စက်တင်ဘာ ၃၀၊ ၂၀၁၅
M-Media
– ဆီးရီးယားနိုင်ငံသို့ စစ်သားများ ပေးပို့တပ်ဖြန့်နိုင်မည့် အခွင့်အာဏာကို သမ္မတပူတင်အား ရုရှား အထက်လွှတ်တော်က ယနေ့တွင် အပ်နှင်းခဲ့သည်ဟု အစိုးရအဖွဲ့က ကြေငြာခဲ့သည်။
ပြည်တွင်းစစ်ကို ရင်ဆိုင်နေရသော ဆီးရီးယားသမ္မတ အာဆတ်က အကူအညီပေးရန် မေတ္တာရပ်ခံမှုအပြီး ထိုကဲ့သို့ အခွင့်အာဏာအတွက် ပူတင်က တောင်းဆိုခဲ့ခြင်းဖြစ်ပြီး အထက်လွှတ်တော်က တစ်ညီတည်ညွတ်တည်း အတည်ပြုခဲ့ခြင်းဖြစ်သည်။
ထိုလုပ်ပိုင်ခွင့်ကြောင့် ရုရှားမှာ ဆီးရီးယားစစ်တပ်အတွက် လေတပ်ဆိုင်ရာ ကူညီမှုများကို ပြုလုပ်နိုင်မည်ဖြစ်ပြီး ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဆာဂျီ အိုင်ဗန်နော့ဗ်က မိမိတို့လေတပ်မှ ဆောင်ရွက်မည့် စစ်ဆင်ရေးမှာ အကန့်အသတ်ရှိပြီး မည်သည့်လက်နက်များ အသုံးပြုသည်ဆိုသည်ကို ထုတ်ပြန်သွားမည်မဟုတ်ဟု ပြောကြားခဲ့သည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.