News @ M-Media

Tag: SaudiArabia

  • ဆော်ဒီအစိုးရအဖွဲ့အတွင်း အပြောင်းအလဲတစ်ချို့ ပြုလုပ်

    ဆော်ဒီအစိုးရအဖွဲ့အတွင်း အပြောင်းအလဲတစ်ချို့ ပြုလုပ်

    ဇွန် ၂၊ ၂၀၁၈
    M-Media

    ဆော်ဒီဘုရင် ဆလ်မန်

    – ဆော်ဒီဘုရင် ဆလ်မန်ဟာ ဒီနေ့မှာ အမိန့်ပြန်တမ်းတစ်ချို့ကို ထုတ်ပြန်ခဲ့ပြီး အစိုးရအတွင်း အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပါတယ်။

    ဘုရင်ကြီးဟာ ယဉ်ကျေးမှုဝန်ကြီးဌာန ဖွဲ့စည်းဖို့ အမိန့်ပေးခဲ့ပြီး လီယိုနာဒို ဒါဗင်ချီရေးဆွဲခဲ့တဲ့ ယေရှုခရစ် ပုံတူပန်းချီကားကို ကန်ဒေါ်လာ သန်း ၄၅၀ နဲ့ ၀ယ်ယူစုဆောင်းခဲ့သူ မင်းသား ဘဒရ် ဘင် အဘ်ဒူလာကို ၀န်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။

    မင်းသားဘဒရ်ဟာ ဧပြီလက အသစ်ဖွဲ့စည်းခဲ့တဲ့ ယဉ်ကျေးမှုဆိုင်ရာ အာဏာပိုင်အဖွဲ့ရဲ့ ခေါင်းဆောင်နေရာ အပါအ၀င် ဆော်ဒီအစိုးရရဲ့ ထိပ်တန်းနေရာ တော်တော်များများကို တာဝန်ယူကိုင်တွယ်ရသူလည်း ဖြစ်ပါတယ်။

    ဆော်ဒီဟာ အရင်က ယဉ်ကျေးမှုနဲ့ သတင်းအချက်အလက်ဝန်ကြီးဌာနအဖြစ် ပူးတွဲထားရှိခဲ့ပြီး အခုမှ ယဉ်ကျေးမှု ၀န်ကြီးဌာနအဖြစ် သီးသန့်ခွဲထုတ်ခဲ့တာပါ။

    ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ အဟ်မဒ် ဘင် ဆူလေမန် အလ်-ရဂ်ျဟီကိုတော့ အလုပ်သမားနဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးအဖြင် ခန့်အပ်ခဲ့ပါတယ်။

    အစ္စလာမ့်ရေးရာ ၀န်ကြီးဌာန ၀န်ကြီးအဖြစ် အဘ်ဒူလ်လတစ်ဖ် ဘင် အဘ်ဒူလ်အဇစ် ဘင် အဘ်ဒူရဟ်မန် အလ် အလ်-ရှိခ်ကို ခန့်အပ်ခဲ့ပါတယ်။ အလ်-ရှိခ်ဟာ အရင်က ဆော်ဒီ ဘာသာရေးရဲတပ်ဖွဲ့ကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။

    ဘုရင်ဆလ်မန်ဟာ သဘာဝပတ်ဝန်းကျင်နဲ့ မက္ကာဟ်မြို့ဆိုင်ရာ တော်ဝင်ကော်မရှင်၊ ဂျစ်ဒါမြို့ သမိုင်းဝင်ဒေသတွေကို ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မရှင်တွေ ဖွဲ့စည်းကြောင်းလည်း အမိန့်ပြန်တမ်းမှာ ဖော်ပြခဲ့ပါတယ်။

    ပြည်ထဲရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ စွမ်းအင်း၊ စက်မှုလက်မှု၊ သတ္တုတွင်းဝန်ကြီးဌာနတွေက ဒုတိယ၀န်ကြီးနေရာတွေကိုလည်း ဘုရင်ဆလ်မန်က အပြောင်းအလဲ လုပ်ခဲ့ပါတယ်။

    အစိုးရအဖွဲ့မှာ ဒီလိုအပြောင်းအလဲ ကြီးကြီးမားမား လုပ်ဆောင်တာဟာ ၂၀၁၇ ခုနှစ်ဇွန်လ မိုဟာမက်ဘင် ဆလ်မန်ကို အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်ပြီးတဲ့နောက်ပိုင်း ဒုတိယအကြိမ်မြောက်လည်းဖြစ်ပါတယ်။

    Ref: Aljazeera

  • ဆော်ဒီစစ်စခန်းကို သေနတ်သမားနှစ်ဦးက ၀င်ရောက်တိုက်ခိုက်

    ဆော်ဒီစစ်စခန်းကို သေနတ်သမားနှစ်ဦးက ၀င်ရောက်တိုက်ခိုက်

    မေ ၃၁၊ ၂၀၁၈
    M-Media

    – ဆော်ဒီအာရေဗျနိုင်ငံ အနောက်ပိုင်း တာအစ်ဖ်မြို့က စစ်စခန်းတစ်ခုကို သေနတ်သမားနှစ်ဦးက မနေ့ညပိုင်းမှာ ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သည်အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

    သေနတ်သမားတွေဟာ ရဲတစ်ယောက်ကို ဓားနဲ့ထိုးသတ်ဖြတ်ပြီး သူ့ရဲ့ကားနဲ့ လက်နက်တွေယူဆောင်ကာ စစ်စခန်းကို ၀င်ရောက်တိုက်ခိုက်ခဲ့တာပါ။

    စစ်သားတွေနဲ့ သေနတ်သမားတွေအကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သေနတ်သမားတစ်ဦး ဒဏ်ရာရရှိကာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ စစ်သားတော်တော်များများလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

    တိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာ မသိရသေးပေမယ့် နောက်လိုက်တွေအနေနဲ့ ဆော်ဒီ စစ်စခန်းတွေကို တိုက်ခိုက်ကြဖို့ IS အကြမ်းဖက်အဖွဲ့ဟာ ယခင်တုန်းက ဆော်သြတိုက်တွန်းဖူးပါတယ်။

    Ref: Aljazeera

  • အမြင်အာရုံချို့တဲ့သူများအတွက် စာရေးနည်းသစ်တစ်ခုကို ဆော်ဒီကျောင်းသူ တီထွင်

    အမြင်အာရုံချို့တဲ့သူများအတွက် စာရေးနည်းသစ်တစ်ခုကို ဆော်ဒီကျောင်းသူ တီထွင်

    မေ ၂၇၊ ၂၀၁၈
    M-Media

    တာလာ အဘူလ်နာဂါ (လယ်)

    – အမြင်အာရုံချို့တဲ့သူတွေအတွက် အာရဘီစာရေးနည်းသစ်တစ်ခုကို ဆော်ဒီအာရဗျက အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်လေးက တီထွင်ခဲ့ပါတယ်။

    တာလာ အဘူလ်နာဂါဆိုတဲ့ အဲဒီ မိန်းကလေးငယ်ဟာ နိုင်ငံအရှ့ပိုင်း ဒါရန်မြို့ကဖြစ်ပြီး ကျောင်းမှာ မျက်စိအလင်းမရတဲ့ ကျောင်းသူတစ်ဦးနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် စာရေးနည်းသစ်တစ်ခုကို တီထွင်ဖို့ အကြံရခဲ့တာ ဖြစ်ပါတယ်။

    တာလာရဲ့သူငယ်ချင်းဟာ ကမ္ဘာတစ်ဝှမ်း အမြင်အာရုံချို့တဲ့သူတွေ စာရေး၊ စာဖတ်အတွက် အသုံးပြုနေတဲ့ ဖောင်းကြွအစက်အခြေပြု Braille စနစ်ကို အသုံးမပြုနိုင်ပါဘူး။

    တာလာတီထွင်ခဲ့တဲ့ စနစ်သစ်ကတော့ ဂျီသြမေတြီပုံသဏ္ဍာန်တွေကို အခြေပြုပြီး အာရဘီစကားလုံးတွေကို အုပ်စု ၃ စု ခွဲထားပါတယ်။ အုပ်စုတစ်ခုချင်းစီမှာ သီးခြားသရတွေ ထည့်ပေးထားပြီး အမြင်အာရုံ ချို့တဲ့သူတွေအနေနဲ့ အာရဘီစကားလုံးတွေကို ရေးသားဖတ်ရှုရာမှာ ပိုမိုလွယ်ကူစေမှာ ဖြစ်ပါတယ်။

    သူမက အမြင်အာရုံချို့တဲ့သူတွေဟာ ပတ်ဝန်းကျင်က အရာတွေနဲ့ပတ်သက်ပြီး ကိုယ်ပိုင်နားလည်နိုင်စွမ်းရှိကြောင်း၊ သူတို့ကို မိမိတို့ နားလည်ထားတဲ့အတိုင်း သင်ပေးလို့ မရကြောင်း ပြောကြားခဲ့ပါတယ်။

    အမေရိကန် စိတ်ပညာဆိုင်ရာအသင်းက သူမရဲ့ တီထွင်မှုကို ဂုဏ်ပြုတဲ့အနေနဲ အခုလအတွင်း ပြုလုပ်ခဲ့တဲ့ ISEF 2018 ဆုပေးပွဲမှာ အထူးဆုတစ်ခု ချီးမြှင့်ခဲ့ပါတယ်။

    Ref: Alarabiya

  • စနေနေ့မနက် နိုင်ငံတကာသတင်းများ

    စနေနေ့မနက် နိုင်ငံတကာသတင်းများ

    မေ ၂၆၊ ၂၀၁၈
    M-Media

    ဖီဖာဥက္ကဌနှင့် တွေ့ဆုံနေသည့် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်

    ထရမ့်-ကင်ဂျုံအွန်တို့ ဆွေးနွေးပွဲ ပြန်ဖြစ်လာမည်
    ==============
    ဇွန်လ ၁၂ ရက်နေ့မှာ စီစဉ်ထားတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ တွေ့ဆုံရေးကိစ္စ ပြန်လည်ဖြစ်မြောက်လာအောင် ဆွေးနွေးမှုတွေလုပ်နေပြီး အခြေအနေကောင်းနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့ညပိုင်းမှာ ပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယားရဲ့ ရန်လိုမှု၊ ဒေါသတွေကို တွေ့ရတဲ့အတွက် တွေ့ဆုံပွဲကို ဖျက်သိမ်းတယ်လို့ ထရမ့်က ကြာသာပတေးနေ့မှာ ကြေငြာခဲ့တာပါ။ ဒါပေမယ့် မြောက်ကိုရီးယားဖက်က တံခါးဖွင့်ထားဆဲလို့ ထုတ်ပြန်တာကြောင့် အမေရိကန်က ဆွေးနွေးပွဲကို ပြန်အသက်သွင်းဖို့ စီစဉ်နေတာဖြစ်ပါတယ်။

    အသတ်ခံရသည်ဟု သတင်းထွက်သည့် ဆော်ဒီအိမ်ရှေ့မင်းသား လူမြင်ကွင်းပြန်ထွက်
    =====================
    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ မနေ့က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဌ အန်ဖန်တီနိုနဲ့ တွေ့ဆုံခဲ့ပြီး ဧပြီလ ၂၁ ရက်နေ့နောက်ပိုင်း ပထမဆုံး လူမြင်ကွင်းကို ပြန်ထွက်လာတာ ဖြစ်ပါတယ်။ ပြီ ၂၁ ရက်နေ့က ရီယာ့ဒ်မှာရှိတဲ့ နန်းတော်မှာ သေနတ်သံတွေကြားခဲ့ရပြီး ဘင်ဆလ်မန်ကို မကျေနပ်တဲ့ တော် ၀င်မင်းသားတွေက အာဏာသိမ်းတာဖြစ်တယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ဆော်ဒီအစိုးရကတော့ ကစားစရာ ဒရုန်းတစ်ခုကို ပစ်ချတာလို့ သတင်းထုန်ပြန်ပါတယ်။ ဘင် ဆလ်မန်ဟာ အဲဒီအဖြစ်အပျက်အပြီးမှာ လူမြင်ကွင်းကနေ လုံးဝပျောက်သွားခဲ့ပြီး အာဏာသိမ်းမှုအတွင်း အသတ်ခံလိုက်ရတယ်လို့ ကောလဟာလတွေ ထွက်ခဲ့ပါတယ်။

    ကနေဒါရှိ အိန္ဒိယစားသောက်ဆိုင်တွင် ပေါက်ကွဲမှုဖြစ်
    ===============
    ကနေဒါနိုင်ငံ တိုရွန်တိုဆင်ခြေဖုံးက အိန္ဒိယစားသောက်ဆိုင်တစ်ခုမှာ ကြာသာပတေးနေ့ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး သံသယရှိသူ ၂ ဦးကို ရှာဖွေနေတယ်လို့ ကနေဒါရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒီသံသယရှိသူနှစ်ယောက်ဟာ Bombay Bhel ဆိုတဲ့ စားသောက်ဆိုင်ကို မျက်နှာတွေဖုံးကာ ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ကတော့ လက်ရှိအချိန်အထိ အကြမ်းဖက်မှုလုပ်ရပ်၊ အမုန်းဆောင်ရာဇ၀တ်မှုတွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ အနေအထားမျိုးကို မတွေ့ရသေးကြောင်း ပြောကြားခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် လူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    ဟောလီးဝုဒ် နာမည်ကြီးထုတ်လုပ်သူ လိင်စော်ကားမှုဖြင့် တရားစွဲခံရ
    ================
    ဟောလီးဝုဒ်က နာမည်ကျော် ရုပ်ရှင်ထုတ်လုပ်သူ ဟာဗေး ၀ိုင်စတိန်းဟာ အဓမ္မကျင့်မှု လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ မနေ့မှာ တရားစွဲခံခဲ့ရပါတယ်။ မင်းသမီးဟောင်း လူစီယာ အီဗန်စ်က ၀ိုင်စတိန်းဟာ ၂၀၀၄ ခုနှစ်မှာ သူမကို လိင်စော်ကားမှုလုပ်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပြီးတဲ့နောက်ပိုင်း အခြား ရုပ်ရှင်လောကသား တော်တော်များ များကလည်း ၀ိုင်စတိန်းရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်ခဲ့ကြပါတယ်။ မနေ့က ၀ိုင်စတိန်းကို အမျိုးသမီးနှစ်ဦးအပေါ် ကျူးလွန်မှုနဲ့ နယူးယောက်က တရားရုံးမှာ တရားစွဲခဲ့တာဖြစ်ပြီး ဒေါ်လာ တစ်သန်းတန် အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ၀ိုင်စတိန်းက နှစ်ဦးသဘောတူခြင်းမရှိဘဲ လိင်ပိုင်းဆိုင်ရာ ပတ်သက်တာမျိုး မရှိခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။ GPS နောက်ယောက်ခံစနစ် ၀င်ဆင်ဖို့၊ နိုင်ငံကူးလက်မှတ် ပယ်ဖျက်ဖို့ စတာတွေကိုလည်း ၀ိုင်စတိန်းက သဘောတူခဲ့ရပါတယ်။

    Ref: Aljazeera, CNN, BBC

  • မက္ကာရှိ မတ်စ်ဂျစ်ဒ်ဟရမ်ဗလီတွင် လုံခြုံရေးဆောင်ရွက်ချက်များ တိုးမြှင့်

    မက္ကာရှိ မတ်စ်ဂျစ်ဒ်ဟရမ်ဗလီတွင် လုံခြုံရေးဆောင်ရွက်ချက်များ တိုးမြှင့်

    မေ ၁၇၊ ၂၀၁၈
    M-Media

    – မက္ကာက မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်မှာ ရမ်ဇာန်ဥပုသ်လအတွင်း မြင့်တက်လာတဲ့ ၀တ်ပြုသူတွေကို စောင့်ကြည့်ထိန်းသိမ်းဖို့အတွက် ပထမဆုံးအကြိမ် ဒရုန်းလေယာဉ်တွေ အသုံးပြုသွားမယ်လို့ အွမ္မရာဟ်ဆိုင်ရာ အကြီးအကဲ ဗိုလ်ချုပ် မိုဟာမက် အလ်-အဟ်မဒီက ပြောကြားလိုက်ပါတယ်။

    ဒါဟာ ကမ္ဘာတစ်ဝှမ်းက အွမ္မရာဟ်ဘုရားဖူး လာရောက်ကြသူတွေရဲ့ လုံခြုံရေး၊ အဆင်ပြေချောမွေ့စေရေးနဲ့ စီမံခန့်ခွဲရေးဆိုင်ရာ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    ဒရုန်းတွေ၊ လေယာဉ်ငယ်တွေနဲ့ စောင့်ကြည့်မှုအပြင် မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်အတွင်း လူတွေရဲ့ သွားလာလှုပ်ရှားမှုကို ကြည့်ရှုနိုင်ဖို့ လုံခြုံရေးကင်မရာ ၂၅၀၀ တပ်ဆင်ထားပါတယ်။

    ဒါ့အပြင် ရဲတပ်ဖွဲ့ဝင် ၂၄၀၀၊ လုံခြုံရေးအဖွဲ့ဝင် ၁၃၀၀ တို့ကို ချထားမှာဖြစ်ပြီး ဗလီဝတ်ကျောင်းတော် ပရဝုဏ်အတွင်း အ၀င်အထွက်လုပ်တဲ့ ယာဉ်ငယ်တွေ ရပ်နားရာနေရာ ၆ ခုကိုလည်း ထားပေးထားပါတယ်။

    “ဘုရားဖူးတွေနဲ့ ဗလီဝတ်ကျောင်းတော်ကို လာရောက်ကြသူတွေရဲ့ အ၀င်အထွက်ကို ရဲတပ်ဖွဲ့က စီစဉ် ကြီးကြပ်ပေးသွားမှာပါ” လို့ မက္ကာဟ်ရဲချုပ် ဗိုလ်ချုပ် ဖဟဒ် ဘင် မူတ်လက် အလ်-အိုဆိုင်မီက ပြောကြားခဲ့ပါတယ်။

    Ref: Alarabiya