News @ M-Media

Tag: SaudiArabia

  • ဆီးရီးယားကျောင်းသားများကို ဆော်ဒီက ပညာတော်သင်ဆုများ ပေးအပ်မည်

    ဆီးရီးယားကျောင်းသားများကို ဆော်ဒီက ပညာတော်သင်ဆုများ ပေးအပ်မည်

    ဒီဇင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    syira

    – ဆော်ဒီအစိုးရမှာ နိုင်ငံအတွင်း အဆင့်မြင့်ပညာများ သင်ကြားပေးနေသည့် တက္ကသိုလ်အမျိုးမျိုးတွင် ဆီးရီးယားကျောင်းသားများအတွက် ပညာတော်သင်ဆု ၃၀၀၀ ပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

    ပညာရေးဝန်ကြီးဌာနမှာ ဟစ်ဂျရီ ၁၄၃၆-၁၄၃၇ ပညာသင်နှစ်အတွက် အထက်ပါ ဆီးရီးယားကျောင်းသား အရေအတွက်ကို လက်ခံရန် ပြည်တွင်း တက္ကသိုလ် ၂၃ ခုကိုလည်း ညွှန်ကြားခဲ့သည်။

    ထို့ပြင် အဆိုပါ ပညာသင်ဆုပေးအပ်မည့် အစီအစဉ်မှာ လိုအပ်ချက်နှင့်အညီ ထပ်တိုးသွားနိုင်မည့် အစီအစဉ်မျိုးဖြစ်ပြီး “စစ်ဘေးဒဏ်ခံ ဆီးရီးယားနှင့် ဆော်ဒီတို့အကြား ညီအရင်းအကိုပမာ ဆက်ဆံရေးကို ထိန်းသိမ်းသည့် ရက်ရောသော၊ လူသားချင်းစာနာသော အပြုအမူဖြစ်သည်ဟု’ ပညာရေးဝန်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့သည်။

    ဆော်ဒီအစိုးရ၏ အဆိုပါ ပညာသင်ဆု ရည်ရွယ်ချက်မှာ ထူးချွန်ထက်မြတ်သည့် ဆီးရီးယားကျောင်းသားများထဲမှ သိပ္ပံပညာရှင်များ၊ စီးပွားရေးပညာရှင်များ၊ နိုင်ငံရေးခေါင်းဆောင်များ ပေါ်ထွက်လာပြီး ၎င်းတို့၏ပြည်သူ ၎င်းတို့၏ တိုင်းပြည်ကို အလုပ်အကျွေးပြုနိုင်ရန်ဟု ဆိုသည်။

    ဆော်ဒီရှိ ဆီးရီးယားနိုင်ငံသားများကမူ ‘ဆော်ဒီအစိုးရ၏ ရက်ရောပြီး လူသားချင်းစာနာထောက်ထားသည့် အပြုအမူမှာ မိမိတို့ကိုသာမကဘဲ စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် မိမိတို့နိုင်ငံသားများကိုပါ ကူညီရာရောက်သည်’ ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့တိုင်းပြည်မှာ စစ်မက်ဖြစ်ပွားနေတာတွေကြောင့် အိမ်မက်တွေ၊ ရည်ရွယ်ချက်တွေ ပျက်သုဉ်းသွားခဲ့ရတဲ့ ဆီးရီးယားလူငယ် အများအပြားအတွက် ဒီ ပညာသင်ဆု အစီအစဉ်ဟာ အင်မတန်အဓိပ္ပါယ်ရှိပါတယ်”

    Ref: Arabnews

  • ဆော်ဒီစာကြည့်တိုက်တစ်ခု ၂၀၁၅ အတွက် အကောင်းဆုံး ဗိသုကာလက်ရာဆု ရရှိ

    နိုဝင်ဘာ ၁၉၊ ၂၀၁၅
    M-Media

    libary

    – ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့ရှိ ဘုရင်ဖာဟဒ် အမျိုးသားစာကြည့်တိုက် KFNL မှာ ၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံး ဗိသုကာလက်ရာဆုကို ရရှိခဲ့သည်ဟု သိရသည်။

    A+Award အစီအစဉ်မှ ချီးမြှင့်သည့် အဆိုပါဆုအတွက် ကမ္ဘာတစ်ဝှမ်း အဆောက်အဦး ၇ ခုကို ပဏာမအဖြစ် ရွေးချယ်ခဲ့ပြီး ထိုအထဲမှ တီထွင်ဆန်းသစ်မှုအရှိဆုံး ဗိသုကာလက်ရာကို ဆုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

    ဘုရင်ဖာဟဒ် အမျိုးသားစာကြည့်တိုက်မှာ အရှေ့အလယ်ပိုင်းတွင် အကြီးဆုံး စာကြည့်တိုက်လည်း ဖြစ်ပြီး ကမ္ဘာကျော် ဗိသုကာပညာရှင် အက်ဟာ့ဒ် ဂါရ်ဘာရ်က ဒီဇိုင်းဆွဲ တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ ဂါရ်ဘာရ်မှာ ဥရောပ၊ အာရှနှင့် အာရပ်နိုင်ငံများမှ အဆောက်အဦး အများအပြားကိုလည်း ဒီဇိုင်းဆွဲပေးခဲ့သူဖြစ်သည်။

    ယခုနှစ် ဗိသုကာလက်ရာဆု ရွေးချယ်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီမှု ရှိ၊ မရှိ၊ ရာသီဥတုပြောင်းလဲမှု အပေါ် အကျိုးသက်ရောက်မှု၊ ရှိ၊ မရှိ စသည့် စည်းမျဉ်းစည်းကမ်း အသစ်တစ်ခုပါ ပါဝင်ခဲ့သည်။

    ဆုရွေးချယ်သူများကမူ အဆိုပါ စာကြည့်တိုက်မှာ ပြောင်းလွယ်ပြင်လွယ်ဖြစ်ပြီး တီထွင်ဆန်းသစ်မှု အပြည့်ရှိကြောင်း၊ စာကြည့်တိုက်အတွက် စွမ်းအင်သုံးစွဲမှု များများစားစား မလိုခြင်းကလည်း ရွေးချယ်မှုတွင် အသာရစေခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    အရှေ့အလယ်ပိုင်းဒေသ၏ အပူလွန်ကဲသော သဘာဝကြောင့် အဆောက်အဦးက အပူများကို စုပ်ယူခြင်းမရှိစေသည့် နည်းပညာကိုလည်း ထိုအဆောက်အဦးတွင် အသုံးပြုထားပြီး ထိုနည်းပညာကြောင့် အဆောက်အဦး၏ နေရာတိုင်းတွင် အေးမြနေမည်ဖြစ်သည်။

    Ref: Arabnews

  • ကလေးများကို ရေနစ်ခြင်းမှ ကာကွယ်ပေးမည့် ရေကူးဝတ်စုံကို ဆော်ဒီကျောင်းသူတစ်ဦး တီထွင်

    ကလေးများကို ရေနစ်ခြင်းမှ ကာကွယ်ပေးမည့် ရေကူးဝတ်စုံကို ဆော်ဒီကျောင်းသူတစ်ဦး တီထွင်

    နိုဝင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    swim suit

    – ကလေးများအား ရေနစ်ခြင်းမှ ကာကွယ်ပေးမည့် အထူး ရေကူးဝတ်စုံတစ်ခုကို ဆော်ဒီကျောင်းသူတစ်ဦးက တီထွင်နိုင်ခဲ့သည်ဟု သိရသည်။

    သြစတေးလျရှိ Royal Melbourne နည်းပညာတက္ကသိုလ်တွင် မဟာတန်း တက်ရောက်နေသည့် အက်စ်မာ ဘင်တီ အဘ်ဒူလာ အလ်-ဟာကာမီ ဆိုသူ ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းတွင် ကလေးငယ်များ ရေနစ်သေဆုံးမှု မြင့်တက်လာခြင်းကို တွေ့မြင်ခဲ့ပြီးနောက် ထိုရေကူးဝတ်စုံကို တီထွင်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။

    ယခင်က နဂ်ျရန်ရှိ စက်မှုကောလိပ်တစ်ခုတွင် အလုပ်လုပ်ခဲ့သည့် အလ်-ဟာကာမီက သူမ တီထွင်ထားသော အဆိုပါ ရေကူးဝတ်စုံ၏ ခန္ဓာကိုယ်ပိုင်းတွင် လေအိတ်များ ပါဝင်ပြီး ဆင်းမ်ကဒ် ထည့်သွင်းအသုံးပြုနိုင်မည့် နေရာအချက်ပြစနစ်၊ ရေဖိအား ဆင်ဆာ၊ လေထိုးပန့်ငယ်တစ်ခုနှစ့် ဗဟိုထိန်းချုပ်မှုစနစ် ပါဝင်သည်ဟု ဆိုသည်။

    ဆင်ဆာမှာ ၀တ်စုံအား ရေထိသည့်စနစ်ဖြင့် အလုပ်လုပ်မည် ဖြစ်သည်။ သတ်မှတ်ထားသည့် ရေဖိအားအထိ ရောက်ရှိလာပါက ရေကူးဝတ်စုံမှ လေအိတ်မှာ အလိုအလျောက် ပွင့်လာမည်ဖြစ်ပြီး ဆင်ဆာက မိဘ၊ သို့မဟုတ် အုပ်ထိန်းသူများထံတွင် ရှိနေသည့် မိုဘိုင်းဖုန်းသို့ အချက်ပြသွားမည်ဖြစ်သည်။

    လက်ရှိအချိန်တွင် ထိုရေကူးဝတ်စုံကို သူမက စမ်းသပ်နေဆဲဖြစ်ပြီး မကြာမီ ထုတ်ဖော်ပြသသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Arabnews

  • အစ္စလာမ်၏ သွန်သင်မှုအတိုင်း နေထိုင်ပြီး၊ အကြမ်းဖက်အဖွဲ့များ၏ သားကောင်မဖြစ်ရန် လူငယ်များအား ဆော်ဒီမွဖ်သီကြီး တိုက်တွန်း

    အစ္စလာမ်၏ သွန်သင်မှုအတိုင်း နေထိုင်ပြီး၊ အကြမ်းဖက်အဖွဲ့များ၏ သားကောင်မဖြစ်ရန် လူငယ်များအား ဆော်ဒီမွဖ်သီကြီး တိုက်တွန်း

    နိုဝင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    saudi

    – ဆော်ဒီလူငယ်များအနေဖြင့် အစ္စလာမ်၏ စည်းမျဉ်းစည်းကမ်းများ၊ မိဘများ၏ စကားများအတိုင်းသာ လိုက်နာ နေထိုင်သွားရန် ဆော်ဒီမွဖ်သီကြီး ရှိခ် အဘ်ဒူလ်အဇစ် အလ်-ရှိခ်က တိုက်တွန်းပြောကြားလိုက်ပြီး အဖျက်အမှောင့်လုပ်သူများ၏ သားကောင်မဖြစ်ရေး သတိထားရန်လည်း ပြောကြားလိုက်သည်။

    သောကြောနေ့က တာကီ ဘင် အဘ်ဒူလာ ဗလီဝတ်ကျောင်းတော်တွင် ဟောကြားခဲ့သည့် တရားဒေသနာတွင် ထိုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်ပြီး လူငယ်များအနေဖြင့် လူ့အဖွဲ့အစည်းအား သွေးကွဲစေရန် ဆောင်ရွက်ကြသူများ၊ အပြစ်မဲ့သူများ၏ သွေးကို မြေကျစေချင်သူများအား ရှောင်ရှားရန်လည်း တိုက်တွန်းခဲ့သည်။ အလ်-ရှိခ်မှာ ဆော်ဒီ အကြီးတန်း အစ္စလာမ် သာသနာ့ပညာရှင်များကောင်စီ၏ ဥက္ကဌလည်း ဖြစ်သည်။

    ထို့ပြင် ထိုကဲ့သို့ လမ်းမှားသော အလုပ်များ လုပ်ဆောင်ရန် သွေးဆောင်ကြသူများမှာလည်း လူငယ်များအပေါ် လှည့်ဖျားခြင်းသာဖြစ်ပြီး ၎င်းတို့၏ လှည့်စားမခံရရေး သတိပြုရန်လည်း မွဖ်သီကြီးက ထည့်သွင်း တိုက်တွန်းခဲ့သည်။

    “သူတို့ (အကြမ်းဖက်သမားတွေ)ဟာ အစ္စလာမ့်ရဲ့ ရန်သူတွေပါပဲ။ သူတို့တွေဟာ ကျွန်တော်တို့ လူငယ်တွေကို အကျင့်ပျက်အောင် လုပ်ကြတယ်။ သူတို့ရဲ့ မှားယွင်းတဲ့ အတွေးအခေါ်တွေနဲ့ လူငယ်လေးတွေကို ဦးနှောက်ကျင်းကြပါတယ်”

    ထိုမှားယွင်းသော အတွေးအခေါ်များကြောင့် လူငယ်များ၏အကျင့် ပျက်သွားပါက လွယ်ကူသော ပစ်မှတ်များ ဖြစ်လာမည်ဖြစ်ပြီး၊ ဘာသာတရားက သွန်သင်ထားသည့် ကိုယ်ကျင့်တရားများနှင့် ကျင့်ဝတ်များ ပျောက်ဆုံးသွားသည့် နိုင်ငံမှာလည်း ရန်သူများ၏ လွယ်ကူသော ပစ်မှတ် ဖြစ်လာသည်ဟု မွဖ်သီကြီးက ထည့်သွင်းပြောကြားခဲ့သည်။

    ဆိုရှယ်မီဒီယာများရှိ လမ်းမှားနေသော ၀ါဒဖြန့် စာမျက်နှာများမှ ပို့စ်များကို မျှဝေခြင်းကိုလည်း အလ်-ရှိခ်က သတိပေးခဲ့ပြီး ဆော်ဒီနိုင်ငံအတွင်းရှိ လူငယ်များနှင့် လူ့အဖွဲ့အစည်းအတွင်း ၎င်းတို့၏ အခန်းကဏ္ဍကို ဂရုစိုက်ရမည်ဟုလည်း ဆိုသည်။

    မိဘများအနေဖြင့်လည်း မိမိတို့၏ သားသမီးများကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ရန် အစ္စလာမ်က တာဝန်ပေးထားသည်ဟုလည်း ကုရ်အာန်ကျမ်းတော်မြတ်မှ မိန့်ကြားချက်ကို ကိုးကား၍ မွဖ်သီကြီးက ၎င်း၏ တရားဒေသနာတွင် ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Arabnews

  • ဆော်ဒီအမျိုးသမီးများ တက္ကဆီအခမဲ့စီး၍ ကင်ဆာရှိ၊ မရှိ စစ်ဆေးခွင့်ရမည်

    ဆော်ဒီအမျိုးသမီးများ တက္ကဆီအခမဲ့စီး၍ ကင်ဆာရှိ၊ မရှိ စစ်ဆေးခွင့်ရမည်

    အောက်တိုဘာ ၁၆၊ ၂၀၁၅
    M-Media

    saudi

    – ရင်သားကင်ဆာနှင့်ပတ်သက်သည့် အသိပညာပေးမှုကို မြှင့်တင်သည့်အနေဖြင့် ဆော်ဒီရှိ တက္ကဆီကုမ္ပဏီတစ်ခုမှာ အမျိုးသမီးခရီးသည်များကို ကင်ဆာနှင့်ပတ်သက်၍ စစ်ဆေးမှုများပြုလုပ်ရန် ဆေးရုံသို့ အခမဲ့လိုက်ပို့ပေးသည့် လှုပ်ရှားမှုကို စတင်ခဲ့သည်ဟု သိရသည်။

    Easy Taxi ကုမ္ပဏီနှင့် Zahra Brest Cancer အသင်းတို့ ပူးပေါင်းကာ ဂျစ်ဒါနှင့် ရီယဒ်တို့တွင် ယမန်နေ့က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကင်ဆာရှိ၊ မရှိ စမ်းသပ်စစ်ဆေးမှုများကိုလည်း အဆိုပါ ကင်ဆာအသင်းကပင် ဆေးရုံများ၌ အခမဲ့ စစ်ဆေးမှုများ ပြုလုပ်ပေးခြင်းဖြစ်သည်။

    “စောစောစီးစီး စမ်းသပ်စစ်ဆေးမှု၊ ပညာပေးမှု၊ ကူညီပံ့ပိုးပေးမှု စတာတွေကို ပြုလုပ်ပေပြီး အမျိုးသမီးတွေ ရင်သားကင်ဆာအန္တရာယ်ကို တွန်းလှန်ဖို့ အခွင့်အရေးပေးတဲ့ Zahra Breast Cancer လို ထိရောက်မှုရှိပြီး၊ လေးစားအားကျဖွယ်ကောင်းတဲ့ အသင်းအဖွဲ့မျိုးနဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့တွက် ကျွန်တော်တို့ အင်မတန်မှ ဂုဏ်ယူမိပါတယ်” ဟု ဆော်ဒီ Easy Taxi မှ အထွေထွေမန်နေဂျာ ယူဂျန် ဘရစ်က်စီယက်စ်က ပြောကြားခဲ့သည်။

    ထိုဝန်ဆောင်မှုကို ရင်သားကင်ဆာ အသိပညာပေးရေးလ ဖြစ်သော အောက်တိုဘာ လကုန်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ အမျိုးသမီးများမှာ ထိုကင်ဆာရောဂါနှင့်ပတ်သက်၍ သတိပြုမိကြသော်လည်း ရောဂါကို စောစောပိုင်းအဆင့်များတွင် သိရှိရန် မကြိုးစားကြပေ။

    ကင်ဆာရောဂါ ရှိ၊ မရှိ သွားရောက်စစ်ဆေးရန်အတွက် ဆော်ဒီအမျိုးသမီးများမှာ Easy Taxi အခမဲ့စီးနင်းခွင့်ကို အီမေးလ်ဖြင့် ရယူနိုင်မည်ဖြစ်သည်။

    Eazy Taxi တက္ကဆီမှာ ဒီဇင်ဘာတွင်ပြုလုပ်မည့် မြူနီစီပယ်ရွေးကောက်ပွဲ အမျိုးသမီးများ မဲသွားထည့်ရာတွင် ရီယာ့ဒ်၊ ဂျစ်ဒါ၊ ဒန်မမ်နှင့် အလ်-ခိုဘာရ်မြို့များ၌ မဲရုံများသို့ အခမဲ့ ပို့ဆောင်ပေးသွားမည်ဟု ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကြေငြာခဲ့သည်။

    Ref: Alarabiya