News @ M-Media

Tag: SaudiArabia

  • အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆော်ဒီဘုရင်နှင့် အိုဘားမားတို့ ဆွေးနွေးမည်

    အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆော်ဒီဘုရင်နှင့် အိုဘားမားတို့ ဆွေးနွေးမည်

    ဧပြီ ၁၇၊ ၂၀၁၆
    M-Media

    obama 1

    – အမေရိကန်သမ္မတ ဘာရက် အိုဘားမားအနေနဲ့ ပင်လယ်ကွေ့ခြောက်နိုင်ငံခေါင်းဆောင်တွေနဲ့ မတွေ့မီ တစ်ရက်အလို ဒီတစ်ပတ်ဗုဒ္ဓဟူးနေ့မှာ ဆော်ဒီဘုရင်ဆလ်မန်နဲ့ ရီယာ့ဒ်မြို့မှာ တွေ့ဆုံဖို့ရှိနေပြီး ဆီးရီးယားနဲ့ တခြားနိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ၊ အကြမ်းဖက်ဝါဒနဲ့ လုံခြုံရေးအခြေအနေတွေကို အလေးထား ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

    အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်တန် ကာတာကလည်း ပင်လယ်ကွေ့နိုင်ငံက ကာကွယ်ရေးဝန်ကြီးတွေနဲ့အဲဒီနေ့မှာပဲ တွေ့ဆုံဖို့ရှိနေတယ်လို့ အိမ်ဖြူတော်ကြေညာချက်ကို ကိုးကားပြီး မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

    အိုဘားမားအကြံပေး ရောဘတ်မာလီကတော့ ဒေသတွင်းက IS အကြမ်းဖက်အဖွဲ့တွေကို တိုက်ခိုက်ဖို့၊ ထိပ်ဖူးတပ်ဒုံးကျည်စနစ်အားကောင်းလာရေးအပါအ၀င် ကာကွယ်ရေးစွမ်းအားမြင့်တင်ဖို့ လိုအပ်တဲ့အကူအညီပေးပို့ရေး စသဖြင့် အမေရိကန်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေကြား သဘောတူညီမှု ရရှိခဲ့တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အိုဘားမားအနေနဲ့ ရေနံဈေးနှုန်း ရုတ်တရက်ထိုးကျသွားတဲ့အပေါ် ဘုရင်ဆလ်မန်နဲ့ အခြားခေါင်းဆောင်တွေရဲ့ အကြံဉာဏ်တွေကိုလည်း နားထောင်ချင်တယ်လို့ မာလီက ပြောပါတယ်။ အိုဘားမားက အကြမ်းဖက်အုပ်စုတွေကို နှိမ်နှင်းရေးမှာ ဆော်ဒီအာရေဗျရဲ့ အခန်းကဏ္ဍ အရေးပါပုံကို မကြာသေးမီက ပြောကြားခဲ့ဖူးပါတယ်။

    Ref: ArabNews

  • နျူအကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးစင်တာအတွက် ဆော်ဒီက ကန်ဒေါ်လာ ၁၀ သန်းလှူဒါန်း

    နျူအကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးစင်တာအတွက် ဆော်ဒီက ကန်ဒေါ်လာ ၁၀ သန်းလှူဒါန်း

    ဧပြီ ၄၊ ၂၀၁၆
    M-Media

    neu

    – နျူးကလီးယားအကြမ်းဖက်မှုအန္တရာယ်ကို တိုက်ဖျက်ရေးအတွက် သြစတြီးယားနိုင်ငံ ဗီယင်နာမြိုမှာ အခြေစိုက်ထားတဲ့ နိုင်ငံတကာအနုမြူစွမ်းအင် အေဂျင်စီ (IAEA) မှာ အထူးစင်တာတစ်ခု ဖော်ဆောင်နိုင်ဖို့ ဆော်ဒီအာရေဗျက ကန်ဒေါ်လာ ၁၀ သန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် ၀ါရှင်တန်မှာ ပြုလုပ်တဲ့ နျူအန္တရာယ်ကင်းရှင်းရေး ၄ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးမှာ ဒီလိုလှူဒါန်းခဲ့တာဖြစ်ပြီး ဆီဘားစ်ဒေါ့ဖ်မှာရှိနေတဲ့ IAEA ရဲ့ ဓာတ်ခွဲခန်းတွေကို ခေတ်မီအောင် အဆင့်မြင့်တင်ဖို့အတွက်ဆိုပြီး ယူရိုငွေ ၅ သိန်းကိုလည်း ဆော်ဒီက သီးသန့် ပေးအပ်ခဲ့ပါသေးတယ်။

    ဒ့ါကြောင့် ဆော်ဒီဟာ နျူးကလီးယားလုံခြုံရေးအပေါ် နိုင်ငံတကာမှ ကူညီဖြေရှင်းနိုင်ရေးအတွက် အခြေခံအဆောက်အဦး တိုးတက်ဖွံ့ဖြိုးရေးကို ဦးစားပေးကူညီနိုင်ခဲ့တဲ့ ပထမဆုံးနိုင်ငံတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။

    အနုမြူနဲ့ ပြန်ပြည့်ဖြိုးစွမ်းအင်ဆိုင်ရာ ဘုရင်အဘ်ဒူလာဟ်မြို့တော်ရဲ့ ဥက္ကဌဖြစ်တဲ့ ဒေါက်တာ ဟာရှင်မ် ဘင် အဘ်ဒူလာဟ် ယာမာနီက ဆော်ဒီအာအနေနဲ့ ၂၀၁၀ခုနှစ် အမေရိကန်မှာ ကျင်းပခဲ့တဲ့ ပထမအကြိမ် နျူအန္တရာယ်ကင်းရှင်းရေး ပထမဆုံးထိပ်သီးအစည်းအဝေးထဲက နျူးကလီးယား လုံခြုံမှုနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတကာ လှုပ်ရှားမှုတွေမှာ အမြဲတစေ အပြုသဘောဆောင်ပြီး တက်ကြွစွာ ပါဝင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

    ဆော်ဒီဟာ နိုင်ငံအတွင်းက နျူးကလီးယားစွမ်းအင်ကဏ္ဍမှာ ထိန်းညှိလည်ပတ်နိုင်စေဖို့ လိုအပ်တဲ့ အထောက်အပံ့တွေပေးနိုင်ဖို့အတွက် ဖင်လန်နိုင်ငံမှာရှိတဲ့ နျူးကလီးယားနဲ့ ဓာတ်ရောင်ခြည် လုံခြုံရေးအာဏာပိုင်အဖွဲ့နှင့်အတူ မဟာဗျူဟာမြောက် လက်တွဲလုပ်ဆောင်သွားဖို့လည်း ရှိနေပါတယ်။

    ဒါ့အပြင် ၂၀၁၄ ခုနှစ်မှာလည်း ကုလသမဂ္ဂမှာ အကြမ်းဖက်မှုဆန့်ကျင်ရေးဌာနတစ်ခု ဖောင်ဆောင်ဖို့အတွက်လည်း ဆော်ဒီက ကန်ဒေါ်လာ သန်း ၁၀၀ လှူဒါန်းခဲ့ပါတယ်။

    “နျူးကလီးယားအကြမ်းဖက်မှုကို ဆန့်ကျင်တိုက်ဖျက်ဖို့အတွက် ဗီယင်နာရုံးမှာ အထူးဌာနတစ်ခု ဖော်ဆောင်ဖို့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီကို ဖြစ်နိုင်သမျှ နည်းပညာနဲ့ လူ့စွမ်းအားအကူအညီ ခိုင်မာတောင့်တင်းအောင် အားလုံးဝိုင်းဝန်းကူညီကြဖို့ ကျွန်တော် တိုက်တွန်းပါတယ်။ ဒီအခမ်းအနားမှာ ဆော်ဒီအနေနဲ့ ၎င်းဌာန ဖော်ဆောင်နိုင်ဖို့ ဒေါ်လာ ၁၀ သန်း ကူညီခဲ့တယ်လို့ ကြေငြာအပ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဆီဘားဒေါ့ဖ်မှာ ယင်းအဖွဲ့ရဲ့ ဓာတ်ခွဲခန်းတွေ အဆင့်မြင့်တင်ဖို့အတွက် ယူရိုငါးသိန်းကိုလည်း ပေးအပ်လှူဒါန်းခဲ့တယ်လို့ ၀မ်ြးေ မာက်စွာ ကြေငြာလိုက်ပါတယ်” လို့ ယာမာနီက ၀ါရှန်တန်မှာ ပြောကြားခဲ့ပါတယ်။

    နျူးကလီးယားနဲ့ ဓာတ်ရောင်ခြည်ပစ္စည်းများ စောင့်ကြည့်ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်ပြီး နိုင်ငံလုံးဆိုင်ရာ စနစ်တစ်ခု တည်ဆောက်သွားဖို့ကိုလည်း ဆော်ဒီက စီစဉ်နေပါတယ်။

    အန္တရာယ်ရှိတဲ့ပစ္စည်းတွေကို တရားမ၀င် ရောင်းဝယ်တာမျိုး တားဆီးနိုင်ဖို့အတွက်လည်း နယ်စပ်ကာကွယ်ရေးစနစ်နဲ့ အခွန်စနစ်ကို တိုးတက်အောင် အားထုတ်ကြိုးပမ်းသွားမယ်လို့ ယာမာနီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref : ArabNews

  • နိုင်ငံခြားအလုပ်သမားများအတွက် ဆော်ဒီက တယ်လီဖုန်းဆင်းမ်ကဒ်များ အခမဲ့ ဝေငှ

    နိုင်ငံခြားအလုပ်သမားများအတွက် ဆော်ဒီက တယ်လီဖုန်းဆင်းမ်ကဒ်များ အခမဲ့ ဝေငှ

    ဧပြီ ၁၊ ၂၀၁၆
    M-Media

    saudi 3

    – နိုင်ငံခြားအလုပ်သမားတွေအပေါ် ဆော်ဒီနိုင်ငံရဲ့ ၀န်ဆောင်မှုအသစ် အစိတ်အပိုင်းအဖြစ် ဆော်ဒီအလုပ်သမားဝန်ကြီးဌာနကနေ ကြိုတင်ငွေပေး ဆင်းမ်ကဒ်တွေကို အခမဲ့ လိုက်လံဝေငှလျက်ရှိတယ်လို့ သိရပါတယ်။

    လေဆိပ်က တာဝန်ရှိသူတွေဟာ ပြည်ပကရောက်လာကြတဲ့ အလုပ်သမားတွေကို ဆော်ဒီနိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ၎င်းတို့ရဲ့ ရပိုင်ခွင့်၊ တာဝန်များကို အကျဉ်းချုပ် ရှင်းပြပေးပြီး ဆင်းမ်ကဒ်များကို အခမဲ့ ဝေငှပေးနေတာ ဖြစ်ပါတယ်။

    ဆော်ဒီဆက်သွယ်ရေးကုမ္ပဏီ (STC) နဲ့ လေဆိပ်အာဏာပိုင်တို့အကြား ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ အဲဒီဝန်ဆောင်မှုကို ပြီးခဲ့တဲ့ ရက်သတ္တပတ်က စတင်ခဲ့တာပါ။ အဲဒီ ၀န်ဆောင်မှုမှာ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်၊ တာဝန်ဝတ္တရားတွေ၊ အခက်အခဲတစ်စုံတစ်ရာရှိခဲ့ရင် ၀န်ကြီးဌာနကနေ အကူအညီရယူနိုင်မယ့်နည်းလမ်း စတာတွေ ရေးသားထားတဲ့ လမ်းကမ်းစာစောင်တွေလည်း ဖြန့်ဝေခဲ့ပါတယ်။

    ဆင်းမ်ကဒ်တွေကို နိုင်ငံခြားဘာသာစကားအများအပြားနဲ့ အသုံးပြုနိုင်အောင် စီစဉ်ထားပြီး အလုပ်သမားတွေကို သူတို့ရဲ့ လုပ်ငန်းတွေနဲ့ သူတို့ချစ်ခင်သူတွေဆီ ဆက်သွယ်နိုင်စေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ အခုလိုစိတ်ကူးမျိုးဟာ အလုပ်သမားတွေကို နိုင်ငံတွင်းမှာ နေထိုင်စဉ်ကာလ လုံခြုံပြီး သက်တောင့်သက်သာရှိစေနိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဆော်ဒီအလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။

    အဆိုပါဆင်းမ်ကဒ်မှာ ပြည်တွင်းနဲ့ နိုင်ငံတကာကို ဖုန်းခေါ်ဆိုခြင်း၊ စာတိုပို့ခြင်းတို့အတွက် အခမဲ့မိနစ်များလည်း ပါဝင်ပါတယ်။ အလုပ်သမားတွေအနေနဲ့ အစိုးရဆီကနေ လိုအပ်တဲ့ မည်သည့်အကူအညီကိုမဆို တောင်းခံနိုင်ဖို့အတွက် စားသုံးသူဝန်ဆောင်မှုနံပါတ်ကို ထည့်သွင်းပေးထားပါတယ်။

    ယခုအစီအစဉ်ကို လာမယ့်ရက်သတ္တပတ်တွေမှာ ဆော်ဒီရဲ့ အခြားသော နိုင်ငံတကာဝင်ပေါက်တွေမှာလည်း ၀န်ဆောင်မှုပေးသွားမယ်လို့ သိရပါတယ်။

    Ref: IINA

  • ဆော်ဒီက နိုင်ငံခြားသားများအတွက် လစဉ် အလုပ်အကိုင် ၄ သောင်းကျော် ဖန်တီးပေး

    ဆော်ဒီက နိုင်ငံခြားသားများအတွက် လစဉ် အလုပ်အကိုင် ၄ သောင်းကျော် ဖန်တီးပေး

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၆
    M-Media

    saudi work

    – ၂၀၁၅ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း ဆော်ဒီအာရေဗျမှာ နိုင်ငံခြားသားတွေကို အလုပ်အကိုင်ပေးမှု ၂၅၆၆၀၀ ခုရှိခဲ့တယ်လို့ နိုင်ငံရဲ့ စာရင်းအင်းအာဏာပိုင်အဖွဲ့က ပြောကြားလိုက်ပါတယ်။

    ဒါ့ကြောင့် လတိုင်း ပြည်ပလုပ်သား ၄၄၁၀၀ ခန့်ကို ဆော်ဒီက ခန့်အပ်ပေးနိုင်တာဖြစ်ပြီး၊ ၂၀၁၅ ပထမနှစ်ဝက်အတွင်းမှာ နိုင်ငံခြားသားအလုပ်လက်မဲ့ပေါင်း ၃၅၅၀၀ ကနေ ၃၃၂၀၀ ထိ ၂၃၀၀ ခန့် ကျဆင်းသွားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် တစ်နှစ်ပတ်လုံး အတိုင်းအတာအရဆိုရင် ဆော်ဒီနိုင်ဟာ နိုင်ငံခြားလုပ်သား ၁၁.၄၈ သန်းကို အလုပ်အကိုင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

    နိုင်ငံသားတွေထဲက အလုပ်ရရှိမှုဟာ ၆၄၇၀၀၀ ရှိခဲ့ပြီး စုစုပေါင်း အလုပ်လက်မဲ့နှုန်းရဲ့ ၉၅.၁ ရာခိုင်နှုန်းကို အလုပ်အကိုင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အလုပ်ရှိတဲ့ ဆော်ဒီနိုင်ငံသားအရေအတွက်ဟာ ၄.၉၈ သန်းရှိပြီး နိုင်ငံတစ်ဝှမ်း အလုပ်လုပ်နိုင်တဲ့ လုပ်အားပမာဏရဲ့ ၄၃.၃ ရာခိုင်နှုန်းသာ ရှိပါတယ်။

    အလုပ်လက်မဲ့ ဆော်ဒီနိုင်ငံသားအရေအတွက်ဟာ၂၀၁၅ ပထမနှစ်ဝက်မှာ ၁၁.၆ ရာခိုင်နှုန်းလောက်ရှိရာကနေ ဒုတိယနှစ်ဝက်မှာ ၁၁.၅ ရာခိုင်နှုန်းကို ကျဆင်းသွားခဲ့ပါတယ်။

    ဆော်ဒီနိုင်ငံသားမဟုတ်တဲ့ အမျိုးသားလုပ်သားအများစုဟာ လက်လီ၊ လက်ကားလုပ်ငန်းတွေမှာရှိနေပြီး၊ မော်တော်ကားနဲ့ မော်တော်ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်းတွေမှာတော့ ၂၀.၉ ရာခိုင်နှုန်းခန့်ရှိပြီး အဆောက်အအုံနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ၁၈.၉ ရာခိုင်နှုန်း ခန့်ရှိကြပါတယ်။

    နိုင်ငံခြားအဖွဲ့အစည်းတွေမှာ လုပ်ကိုင်ကြသူတွေအနက် နိုင်ငံခြားသားအရေအတွက်ဟာ ၀.၂ ရာခိုင်နှုန်း ရှိတယ်လို့ မှတ်တမ်းတွေအရ သိပါတယ်။ နိုင်ငံခြားသား အမျိုးသမီးအများစုဖြစ်တဲ့ ၈၂.၆ ရာခိုင်နှုန်းဟာ အိမ်အကူလုပ်သားတွေဖြစ်ပြီး၊ ၈ ရာခိုင်နှုန်းကတော့ ကျန်းမာရေးနဲ့ လူမှုဝန်ဆောင်မှု လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတာလို့ ဆိုပါတယ်။

    Ref: ArabNews

  • ဇနီးကိုရိုက်နှက်သည့် အမျိုးသားကို ဆော်ဒီတရားရုံးက ထောင်ချ

    ဇနီးကိုရိုက်နှက်သည့် အမျိုးသားကို ဆော်ဒီတရားရုံးက ထောင်ချ

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၆
    M-Media

    justice

    – ဇနီးသည်ကို ရိုက်နှက်ပြီး ကြိမ်းမောင်းပြောဆိုခဲ့တဲ့ အမျိုးသားတစ်ဦးကို ဆော်ဒီတရားရုံးက ထောင်ဒဏ် ၉ လ ချ မှတ်ခဲ့တယ်လို့ သိရပါတယ်။

    အဲဒီအမျိုးသားဟာ ကိုယ်ဝန်ဆောင်နေတဲ့ ဇနီးသည်ကို “ခေါင်းမာပြီး အသိဉာဏ်နည်းတဲ့မိန်းမ” လို့လည်း ပြောဆိုခဲ့ပြီး ထောင်ဒဏ် ၉ လနဲ့အတူ ဇနီးသည်နားကို မသွားဖို့ ခံဝန်ကိုလည်း ဂျစ်ဒါတရားရုံးမှာ ရေးထိုးခဲ့ရပါတယ်။ ဇနီးဖြစ်သူအနေနဲ့ သူ့ရဲ့ ခံစားပိုင်ခွင့်အားလုံးကို ရရှိခံစားခွင့် ရှိရမယ်လို့လည်း တရားရုံးရဲ့ အမိန့်မှာ ပါဝင်ပါတယ်။

    အဲဒီဇနီးမောင်နှံနှစ်ဦးဟာ တရားဝင် ကွာရှင်းထားခြင်းမရှိဘဲ လပေါင်းများစွာ ကွဲကွာနေသူတွေဖြစ်ပြီး အမျိုးသမီးက ခင်ပွန်းဖြစ်သူရဲ့ ကိုယ်ထိလက်ရောက် စော်ကားမှု၊ အကြမ်းဖက်မှုတွေကို အသေးစိတ်ရေးသားပြီး တရားရုံးကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

    နောက်ဆုံးဖြစ်ရပ်တစ်ခုမှာ သူမဟာ ကိုယ်ဝန်ငါးလ လွယ်ထားနေရချိန်ဖြစ်ပြီး စတိုးဆိုင်သွားမိတဲ့အတွက် ဗိုက်ကို အကန်ခံရကာ အိမ်ကြမ်းပြင်မှာ လှိမ့်နေအောင် ရိုက်ခံရတယ်လို့ ပြောကြားခဲ့ပါတယ်။

    “အဲဒီအမျိုးသမီးဟာ ရဲတပ်ဖွဲ့ကိုလည်း တိုင်ကြားခဲ့ပြီး ဂျစ်ဒါက ဘုရင်ဖာဟဒ်ဆေးရုံမှာ ဆေးစစ်ခဲ့ပါတယ်။ ဆေးစာအရ အပြင်းအထန် ရိုက်နှက်ခံထားရတာကြောင့် သူမရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်တွေ၊ ဖူးယောင်ဒဏ်ရာတွေကို တွေ့ရှိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ သူမအနေနဲ့ ပြန်လည်သက်သာဖို့ ၁၅ ရက်လောက် အချိန်ယူဖို့ လိုပါတယ်” လို့ ဆော်ဒီသတင်းစာတစ်စောင်ဖြစ်တဲ့ အလ်-၀ါတန်သတင်းစာက ဖော်ပြထားပါတယ်။

    သူမဟာ စိတ်ကျရောဂါနဲ့ စိုးရိမ်သောကလိုမျိုး စိတ်ပိုင်းဆိုင်ရာပြဿနာတွေလည်း ခံစားနေရတယ်လို့ ဆေးစစ်ချက်မှာ ဖော်ပြထားပါတယ်။

    ဒီအမျိုးသမီးဟာ ခင်ပွန်းရဲ့ အိမ်ကမောင်းထုတ်ခြင်းကို ခံခဲ့ရတာကြောင့် ၇ နှစ်သားအရွယ် သားငယ်နဲ့အတူ အိမ်ငှားနေထိုင်ကာ ကွာရှင်းပြတ်စဲတဲ့အထိ စောင့်နေခဲ့တာဖြစ်ပေမယ့် ခင်ပွန်းဖြစ်သူ ပြန်တွေ့သွားတာကြောင့် ထပ်မံ ရိုက်နှက်ခံခဲ့ရတာ ဖြစ်ပါတယ်။

    Ref : ArabNews