News @ M-Media

Tag: SaudiArabia

  • မွတ်စလင်တို့ အထွဋ်အမြတ်ထားရာ မက္ကာရှိ မတ်စ်ဂျစ်ဒ်ဟရမ်ဗလီကို IS က ဗုံးခွဲရန် ကြံစည်

    မွတ်စလင်တို့ အထွဋ်အမြတ်ထားရာ မက္ကာရှိ မတ်စ်ဂျစ်ဒ်ဟရမ်ဗလီကို IS က ဗုံးခွဲရန် ကြံစည်

    ဇွန် ၂၄၊ ၂၀၁၇
    M-Media

    – ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ရှိ အစ္စလာမ်ဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ကအ်ဗာကျောင်းတော် တည်ရှိသော မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်အား ဗုံးခွဲရန် ကြံစည်မှုကို ယမန်နေ့တွင် အောင်မြင်စွာ ဟန့်တားနိုင်ခဲ့သည်ဟု ဆော်ဒီက ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

    မက္ကာရှိ အဆီလာဟ်နှင့် အဂ်ျယဒ် အလ်-မာဆာဖီတို့မှ အကြမ်းဖက်ကွန်ယက်နှစ်ခု၊ ဂျစ်ဒါရှိ အကြမ်းဖက်ကွန်ယက်တစ်ခုတို့က မတ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်၏ လုံခြုံရေးစည်းနှင့် ၀တ်ပြုသူများကို မကြာခင် တိုက်ခိုက်ရန် စီစဉ်ထားခြင်းဖြစ်သည်ဟု ဆော်ဒီ ပြည်ထဲရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ အဂ်ျယဒ် အလ်-မာဆာဖီမှာ မတ်စ်ဂျဒ်ဟရမ် ပရ၀ုဏ်အတွင်း ပါဝင်သော ဒေသဖြစ်သည်။

    တိုက်ခိုက်မှုကို စီစဉ်မည့်သူရှိရာ အဂ်ျယဒ် အလ်-မာဆာဖီရပ်ကွက်မှ ၃ ထပ်ဆောက်အဦးသို့ လုံခြုံရေးတပ်ဖွဲ့များက ၀င်ရောက်စီးနင်းရာတွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက်ဆုံးတွင် ထိုသူမှာ အသေခံဗုံးဖောက်ခွဲခဲ့သည်။ ပေါက်ကွဲမှုကြောင့် အဆောက်အဦးတစ်ခုလုံး ပြိုကျခဲ့ပြီး နိုင်ငံခြားသား ၆ ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ ၅ ဦး ဒဏ်ရာရရှိခဲ့သည်။

    စီးနင်းမှုအတွင်း အမျိုးသမီးတစ်ဦးအပါအ၀င် အကြမ်းဖက်ကွန်ယက်မှ လူ ၅ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေကာ ပြိုကျသွားသည့်နေရာမှ အထောက်အထားများ ရရှိရန် ဆောင်ရွက်နေကြောင်း၊ သေဆုံးသွားသူ မည်သူမည်ဝါဖြစ်သည်ကို ဖော်ထုတ်ရန် ကြိုးစားနေကြောင်း ဆော်ဒီ လုံခြုံရေးဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။

    ဆော်ဒီမီဒီယာအချို့က သေဆုံးသူမှာ အကြမ်းဖက်ဝါဒဖြင့် အလိုရှိနေသည့် IS အဖွဲ့ဝင်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    ဂျစ်ဒါတွင် အကြမ်းဖက်သားတစ်ဦးကို ဆော်ဒီထောက်လှမ်းရေးက ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းနေထိုင်ရာအိမ်သို့ ၀င်ရောက်ရှာဖွေရာတွင် လက်နက်ခဲယမ်းများကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

    လုံခြုံရေးတပ်ဖွဲ့များ ၀င်ရောက်စီးနင်းမှုအတွင်း အသေခံဗုံးခွဲခဲ့သည့် အကြမ်းဖက် သံသယရှိသူ

    Ref: Arab News

  • မည်သည့်မွတ်စလင်ကိုမှ မတ်စ်ဂျစ်ဒ်ဟရမ်သို့ ၀င်ရောက်ခွင့် မပိတ်ပင်ဟု ဆော်ဒီပြော

    မည်သည့်မွတ်စလင်ကိုမှ မတ်စ်ဂျစ်ဒ်ဟရမ်သို့ ၀င်ရောက်ခွင့် မပိတ်ပင်ဟု ဆော်ဒီပြော

    ဇွန် ၁၄၊ ၂၀၁၇
    M-Media

    – အစ္စလာမ်ဘာသာဝင်ထို့ အထွဋ်အမြတ်ထားသည့် ကအ်ဗာကျောင်းတော်တည်ရှိရာ မက္ကာမြို့ရှိ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းသို့ လာရောက်မှုတွင် မည်သည့်မွတ်စလင်ကိုမှ တားဆီးခြင်းမရှိဟု မက္ကာအုပ်ချုပ်ရေးမှူး မင်းသား ခါလစ် အလ်-ဖိုင်ဆဲလ်က ယနေ့တွင် ပြောကြားလိုက်သည်။

    ခါလစ် အလ်-ဖိုင်ဆဲလ်မှာ မက္ကာနှင့် မဒီနာရှိ မြင့်မြတ်သော ဗလီဝတ်ကျောင်းတော် ၂ လုံးအား ထိန်းသိမ်းစောင့်ရှောက်မှုအဖွဲ့၏ အကြံပေးလည်းဖြစ်ပြီး ဆော်ဒီနှင့် သံတမန်ရေးအရ ပြဿနာ ဖြစ်ပွားနေသည့် ကာတာနိုင်ငံမှ နိုင်ငံသားများအား မတ်စ်ဂျစ်ဒ်ဟရမ်သို့ ၀င်ရောက်ခွင့်မပေးဆိုသည့် သတင်းများကို တုန့်ပြန်လိုက်ခြင်းလည်းဖြစ်သည်။

    ကာတာ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က မိမိတို့နိုင်ငံသားများ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်သို့ ၀င်ရောက်သည့်အခါ ဆော်ဒီအာဏာပိုင်များက တားမြစ်မှုများ ပြုလုပ်သည်ဟု တိုင်ကြားချက်ရရှိကြောင်း ပြီးခဲ့သည့်သီတင်းပတ်တွင် ဖွင့်ဟခဲ့သည်။

    အုပ်ချုပ်ရေးမှူးက မြင့်မြတ်သော ဗလီဝတ်ကျောင်းတော်သို့ လာရောက်သည့် မည်သူ့ကိုမဆို လိုအပ်သည့် ၀န်ဆောင်မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ယခု ရမ်ဇာန်ဥပုသ်လတွင် မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်သို့ လာရောက်သူ ၂.၅ သန်းဝန်းကျင်ရှိကြောင်း ပြောကြားခဲ့သည်။

    ထို့ပြင် ဗလီဝတ်ကျောင်းတော် လုံခြုံရေးအတွက် ဆောင်ရွက်ပေးနေကြသော အသင်းအဖွဲ့များ၊ ၀န်ထမ်းများကို ကျေးဇူးတင်သည်ဟု ခါလစ် အလ်-ဖိုင်ဆဲလ်က ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Alarabiya

  • ကာတာနိုင်ငံသားများအား အလ်-ဟရမ် ၀တ်ကျောင်းတော်သို့ ဆော်ဒီက ၀င်ရောက်ခွင့်မပြုဟု သတင်းထွက်လာ

    ကာတာနိုင်ငံသားများအား အလ်-ဟရမ် ၀တ်ကျောင်းတော်သို့ ဆော်ဒီက ၀င်ရောက်ခွင့်မပြုဟု သတင်းထွက်လာ

    ဇွန် ၁၁၊ ၂၀၁၇
    M-Media

    – ဆော်ဒီသို့ ဘာသာရေးခရီးစဉ်အဖြစ် ရောက်ရှိနေသည့် ကာတာနိုင်ငံသားများအား မက္ကာမြို့ရှိ ကအ်ဗာဝတ်ကျောင်းတော်ရှိရာ အလ်-ဟရမ် ဗလီဝတ်ကျောင်းတော်သို့ ဆော်ဒီအာဏာပိုင်များက ၀င်ရောက်ခွင့်မပေးဟု ဒိုဟာ အခြေစိုက် Al Sharq သတင်းစာက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    မက္ကာသို့ရောက်ရှိနေသည့် ကာတာနိုင်ငံသားများက ၎င်းတို့မှာ ထိုကဲ့သို့ တားမြစ်ပိတ်ပင်ခံရကြောင်း ကာတာအမျိုးသားလူ့အခွင့်အရေးကော်မရှင်(NHRC) သို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

    NHRC အကြီးအကဲ အလီ ဘင် ဆာမင်ခ် အလ်-မာရီက ထိုလုပ်ရပ်မှာ လူ့အခွင့်အရေး ကြေငြာစာတမ်းတွင် အာမခံပေးထားသေ ဘာသာရေးလွတ်လပ်ခွင့်ကို ရှက်ဖွယ် ချိုးဖောက်ခြင်းဖြစ်သည်ဟု တုန့်ပြန်ခဲ့ကြောင်း သတင်းစာက ဆိုသည်။ ထို့ပြင် ကော်မရှင်ကလည်း ထိုလုပ်ရပ်ကို ရှုတ်ချခဲ့သည်။

    ဆော်ဒီမှာ ပုံမှန်အားဖြင့် အလ်-ဟရမ် ဗလီဝတ်ကျောင်းတော်သို့ ၀င်ရောက်သူများအား လူမျိုး၊ ဂိုးဏ်ဂနကို ကြည့်၍ မေးမြန်းခြင်း၊ ၀င်ရောက်ခွင့် ပိတ်ပင်ခြင်းတို့ မရှိဘဲ ယခုလုပ်ရပ်မှာ ကာတာနှင့် ပင်လယ်ကွေ့နိုင်ငံများအကြား တင်းမာမှုများ ပိုမိုမြင့်တက်လာမှုကို ပြသနေသည်။

    ဆော်ဒီဦးဆောင်သည့် နိုင်ငံ ၈ နိုင်ငံမှာ ပြီးခဲ့သည့် သီတင်းပတ်က ကာတာနှင့် သံအဆက်အသွယ်၊ ကုန်သွယ်မှု၊ ခရီးသွားလာမှု အားလုံးကို ဖြတ်တောက်ခဲ့ကာ ကာတာနိုင်ငံမှာ အကြမ်းဖက်အဖွဲ့များကို ထောက်ပံ့နေသည်ဟု စွပ်စွဲခဲ့သည်။

    Ref: Aljazeera

  • ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ကစားသမားများ၏ ရိုင်းပြသည့် အမူအရာအတွက် ဆော်ဒီပြန်လည်တောင်းပန်

    ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ကစားသမားများ၏ ရိုင်းပြသည့် အမူအရာအတွက် ဆော်ဒီပြန်လည်တောင်းပန်

    ဇွန် ၉၊ ၂၀၁၇
    M-Media

    – ယမန်နေ့က သြစတေးလျနှင့် ကစားခဲ့သည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် လန်ဒန်အကြမ်းဖက်တိုက်ခိုက်ခံရသူများ အတွက် ၁ မိနစ်ငြိမ်သက်မှုအား အလေးမထားခဲ့သည့် ကစားသမားများနှင့် ပတ်သက်၍ ဆော်ဒီဘောလုံးအဖွဲ့ချုပ်က တောင်းပန်လိုက်သည်။

    ပြီးခဲ့သည့်တစ်ပတ်က ဖြစ်ပွားခဲ့သည့် လန်ဒန်တိုက်ခိုက်မှုတွင် သြစတေးလျနိုင်ငံသား ၂ ဦးအပါအ၀င် လူ ၈ ဦး သေဆုံးခဲ့ပြီး ကွင်းအတွင်း အစီအစဉ်ကြေငြာသူက ပွဲမစခင် အဆိုပါသေဆုံးသူများအတွက် ၁ မိနစ် ငြိမ်သက်ဂါရ၀ပြုရန် ကြေငြာခဲ့သည်။

    သြစတေးလျအသင်းသားများမှာ ကွင်းလယ်စက်ဝိုင်းအနီးတွင် စီတန်းကာ တစ်ဦးကိုတစ်ဦး ပုခုံးဖက်လျက် ငြိမ်သက်ခဲ့ကြပြီး၊ ပွဲကြည့်စင်မှ ပရိတ်သတ်များကလည်း ထိုအစီအစဉ်တွင် ပါဝင်ခဲ့ကြသည်။ သို့သော် ဆော်ဒီအသင်းသားများမှာ ငြိမ်သက်မှုကို လစ်လျူရှုကာ ကွင်းအတွင်း လှည့်လည်သွားလာနေခဲ့ကြသည်။

    ထိုအဖြစ်အပျက်၏ ဓာတ်ပုံများ၊ ဗီဒီယိုများမှာ ဆိုရှယ်မီဒီယာတွင် လျင်မြန်စွာ ပြန့်နှံ့သွားပြီးနောက် ဆော်ဒီဘောလုံးအသင်းမှာ ဝေဖန်မှုများကို ပြင်းပြင်းထန်ထန် ခံခဲ့ရသည်။

    ဆော်ဒီဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်သော ကြေငြာချက်တွင် မိမိတို့အနေဖြင့် “အလွန်အမင်း စိတ်မကောင်းဖြစ်မိပြီး၊ ထိုအမှားအယွင်းအတွက် အနူးအညွတ်တောင်းပန်ကြောင်း” ဖော်ပြခဲ့သည်။

    “သေဆုံးသွားသူတွေအတွက် အောက်မေ့သတိရမှုကို မလေးမစားလုပ်ဖို့ ကစားသမားတွေက ရည်ရွယ်ချက်မရှိသလို၊ ကျန်ရစ်သူမိသားစု၊ မိတ်ဆွေတွေနဲ့ ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့ရသူတွေကို မကျေမနပ်ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်လည်း မရှိပါဘူ။ ဆော်ဒီဘောလုံအဖွဲ့ချုပ်ဟာ အကြမ်းဖက်မှု၊ အစွန်းရောက်မှု ပုံစံအားလုံးကို ရှုတ်ချပြီး ထိခိုက်ခဲ့သူအားလုံးရဲ့ ကျန်ရစ်သူမိသာစုနဲ့အတူ ၀မ်းနည်းကြေကွဲရပါကြောင်း ပြောကြားလိုပါတယ်” ဟု ကြေငြာချက်က ဆိုသည်။

    သြစတေးလျဘောလုံးအဖွဲ့ချုပ်က ပွဲမစခင် တစ်မိနစ်ငြိမ်သက်မည့်အစီအစဉ်ကို ဆော်ဒီဘောလုံးအသင်း၏ အုပ်ချုပ်ရေးအဖွဲ့ကို အသိပေးထားသော်လည်း၊ ကစားသမားများအား ပါဝင်ခြင်းမပြုရန် အုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    ဆော်ဒီဘောလုံးအသင်း၏ ထိုကိစ္စနှင့်ပတ်သက်၍ FIFA နှင့် အာရှဘောလုံးအဖွဲ့ချုပ်တို့က မည်သည့်မှတ်ချက်မှ မပေးသေးပေ။

    Ref: Aljazeera

  • ကာတာနှင့် သံအဆက်အသွယ်ဖြတ်မည်ဟု ပင်လယ်ကွေ့ ၄ နိုင်ငံ ကြေငြာ

    ကာတာနှင့် သံအဆက်အသွယ်ဖြတ်မည်ဟု ပင်လယ်ကွေ့ ၄ နိုင်ငံ ကြေငြာ

    ဇွန် ၅၊ ၂၀၁၇
    M-Media

    – ဆော်ဒီအာရေဗျ၊ ယူအေအီး၊ အီဂျစ်နှင့် ဘာရိန်းနိုင်ငံတို့က ၎င်းတို့အနေဖြင့် ကာတာနိုင်ငံနှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်တော့မည်ဟု ပြောကြားလိုက်သည်။

    ဆော်ဒီက နိုင်ငံပိုင် Saudi Press Agency မှတစ်ဆင့် ယနေ့မနက်ပိုင်းတွင် ယခုကဲ့သို့ ကြေငြာလိုက်ခြင်းဖြစ်ပြီး၊ အမျိုးသားလုံခြုံရေးကို ကာကွယ်ရန်အတွက် ထိုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ယီမင်စစ်ပွဲမှ ကာတာတပ်ဖွဲ့များအားလုံးကိုလည်း ထုတ်ပယ်လိုက်ပြီဟုလည်း ဆိုသည်။

    ဘာရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့မနက်အစောပိုင်းတွင် ထုတ်ပြန်သော ကြေငြာချက်၌ မိမိတို့၏ သံအဖွဲ့ကို ကာတာမြို့တော် ဒိုဟာမှ ၄၈ နာရီအတွင်း ပြန်လာခိုင်းမည်ဟုဆိုပြီး၊ ဘာရိန်းရှိ ကာတာ သံတမန်များကလည်း ထိုအချိန်အတွင်း နိုင်ငံအတွင်းမှ ထွက်ခွာရမည်ဟု ဖော်ပြထားသည်။

    ကာတာနှင့် ပင်လယ်ကွေ့ အာရပ်နိုင်ငံများအကြား ယခုကဲ့သို တင်းမာမှုများမှာ ကာတာ အစိုးရသတင်းဌာန QNA တွင် ဟက်ကာများက ကာတာနိုင်ငံခေါင်းဆောင် ရှိခ် တာမင် ဘင် ဟာမဒ် အလ်သာနီ၏ ပြောကြားသော စကားများဟုဆိုသော မှတ်ချက်များကို လွှင့်တင်ခဲ့ပြီးနောက်ပိုင်း ပေါ်ပေါက်လာခြင်းဖြစ်သည်။

    အလ်သာနီမှာ အီရန်၊ ဟားမက်စ်၊ ဟစ်ဇ်ဘိုလာနှင့် အစ္စရေးတို့အား ထောက်ခံကြောင်း၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ ရာထူးကြာကြာခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်ဆိုသော အဆိုပါ သတင်းမှားများနှင့်ပတ်သက်၍ ကာတာအစိုးရက ပြင်းပြင်းထန်ထန် ငြင်းဆိုထားသည်။

    သို့သော်လည်း ယူအေအီးနှင့် ဆော်ဒီရှိ သတင်းဌာနများကမူ အဆိုပါသတင်းများကို ထပ်ဆင့်ဖော်ပြနေကြသည်။

    Ref: Aljazeera