ်” ဟု ရော်ဂျာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ဘာလော့တယ်လီမှာ လီဗာပူးလ်သို့ စရောက်ကတည်းက အသင်းအတွက် ၁ ဂိုးသာ သွင်းယူပေးထားနိုင်သည်။