News @ M-Media

Tag: russia

  • အိန္ဒိယ၊ တရုတ်တို့ကို ပိုက်လိုင်းဖြတ်၍ ရုရှားထံမှ စွမ်းအင်၀ယ်ရန် စစ်ကောင်စီ ကြိုးပမ်း

    အိန္ဒိယ၊ တရုတ်တို့ကို ပိုက်လိုင်းဖြတ်၍ ရုရှားထံမှ စွမ်းအင်၀ယ်ရန် စစ်ကောင်စီ ကြိုးပမ်း

    မေ ၂၇၊ ၂၀၂၂
    M-Media

    An overview shows apartment buildings in Xuchang, Henan province, China, December 14, 2018. Picture taken December 14, 2018. REUTERS/Yawen Chen

    -နိုင်ငံအတွင်း စွမ်းအင်လုပ်ငန်းတွေက နိုင်ငံတကာကုမ္ပဏီတွေ ထွက်ခွာသွားတဲ့အချိန် စစ်ကောင်စီဟာ ရုရှားထံကနေ ရေနံနဲ့ သဘာဓာတ်ငွေ့တွေကို ပိုက်လိုင်းသွယ် တင်သွင်းဖို့ ကြိုးပမ်းလာပါတယ်။

    မြန်မာနိုင်ငံက ရေနံ၊ သဘာဓာတ်ငွေ့လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ မလေးရှား ကုမ္ပဏီ Petronas၊ ထိုင်းကုမ္ပဏီ PTTEP၊ အမေရိကန်ကုမ္ပဏီ Chevron၊ ပြင်သစ်ကုမ္ပဏီ TotalEnergies တို့ဟာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ စစ်တပ် အကျိုးအမြတ်ရနေတဲ့ စွမ်းအင်လုပ်ငန်းတွေကနေ နှုတ်ထွက်ကြောင်း ကြောငြာခဲ့ကြပါတယ်။

    မြင့်တက်လာတဲ့စွမ်းအင်ပြဿနာကို ဖြေရှင်းဖို့အတွက် စစ်ကောင်စီဟာ ပြီးခဲ့တဲ့လက ရုရှားနိုင်ငံ တာတာဆန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အာဏာပိုင်တွေကို ဖိတ်ခေါ်ပြီး ဆွေးနွေးခဲ့ပါတယ်။

    စစ်ကောင်စီခန့် ၀န်ကြီးနှစ်ဦးဖြစ်တဲ့ ဦးမောင်မောင်ဦးနဲ့ ဦးအောင်နိုင်ဦးတို့ကလည်း ပြီးခဲ့တဲ့လမှာပဲ တရုတ်တာ၀န်ရှိသူတွေနဲ့ မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်ဆည်တွေဆောက်ရေး ဆွေးနွေးခဲ့ပါတယ်။

    အိန္ဒိယ ဒါမှမဟုတ် တရုတ်ကိုဖြတ်ပြီး ရုရှားထံက ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ တင်သွင်းရေးအတွက် ရုရှားဦးဆောင်တဲ့ ယူရေးရှား စီးပွားရေးသမဂ္ဂနဲ့ စစ်ကောင်စီက သဘောတူညီချက် ရခဲ့ပါတယ်။

    ရန်ကုန်မြို့ သံလျင်မြို့နယ်က ရေနံသိုလှောင်ရုံနဲ့ ရေနံချက်စက်ရုံတို့ကို အဆင့်မြှင့်တင်ရေးလည်း သဘောတူညီချက်မှာ ပါ၀င်ပါတယ်။

    ရုရှားဟာ မြန်မာနိုင်ငံကို ရေနံ၊ သဘာ၀ဓာတ်ငွေ့တွေ တင်ပို့ပေးဖို့လမ်းကြောင်း ၃ ခုကို စဥ်းစားနေပါတယ်။

    ပင်လယ်နက် ဒါမှမဟုတ် ဂျပန်တို့ကိုဖြတ်ပြီး သင်္ဘောတွေနဲ့ သံလျင်ကို တိုက်ရိုက်ပို့ပေးဖို့၊ အိန္ဒိယက ကပ္ပလီပင်လယ်မှာ ဆိပ်ကမ်းသစ်တစ်ခု ဆောက်လုပ်ပြီး အဲဒီကနေတစ်ဆင့် ပိုက်လိုင်းနဲ့ သန်လျင်ကို ပို့ဆောင်ဖို့၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာရှိတဲ့ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းကိုငှားပြီး ပို့ဆောင်ဖို့ ဖြစ်ပါတယ်။

    ရုရှားထံကနေ စွမ်းအင်တွေကို မြန်မာနိုင်ငံက ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ သန့်စင်စက်ရုံတွေက လက်ခံဖြန့်ဖြူးပေးနိုင်မယ့် အရည်အသွေးမရှိသေးဘဲ ဒါတွေကို အရင်ဆုံး အဆင့်မြှင့်တင်ဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

    Ref: South China Morning Post

    mmMyanmarNews

  • ပူတင်မှာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်းနေသည်ဟု ဘိုင်ဒန်ပြော

    ပူတင်မှာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်းနေသည်ဟု ဘိုင်ဒန်ပြော

    ဧပြီ ၁၃၊ ၂၀၂၂

    M-Media


    – ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်ဟာ ယူကရိန်းမှာ လူမျိုးတုန်းသတ်ဖြတ်မှု (ဂျီနိုဆိုက်) ကျူးလွန်နေတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။

    ရုရှားဟာ လက်ရှိမှာ ယူကရိန်းအရှေ့ပိုင်းကို ထိုးစစ်ဆင်နေပြီး အရပ်သားတွေ သတ်ဖြတ်မှု အများအပြား ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတာ ဖြစ်ပါတယ်။ 

    မနေ့က အိုင်အို၀ါမြို့ မိန့်ခွန်းမှာ သမ္မတဘိုင်ဒန်က ကမ္ဘာတစ်ခြမ်းမှာ စစ်တိုက်ကာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သူကြောင့် အမေရိကန် ပြည်သူတွေရဲ့ အသုံးစားရိတ် ထိခိုက်စရာ အကြောင်းမရှိဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    ဘိုင်ဒန်ဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ပူတင်ကို စစ်ရာဇ၀တ်ကောင်အဖြစ် ခေါ်၀ေါ်ခဲ့ပြီး၊ အခုတစ်ကြိမ်မှာတော့ ပိုမိုပြင်းထန်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှု စကားလုံးကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ 

    ပူတင်ရဲ့လုပ်ရပ်ဟာ ယူကရိန်းလူမျိုးဆိုတဲ့ အမှတ်သညာကို ဖျောက်ဖျက်ဖို့ ကြိုးစားနေတာဖြစ်ပြီး လူမျိုးတုန်းသတ်ဖြတ်မှု အမှန်တကယ် မြောက်၊ မမြောက် ရှေ့နေတွက ဆုံးဖြတ်မှာဖြစ်ပေမယ့် မိိမိအတွက်ကတော့ ပူတင်ဟာ လူမျိုးတုန်းသတ်ဖြတ်နေတာလို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

    ရုရှားစစ်သားတွေဟာ ယူကရိန်းမှာ အရပ်သားတွေကို အစုလိုက်ပြုံလိုက် သတ်ဖြတ်တာ၊ အမျိုးသမီးတွေကို အဓမ္မကျင့်တာ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း အများအပြား ထွက်ပေါ်နေပါတယ်။ 

    Ref: Aljazeera 

  • ယူကရိန်းတွင် ရုရှားက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် သတင်းများ ထွက်ပေါ်

    ယူကရိန်းတွင် ရုရှားက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် သတင်းများ ထွက်ပေါ်

    ဧပြီ ၅၊ ၂၀၂၂

    M-Media


    – ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုမှာ ရုရှားတပ်တွေဟာ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ အများအပြား ကျူးလွန်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက် ထွက်လာပါတယ်။ 

    အထူးသဖြင့် ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရုရှားတပ်တွေ ဆုတ်ခွာသွားတဲ့ မြို့တော်ကိဗ် ဆင်ခြေဖုံးက ဘူချာဒေသမှာ ဖြစ်ပါတယ်။  

    ယူကရိန်းတပ်တွေ ဘူချာဒေသကို ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက် လမ်းတွေ၊ လူနေအိမ်တွေမှာ အရပ်သားတွေ အစုလိုက်အပြုံလိုက် အသတ်ခံထားရတဲ့ အလောင်းတွေ ၃ ပတ်လောက် ဒီအတိုင်းရှိနေတဲ့ ဓာတ်ပုံတွေ အများအပြား ပေါ်ထွက်လာပါတယ်။ 

    အနည်းဆုံး အရပ်သား ၃၀၀ လောက် ဘူချာမှာ အသတ်ခံလိုက်ရတာပါ။ ဘူချာမြို့က ကလေးဆေးရုံကို စစ်ကြောရေးစခန်းအဖြစ် ရုရှားတပ်တွေက အသုံးပြုခဲ့ပြီး လက်ပြန်ကြိုးတုတ် အသတ်ခံထားရတဲ့ အမျိုးသား ၅ ဦး အလောင်း တွေ့ရှိတာကိုလည်း ယူကရိန်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

    ကိဗ်ဒေသမှာ ရုရှားတပ်တွေက ကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့ စစ်ရာဇ၀တ်မှု ၇၀၀၀ လောက်ကို စာရင်းသွင်းပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေကြောင်း ယူကရိန်းရှေ့နေချုပ်က ထုတ်ပြန်ပါတယ်။ 

    ဘူချာမြို့မှာ အရပ်သားတွေ အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့ သတင်းတွေကို အလျင်အမြန် စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂက တိုက်တွန်းထားပြီး ကမ္ဘာ့ကြက်ခြေနီအဖွဲ့က စုံစမ်းစစ်ဆေးမှုမှာ ကူညီပေးနေပါတယ်။ 

    နိုင်ငံအရှေ့တောင်ပိုင်း မာရီယိုပိုးမြို့မှာ ရုရှားဟာ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ အထောက်အထားတွေကို ဖုံးကွယ်ဖို့ ဆောင်ရွက်နေတယ်လို့ ယူကရိန်း၀န်ကြီးချုပ် ဇယ်လင်စကီးက ပြောပါတယ်။ 

    မာရီယိုပိုးကို ရုရှားတပ်တွေ ၀ိုင်းထားတာ သီတင်းပတ်ချီ ကြာနေပြီဖြစ်ပြီး မြို့ရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကလည်း ပျက်ဆီးနေပြီ ဖြစ်ပါတယ်။ 

    ရုရှားကတော့ စွပ်စွဲမှုတွေဟာ ယူကရိန်ဖက်က လုပ်ကြံဖန်တီးထားမှုတွေသာဖြစ်တယ်လို့ တုန့်ပြန်ပြောကြားထားပါတယ်။ 

    Ref: Reuters 

  • ယူကရိန်းစစ်ပွဲတွင် ရုရှားတပ်၏ ဖရိုဖရဲဖြစ်မှုများကို ယူကေ ထောက်လှမ်းရေးအကြီးအကဲ ဖွင့်ချ

    ယူကရိန်းစစ်ပွဲတွင် ရုရှားတပ်၏ ဖရိုဖရဲဖြစ်မှုများကို ယူကေ ထောက်လှမ်းရေးအကြီးအကဲ ဖွင့်ချ

    မတ် ၃၁၊ ၂၀၂၂

    M-Media


    -ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားသမ္မတ ပူတင်ဟာ အလွန်အကျွံ မှားယွင်းသုံးသပ်မှုတွေ ရှိခဲ့ပြီး၊ အောက်ခြေစစ်တပ်ကလည်း ဖရိုဖရဲ ဖြစ်နေတယ်လို့ ယူကေ ထောက်လှမ်းရေးအကြီးအကဲ ဂျယ်ရီမီ ဖလီမင်က ပြောပါတယ်။ 

    ရုရှားစစ်သားတွေဟာ အမိန့်မနာခံတာတွေ၊ ကိုယ့်လေယာဥ်ကိုယ် မှားယွင်းပစ်ချတာတွေ ရှိပြီး၊ ပူတင်အကြံပေးတွေကလည်း အမှန်တရားကို ပူတင်ဆီ မတင်ပြရဲဘူးလို့ ဖလီမင်က ဆိုပါတယ်။

    ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုဟာ တစ်လကျော်လာပြီး နိုင်ငံရှေ့ပိုင်းက နယ်မြေတစ်ချို့ကို သိမ်းထားနိုင်ပေမယ့် အဓိက မြို့ကြီးတွေမှာ ယူကရိန်းတပ်ဖွဲ့တွေရဲ့ ပြင်းထန်တဲ့ ခုခံမှုတွေကို ခံနေရတာပါ။ 

    စစ်တပ်ရဲ့ စွမ်းဆောင်နိုင်စွမ်းကို ပူတင်ကာ ပိုတွက်ခဲ့ပြီး အချိန်တိုတိုနဲ့ သိမ်းပိုက်နိုင်မယ်လို့ ထင်ခဲ့ကြောင်း ဖလီမင်က ပြောပါတယ်။ 

    “ပူတင်ဟာ သူ့အစီအစဥ်အတိုင်း လိုက်လုပ်ဖို့ ကြိုးစားနေပေမယ့် မအောင်မြင်ပါဘူး။ ဒုတိယအစီအစဥ်အဖြစ် အရပ်သားတွေနဲ့ မြို့ကြီးတွေအပေါ် ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်လာပါတယ်။ ပူတင်က သူ့ပြည်သူတွေကို လိမ်ထားပြီး၊ စစ်တပ်က မစွမ်းဆောင်နိုင်ဘူးဆိုတာ ဖုံးကွယ်ထားတာကို ကျွန်တော်တို့ တွေ့ရပါတယ်”

    လက်နက်ခဲယမ်း ပြတ်လပ်တာ၊ စိတ်ဓာတ်ကျတာတွေကြောင့် ရုရှားစစ်သားတွေ အမိန့်မနာခံတာ၊ ကိုယ့်လက်နက်ခဲယမ်းကို ကိုယ်တိုင် ပြန်ဖျက်ဆီးတာတွေရှိနေကာ ပူတင်ဟာ အခြေအနေကို အလွန်အမင်း မှားယွင်းသုံးသပ်ခဲ့တယ်လို့လည်း ဗြိတိန် ထောက်လှမ်းရေးအကြီးအကဲက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    “ယူကရိန်းပြည်သူတွေရဲ့ ခုခံကာကွယ်မှုကို မှားယွင်းသုံးသပ်ခဲ့တာ ထင်ရှားပါတယ်။ သူ့ရဲ့လုပ်ရပ်ကြောင့် မဟာမိတ်နိုင်ငံတွေက တုန့်ပြန်မယ့်အင်အားကို သူလျှော့တွက်ခဲ့တယ်။ အရေးယူ ပိတ်ဆို့မှုတွေကြောင့် ဖြစ်လာမယ့် စီးပွားရေးဆိုးကျိုးတွေ သိပ်မဆိုးနိုင်ဘူးလို့လည်း သူက ထင်ခဲ့ပါတယ်”

    အမေရိကန် အာဏာပိုင်တွေကလည်း ပူတင်ရဲ့ အကြံပေးတွေဟာ သတင်းအချက်အလက်တွေကို ထိန်ချန်ထားပြီး မြေပြင်မှာ တပ်တွေ မစွမ်းဆောင်နိုင်တာ၊ ပိတ်ဆို့မှုကြောင့် စီးပွားရေး ဆိုးဆိုးရွားရွား ထိခိုက်တာတွေကို ပူတင်ထံ တင်ပြမှု မရှိဘူးလို့ သုံသပ်ပါတယ်။ 

    Ref: Financial Times 

  • ယူကရိန်းစစ်ပွဲကြောင့် ထွက်ပြေးရသူ ဒုက္ခသည် ၄ သန်းကျော်ပြီ

    ယူကရိန်းစစ်ပွဲကြောင့် ထွက်ပြေးရသူ ဒုက္ခသည် ၄ သန်းကျော်ပြီ

    မတ် ၃၀၊ ၂၀၂၂

    M-Media 


    – ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှု တစ်လကျော်လာချိန် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်အရေအတွက်ဟာ ၄ သန်း ကျော်လာပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်စောင့်ရှောက်ရေးအဖွဲ့  UNHCR က ပြောပါတယ်။ 

    အဲဒီအထဲက ၂.၃ သန်းဟာ အိမ်နီးချင်း ပိုလန်နိုင်ငံထဲကို ထွက်ပြေးခိုလှုံခဲ့ရတာပါ။ ယူကရိန်းတစ်နိုင်ငံလုံးမှာ စစ်ကြောင့် ထွက်ပြေးရသူ ၆.၅ သန်းလောက် ရှိလာပါပြီ။ 

    တင်းမာမှုတွေလျှော့ချရေး ရုရှားနဲ့ ယူကရိန်းတို့ အင်္ဂါနေ့ကစပြီး တူရကီနိုင်ငံ အစ္စတန်ဘူလ်မှာ ဆွေးနွေးနေပေမယ့် ဘာသဘောတူညီချက်မှ မရသေးဘူးလို့ ရုရှားဖက်က ပြောပါတယ်။ 

    နေတိုးအဖွဲ့ထဲ မ၀င်ဘဲ ကြားနေနိုင်ငံအဖြစ်သာနေရေး ရုရှားရဲ့ တောင်းဆိုမှုကို ယူကရိန်းက လိုက်လျောဖို့ရှိတယ်လို့ သတင်းတွေလည်း ထွက်နေပါတယ်။

    Ref: Reuters