News @ M-Media

ဆော်ဒီက ပါလက်စတိုင်းသို့ ကန်ဒေါ်လာ သန်း ၆၀ လှူဒါန်း

မေ ၁၃၊ ၂၀၁၆
M-Media

saudi 1

– အစ္စရေးရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုကို ခံနေရတဲ့ ပါလက်စတိုင်းအစိုးရအတွက် ဆော်ဒီဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့ SFD က ကန်ဒေါ်လာ သန်း ၆၀ ငွေသားကို လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။

ပါလက်စတိုင်း ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဘဏ်စာရင်းထဲကို အင်္ဂါနေ့မှာ လွှဲပေးခဲ့တာဖြစ်ပြီး အီဂျစ်ဆိုင်ရာ ဆော်ဒီသံအမတ်နဲ့ အာရပ်လိဂ်ဆိုင်ရာ ဆော်ဒီအမြဲတမ်းကိုယ်စားလှယ် အဟ်မဒ် ကတ္တန်က ယခုပေးလိုက်တဲ့ ပမာဏဟာ ပါလက်စတိုင်း အမျိုးသားအာဏာပိုင်အဖွဲ့ကို ထောက်ပံ့ပေးတဲ့ ဆော်ဒီရဲ့ လစဉ်ပံ့ပိုးငွေဖြစ်တယ်လို့ ဆိုပါတယ်။

“ပေးပို့လိုက်တဲ့ငွေတွေဟာ တစ်လ ဒေါ်လာသန်း ၂၀ နှုန်းနဲ့ ပြီးခဲ့သုံးလ ဇန်န၀ါရီ၊ ဖေဖော်ဝါရီ၊ မတ်လ သုံးလစာအတွက် ဆော်ဒီရဲ့ ကူညီထောက်ပံ့ငွေဖြစ်ပါတယ်” လို့ သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။

နောက်ပြီး ဆော်ဒီအာရေဗျအနေနဲ့ ပါလက်စတိုင်းအတွက် ထောက်ပံ့ငွေကို ၂၀၁၃ ကစပြီး တစ်လ ဒေါ်လာ ၁၄ သန်းကနေ ဒေါ်လာ သန်း ၂၀ ထိ တိုးမြင့်လိုက်တယ်လို့လည်း ကတ္တန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

Ref: IINA

Comments

Leave a Reply