News @ M-Media

Tag: SaudiArabia

  • မက္ကာရှိ မတ်စ်ဂျစ်ဒ်ဟရမ်ဗလီတွင် လုံခြုံရေးဆောင်ရွက်ချက်များ တိုးမြှင့်

    မက္ကာရှိ မတ်စ်ဂျစ်ဒ်ဟရမ်ဗလီတွင် လုံခြုံရေးဆောင်ရွက်ချက်များ တိုးမြှင့်

    မေ ၁၇၊ ၂၀၁၈
    M-Media

    – မက္ကာက မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်မှာ ရမ်ဇာန်ဥပုသ်လအတွင်း မြင့်တက်လာတဲ့ ၀တ်ပြုသူတွေကို စောင့်ကြည့်ထိန်းသိမ်းဖို့အတွက် ပထမဆုံးအကြိမ် ဒရုန်းလေယာဉ်တွေ အသုံးပြုသွားမယ်လို့ အွမ္မရာဟ်ဆိုင်ရာ အကြီးအကဲ ဗိုလ်ချုပ် မိုဟာမက် အလ်-အဟ်မဒီက ပြောကြားလိုက်ပါတယ်။

    ဒါဟာ ကမ္ဘာတစ်ဝှမ်းက အွမ္မရာဟ်ဘုရားဖူး လာရောက်ကြသူတွေရဲ့ လုံခြုံရေး၊ အဆင်ပြေချောမွေ့စေရေးနဲ့ စီမံခန့်ခွဲရေးဆိုင်ရာ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    ဒရုန်းတွေ၊ လေယာဉ်ငယ်တွေနဲ့ စောင့်ကြည့်မှုအပြင် မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်အတွင်း လူတွေရဲ့ သွားလာလှုပ်ရှားမှုကို ကြည့်ရှုနိုင်ဖို့ လုံခြုံရေးကင်မရာ ၂၅၀၀ တပ်ဆင်ထားပါတယ်။

    ဒါ့အပြင် ရဲတပ်ဖွဲ့ဝင် ၂၄၀၀၊ လုံခြုံရေးအဖွဲ့ဝင် ၁၃၀၀ တို့ကို ချထားမှာဖြစ်ပြီး ဗလီဝတ်ကျောင်းတော် ပရဝုဏ်အတွင်း အ၀င်အထွက်လုပ်တဲ့ ယာဉ်ငယ်တွေ ရပ်နားရာနေရာ ၆ ခုကိုလည်း ထားပေးထားပါတယ်။

    “ဘုရားဖူးတွေနဲ့ ဗလီဝတ်ကျောင်းတော်ကို လာရောက်ကြသူတွေရဲ့ အ၀င်အထွက်ကို ရဲတပ်ဖွဲ့က စီစဉ် ကြီးကြပ်ပေးသွားမှာပါ” လို့ မက္ကာဟ်ရဲချုပ် ဗိုလ်ချုပ် ဖဟဒ် ဘင် မူတ်လက် အလ်-အိုဆိုင်မီက ပြောကြားခဲ့ပါတယ်။

    Ref: Alarabiya

  • ဇမ်ဇမ် (သို့မဟုတ်) မက္ကာက နတ်ရေစင် (မြန်မာစာတမ်းထိုး)

    ဇမ်ဇမ် (သို့မဟုတ်) မက္ကာက နတ်ရေစင် (မြန်မာစာတမ်းထိုး)

    မေ ၈၊ ၂၀၁၈
    M-Media

    – ဤမှတ်တမ်းရုပ်ရှင်တွင် ဇမ်ဇမ်ရေ၏ သမိုင်းကြောင်း၊ ဂုဏ်သတ္တိတွေနဲ့ ဖြန့်ဝေပေးမှုတွေအကြောင်း ရှုစားရမှာ ဖြစ်ပါတယ်။

  • အမျိုးသမီးများ ကားမောင်းနိုင်မည့် ရက်အတိအကျကို ဆော်ဒီထုတ်ပြန်

    အမျိုးသမီးများ ကားမောင်းနိုင်မည့် ရက်အတိအကျကို ဆော်ဒီထုတ်ပြန်

    မေ ၈၊ ၂၀၁၈
    M-Media

    – ဆော်ဒီအမျိုးသမီးတွေဟာ ဇွန်လ ၂၄ ရက်နေ့ကနေစပြီး ကားမောင်းနိုင်ပြီလို့ ဆော်ဒီ မော်တော်ယာဉ်ဆိုင်ရာဌာနက ညွှန်ကြားရေးမှူး မိုဟာမက် အလ်-ဘက်ဆာမီက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    “အမျိုးသမီးတွေ စတင်ကားမောင်းနိုင်ဖို့အတွက် လိုအပ်တာအားလုံးကို လုပ်ဆောင်ပြီးပါပြီ” လို့ အစိုးရရဲ့ ထုတ်ပြန်ကြေငြာချက်မှာ ဘက်ဆာမီက ဆိုပါတယ်။

    ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ ဆော်ဒီဘုရင်က အမိန့်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အမျိုးသမီးတွေ ကားမောင်းမှု ပိတ်ပင်ထားတာကို ဖယ်ရှားလိုက်တယ်လို့ ကြေငြာခဲ့ပါတယ်။

    အသက် ၁၈ နှစ်နဲ့အထက် အမျိုးသမီးတွေ လိုင်စင်လျှောက်ထားနိုင်ဖို့အတွက် ဆော်ဒီက စီစဉ်ပေးခဲ့ပြီး နိုင်ငံတစ်ဝှမ်း မြို့ကြီးတွေမှာ အမျိုးသမီးတွေအတွက် ကားမောင်းသင်တန်းကျောင်းတွေကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

    နိုင်ငံရပ်ခြားမှာ ကားမောင်းလိုင်စင်ရထားတဲ့ အမျိုးသမီးတွေအနေနဲ့လည်း ဒေသတွင်းလိုင်စင်ကို ပြန်လည်လျှောက်ထားဖို့လိုတယ်လို့ ဆိုပါတယ်။

    အမျိုးသမီးတွေ ကားမောင်းခွင့်ပိတ်ပင်ထားတာကို ဖယ်ရှားတဲ့အစီအစဉ်မှာ အသက် ၃၂ နှစ်အရွယ် မိုဟာမက် ဘင် ဆလ်မန်က အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုတွေရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

    Ref: Alarabiya

  • မက္ကာ-မဒီနာ အမြန်ရထားလိုင်းသစ်ကို ယခုနှစ် စင်တင်ဘာတွင် စတင်ပြေးဆွဲမည်

    မက္ကာ-မဒီနာ အမြန်ရထားလိုင်းသစ်ကို ယခုနှစ် စင်တင်ဘာတွင် စတင်ပြေးဆွဲမည်

    မေ ၇၊ ၂၀၁၈
    M-Media

    – တစ်နာရီကို ကီလိုမီတာ ၃၀၀ ကျော် သွားနိုင်တဲ့ မက္ကာ-မဒီနာ ရထားလမ်းသစ်ကို အခုနှစ် စက်တင်ဘာလမှာ စတင်ပြေးဆွဲသွားမယ်လို့ ဆော်ဒီက ကြေငြာလိုက်ပါတယ်။

    အဲဒီ ဟာရာမိန်း လျှပ်စစ်အမြန်ရထားဟာ အရှေ့အလယ်ပိုင်းမှာ အမြန်ဆုံးရထား ဖြစ်လာမှာဖြစ်ပြီး ၂၀၁၉ ခုနှစ်အစပိုင်း အပြည့်အ၀ ပြေးဆွဲနိုင်တဲ့အချိန်ရောက်ရင် တစ်နှစ် လူ သန်း ၆၀ လောက်ကို သယ်ယူပို့ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

    ရထားလမ်းအရှည်ဟာ ကီလိုမီတာ ၄၅၀ ရှိပြီး ကင်းအဘ်ဒူလာ စီးပွားရေးမြို့တော်ကို ဖြတ်ပြီး ဖောက်ထားတာ ဖြစ်ပါတယ်။

    ဆော်ဒီ သယ်ယူပို့ဆောင်ရေးဝန်ကြီး နဘီလ် ဘင် မိုဟာမက် အလ်-အေမူဒီက ဆော်ဒီရဲ့ ၂၀၃၀ မဟာဗျူဟာ စီမံကိန်းမှာ သယ်ယူပို့ဆောင်ရေးကို တိုင်းပြည်စီးပွားရေးရဲ့ အဓိကမောင်းနှင်အားအဖြစ် သတ်မှတ်ထားပြီး ဟာရာမိန်း ရထားလိုင်းအပြင်၊ အခုလအတွင်း ဂျစ်ဒါမှာ လေဆိပ်အသစ်တစ်ခု ဖွင့်လှစ်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    Ref : Arabnews

  • ဆိုက်ဘာလုံခြုံရေးအကြီးအကဲအဖြစ် အမျိုးသမီးတစ်ဦးကို ဆော်ဒီခန့်အပ်

    ဆိုက်ဘာလုံခြုံရေးအကြီးအကဲအဖြစ် အမျိုးသမီးတစ်ဦးကို ဆော်ဒီခန့်အပ်

    မေ ၅၊ ၂၀၁၈
    M-Media

    နူဖ် အဘ်ဒူလာ အလ်-ရာကန်

    – နိုင်ငံရဲ့ ဆိုက်ဘာလုံခြုံရေးအဖွဲ့က အကြီးအကဲအဖြစ် အမျိုးသမီးတစ်ဦးကို ဆော်ဒီက ယမန်နေ့မှာ ခန့်အပ်လိုက်ပါတယ်။

    နူဖ် အဘ်ဒူလာ အလ်-ရာကန်ဖြစ်ပြီး ဆော်ဒီ ဆိုက်ဘာလုံခြုံရေး၊ ပရိုဂရမ်မင်းနဲ့ ဒရုန်းဆိုင်ရာအဖွဲ့ ဥက္ကဌ တော်ဝင်မင်းသား ဆာအွဒ် အလ်-ကာတာနီက သူမကို အမှုဆောင်ဒါရိုက်တာအဖြစ် ခန့်အပ်ကြောင်း ကြေငြာခဲ့တာပါ။

    အလ်-ရာကန်ဟာ အမေရိကန်ပြည်ထောင်စု ဂျော့ဂ်ျဝါရှင်တန်တက္ကသိုလ်ကနေ စီပွားရေး၊ စီမံကိန်း စီမံခန့်ခွဲရေးဆိုင်ရာတွေနဲ့ ဘွဲ့ရခဲ့တာဖြစ်ပြီး ဗြိတိန်မှာလည်း သွားရောက် ပညာဆည်းပူးခဲ့ဖူးပါတယ်။

    စီမံကိန်းနဲ့ စီးပွားရေး စီမံခန့်ခွဲမှုနယ်ပယ်မှာ အတွေ့အကြုံ ၁၅ နှစ်လောက်ရှိပြီး ရီယာ့ဒ် ကုန်သည်ကြီးများအသင်းမှာလည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ သူမဟာ ဆော်ဒီအမျိုးသမီးတွေကို စွမ်းဆောင်ရည်မြှင့်တင်ကာ၊ ခေါင်းဆောင်မှုနဲ့ စွန့်ဦးတီထွင်မှုဆိင်ရာတွေကို လေ့ကျင့်သင်ကြားပေးနေသူလည်း ဖြစ်ပါတယ်။

    ရီယာ့ဒ်က ကုလရုံးမှာ အလုပ်လုပ်ခဲ့ဖူးပြီး အထူးသဖြင့် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်မှာ ဖြစ်ပါတယ်။

    ၂၀၀၄ ခုနှစ်မှာ သူမဟာ MITSco ဆိုတဲ့အမည်တဲ့ သီတင်းအချက်အလက်ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ပြီး ဖုန်းအက်ပလီကေးရှင်းတွေကို အဓိကထား ဖန်တီးခဲ့ပါတယ်။

    ရာကန်ဟာ ရီယာ့ဒ်က လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီရဲ့ ဘုတ်အဖွဲ့ဝင်နဲ့ အထွေထွေအတွင်းရေးမှူးလည်း ဖြစ်ပါတယ်။ သူမဟာ အရှေ့အာရှနဲ့ အခြားတိုင်းပြည်တွေကို စီးပွားရေးကိုယ်စားလှယ်အဖွဲ့တွေနဲ့ အတူ သွားရောက်ခဲ့ဖူးပါတယ်။

    ရီယာ့ဒ်က ပညာရေးတိုးတက်မှုစီမံကိန်း Educational Initiatives မှာလည်း စီအီးအိုအဖြစ် သူမက တာဝန်ထမ်းဆောင်နေပါတယ်။

    Ref: Alarabiya