News @ M-Media

Tag: SaudiArabia

  • အမေရိကန်၊ တရုတ်နှင့် ဆော်ဒီတို့က စစ်အသုံးစားရိတ် အမြင့်ဆုံးနိုင်ငံများအဖြစ် ရပ်တည်

    အမေရိကန်၊ တရုတ်နှင့် ဆော်ဒီတို့က စစ်အသုံးစားရိတ် အမြင့်ဆုံးနိုင်ငံများအဖြစ် ရပ်တည်

    မေ ၂၊ ၂၀၁၈
    M-Media

    – ၂၀၁၇ ခုနှစ် ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်အသုံးစားရိတ်ဟာ စစ်အေးခေတ်နောက်ပိုင်း အမြင့်ဆုံးအဖြစ် ကန်ဒေါ်လာ ၁.၇၃ ထရီလီယံအထိ ရောက်ရှိခဲ့ပြီး အမေရိကန်၊ တရုတ်နဲ့ ဆော်ဒီအာရေဗျတို့ဟာ စစ်အသုံးစားရိတ် အများဆုံးဆုံး နိုင်ငံတွေအဖြစ် ရပ်တည်နေပါတယ်။

    Stockholm International Peace Research Institute (SIPRI) က ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်အသုံးစားရိတ် အချက်အလက်ဆိုင်ရာ အစီရင်ခံစာတစ်ခုကို ဒီကနေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ် ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်အသုံးစားရိတ်ဟာ ၂၀၁၆ ခုနှစ်ကထက် ၁.၁ ရာခိုင်နှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။

    အမေရိကန်ဟာ ဒေါ်လာ ဘီလီယံ ၆၁၀ နဲ့ ကမ္ဘာပေါ်မှာ စစ်အသုံးစားရိတ်အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ ၂၀၁၆ ခုနှစ်ကနဲ့ ပမာဏ အတူတူပဲဖြစ်ပြီး ကမ္ဘာ့ စစ်အသုံးစားရိတ်ရဲ့ ၃၅ ရာခိုင်နှုန်း ရှိပါတယ်။ ဒါဟာ သူ့အောက်က နိုင်ငံ ၇ နိုင်ငံပေါင်းတဲ့ ပမာဏထက်ကို ကျော်လွန်နေတာပါ။

    အမေရိကန်ရဲ့ ကာကွယ်ရေး အသုံးစားရိတ်ဟာ ဒီနှစ်မှာ ထပ်မံ မြင့်တက်သွားဖို့ ရှိပါတယ်။

    တရုတ်ကတော့ စစ်အသုံးစားရိတ် ၂၂၈ ဘီလီယံနဲ့ ဒုတိယနေရာမှာ ရှိနေကာ ၂၀၁၆ ခုနှစ်ကထက် ၁၂ ဘီလီယံ ပိုမိုသုံးစွဲခဲ့တာပါ။

    SIPRI က တရုတ်နိုင်ငံရဲ့ ဒီပမာဏဟာ ကမ္ဘာ့စုစုပေါင်း စစ်အသုံးစားရိတ်ရဲ့ ၁၃ ရာခိုင်နှုန်းရှိပြီး ၂၀၀၈ ခုနှစ်ကထက် ၂ ဆ တက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

    ဆော်ဒီက ၂၀၁၇ ခုနှစ်မှာ ကာကွယ်ရေးအတွက် ဒေါ်လာ ၆၉.၄ ဘီလီယံ အသုံးပြုခဲ့ပြီး တတိယနေရာမှာ ရပ်တည်နေပါတယ်။ ၂၀၁၆ ခုနှစ် ကာကွယ်ရေးအသုံးစားရိတ်စာရင်းမှာ တတိယနေရာ ရရှိခဲ့တဲ့ ရုရှားကတော့ ၂၀၁၇ ခုနှစ်မှာ သုံးစွဲမှု ၂၀ ရာခိုင်နှုန်း ကျဆင်းကာ ၆၆.၃ ဘီလီယံ ရှိခဲ့ပါတယ်။ ဒါဟာ ၁၉၉၈ ခုနှစ်ကတည်းက ပထမဆုံး ကျဆင်းတာပါ။

    အိန္ဒိယနဲ့ ပြင်သစ်တို့က အသုံးစားရိတ် ၆၄ ဘီလီယံနဲ့ ၅၇.၈ ဘီလီယံသုံးစွဲကာ နံပါတ် ၅ နဲ့ ၆ နေရာတွေမှာ ရှိနေပြီး၊ ယူကေက ၄၇.၂ ဘီလီယံနဲ့ အဆင့် ၇၊ ဂျပန်က ၄၅.၄ ဘီလီယံနဲ့ အဆင့် ၈၊ ဂျာမနီက ၄၄.၃ ဘီလီယံနဲ့ အဆင့် ၉၊ တောင်ကိုရီးယားက ၃၉.၂ ဘီလီယံနဲ့ အဆင့် ၁၀ နေရာတွေမှာ အသီးသီး ရပ်တည်နေပါတယ်။

    အားလုံးခြုံကြည့်ရင် ၂၀၁၇ ခုနှစ်အတွင်း နေတိုးအဖွဲ့ဝင်နိုင်ငံတွေက စစ်အသုံးစားရိတ်အတွက် စုစုပေါင်း ကန်ဒေါ်လာ ဘီလီယံ ၉၀၀ လောက် သုံးခဲ့ပြီး ကမ္ဘာ့နိုင်ငံတွေအားလုံးပေါင်း စစ်အသုံးစားရိတ်ရဲ့ ၅၂ ရာခိုင်နှုန်း ရှိနေပါတယ်။

    Ref: Aljazeera

  • အမေရိကန်၏အစီအစဉ်ကို လက်မခံလျှင် ပါလက်စတိုင်းများ နှုတ်ပိတ်နေရမည်ဟု ဘင် ဆလ်မန်ပြော

    အမေရိကန်၏အစီအစဉ်ကို လက်မခံလျှင် ပါလက်စတိုင်းများ နှုတ်ပိတ်နေရမည်ဟု ဘင် ဆလ်မန်ပြော

    ဧပြီ ၃၀၊ ၂၀၁၈
    M-Media

    – ငြိမ်းချမ်းရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် စီစဉ်ပေးသည့် အခြေအနေများကို ပါလက်စတိုင်းများက လက်ခံရမည်ဖြစ်ပြီး သို့မဟုတ်ပါက ပါးစပ်ပိတ်နေရမည်ဟု ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က အမေရိကန်ရှိ ဂျူးအဖွဲ့ခေါင်းဆောင်များကို ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်လက အမေရိကန်သို့ အလည်အပတ်ရောက်ရှိစဉ် ဂျူးအဖွဲ့များနှင့် တံခါးပိတ်အစည်းအဝေး၌ ဘင် ဆလ်မန်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်ကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်ဟု အစ္စရေးရင်းမြစ်များကို ကိုးကား၍ Channel 10 သတင်းဌာနက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    “ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ ပါလက်စတိုင်းခေါင်းဆောင်ပိုင်းဟာ အခွင့်အရေးတွေ တစ်ကြိမ်ပြီးတစ်ကြိမ် လက်လွှတ်ခဲ့ပြီး ပေးသထားသမျှ အဆိုပြုချက်အားလုံးကို ပယ်ချခဲ့ပါတယ်။ ပါလက်စတိုင်းတွေအနေနဲ့ အဆိုပြုချက်ကို လက်ခံပြီး စားပွဲဝိုင်းမှာလာထိုင်ဖို့ အချိန်ရောက်ပါပြီ။ ဒါမှမဟုတ်ရင်တော့ ပါးစပ်ပိတ်ပြီး စောဒကတက်တာတွေကို ရပ်တန့်ရမှာ”

    ထရမ့်မှာ ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် ဒီဇင်ဘာတွင် အသိအမှတ်ပြုခဲ့ပြီး ထိုလုပ်ရပ်ကို နိုင်ငံတကအသိုင်းအ၀ိုင်းက ဝေဖန်ရှုတ်ချခဲ့သည်။

    အစ္စရေးက ၁၉၆၇ ခုနှစ်တွင် ကျူးကျော်သိမ်းပိုက်ထားသည့် အရှေ့ဂျေရုစလင်ကို ပါလက်စတိုင်းမြို့တော်အဖြစ် ပါလက်စတိုင်းခေါင်းဆောင်ပိုင်းက ရှုမြင်ထားသည်။

    ထရမ့်က ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုပြီးနောက်ပိုင်း ငြိမ်းချမ်းရေးအတွက် အမေရိကန်၏ စီစဉ်မှုကိုလက်ခံရန် ဘင် ဆလ်မန်က ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်အား ဖိအားပေးခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

    သို့သော်လည်း ပါလက်စတိုင်းခေါင်းဆောင်ပိုင်းမှာ ထရမ့်၏ ထိုအသိအမှတ်ပြုမှုကို သပိတ်မှောက်ခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အမေရိကန်မှာ ရိုးသားသည့် ကြားဝင်ညှိနှိုင်းပေးသူ မဟုတ်တော့ဟု အဘတ်စ်က ပြောကြားခဲ့သည်။

    ဘင်ဆလ်မန်မှာ ပါလက်စတိုင်းခေါင်းဆောင်ပိုင်းအား ဝေဖန်ခဲ့သည်သာမက ဆော်ဒီနှင့် အခြားအာရပ်နိုင်ငံများ အစ္စရေးနှင့် ပုံမှန်ဆက်ဆံရေး မတည်ဆောက်ခင် အစ္စရေးနှင့် ပါလက်စတိုင်းအကြား ငြိမ်းချမ်းဆွေးနွေးမှု ရှေ့ဆက်သင့်သည်ဟုလည်း ဂျူးခေါင်းဆောင်များအား ပြောကြားခဲ့သည်။

    ယခုကဲ့သို့ သတင်းထွက်လာမှုအတွက် ဆော်ဒီအာဏာပိုင်များက မည်သည့်မှတ်ချက်မှ မပေးသေးချေ။

    Ref: Aljazeera

  • ဆော်ဒီလုံခြုံရေးမှာ မိမိတို့၏ ဦးစားပေးဖြစ်သည်ဟု ကန်နိုင်ငံခြားရေးဝန်ကြီးပြော

    ဆော်ဒီလုံခြုံရေးမှာ မိမိတို့၏ ဦးစားပေးဖြစ်သည်ဟု ကန်နိုင်ငံခြားရေးဝန်ကြီးပြော

    ဧပြီ ၂၉၊ ၂၀၁၈
    M-Media

    ဆော်ဒီဘုရင်နှင့် တွေ့ဆုံနေသည့် ပွမ်ပီယို

    – ဆော်ဒီရဲ့ လုံခြုံရေးဟာ အမေရိကန်ရဲ့ ဦးစားပေးကိစ္စဖြစ်တယ်လို့ ရီယာ့ဒ်ကိုရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက ပြောကြားခဲ့ပါတယ်။

    မနေ့က ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲလ် အလ်-ဂျူဘီးရ်နဲ့ ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပွမ်ပီယိုက ဒီလိုပြောကြားလိုက်တာဖြစ်ပြီး အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရေး ဆော်ဒီနဲ့အတူ ရပ်တည်ဖို့ အဆင်သင့်ရှိတယ်လို့လည်း ဆိုပါတယ်။

    “၂၀၃၀ စီမံကိန်းကနေတစ်ဆင့် ဆော်ဒီရဲ့ အောင်မြင်မှုတွေကို ကျွန်တော်တို့ အားကျပါတယ်”

    ပွမ်ပီယိုက ထရမ့်ရဲ့ အီရန်နဲ့ပတ်သက်တဲ့ပေါ်လစီကို ထောက်ခံကြောင်း၊ အီရန်ဟာ အကြမ်ဖက်ဝါဒကို အကြီးမားဆုံး ထောက်ပံ့ပေးတဲ့နိုင်ငံဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ပွမ်ပီယိုဟာ ဒီနေ့မှာ ဆော်ဒီဘုရင် ဆလ်မန်နဲ့ ဘုရင့်နန်းတော်မှာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးနဲ့ ဒေသတွင်းအခြေအနေတွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

    ပွမ်ပီယိုဟာ ဂျော်ဒန်နဲ့ အစ္စရေးတို့ကိုလည်း သွားရောက်ဖို့ ရှိနေပါတယ်။

    Ref: Alarabiya

  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    ဧပြီ ၂၉၊ ၂၀၁၈
    M-Media

    ဆော်ဒီရောက် ကန်နိုင်ငံခြားရေးဝန်ကြီး

    နျူစမ်းသပ်ရာနေရာကို ပိတ်ပစ်ကာ နိုင်ငံတကာကို ခေါ်ပြမည်ဟု ကင် ကတိပြု
    ===============
    နိုင်ငံအတွင်းက နျူစမ်းသပ်ရာနေရာကို မေလမှာ ပိတ်ပစ်ကာ နိုင်ငံတကာကို အပြည့်အ၀ ၀င်ရောက်ကြည့်ရှုခွင့်ပေးမယ်လို့ သမ္မတ မွန်ဂျယ်အင်နဲ့ တွေ့ဆုံမှုအတွင်း ကင်ဂျုံအန်က ကတိပြုခဲ့ကြောင်း တောင်ကိုရီးယားသမ္မတရုံးက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ နျူလက်နက်စမ်းသပ်မှုကို ရပ်တန့်ပြီး စမ်းသပ်ရာနေရာကို ပိတ်မယ်လို့ ကင်က ထိပ်သီးအစည်းအဝေးမတိုင်ခင် ပြောကြားခဲ့တာပါ။ ဒါပေမယ့် ပွင့်လင်းမြင်သာမှုရှိအောင် နိုင်ငံတကာက ကျွမ်းကျင်သူတွေ၊ ဂျာနယ်လစ်တွေကို ဖိတ်ခေါ်ပြသသွားမယ်လို့ ဆွေးနွေးပွဲမှာ ကင်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးသစ် အရှေ့အလယ်ပိုင်းရောက်
    ==============
    အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသစ် မိုက် ပွမ်ပီယိုဟာ ၃ ရက်တာ အရှေ့အလယ်ပိုင်း ခရီးစဉ်အဖြစ် ဆော်ဒီကို မနေ့က ရောက်ရှိခဲ့ပြီး ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲလ် အလ်-ဂျူဘီးရ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ပွမ်ပီယိုဟာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် တည့်ခင်းဧည့်ခံတဲ့ ညစာစားပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။ ဂျော်ဒန်နဲ့ အစ္စရေးတို့ကိုလည်း ကန်နိုင်ငံခြားရေးဝန်ကြီးက သွားရောက်ဖို့ရှိပြီး အမေရိကန်အစိုးရကတော့ ဒီခရီးစဉ်ဟာ အရှေ့အလယ်ပိုင်းမှာ ဆက်ဆံရေး ပိုမိုခိုင်မာစေဖို့ ရည်ရွယ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းဝန်ကြီးချုပ်ယာဉ်တန်းဗုံးခွဲခံရမှု PA လက်ချက်ဟု ဟားမက်စ်ပြော
    ================
    ပြီးခဲ့တဲ့လ ပါလက်စတိုင်းဝန်ကြီးချုပ် ရာမီ ဟမ်ဒဲလာဟ် ဂါဇာကိုလာရောက်စဉ် သူ့ရဲ့ယာဉ်တန်း ဗုံးခွဲခံရမှုမှာ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ (PA) ရဲ့ ထောက်လှမ်းရေးအကြီးအကဲ ပါဝင်နေတယ်လို့ ပြိုင်ဖက် ဟားမက်စ်အဖွဲ့က စွပ်စွဲပြောကြားလိုက်ပါတယ်။ ထောက်လှမ်းရေးအဖွဲ့ကြီးတစ်ခုလုံး ပါဝင်လားဆိုတာ မသေချာပေမယ့် အဲဒီမှာ တာဝန်ထမ်းဆောင်တဲ့သူတွေ ပါဝင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

    မလေးရှားရွေးကောက်ပွဲတွင် မဟာသီက ယခင်အောင်မြေနေရာမှ ၀င်ရောက်ယှဉ်ပြိုင်မည်
    =================
    မေလ ၉ ရက်နေ့မှာပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲမှာ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်ဟာ အရင်က သူရဲ့အောင်မြေဖြစ်တဲ့ လန်ကာဝီကနေ ၀င်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ကြေငြာခဲ့ပါတယ်။ ၀န်ကြီးချုပ် နာဂျစ်ရာဇတ်အစိုးရဟာ တိုင်းပြည်ဘဏ္ဍာတွေကို အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက်ပိုင်း အသက် ၉၂ နှစ်အရွယ် မဟာသီက အတိုက်အခံတွေဖက်ကနေ ရပ်တည်ကာ နာဂျစ်ကို ဖြုတ်ချဖို့ ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။ မဟာသီဟာ ၁၉၈၁ ကနေ ၂၀၀၃ ခုနှစ်အထိ ၂၂ နှစ်ကြာ ၀န်ကြီးချုပ်အဖြစ် တာဝန်ယူကာ မလေးရှားကို ခေတ်မီတိုးတက်အောင် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

    Ref: Aljazeera, CNA

  • အစ္စလာမ်၏ အလတ်အလတ်လမ်းစဉ် ပြန်ဖော်ထုတ်ရေး ဆော်ဒီက စီမံကိန်း ၂၇ ခု ဆောင်ရွက်မည်

    အစ္စလာမ်၏ အလတ်အလတ်လမ်းစဉ် ပြန်ဖော်ထုတ်ရေး ဆော်ဒီက စီမံကိန်း ၂၇ ခု ဆောင်ရွက်မည်

    ဧပြီ ၂၂၊ ၂၀၁၈
    M-Media

    မက္ကာဟ် အုပ်ချုပ်ရေးမှူး မင်းသား ခါလစ် အလ်-ဖိုင်ဆယ် (၀ဲ)

    – အစ္စလာမ်သာသနာရဲ့ အလယ်အလတ်လမ်းစဉ် ပြန်လည်ထွန်းကားလာရေးနဲ့ ဘာသာရေးသည်းခံနိုင်စွမ်း မြင့်တက်လာရေးတို့အတွက် ဆော်ဒီမှာ တတ်သိပညာရှင်တွေက အလုပ်ရုံဆွေးနွေးပွဲတွေလုပ်ခဲ့ပြီး စီမံကိန်းတွေလည်း ချမှတ်ခဲ့ပါတယ်။

    အလုပ်ရုံဆွေးနွေးပွဲတွေဟာ ဆော်ဒီက မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော်တွေမှာ Mithaq ခေါင်းစဉ်နဲ့ စီမံကိန်းတစ်ခု စတင်ဖို့ ရည်ရွယ်ပြုလုပ်တာ ဖြစ်ပါတယ်။

    “အလယ်အလတ်လမ်းစဉ်နှင့် ဘာသာရေးသည်းခံမှု ပြန်ဖော်ထုတ်ရေး စီးမံကိန်းများ ဖော်ဆောင်ခြင်း” ခေါင်းစဉ်နဲ့ ပထမဆုံးလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ နိုင်ငံတစ်ဝှမ်းက တတ်သိပညာရှင်တွေ အများအပြား တက်ရောက်ခဲ့ပြီး အလယ်အလတ်လမ်းစဉ် ပြန်လည်ဖော်ထုတ်ရေးနဲ့ သည်းခံမှုမြင့်တင်ရေးအတွက် စီမံကိန်းပေါင်း ၂၇ ခု ချမှတ် ဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြပါတယ်။

    ဒုတိယအလုပ်ရုံဆွေးနွေးပွဲဟာ ဟဂ်ျဘုရားဖူးရာသီအတွင်း မက္ကာက မတ်စ်ဂျစ်ဒ်ဗလီဝတ်ကျောင်းတော်မှာ ဘုရားဖူးတွေကို ထိန်းသိမ်းနိုင်ရေးနဲ့ ဘုရားဖူးတွေ လွယ်ကူအောင်၊ လုံခြုံရေးစနစ် ပိုမိုကောင်းမွန်အောင် နည်းလမ်းတွေ ရှာဖွေးကိစ္စအတွက် ဖြစ်ပါတယ်။

    တတိယအလုပ်ရုံဆွေးနွေးပွဲကတော့ မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော်တွေရဲ့ မီဒီယာကဏ္ဍနဲ့ ကမ္ဘာလုံးဆိုင်ရာ ဖြန့်ချီရေးကဏ္ဍတွေ ဖြစပါတယ်။ ဒီဆွေးနွေးပွဲကို မီဒီယာသမားနဲ့ တက္ကသိုလ်က ပရော်ဖက်ဆာ တော်တော်များများ တက်ရောက်ခဲ့ပါတယ်။ ဆွေးနွေးမှုတွေ အကြိတ်အနယ်ပြုလုပ်ပြီးတဲ့နောက် ခိုင်မာတဲ့ ရလဒ်တွက်ပေါ်လာရေး စီမံကိန်းတွေ ချမှတ်ဖော်ဆောင်ဖို့ သဘောတူညီချက် ရရှိခဲ့ပါတယ်။

    အခမ်းအနားကို မက္ကာဟ် အုပ်ချုပ်ရေးမှူး မင်းသား ခါလစ် အလ်-ဖိုင်ဆယ်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ကို စောင့်ရှောက်ကာ ဘုရားဖူးခရီးသည်တွေကို ၀န်ဆောင်မှုပေးနေတဲ့ ၀န်ထမ်းတွေကိုလည်း ချီးကျူးခဲ့ပါတယ်။

    Ref : Arab News