News @ M-Media

Tag: Real Madrid

  • ဘာကာခြေချော်ပါက အခွင့်အရေးယူနိုင်ရန် ဇီဒိန်းက အသင်းသားများအား တိုက်တွန်းထား

    ဘာကာခြေချော်ပါက အခွင့်အရေးယူနိုင်ရန် ဇီဒိန်းက အသင်းသားများအား တိုက်တွန်းထား

    ဧပြီ ၁၇၊ ၂၀၁၆
    M-Media

    zidane 2

    – လာလီဂါဇယားအား ဦးဆောင်နေသည့် ဘာစီလိုနာ၏ ခြေချော်မှုကို အခွင့်ကောင်းယူရန်အတွက် အသင်းသားများအနေဖြင့် သတိမပြတ်ရှိနေရန် ရီးယဲလ်နည်းပြ ဇီဒိန်းက တိုက်တွန်းထားသည်ဟု သိရသည်။

    လက်ရှိချန်ပီယံ ဘာစီလိုနာမှာ ရာသီအစကတည်းက အရှိန်အဟုန်ကောင်းကောင်းဖြင် ဇယားအား ဦးဆောင်လာနိုင်ခဲ့သော်လည်း ပြီးခဲ့သည့်နှစ်ပတ်ဆက်တိုက် ရီးယဲလ်နှင့် ဆိုစီဒက်တို့ကို ရှုံးနိမ့်ခဲ့ပြီးနောက် လက်ရှိတွင် ဒုတိယနေရာမှ ရီးယဲလ်အား တစ်ပွဲလျော့ဖြင့် ၁ မှတ်သာ ဖြတ်ထားနိုင်သည်။

    ရီးယဲလ်မှာ ယမန်နေ့က ဂီတာဖေးအား ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိထားပြီး ဘာစီလိုနာက ယနေ့တွင် ဗလင်စီယာနှင့် ကစားရမည်ဖြစ်သောကြောင့် ဇီဒိန်းက ဘာစီလိုနာ ခြေချော်နိုင်ချေကို တွက်ဆထားခြင်းဖြစ်သည်။

    “ကိုယ့်အလုပ်ကိုယ်ပဲ ကျွန်တော်တို့ အာရုံစိုက်ပါတယ်။ လာလီဂါက အရေးကြီးတယ်ဆိုတာကို ကစားသမားတွေလည်း သိကြပါတယ်။ ဒီနေ့ ကျွန်တော်တို့က တစ်မှတ်အကွာနဲ့ အိမ်ပြန်ရမယ်။ ဒီနေ့ပွဲမှာ အစကတည်းက ကျွန်တော်တို့ ကောင်းကောင်း ကစားချင်ခဲ့တာပါ။ ကစားသမားအားလုံးဟာ ပရော်ဖက်ရှင်နယ်ပီသစွာ ကစားခဲ့ပြီး ပြိုင်ဘက်အသင်းကိုလည်း လေးစားခဲ့ပါတယ်။ ဒီပွဲဟာ ထူးခြားတဲ့ ပွဲတစ်ပွဲပါ။ ဘာကာနဲ့ အက်သလက်တီကိုတို့ ခြေချော်မလားဆိုတာကို ကျွန်တော် မသိပါဘူး။ သူတို့ကို ကျွန်တော်တို့ စောင့်ကြည်ရပါမယ်။ ဒါပေမယ့် အရေးအကြီးဆုံးက ကျွန်တော်တို့ ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ပါပဲ” ဟု ဇီဒိန်းက ပြောကြားခဲ့သည်။

    ရီးယဲလ်မှာ ချန်ပီယံလိဂ်တွင် ဆီမီးဖိုနယ်သို့ တက်ရောက်သွားပြီး မန်စီးတီးအသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။

    Ref: Goal

  • ယခုရာသီတွင် ရီးယဲလ်မှာ ဆိုးဆိုးဝါးဝါး မဖြစ်သေးဟု ရော်နယ်ဒိုပြော

    ယခုရာသီတွင် ရီးယဲလ်မှာ ဆိုးဆိုးဝါးဝါး မဖြစ်သေးဟု ရော်နယ်ဒိုပြော

    ဧပြီ ၁၃၊ ၂၀၁၆
    M-Media

    ronaldo

    – ယခုရာသီတွင် မိမိတို့အသင်းမှာ ထင်သလောက် မကောင်းသော်လည်း ဆိုးဆိုးဝါးဝါးမဟုတ်ဟု ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် ၀ုလ်ဖ်ဘာ့ဂ်အသင်းနှင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် ရော်နယ်ဒို၏ ဟက်ထရစ်ဖြင့် ရီးယဲလ်က အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်း ၃ ဂိုး ၂ ဂိုးဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။

    ခြေစွမ်းမပြနိုင်သည့် ရော်နယ်ဒိုနှင့်အတူ ရီးယဲလ်မှာ ယခုရာသီတွင် ဝေဖန်မှုများကို ခံစားနေရသည်။ သို့သော်လည်း ချန်ပီယံလိဂ် ၁၀ ပွဲတွင် ၁၆ ဂိုး သွင်းယူပေးထားသည့် ရော်နယ်ဒိုကမူ မိမိတို့မှာ ဆိုးဆိုးဝါးဝါး မဖြစ်သေးဟု ဆိုသည်။

    “ခြုံပြီးပြောရင် ထင်သလောက်မကောင်းပေမယ့် အဆိုးကြီးတော့ မဟုတ်ပါဘူး။ ကျွန်တော် အရမ်း ပျော်ရွှင်မိပါတယ်။ ဒါဟာ ကျွန်တော်တို့ ကြိုးစားပမ်းစား အားထုတ်မှုရဲ့ ရလဒ်ပါပဲ။ ကြိုစားသူတွေကို ဘုရားသခင်ကလည်း ကူညီပါတယ်။ အခုတော့ ကျွန်တော်တို့ဟာ ဆုဖလားနဲ့ လက်တစ်ကမ်းအလိုမှာ ရှိနေပြီး မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။

    Ref : Goal

  • မိမိတို့၏ ချန်ပီယံလိဂ်မျှော်လင့်ချက် မကုန်ဆုံးသေးဟု ရီးယဲလ်နည်းပြ ပြော

    မိမိတို့၏ ချန်ပီယံလိဂ်မျှော်လင့်ချက် မကုန်ဆုံးသေးဟု ရီးယဲလ်နည်းပြ ပြော

    ဧပြီ ၇၊ ၂၀၁၆
    M-Media

    zidane

    – ယနေ့မနက်က ကစားခဲ့သည့် ဝုလ်ဖ်ဘာ့ဂ်နှင့်ပွဲတွင် အသင်း၏ ကစားပုံအား စိတ်တိုင်းမကျသော်လည်း မိမိတို့အသင်းမှာ ချန်ပီယံလိဂ်မှ ထွက်ခွာပြီဟု ပြော၍မရသေးဟု ရီးယဲလ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်သည်။

    ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် ဂျာမန်မြေ၌ ကစားခဲ့သည့် အဆိုပါပွဲတွင် ရီးယဲလ်မှာ ကစားကွက် အသာရခဲ့သော်လည်း အိမ်ရှင်နောက်တန်းကို မကျော်နိုင်သောကြောင့် ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် နောက်တစ်ဆင့်တက်ရေးအတွက် ဒုတိယအကျော့တွင် ရုန်းကန်ရတော့မည်ဖြစ်သည်။

    သို့သော်လည်း ဇီဒိန်းကမူ အလျှော့မပေးသေးချေ။

    “ပွဲထဲမှာ ဖြစ်ပျက်ခဲ့တာတွေအတွက် ကျနော် မကျေနပ်ပါဘူး။ အထူးသဖြင့် ပထမပိုင်းအခြေအနေပေါ့ဗျာ။ ဒါက ဘောလုံးရဲ့သဘာဝပါပဲ။ အစကတည်းက စိတ်ထည့်ပြီးမကစားရင် ဒီလိုပဲဖြစ်မှာပါ။ အရာအားလုံးကို ပြောင်းလဲပစ်နိုင်တဲ့ အခွင့်အရေး ရှိသေးတာကြောင့် လာမယ့်အကျော့အတွက် စဉ်းစဉ်းစားစား လုပ်ရပါတော့မယ်” ဟု ဇီဒိန်းက ပြောကြားခဲ့သည်။

    Ref : Goal

  • ရော်နယ်ဒိုကို ရီးယဲလ်ပရိတ်သတ်များ ပိုမိုလေးစားရမည်ဟု ကာကာပြော

    ရော်နယ်ဒိုကို ရီးယဲလ်ပရိတ်သတ်များ ပိုမိုလေးစားရမည်ဟု ကာကာပြော

    မတ် ၃၀၊ ၂၀၁၆
    M-Media

    rnl

    – အသင်း အောင်မြင်မှုများစွာ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် တိုက်စစ်မှူးရော်နယ်ဒိုကို ရီးယဲလ်ပရိတ်သတ်များအနေဖြင့် ပိုမိုလေးစားသင့်သည်ဟု ရီးယဲလ်ကစားသမားဟောင်း ကာကာက ပြောကြားလိုက်သည်။

    ၂၀၀၉ ခုနှစ်က မန်ယူမှ ရီးယဲလ်သို့ ပြောင်းရွှေ့လာခဲ့သည့် ရော်နယ်ဒိုမှာ အသင်းအတွက် ဂိုးပေါင်း ၃၅၀ ကျော် သွင်းယူပေးထားပြီး ထိုကာလအတွင်း ချန်ပီယံလိဂ်ဖလားနှင့် လာလီဂါတို့ကို တစ်ကြိမ်စီ ရရှိခဲ့သည်။ သို့သော်လည်း ရော်နယ်ဒိုမှာ ယခုရာသီတွင် အသင်းဖော်များနှင့်အတူ ရီးယဲလ်ပရိသတ်များ၏ ငြိုငြင်မှုကို ခံနေရသည်။

    ရော်နယ်ဒိုနှင့် ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ အတူကစားဖူးသည့် ကာကာကမူ ရော်နယ်ဒိုကို ပရိတ်သတ်များက ပိုမိုလေးစားရမည်ဟု ဆိုသည်။

    “ခရစ္စတီယာနိုက ကြီးကျယ်တဲ့ ကစားသမားပါ။ သူရဲ့ စွမ်းရည်ကိုသာ ကျွန်တော် ပြောတာမဟုတ်ပါဘူး။ အသင်းအတွက် သူ ကူညီပေးနိုင်တာလည်း ပါပါတယ်။ အသင်းအတွက် သူလုပ်ပေးခဲ့တာတွေအတွက် ပရိတ်သတ်တွေအနေနဲ့ သူ့အပေါ် ပိုပြီး လေးစားတာမျိုး မြင်ချင်ပါတယ်။ တစ်ခါတစ်လေမှာ ရော်နယ်ဒိုကို မကောင်းပြောတာမျိုး ကျွန်တော် ကြားရပါတယ်။ သူလုပ်ပေးခဲ့တာတွေကို အသိအမှတ်ပြုရင် ဒါမျိုး မပြောသင့်ပါဘူး” ဟု ကာကာ က ပြောကြားခဲ့သည်။

    Ref: Goal

  • ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ရောက်သည့် ရီးယဲလ်အသင်းသားများကို နည်းပြ ချီးကျူး

    ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ရောက်သည့် ရီးယဲလ်အသင်းသားများကို နည်းပြ ချီးကျူး

    မတ် ၉၊ ၂၀၁၆
    M-Media

    zidane 5

    – ရိုးမားအသင်းအား အနိုင်ရရှိကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ တက်ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ရီးယဲလ်ကစားသမားများကို နည်းပြ ဇီဒိန်းက ချီးကျူးပြောဆိုလိုက်သည်။

    ယနေ့မနက်က ဘာနေဗျူး၌ ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့တွင် ရော်နယ်ဒိုနှင့် ရော်ဒရီဂက်စ်တို့၏ ဒုတိယပိုင်း သွင်းဂိုးများဖြင့် ၂ ဂိုးပြတ်ခဲ့ပြီး ၂ ကျော့ပေါင်း ၄ ဂိုး ဂိုးမရှိဖြင့် ရီးယဲလ်က နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ရိုးမားအသင်း၏ တိုက်စစ်မှူများဖြစ်သော ဆာလာဟ်၊ ဇက်ကို၊ အလက်ဇန်ဒရို ဖလိုရန်ဇီတို့၏ အပိုင်ဂိုးသွင်းခွင့်များ ဂိုးမ၀င်သောကြောင့်သာ ရီးယဲလ် ကံကောင်းခဲ့ခြင်းဖြစ်သည်။

    ဇီဒိန်းကမူ အသင်းသားများ၏ စွမ်းဆောင်ရည်အတွက် ကျေနပ်နေသည်။

    “ခက်ခဲတဲ့ပွဲတစ်ပွဲပါ။ ဒါပေမယ့် နောက်ဆုံးမှာ နောက်တစ်ဆင့်တက်ရေးဆိုတဲ့ ကျွန်တော်တို့ရဲ့ရည်မှန်းချက် အောင်မြင်ပါတယ်။ ကျွန်တော်တို့ ဂိုးလည်း မပေးရပါဘူး။ မိနစ် ၉၀ အတွင်းမှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ သွက်လက်ပြီး ကောင်းမွန်တဲ့ကစားသမားတွေရှိတဲ့ အသင်းကို ရင်ဆိုင်ရတာမို့လို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ လုပ်နိုင်ခဲ့တယ်။ ရည်ရွယ်ထားတဲ့အတိုင်းလည်း ဖြစ်ခဲ့တယ်။ အခုဆိုရင် ကျွန်တော်တို့ဟာ နောက်တစ်ပွဲအတွက် စဉ်းစားနေပါတယ်” ဟု ဇီဒိန်းက ပြောကြားခဲ့သည်။

    Ref: Goal