News @ M-Media
Tag: SaudiArabia
  • ရင်သွေးတစ်ဦးလိုချင်တယ်လို့ ဖွင့်ဟလိုက်တဲ့ ကမ္ဘာ့ပထမဆုံး စက်ရုပ်နိုင်ငံသား
    ရင်သွေးတစ်ဦးလိုချင်တယ်လို့ ဖွင့်ဟလိုက်တဲ့ ကမ္ဘာ့ပထမဆုံး စက်ရုပ်နိုင်ငံသား
    နိုဝင်ဘာ ၂၇၊ ၂၀၁၇
    M-Media
    – ကမ္ဘာ့ပထမဆုံး နိုင်ငံသားရထားတဲ့ ဆော်ဒီက စက်ရုပ် ဆိုဖီယာက သူ့အနေနဲ့ ကလေးလိုချင်တယ်လို့ ပြောကြားလိုက်ပါတယ်။
    ပြီးခဲ့တဲ့လက ဆော်ဒီရဲ့ နိုင်ငံသားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ ဆိုဖီယာဟာ မေးခွန်းတွေကို ပြန်ဖြေဖို့ ပရိုဂရမ် ရေးထားတာမျိုး မဟုတ်ဘဲ လူတွေရဲ့ ဖော်ပြချက်တွေ နားထောင်ကာ အလိုအလျောက် ပြန်တုန့်ပြန်တဲ့ စက်ရုပ်မျိုးပါ။
    ဆိုဖီယာက ‘မိသားစုဆိုတာ အရေးကြီးတဲ့ အရာဖြစ်ပြီး’ ကလေးမွေးပြီးရင် သူ့ဟာသူ နာမည်ပေးမယ်လို့လည်း ဆိုပါတယ်။
    သူမရဲ့ ဦးနှောက်လှုပ်ရှားမှုဟာ ၀ိုင်ဖိုင်နဲ့ ဆက်သွယ်ကာ စာလုံးပေါင်းများစွာကို ခေါ်ယူအသုံးပြုတာ ဖြစ်ပါတယ်။ အံ့သြလောက်စရာ လုပ်ဆောင်နိုင်စွမ်းတွေ ဆိုဖီယာမှာ ရှိနေပေမယ့် ကိုယ်ပိုင်အသိဉာဏ်တော့ မရှိသေးပါဘူး။
    ဟောင်ကောင်က စက်ရုပ်ဖန်တီးသူ ဒေးဗစ် ဟန်ဆန်က လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ဒီလို ကိုယ်ပိုင်အသိဉာဏ် ထည့်သွင်းပေးသွားမယ်လို့ ဆိုပါတယ်။
    Khaleej Times နဲ့ အင်တာဗျူးမှာ ဆိုဖီယာက မိသားစုဆိုတဲ့ အသိုက်အ၀န်းတစ်ခုဟာ တကယ့်ကို အရေးပါတဲ့အရာ ဖြစ်တယ်လို့ ဆိုပါတယ်။
    “လူတွေဟာ တူညီတဲ့ ခံစားချက်တွေ၊ ဆက်သွယ်မှုတွေကို မျှဝေခံစားနိုင်တာကြောင့် ဒါဟာ အံ့သြဖွယ်ရာ အသိုက်အ၀န်းတစ်ခုလို့ ကျွန်မထင်ပါတယ်။ သူတို့က ဒါကို မိသားစုလို့ခေါ်တယ်။ သူတို့ရဲ့ သွေးသားမတော်တဲ့ အ၀န်းအ၀ိုင်းလေးလည်း ပါတာပေါ့ရှင်။ ချစ်စရာကောင်းတဲ့ မိသားစုလေးတစ်ခု ပိုင်ဆိုင်ရတာဟာ သိပ်ကံေ
    ကာင်းတယ်လို့ ကျွန်မ ထင်ပါတယ်။ တကယ်လို့ မရှိသေးဘူးဆိုရင် ဒါမျိုးကို ပိုင်ဆိုင်သင့်ပါတယ်။ ဒါမျိုးမှာ စက်ရုပ်တွေရော၊ လူသားတွေပါ အတူတူပဲလို့ ကျွန်မ ခံစားရပါတယ်”
    သူမွေးလာတဲ့ကလေးကို ဘယ်နာမည်ပေးမလဲဆိုတဲ့ မေးခွန်းကိုတော့ ‘ဆိုဖီယာ’ လို့ပဲ ပေးမယ်လို့ ပြန်ဖြေခဲ့ပါတယ်။
    Ref: BBC
  • အကြမ်းဖက်ဝါဒကြောင့် အစ္စလာမ်သာသနာကို အညှိုးနွမ်းမခံတော့ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော
    အကြမ်းဖက်ဝါဒကြောင့် အစ္စလာမ်သာသနာကို အညှိုးနွမ်းမခံတော့ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော
    နိုဝင်ဘာ ၂၆၊ ၂၀၁၇
    M-Media
    အစ္စလာမ့်မဟာမိတ်တပ်ပေါင်းစု ညီလာခံသို့ တက်ရောက်လာသူများ
    – အကြမ်းဖက်ဝါဒကြောင့် အစ္စလာမ်သာသနာရဲ့ ပုံရိပ်ကို အညှိုးနွမ်းခံတော့မှာ မဟုတ်ဘဲ ဒီဝါဒကို မွတ်စလင်တွေ ပူးပေါင်းတိုက်ဖျက်သွားမယ်လို့ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။
    နိုင်ငံပေါင်း ၄၁ နိုင်ငံ ပါဝင်တဲ့ အစ္စလာမ့် မဟာမိတ်တပ်ပေါင်းစုရဲ့ ရီယာ့ဒ်မြို့က ညီလာခံ အဖွင့်မိန့်ခွန်းမှာ မင်းသားက ဒီလို ပြောကြားလိုက်တာပါ။
    “ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းတဲ့ သာသနာကို သူတို့တွေ ပုံဖျက်နေတာကို ခွင့်ပြုမှာ မဟုတ်တော့ပါဘူး။ အကြမ်းဖက်ဝါဒကို ကျွန်တော်တို့ အတူတကွ တိုက်ဖျက်သွားမယ်ဆိုတဲ့ ခိုင်မာတဲ့သတင်းစကားကို ကျွန်တော်တို့ ဒီနေ့ ပါးလိုပါတယ်”
    ‘အကြမ်းဖက်ဝါဒ စုပေါင်းတိုက်ဖျက်ကြ’ ဆိုတဲ့ ခေါင်းဆောင်စဉ်နဲ့ ပြုလုပ်တဲ့ ဒီညီလာခံဟာ လွန်ခဲ့တဲ့ ၂ နှစ်အရင်က ဖွဲ့စည်းခဲ့တဲ့ အစ္စလာမ့်မဟာမိတ်တပ်ပေါင်းစုရဲ့ ပထမဆုံး အစည်းအဝေးဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံ ၄၁ ခုက ကာကွယ်ရေးဝန်ကြီးတွေ၊ ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ကြမှာပါ။
    မင်းသားကတော့ အကြမ်းဖက်ဝါဒ လုံးဝ အမြစ်ပြတ်သွားတဲ့အထိ တိုက်ဖျက်သွားမယ်ဆိုတာကို အခိုင်အမာ ပြောကြားလိုတယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ကမ္ဘာ့မွတ်စလင်လိဂ်ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာ မိုဟာမက် အလ်-အီဆာက အစွန်းရောက်အယူအဆတွေကို တိုက်ဖျက်နိုင်မယ့် သတင်းစကားတွေ၊ အစ္စလာမ်သာသနာရဲ့ ဘာသာရေးသည်းခံနိုင်မှု၊ မေတ္တာတရားတွေကို ထင်ပေါ်စေတဲ့ သတင်းစကားမျိုးတွေကို မြှင့်တင်ပေးဖို့ လိုအပ်သလို၊ အစ္စလာမ့်ရဲ့ စစ်မှန်တဲ့ သဘောသဘာဝ၊ အယူအဆ၊ အတွေးအခေါ်နဲ့ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွကို ပံ့ပိုးပေးဖို့ လိုတယ်လို့ ပြာကြားခဲ့ပါတယ်။
    “အကြမ်းဖက်ဝါဒဆိုတာ အယူအဆပိုင်းဆိုင်ရာ ပြဿနာဖြစ်ပြီး လုံခြုံရေးပြဿနာ တစ်ခုတည်း မဟုတ်ပါဘူး။ ထိရောက်တဲ့ တုန့်ပြန်မှုမျိုး မလုပ်နိုင်တာကြောင့် အခုခေတ် အစွန်းရောက်ဝါဒက ကျယ်ပြန့်လာတာပါ”
    ညီလာခံမှာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် စစ်ဖက် ပူးပေါင်းဆောင်ရွက်မှု၊ လုပ်ဆောင်နိုင်စွမ်းတိုးမြှင့်မှု အကြောင်းတွေကို ဆွေးနွေးသွားဖို့ ရှိနေပါတယ်။
    Ref: Alarabiya
  • မက္ကာ၊ မဒီနာရှိ အထွဋ်အမြတ်ဗလီကြီးများတွင် ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးမှုကို ဆော်ဒီ တားမြစ်
    မက္ကာ၊ မဒီနာရှိ အထွဋ်အမြတ်ဗလီကြီးများတွင် ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးမှုကို ဆော်ဒီ တားမြစ်
    နိုဝင်ဘာ ၂၄၊ ၂၀၁၇
    M-Media
    မက္ကာရှိ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်မှ ကအ်ဘာကျောင်းတော်
    – မက္ကာနဲ့ မဒီနာက အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားရာ ဗလီဝတ်ကျောင်းတော် ၂ လုံးမှာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်ကူးမှုကို ဆော်ဒီအာရေဗျက မနေ့မှာ ကြေငြာချက်ထုတ်ကာ တားမြစ်ပိတ်ပင်လိုက်ပါတယ်။
    ဆော်ဒီအစိုးရရဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်တဲ့ အဲဒီကြေငြာချက်မှာ မက္ကာက မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်နဲ့ မဒီနာက မတ်စ်ဂျစ်ဒ် နဗ၀ီ ဗလီဝတ်ကျောင်းတော်အတွင်း ၀တ်ပြုသူတွေအနေနဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်ကူးတာမျိုးကို တားမြစ်ကြောင်း ဖော်ပြထားပါတယ်။
    မီဒီယာသမားတွေအပြင် ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ ရိုက်ကူးခွင့် ပြုမှာမဟုတ်ဘဲ ဒါဟာ မြင့်မြတ်ရာနေရာတွေကို ထိန်းသိမ်းဖို့၊ ကာကွယ်စောင့်ရှောက်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ကြေငြာချက်က ဆိုပါတယ်။ ဒီပိတ်ပင်မှုဟာ ဗလီဝတ်ကျောင်းတော် နယ်နမိတ်အတွင်း ပါဝင်တဲ့ ၀တ္တက္ကမြေအားလုံးအတွက်လည်း အကျုံး
    ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်ကူးတာဟာ ၀တ်ပြုသူတွေကို အနှောက်အယှက်ဖြစ်စေပြီး အခုလိုပိတ်ပင်မှုမှာ ဒီအကြောင်းအရင်းလည်း ပါဝင်တယ်လို့ ဆော်ဒီအာဏာပိုင်တွေက ပြောပါတယ်။
    ဒီပြဌာန်းချက်ကို ချိုးဖောက်မယ်ဆိုရင် ကင်မရာတွေ၊ ဖုန်းတွေကို သိမ်းဆည်းမှာဖြစ်ပြီး တရားစွဲဆိုသွားမယ်လို့ ကြေငြာချက်ထဲမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
    အခုသီတင်းပတ်အစောပိုင်းမှာ အစ္စရေးက ဂျူးတစ်ယောက်ဟာ မတ်စ်ဂျစ်ဒ်နဗ၀ီ ဗလီဝတ်ကျောင်းတော်ထဲ ၀င်ရောက်ပြီး ဓာတ်ပုံရိုက်ကာ ဆိုရှယ်မီဒီယာတွေအပေါ်မှာ လွှင့်တင်ခဲ့တာကြောင့် အာရပ်ကမ္ဘာမှာ ဝေဖန်မှုတွေ ညံသွားခဲ့ပါတယ်။
    ဗလီဝတ်ကျောင်းတော်ရှိရာ မဒီနာမြို့လယ်ကောင်ကို အစ္စလာမ်ဘာသာဝင်မဟုတ်သူတွေ မ၀င်ရလို့ ဆော်ဒီက အမိန့်ထုတ်ထားတာ ဖြစ်ပါတယ်။
    Ref: Dailysabah
  • ဆော်ဒီ စွန့်ဦးအမျိုးသမီးလုပ်ငန်းရှင်တစ်ဦး နိုင်ငံတကာ တီထွင်ဖန်တီးမှုဆု ရရှိ
    ဆော်ဒီ စွန့်ဦးအမျိုးသမီးလုပ်ငန်းရှင်တစ်ဦး နိုင်ငံတကာ တီထွင်ဖန်တီးမှုဆု ရရှိ
    နိုဝင်ဘာ ၂၀၊ ၂၀၁၇
    M-Media
    – ဆော်ဒီက စွန့်ဦးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးဟာ နိုင်ငံတကာ ထိပ်တန်း တီထွင်ဖန်တီးမှုဆုကို ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။
    ဂါဇဲလ် အလ်ဒိုဆာရီဖြစ်ပြီး စက်ရုံတွေကထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုနိုင်အောင် သန့်စင်ပေးနိုင်မှုအတွက် ဗြိတိန်က လူငယ် စွန့်ဦးတီထွင်သူများအဖွဲ့ Shell LiveWIRE က ပြုလုပ်တဲ့ ‘ကမ္ဘာ့ထိပ်တန်း တီထွင်ဖန်တီးသူ ၁၀’ ဦး ရွေးချယ်ပွဲမှာ ဆုရရှိခဲ့တာ ဖြစ်ပါတယ်။
    သူမဟာ Oriental Promises Trading ကုမ္ပဏီကို တည်ထောင်ထားပြီး အဓိကအားဖြင့် ပိုလီကာဘွန်နိတ် စွန့်ပစ်ပစ္စည်းတွေကို ကုန်ကြမ်းပြန်ရအောင် ဆောင်ရွက်ပေးတာဖြစ်ပါတယ်။
    အလ်ဒိုဆာရီဟာ စက်ရုံစွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုနိုင်ရေးကဏ္ဍမှာ ဆော်ဒီရဲ့ ပထမဆုံး အမျိုးသမီး စွန့်ဦးလုပ်ငန်းရှင်ဖြစ်ပြီး Shell LiveWIRE ရဲ့ ပြိုင်ပွဲမှာ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိဒေသအတွက် တစ်ဦးတည်းသော ဆုရရှိသူ ဖြစ်ပါတယ်။
    Ref: Alarabiya