News @ M-Media
Tag: PremierLeague
  • အာဆင်နယ် ကွင်းလယ်လူ အိုဇေးလ် ဒဏ်ရာကြောင့်  နှစ်ကုန်အထိ နားရမည်
    အာဆင်နယ် ကွင်းလယ်လူ အိုဇေးလ် ဒဏ်ရာကြောင့် နှစ်ကုန်အထိ နားရမည်
    အောက်တိုဘာ ၉ ၊ ၂၀၁၄
    M-Media
    466249_heroa
    – အာဆင်နယ်အသင်း၏ အားထားရသော ကွင်းလယ်လူ မီဆုအိုဇေးလ်မှာ ဒူးအရွတ်စုတ်ပြဲသည့် ဒဏ်ရာကြောင့် ယခုနှစ်ကုန်အထိ အနားယူရမည်ဟု သိရသည်။
    ဂျာမနီအသင်းနှင့် ယမန်နေ့က လေ့ကျင့်မှုများ ပြုလုပ်နေစဉ် ဒဏ်ရာရရှိခဲ့သောကြောင့် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဂျာမန်ဘောလုံးအဖွဲ့ချုပ်က အိုဇေးလ်မှာ ၁၀ ပတ်မှ ၁၂ ပတ်အထိ အနားယူရမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
    သို့သော်လည်း အဆင်နယ်ကမူ မိမိတို့အနေဖြင့် စစ်ဆေးမှုများကို ထပ်မံပြုလုပ်သွားမည်ဖြစ်ပြီး အိုဇေးလ်မည်မျှ အနားယူရမည်ကို မပြောနိုင်သေးကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
    အိုဇေးလ်မှာ ယခင်ကလည်း ထိုဒဏ်ရာကို ခံစားခဲ့ရဖူပြီး လက်ရှိတွင် ခွဲစိတ်ကုသမှုများ ပြုလုပ်မည့်အစီအစဉ် မရှိသေးပေ။
    အာဆင်နယ်တွင် အားထားရသည့် ကစားသမားများဖြစ်သည့် ဂျီရောဒ့်၊ ရမ်ဆေး၊ အာတီတာ၊ ဝေါကော့တို့မှာ ဒဏ်ရာများကြောင့် အနားယူနေရပြီး အိုဇေးလ်၏ ဒဏ်ရာရရှိမှုက အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးအတွက် ထိုးနှက်ချက် တစ်ခု ဖြစ်လာမည်ဖြစ်သည်။
  • ဟဇာဒ့်မှာ ချယ်ဆီး၏ မက်ဆီဟု ဖာဘရီဂတ်စ်ဆို
    ဟဇာဒ့်မှာ ချယ်ဆီး၏ မက်ဆီဟု ဖာဘရီဂတ်စ်ဆို
    အောက်တိုဘာ ၉ ၊ ၂၀၁၄
    M-Media
    EMP_CHEL_LIVER_14-451020
    – ဘာစီလိုနာတွင် မက်ဆီမှာ အသင်းအပေါ် အကျိုးသက်ရောက်မှု ရှိသကဲ့သို့ ဟဇာဒ့်မှာလည်း ချယ်ဆီးအသင်းအပေါ် သက်ရောက်မှုရှိသည်ဟု ချယ်ဆီးကွင်းလယ်လူ ဖာဘရီဂတ်စ်က ပြောကြားလိုက်သည်။
    ဟဇာဒ့်မှာ မော်ရင်ဟို ချယ်ဆီးသို့ ပြန်လည်ရောက်ရှိလာပြီးနောက် အသင်း၌ နေရာရလာခဲ့ပြီး အသင်း၏ ကွင်းလယ်မောင်းနှင်အားလည်း ဖြစ်လာခဲ့သည်။
    “သူ(ဟဇာဒ့်)က အသင်းရဲ့ အလယ်တန်းနဲ့ တိုက်စစ်ကို ချိတ်ဆက်ပေးပါတယ်။ သူရဲ့ ထူးခြားဆောင်ရွက်မှုကြောင့် ကျွန်တော်တို့ရဲ့ မက်ဆီပါပဲ။ ကျွန်တော်တို့အသင်းဟာ နုသေးပေမယ့် အနာဂတ်နဲ့ ပတ်သက်လို့တော့ အကောင်းမြင်ပါတယ်” ဟု ဖာဘရီဂတ်စ်က Cope ရေဒီယိုသို့ ပြောကြားခဲ့သည်။
    ဘာစီလိုနာတွင် မက်ဆီနှင့် ၄ နှစ်ကြာတွဲကစားခဲ့သည့် ဖာဘရီဂတ်စ်မှာ ပရီးမီးယားလိဂ်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် ခြေစွမ်းကောင်းများကို ပြသေနေပြီး ပြီးခဲ့သည့် တစ်ပတ် အသင်းဟောင်း အာဆင်နယ်အား ၂ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် အနိုင်ဂိုး တစ်ဂိုးအား ဖန်တီးပေးနိုင်ခဲ့သည်။
    ထို့ပြင် ဖာဘရီဂတ်စ်က ပြီးခဲ့သည့်နွေရာသီတွင် အာဆင်နယ်နှင့် ချယ်ဆီးတို့အပါအ၀င် ကလပ်အသင်း ၃ သင်းက မိမိအား စိတ်ဝင်စားခဲ့ပြီး၊ မော်ရင်ဟိုကြောင့် ချယ်ဆီးသို့ ပြောင်းရွှေ့လာခြင်းဖြစ်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
  • အငြင်းပွားဖွယ်များ ပါသည့် ရွိုင်ကင်း၏ ကိုယ်တိုင်ရေး ဒုတိယမြောက် အထုပ္ပတ္တိ ထွက်လာ
    အငြင်းပွားဖွယ်များ ပါသည့် ရွိုင်ကင်း၏ ကိုယ်တိုင်ရေး ဒုတိယမြောက် အထုပ္ပတ္တိ ထွက်လာ
    အောက်တိုဘာ ၈  ၊ ၂၀၁၄
    M-Media
    1412613037394_wps_2_image001_png– မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကင်း၏ ကိုယ်တိုင်ရေး ဒုတိယမြောက် အထုပ္ပတ္တိစာအုပ် The Second Half တွင် ဖာဂူဆန်အား ပြစ်တင်ပြောဆိုမှုများ အပါအ၀င် အငြင်းပွားဖွယ် အကြောင်းအရာများ ပါဝင်သည်ဟု သိရသည်။
    ထိုစာအုပ်အား အောက်တိုဘာ ၆ ရက်နေ့က စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး မန်ယူမှ ထွက်ခွာချိန် ၂၀၀၅ ခုနှစ်တွင် ဖာဂူဆန်၊ လက်ထောက်နည်းပြ ကွီယော့ဇ်နှင့် ရွိုင်ကင်းတို့ကြားတွင် မကျေလည်မှုများဖြစ်ပွား ခဲ့သည်ဟု ဖော်ပြထားသည်။ ထို့ပြင် ရွိုင်ကင်းမှာ ထိုစာအုပ်တွင် ဖာဂူဆန်အား ရိုင်းစိုင်းသည့် စကားလုံးဖြင့် ခေါ်ဝေါ် သုံးစွဲထားမှုလည်း ပါဝင်သည်။
    ရွိုင်ကင်းမှာ မန်ယူမှ ထွက်ခွာရန် စီစဉ်နေစဉ် ရီယဲလ်မှခေါ်ယူရန် ဆက်သွယ်ခဲ့သော်လည်း ငြင်းဆန်ခဲ့ပြီး ထိုအတွက် နောင်တရသည့်အကြောင်း၊ အသင်း၏ ဂန္တ၀င်ကွင်းလယ်လူ ကန်တိုနာ အနားယူ သွားပြီးနောက် ၎င်း၏ ကျောနံပါတ် ၇ ကို ဖာဂူဆန်က မိမိအားပေး၍ ဘက်ခမ်း ၀တ်ဆင်ခြင်းမပြုရန် ဆောင်ရွက်ခဲ့သော်လည်း မိမိက လက်မခံခဲ့ကြောင်း စသည့်အကြောင်းအရာများလည်း ပါဝင်သည်။
    ထို့ပြင် စပို့တင်းလစ္စဘွန်း၏ အိမ်ကွင်းဖွင့်ပွဲအဖြစ် ၎င်းတို့နှင့်ကစားသည့် ပွဲတွင် ခရစ္စတီယာနိုရော်နယ်ဒို၏ စွမ်းရည်ကို သိရှိခဲ့သည်ဟု ရွိုင်ကိန်းက ရေးသားထားပြီး ရော်နယ်ဒိုကိုလည်း ချီးကျူးခဲ့သည်။ ထိုပွဲတွင် ရော်နယ်ဒို၏ မွှေနှောက် ထိုးဖောက်မှုကြောင့် မန်ယူ ကွင်းလယ်လူ ဂျွန်အိုရှေးမှာ ပထမပိုင်း အပြီးမှာပင် ခေါင်းမူးသဖြင့် ဆရာဝန်ပြသ ခဲ့ရကြောင်းကိုလည်း ထုတ်ဖော်ရေးသားထားသည်။
    မန်ယူအသင်းခေါင်းဆောင် ဘ၀က အာဆင်နယ် အသင်းခေါင်းဆောင် ဗီအဲရာနှင့် ပြဿနာဖြစ်ခဲ့သည့် အကြောင်း၊ ၎င်းကျင်လည်ခဲ့ရသည့် ကလပ် အသင်းများတွင် ကြုံတွေ့ခဲ့သည့် အကြောင်းအရာများ စသည်တို့ကိုလည်း ရွိုင်းကင်းက ထိုစာအုပ်တွင် ပြည့်ပြည့်စုံစုံ ရေးသားထားသည်။
    ရွိုင်ကင်း၏ ကိုယ်တိုင်ရေး အထုပ္ပတ္တိ ပထမပိုင်းတွင်လည်း ထိုကဲ့သို့ အငြင်းပွားဖွယ်များ ပါဝင်ခဲ့ပြီး၊ ဖာဂူဆန်ကလည်း ၎င်း၏ ကိုယ်တိုင်ရေး အထုပ္ပတ္တိတွင် ရွိုင်ကင်းအား ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားခဲ့သည်။
    ref_ Daily Mail
  • မန်ယူတွင် စာချုပ်ပြည့်သည်အထိ တာဝန်ယူမည်ဟု ဗန်ဂါးလ်ဆို
    မန်ယူတွင် စာချုပ်ပြည့်သည်အထိ တာဝန်ယူမည်ဟု ဗန်ဂါးလ်ဆို
    အောက်တိုဘာ ၆  ၊ ၂၀၁၄
    M-Media
    Manchester-United-v-West-Ham-United-Premier-League
    – မန်ယူအသင်း ထိပ်ပိုင်းသို့ ပြန်ရောက်ရန် အချိန်ယူရမည်ဖြစ်ပြီး မိမိမှာလည်း စာချုပ်ချုပ်ထားသော ၃ နှစ်ပြည့်သည်အထိ အသင်းအား တာဝန်ယူသွားမည်ဟု ပြောကြားလိုက်သည်။
    ဂန္တ၀င်နည်းပြ ဖာဂူဆန် အနားယူသွားပြီးနောက် ၁၀ လသာခံသည့် နည်းပြ မိုယက်စ်နေရာကို လွှဲပြောင်းရယူခဲ့ရသည့် ဗန်ဂါးလ်မှာ နွေရာသီ အပြောင်းအရွှေ့တွင် ငွေကြေးအမြောက် အများသုံးစွဲကာ အသင်းအား ပြန်လည်တည်ဆောက်ထားသော်လည်း ရလဒ်ကောင်းများ မရရှိသောကြောင့် ဝေဖန်မှုများကို ခံနေရသည်။
    သို့သော်လည်း ဗန်ဂါးလ်ကမူ အသင်းအတွက် အချိန်လိုအပ်ပြီး မိမိမှာလည်း ၃ နှစ်ပြည့်သည်အထိ ရှိနေမည်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။
    “ကျွန်တော် ၃ နှစ်စာချုပ် ချုပ်ထားတာပါ။ ကျွန်တော့်ကိုယုံပါ။ စာချုပ်ပြည့်တဲ့အထိ ဆက်ရှိသွားမှာပါ။ တကယ်တော့ ကျွန်တော့်ကို အချိန်ပေးရပါမယ်။ ဒီလိုမှမဟုတ်ရင် ဒီကို ကျွန်တော်ရောက်လာမှာ မဟုတ်ပါဘူး” ဟု ဗန်ဂါးလ်ကဆိုသည်။
    ထို့ပြင် အသင်းမှ ရွိုင်ယန်ဂစ်၊ အီဗရာ၊ ဖာဒီနန်၊ ဗီဒစ်တို့အား ဆုံးရှုံးခဲ့ရခြင်းမှာ အသင်းအား ခေါင်းဆောင်မဲ့စေခဲ့သည်ဟု ဗန်ဂါးလ်က ၀န်ခံခဲ့သည်။
    ref_ The Mirror
  • ဒီဂီယာကြောင့် ၃ မှတ်ရခဲ့တဲ့ မန်ယူ၊ အာဆင်နယ်တို့ ရှုံးကြွေးထပ်တင်ခဲ့တဲ့ EPL ပွဲစဉ် ၇ စူပါဆန်းဒေးပွဲများ
    ဒီဂီယာကြောင့် ၃ မှတ်ရခဲ့တဲ့ မန်ယူ၊ အာဆင်နယ်တို့ ရှုံးကြွေးထပ်တင်ခဲ့တဲ့ EPL ပွဲစဉ် ၇ စူပါဆန်းဒေးပွဲများ
    အောက်တိုဘာ ၆ ၊ ၂၀၁၄
    M-Media
    – ပရီးမီးယားလိဂ် ပွဲစဉ် ၇ ရဲ့ Match of The Week အပါအ၀င် ပွဲစဉ် ၄ ပွဲကို ယမန်နေ့ညမှာ ကစားခဲ့ပြီး မန်ယူ၊ ချယ်ဆီး၊ စပါးနဲ့၊ ၀က်စ်ဟမ်းတို့ အနိုင်ရခဲ့ပါတယ်။
    6092014
    အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ မန်ယူနဲ့ အဲဗာတန်တို့ရဲ့ ပွဲမှာတော့ မိုနာကိုက အငှားနဲ့လာကစားတဲ့ တိုက်စစ်မှူး ဖယ်လ်ကာအိုရဲ့ အသင်းအတွက် ပထမဆုံးဂိုးနဲ့အတူ မန်ယူတို့ ရာသီသစ်မှာ နှစ်ပတ်ဆက်တိုက် နိုင်ပွဲရခဲ့ပါတယ်။ ပထမပိုင်းမှာ မန်ယူတို့ ကစားပုံပိုကောင်းခဲ့ပြီး ဂိုးသွင်းခွင့်အချို့ရခဲ့ပေမယ့် ၂၇ မိနစ်မှာ ဒီမာရီယာရဲ့ သွင်းဂိုး ၁ ဂိုးသာ ရခဲ့ပါတယ်။ မန်ယူအတွက် ကံကောင်းတာက ပထမပိုင်း နာကျင်အချိန်ပိုမှာ လေတန်ဘိန်းရဲ့ ပင်နယ်တီကို ဒီဂီယာ ကာကွယ်သွားနိုင်ခဲ့တာပါ။
    16092014
    ၅၅ မိနစ်မှာ စတီဗင် နိုင်စမစ်က အဲဗာတန်အတွက် ချေပဂိုး သွင်းပေးခဲ့ပြီး နောက်ပိုင်းမှာလည်း အပိုင်ဂိုးသွင်းခွင့် တစ်ချို့ရခဲ့ပေမယ့် မန်ယူဂိုးသမား အကောင်းဆုံး ကာကွယ်သွားတာကြောင့် အဲဗာတန်တို့ သရေရနိုင်မယ့်အခွင့်အရေး လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။ မန်ယူအတွက် အနိုင်ဂိုးကိုတော့ ဖယ်လ်ကာအိုက ၆၂ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    36092014
    မနှစ်က ၆ ဂိုးပြတ်နဲ့ ရှုံးခဲ့တဲ့ အာဆင်နယ်တို့ ဒီနှစ်မှာလည်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ အကြွေးထပ်တင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ ဟက်ထရစ်သွင်းခဲ့တဲ့ ၀ဲလ်ဘတ်၊  ဆန်းချက်စ်၊ အိုဇေးလ်တို့နဲ့ အာဆင်နယ်တို့ အကောင်းဆုံးပွဲထွက်လာခဲ့ပေမယ့် ရာသီအစကတည်းက ခြေစွမ်းငြိမ်နေတဲ့ ချယ်ဆီးကိုတော့ မယှဉ်နိုင်ခဲ့ပါဘူး။
    26092014
    ချယ်ဆီးက ဂိုးသွင်းခွင့်တော်တော်များများ ရခဲ့ပြီး အာဆင်နယ်ဂိုးသမား ရှက်ဇက်နီ ကာကွယ်နိုင်ခဲ့တာ ကြောင့်သာ ဒီထက်ပိုပြီး ဂိုးမပြတ်ခဲ့တာပါ။ ချယ်ဆီးအတွက်ဂိုးတွေကိုတော့ ပင်နယ်တီကတစ်ဆင့် ဟာဇာ့ဒ်နဲ့ ဒီယေဂို ကော်စတာတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    ရာသီသစ်မှာ ခြေစွမ်းပြပြီး ဇယားထိပ်ဆုံးနားရောက်နေတဲ့ ဆောက်သက်တမ်ကတော့ အဝေးကွင်းမှာ စပါးကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ပါတယ်။ စပါးအတွက်တော့ ဒီနိုင်ပွဲဟာ ပွဲစဉ် ၂ နောက်ပိုင်း ရုန်းကန်ခဲ့ရပြီးနောက် ပထမဆုံးနိုင်ပွဲလည်း ဖြစ်ပါတယ်။
    ဆမ်အလာဒိုက်စ်ရဲ့ဝက်စ်ဟမ်းကတော့ အိမ်ကွင်းမျာ ကျူပီအာရ်ကို ၂ ဂိုး ပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။
    ပရီးမီးယားလိဂ်ပွဲစဉ် ၇ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    မန်ယူ ၂-၁ အဲဗာတန်
    ချယ်ဆီး ၂-၀ အာဆင်နယ်
    စပါး ၁-၀ ဆောက်သက်တမ်
    ဟားလ်စီးတီး ၂-၀ ခရစ္စတယ်ပဲလေ့စ်
    လက်စတာ ၂-၂ ဘန်လေ
    လီဗာပူးလ် ၂-၁ ၀က်စ်ဘရွန်း
    ဆန်းဒါးလန် ၃-၁ စတုတ်စီးတီး
    ဆွမ်ဆီး ၂-၂ နယူးကာဆယ်
    အက်စတွန်ဗီလာ ၀-၂ မန်စီးတီး