News @ M-Media

Tag: SaudiArabia

  • ဇနီးကိုရိုက်နှက်သည့် အမျိုးသားကို ဆော်ဒီတရားရုံးက ထောင်ချ

    ဇနီးကိုရိုက်နှက်သည့် အမျိုးသားကို ဆော်ဒီတရားရုံးက ထောင်ချ

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၆
    M-Media

    justice

    – ဇနီးသည်ကို ရိုက်နှက်ပြီး ကြိမ်းမောင်းပြောဆိုခဲ့တဲ့ အမျိုးသားတစ်ဦးကို ဆော်ဒီတရားရုံးက ထောင်ဒဏ် ၉ လ ချ မှတ်ခဲ့တယ်လို့ သိရပါတယ်။

    အဲဒီအမျိုးသားဟာ ကိုယ်ဝန်ဆောင်နေတဲ့ ဇနီးသည်ကို “ခေါင်းမာပြီး အသိဉာဏ်နည်းတဲ့မိန်းမ” လို့လည်း ပြောဆိုခဲ့ပြီး ထောင်ဒဏ် ၉ လနဲ့အတူ ဇနီးသည်နားကို မသွားဖို့ ခံဝန်ကိုလည်း ဂျစ်ဒါတရားရုံးမှာ ရေးထိုးခဲ့ရပါတယ်။ ဇနီးဖြစ်သူအနေနဲ့ သူ့ရဲ့ ခံစားပိုင်ခွင့်အားလုံးကို ရရှိခံစားခွင့် ရှိရမယ်လို့လည်း တရားရုံးရဲ့ အမိန့်မှာ ပါဝင်ပါတယ်။

    အဲဒီဇနီးမောင်နှံနှစ်ဦးဟာ တရားဝင် ကွာရှင်းထားခြင်းမရှိဘဲ လပေါင်းများစွာ ကွဲကွာနေသူတွေဖြစ်ပြီး အမျိုးသမီးက ခင်ပွန်းဖြစ်သူရဲ့ ကိုယ်ထိလက်ရောက် စော်ကားမှု၊ အကြမ်းဖက်မှုတွေကို အသေးစိတ်ရေးသားပြီး တရားရုံးကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

    နောက်ဆုံးဖြစ်ရပ်တစ်ခုမှာ သူမဟာ ကိုယ်ဝန်ငါးလ လွယ်ထားနေရချိန်ဖြစ်ပြီး စတိုးဆိုင်သွားမိတဲ့အတွက် ဗိုက်ကို အကန်ခံရကာ အိမ်ကြမ်းပြင်မှာ လှိမ့်နေအောင် ရိုက်ခံရတယ်လို့ ပြောကြားခဲ့ပါတယ်။

    “အဲဒီအမျိုးသမီးဟာ ရဲတပ်ဖွဲ့ကိုလည်း တိုင်ကြားခဲ့ပြီး ဂျစ်ဒါက ဘုရင်ဖာဟဒ်ဆေးရုံမှာ ဆေးစစ်ခဲ့ပါတယ်။ ဆေးစာအရ အပြင်းအထန် ရိုက်နှက်ခံထားရတာကြောင့် သူမရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်တွေ၊ ဖူးယောင်ဒဏ်ရာတွေကို တွေ့ရှိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ သူမအနေနဲ့ ပြန်လည်သက်သာဖို့ ၁၅ ရက်လောက် အချိန်ယူဖို့ လိုပါတယ်” လို့ ဆော်ဒီသတင်းစာတစ်စောင်ဖြစ်တဲ့ အလ်-၀ါတန်သတင်းစာက ဖော်ပြထားပါတယ်။

    သူမဟာ စိတ်ကျရောဂါနဲ့ စိုးရိမ်သောကလိုမျိုး စိတ်ပိုင်းဆိုင်ရာပြဿနာတွေလည်း ခံစားနေရတယ်လို့ ဆေးစစ်ချက်မှာ ဖော်ပြထားပါတယ်။

    ဒီအမျိုးသမီးဟာ ခင်ပွန်းရဲ့ အိမ်ကမောင်းထုတ်ခြင်းကို ခံခဲ့ရတာကြောင့် ၇ နှစ်သားအရွယ် သားငယ်နဲ့အတူ အိမ်ငှားနေထိုင်ကာ ကွာရှင်းပြတ်စဲတဲ့အထိ စောင့်နေခဲ့တာဖြစ်ပေမယ့် ခင်ပွန်းဖြစ်သူ ပြန်တွေ့သွားတာကြောင့် ထပ်မံ ရိုက်နှက်ခံခဲ့ရတာ ဖြစ်ပါတယ်။

    Ref : ArabNews

  • ရေနံဈေးကွက် အတွင်း လျော့ဈေးနဲ့ အားပြိုင်နေတဲ့ဆော်ဒီ

    ရေနံဈေးကွက် အတွင်း လျော့ဈေးနဲ့ အားပြိုင်နေတဲ့ဆော်ဒီ

    ဇန်နဝါရီ ၂၈ ၊ ၂၀၁၆
    M-Media
    ဆောင်းပါးရှင်- မောင်ရဲဝင်း (တောင်ကြီး)
    1016546133
    ဈေးကွက်စီးပွားရေးမှာ ကုန်စည်းတွေရဲ့တန်ဖိုးကို ဈေးကွက်ကပဲ ဆုံးဖြတ်တယ်ဆိုပေမယ့် ရေနံနဲ့ သဘာဝဓါတ်ငွေ့ရဲ့ တန်ဖိုးကတော့ ရေနံကုမ္ပဏီကြီးတွေရဲ့ ကစားကွက်ထဲရှိနေတတ်ပါတယ်။ ရေနံဈေးတွေ တဟုန်ထိုး ကျဆင်းနေချိန်မှာ ရေနံ ကုမ္ပဏီကြီးတွေ အနေနဲ့ ကိုယ်ကျိုးစီးပွား အတွက် ကာကွယ်ကြတာဟာ အထူးအဆန်းတော့ မဟုတ်ပါ။ ရေနံ သူဌေးနိုင်ငံတွေဖြစ်တဲ့ ဆော်ဒီ အာရေးဗီးယား၊ အီရန်နဲ့ အီရတ် နိုင်ငံတွေကလည်း ကမ္ဘာ့ရေနံဈေးကွက်မှာ သူတို့ရဲ့ဈေးကွက် ရှယ်ယာခိုင်မာနေဖို့ ယှဉ်ပြိုင်နေကြပါတယ်။

    ရေနံဈေးဟာ ခြောက်နှစ်ကျော်ကာလအတွင်း အနိမ့်ဆုံးအဖြစ် တစ် စည်ကို ၃၀ ဒေါ်လာအောက် ကျဆင်းနေပေမယ့် ဈေးကွက် ရှယ်ယာရှိဖို့အရေး ရေနံထွက်နှုန်းတွေ တိုးမြှင့်နေကြပါတယ်။ ရေနံဈေး ကျဆင်းနေမှုအပေါ် ထိမ်းချုပ်မှုတွေ လုပ်ဖို့ အီရန်နိုင်ငံက ကမ်းလှမ်းဖို့ဟန်ပြင်နေပေမယ့် အီရန်အပေါ် နူကလီးယားနဲ့ ပတ်သက်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်လိုက်ရင် တစ်နေ့ စည် တစ်သန်း ထိ တိုးမြှင့်ဖို့ အစီအစဉ်ရှိတယ်လို့ အီရန်ရဲ့ ရေနံနဲ့သဘာဝဓါတ်ငွေ့ ဝန်ကြီး Bijan Zanganeh က ကြေညာခဲ့ပြန်ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်း အီရန်နဲ့ အီရတ်တို့ရဲ့ နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်ပွားနေခဲ့ချိန်မှာ သူတို့ဈေးကွက်ကို ဆော်ဒီကဖဲ့ယူထားခဲ့လို့ အခုအခါမှာ ပြိုင်ဆိုင်မှု ပြင်းထန်နေတာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

    ဒီသုံးနိုင်ငံလုံးဟာ ရေနံစိမ်းထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေစုဝေးဖွဲ့စည်းထားတဲ့OPEC အဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြပါတယ်။ ဒါပေမယ့် အခုတင်းမာနေမှုတွေကို OPEC အတွင်းမှာတောင် ညှီနှိုင်းဖို့မလွယ်ဘူးလို့Oxford Institute for Energy Studies အဖွဲ့က Bassam Fattouh ကသုံးသပ်ထားပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက OPEC အနေနဲ့ ရေနံဈေးကို ဈေးကွက်ကပဲအဆုံးအဖြတ်ပေးစေရမယ်လို့ သဘောတူထားတဲ့အတွက် ဒီနိုင်ငံတွေအနေနဲ့ အခုအခြေအနေမှာ အညှီအနှိုင်းမလုပ်ကြပဲ ထုတ်လုပ်မှုတွေကို အပြိုင်အဆိုင်မြှင့်တင်နေကြတာဖြစ်ပါတယ်။

    အဲဒီအထဲမှာ ဈေးနှိမ်ပြီးရောင်းနေရလည်း တာရှည်တောင့်ခံနိုင်စွမ်း အရှိဆုံးကတော့ ဆော်ဒီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း OPECအစည်းအဝေးမှာ ရေနံထုတ်လုပ်မှု ပမာဏ ကန့်သတ်ဖို့အဆိုကို ဆော်ဒီက ဦးဆောင်ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ တကယ်တော့ ဆော်ဒီအနေနဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ နိုင်ငံတော် အသုံးစရိတ် သုံးဆမြှင့်တင်ထားခဲ့လို့ ရေနံဈေးကောင်းနေ မှသာ နိုင်ငံတော် ရသုံးမှန်းခြေကို ထိမ်းညှိနိုင်မှာပါ။ ဒါပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ့မှုအားကောင်းပြီး နိုင်ငံတော်အကြွေးက GDP ရဲ့ (၁.၆) ရာခိုင်နှုန်းပဲရှိတဲ့ဆော်ဒီ အတွက်ကတော့ ဈေးကွက်ရှယ်ယာ ခိုင်မာဖို့ အောက်ဈေးနဲ့ရေရှည် ရပ်တည်လို့ ရနေပါသေးတယ်။ ပြိုင်ဘက်နိုင်ငံတွေကို အကျပ်အတည်းထဲ တွန်းပို့နိုင်စွမ်းရှိနေပါတယ်။

    OPEC နိုင်ငံအတွင်းမှာ သြဇာအရှိဆုံးကလည်း ဆော်ဒီရဲ့ ရေနံဝန်ကြီး Ali al-Naimi ပါပဲ။ ဆော်ဒီအနေနဲ့ အခုလိုရေနံဈေးကျနေတာကို ညှီနှိုင်းလိုကလည်း ညှီနှိုင်းနိုင်သလို ဆွေးနွေးမှုတွေမလုပ်ပဲ တရုတ်နိုင်ငံစီးပွားရေးကျနေတဲ့အတွက် ဝယ်အားနည်းပြီး ဈေးကျနေတာပါလို့ ဆင်ခြေပေး၊ ထုတ်လုပ်မှုတွေကိုမြှင့်တင်နိုင်ပါတယ်။ ၁၉၈၀ နဲ့ ၁၉၈၅-၈၆ ခုနှစ်တွေကလို ရေနံ ထုတ်လုပ်မှုလျော့ချခဲ့ပေမယ့် ဈေးကပြန် မတက်လာခဲ့တဲ့ သာဓကတွေရှိနေတဲ့အတွက် ထုတ်လုပ်မှုကန့်သတ်ဖို့ကိုတော့ အလွယ်တကူလုပ်ကြဦးမှမဟုတ်ပါဘူး။ အီရန်ကလည်း အလားတူထုတ်လုပ်မြှင့်တင်နေရာမှာ ဆော်ဒီထက်အရှိုန်မြှင့်နေတယ်လို့ ပဲရစ်ခြေစိုက်International Energy Agency က ဆိုပါတယ်။

    ရေနံဈေးကျလာနေတဲ့အတွက် ထုတ်လုပ်မှုစရိတ်ကြီးတဲ့ ဘရာဇီး ရေနက်တွင်းတွေ၊ ကနေဒါက သဲသောင်ပြင်ရေနံတွင်းတွေလည်း အမြတ်နည်းခဲ့ပါတယ်။ OPECအဖွဲ့ဝင်မဟုတ်တဲ့ အခြားနိုင်ငံတွေကတော့ ထုတ်လုပ်မှုတွေ လျော့ချလာကြပါတယ်။ OPECနိုင်ငံတွေအနေနဲ့ ဈေးကွက် ရှယ်ယာထိမ်းချုပ်နိုင်ဖို့အရေး ထုတ်လုပ်မှုတွေကို မကန့်သတ်ဘူးဆိုရင်တော့ ရှေရည်မှာ ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စီးပွားရေးအင်အားတောင့်နေတဲ့ ဆော်ဒီ အတွက်ကတော့ ရေနံဈေး ထက်ဝက်ကျော်ကျဆင်းသွားလည်း ပြိုင်ဘက်တွေနဲ့ ယှဉ်ပြီး ဈေးကွက်ကိုခိုင်မြဲအောင် ဆုတ်ကိုင်နိုင်စွမ်းရှိနေပါသေးတယ်။

  • အီရန်နှင့် ဆော်ဒီမှာ အပြန်အလှန်ဖြည့်ဆည်းပေးရမည့်နိုင်ငံများဟု အီရန်ပြော

    အီရန်နှင့် ဆော်ဒီမှာ အပြန်အလှန်ဖြည့်ဆည်းပေးရမည့်နိုင်ငံများဟု အီရန်ပြော

    ဇန်န၀ါရီ ၂၁၊ ၂၀၁၆
    M-Media

    iran

    – အီရန်အစ္စလာမ့်သမ္မတနိုင်ငံတော်မှာ ဆော်ဒီအာရေဗျနှင့် မည်သည့်တင်းမာမှုကိုမှ ရှာဖွေသွားမည်မဟုတ်ဘဲ မိမိတို့နှစ်နိုင်ငံမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ် ဇာရစ်ဖ်က ပြောကြားလိုက်သည်။

    “အီရန်နဲ့ ဆော်ဒီအာရေဗျတို့ဟာ ဒေသတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် နေရာပေးနိုင်တဲ့ တစ်ယောက် ဖြည့်ဆည်းပေးနိုင်တဲ့ အရေးပါတဲ့တိုင်းပြည်နှစ်ခု ဖြစ်ပါတယ်။ ဆော်ဒီကို ဒေသအတွင်းကနေဖယ်ထုတ်ဖို့ ကျွန်တော်တို့ မမျှော်လင့်သလို၊ ဒီလိုလုပ်ဖို့ စိတ်လည်း မ၀င်စားပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ဆော်ဒီဟာ ဒေသတွင်းမှာ အရေးပါတဲ့နိုင်ငံ ဖြစ်နေလို့ပါပဲ” ဟု ဇာရစ်ဇ်က CNN သို ယမန်နေ့ညနေ အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    ရှီအာဘာသာရေးခေါင်းဆောင်တစ်ဦးကို ဆော်ဒီက အကြမ်းဖက်မှုဖြင့် ကွပ်မျက်ခဲ့မှု၏ နောက်ဆက်တွဲအဖြစ် အီရန်နိုင်ငံ၌ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကာ ဆော်ဒီသံရုံမှာ တိုက်ခိုက်ခံခဲ့ရသည်။ ထို့နောက် ဆော်ဒီကလည်း အီရန်နှင့် သံတမန်အဆက်အသွယ်ဖြတ်ခဲ့ကာ ၎င်းတို့နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။

    ဇာရစ်ဖ်ကမူ အီရန်နှင့် အနောက်နိုင်ငံများ၏ ဆက်ဆံရေးကောင်းမွန်လာမှုကို ဆော်ဒီက ထိတ်လန့်နေကာ မိမိတို့၏ အခန်းကဏ္ဍကို လက်မခံ၍မရဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ကျွန်တော်တို့ နိုင်ငံအားလုံးဟာ လူ့အစုအဝေးကြီးတစ်ခုပါယ။ အခု သူတို့ရဲ့ မဟာမိတ်တွေက အီရန်ကို တကယ့် မိတ်ဖက်အဖြစ် အသိအမှတ်ပြုခဲ့ပါပြီ။ ကျွန်တော်တို့ ဆော်ဒီနဲ့ တိုက်စရာမလိုပါဘူး။ ကံမကောင်းတာက ဒေသအတွင်း မတည်ငြိမ်မှုဟာ ဆက်ဒမ်နဲ့ အာရပ်နွေဦးဆော်လှန်ရေးပြီးတဲ့နောက်ပိုင်း ပခုံးချင်းယှဉ်နိုင်မယ့် နိုင်ငံတစ်ခု ပေါ်ထွက်လာမယ်ဆိုတဲ့ ဆော်ဒီရဲ့ ယုံကြည်မှုကြောင့် ဖြစ်နေတယ်ဆိုတဲ့ အချက်ပါပဲ”

    ထိုကဲ့သို့တင်းမာမှုများ ဖြစ်ပွားခဲ့ပြီးနောက် ၎င်းတို့နှစ်နိုင်ငံအကြား တိုက်ခိုက်မှုများဖြစ်တော့မည်ဟု မီဒီယာများက ချဲ့ကားပြောဆိုမှုများကို ဆော်ဒီဘက်ကလည်း တုံ့ပြန်ခဲ့ပြီး ဆော်ဒီမှာ အီရန်နှင့် မည်သည့်အခါမှ စစ်ဖြစ်မည်မဟုတ်ဟု ပြောကြားခဲ့သည်။

    Ref: PressTV

  • ဆော်ဒီအာရေဗျက ကမ္ဘာ့တတိယ ပျော်ရွှင်မှုအရှိဆုံး နိုင်ငံအဖြစ် ရပ်တည်

    ဆော်ဒီအာရေဗျက ကမ္ဘာ့တတိယ ပျော်ရွှင်မှုအရှိဆုံး နိုင်ငံအဖြစ် ရပ်တည်

    ဇန်ဝါရီ ၁၉၊ ၂၀၁၆
    M-Media

    saudi 3

    – နိုင်ငံတကာ စစ်တမ်းကောက်ယူမှုအဖွဲ့ဖြစ်တဲ့ WIN/Gallup International Association က စစ်တမ်းကောက်ယူမှုအရ ၂၀၁၅ ခုနှစ် ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံတွေထဲမှာ ဆော်ဒီအာရေဗျနိုင်ငံဟာ တတိယချိတ်ခဲ့တယ်လို့ သိရပါတယ်။

    နိုင်ငံပေါင်း ၆၈ နိုင်ငံက ပြည်သူ ၆၅၀၀၀ ကို တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ပျော်ရွှင်စရာအကောင်းဆုံးနိုင်ငံတွေစာရင်းမှာ ကိုလံဘီယာ၊ ဖီဂျီတို့နောက် ဆော်ဒီက တတိယလိုက်ခဲ့တာဖြစ်ပါတယ်။ ပျော်ရွှင်မှုမရှိဆုံး တိုင်းပြည်ကတော့ အီရတ်နိုင်ငံ ဖြစ်ခဲ့ပါတယ်။

    မျှော်လင့်ချက်အရှိဆုံး နိုင်ငံများစာရင်းမှာတော့ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ နိုင်ဂျီးရီးယား၊ ဖီဂျီ၊ မော်ရိုကို နိုင်ငံတွေက အစဉ်လိုက်ရှိနေကြပြီး မျှော်လင့်ချက်အနည်းဆုံးတိုင်းပြည်က အီတလီနိုင်ငံ ဖြစ်နေပါတယ်။

    အညွှန်းကိန်းများတွေအရ ဆော်ဒီဟာ အပျော်ရွှင်ဆုံးပြည်သူတွေ ၈၆ ရာခိုင်နှုန်း နေထိုင်တဲ့တိုင်းပြည် ဖြစ်ခဲ့ပြီး အီရတ်က ၁၂ ရာခိုင်နှုန်း၊ တူနီးရှားက ၇ ရာခိုင်နှုန်း၊ ဂရိက ၉ ရာခိုင်နှုန်း၊ အာဖဂန်တွင် ၁၄ ရာခိုင်နှုန်းနဲ့ ပါလက်စတိုင်းက ၁၅ ရာခိုင်နှုန်း အသီးသီးရှိကြပါတယ်။

    တိုင်းပြည်ရဲ့အနာဂတ်စီးပွားရေးကောင်းမွန်မှုနဲ့ ပက်သက်တဲ့အညွှန်းကိန်းများမှာ နိုင်ဂျီးရီးယားဟာ ၆၁ ရာခိုင်နှုန်
း၊ ဘင်္ဂလားဒေ့ရှ်က ၆၀ ရာခိုင်နှုန်း၊ တရုတ်က ၅၃ ရာခိုင်နှုန်း၊ ပါကစ္စတန်က ၅၀ ရာခိုင်နှုန်း၊ အိန္ဒိယက ၄၄ ရာခိုင်နှုန်း၊
    မော်ရိုကိုက ၄၄ ရာခိုင်နှုန်း၊ ဖီဂျီက ၃၉ ရာခိုင်နှုန်း၊ ဆော်ဒီကလ၃၂ ရာခိုင်နှုန်းနဲ့ အာဂျင်တီးနားက နောက်ဆုံးနေရာမှာ ရှိနေကြပါတယ်။

    စစ်တမ်းအရ ကမ္ဘာ့စီးပွားရေး အခြေအနေကို ကမ္ဘာ့လူဦးရေ၏ ၄၅ ရာခိုင်နှုန်းက အကောင်းမြင်ကြပြီး အဆိုးမြင်သူတွေက ၂၂ ရာခိုင်နှုန်းခန့် ရှိနေပါတယ်။ ၂၈ ရာခန့်နှုန်းခန့်က စီးပွားရေးဟာ ပုံမှန်အခြေအနေသာ ရှိနေတယ်လို့ ရှုမြင်နေကြပါတယ်။

    WIN/Gallup International အဖွဲ့ဟာ ကမ္ဘာ့နိုင်ငံတွေကို အလွှာသုံးလွှာအဖြစ်ခွဲထားပြီး ကြွယ်ဝချမ်းသာသည့်နို
    င်ငံများ (the G7)၊ ထွန်းသစ်စနိုင်ငံများ (မူလ G7 တွင် မပါသည့် G20)၊ ရည်မှန်းချက်ကြီးသောနိုင်ငံများ (ကျန်နိုင်ငံများ
    အားလုံး) တို့ ဖြစ်ပါတယ်။

    Ref: Arabnews

  • ဆော်ဒီရှိ သမိုင်းဝင်ဗလီများ ထိန်းသိမ်းရေးအစီအစဉ် စတင်

    ဆော်ဒီရှိ သမိုင်းဝင်ဗလီများ ထိန်းသိမ်းရေးအစီအစဉ် စတင်

    ဇန်န၀ါရီ ၁၀၊ ၂၀၁၆
    M-Media

    qiblatain

    – နိုင်ငံအတွင်းရှိ သမိုင်းဝင် ဗလီဝတ်ကျောင်းတော်ပေါင်း ၉၀၀ ကို ထိန်းသိမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဆော်ဒီ ခရီးသွားလာရေးကော်မရှင်နှင့် အစ္စလာမ့်ရေးရာ ၀န်ကြီးဌာနတို့ သဘောတူညီချက် ရရှိခဲ့သည်ဟု သိရသည်။

    သမိုင်းဝင် ဗလီဝတ်ကျောင်းတော်များအား ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ၎င်းတို့နှစ်ဖွဲ့မှာ မြို့တော် ရီယာ့ဒ်တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး၊ ထိုလုပ်ငန်းအတွက် ၎င်းတို့ ပါဝင်ရမည့် အခန်းကဏ္ဍအသီးသီးအတွက် ဆုံးဖြတ် သဘောတူညီခဲ့ကြသည်။

    အမျိုးသားအမွေအနှစ်စင်တာ၏ အကြီးအကဲဖြစ်သူ မက်စ်ဟာရီ အလ်-နအီးမ်ကမူ ကော်မရှင်နှင့် ၀န်ကြီးဌာနတို့၏ သဘောတူညီချက်မှာ သမိုင်းဝင်ဗလီဝတ်ကျောင်းတော်များအား ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ကာကွယ်ရေး နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် တံခါးဖွင့်ပေးခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    သဘောတူညီချက်တွင် သမိုင်းဝင်ဗလီဝတ်ကျောင်းတော်များကို ပြင်ဆင်ခြင်းနှင့် လည်ပတ်ခြင်းတို့အတွက် စနစ်တစ်ခု ဖေါ်ဆောင်ရေးလည်း ပါဝင်သည်။

    အစ္စလာမ့်ရေးရာဝန်ကြီးဌာန၏ အကြံပေးဖြစ်သူ အဘ်ဒူရ် ရဟ်မန် အလ်-အက်စ်ကာရက်ကမူ မိမိတို့ဝန်ကြီးဌာနမှာ အဆိုပါ ဗလီဝတ်ကျောင်းတော်များအား စောင့်ရှောက်ရေးနှင့် လိုအပ်ချက်များ ပြည့်မီရေး ဆောင်ရွက်ရန် စိတ်အားထက်သန်သည်ဟု ပြောကြားခဲ့သည်။

    ဆော်ဒီရှိ သမိုင်းဝင်ဗလီဝတ်ကျောင်းတော်များ ကာကွယ်စောင့်ရှောက်ရေးအတွက် ကော်မတီကိုလည်း ၀န်ကြီးဌာနက ဖွဲ့စည်းခဲ့သည်ဟု အလ်-အက်စ်ကာရက်က ဆိုသည်။ ထို့ပြင် အဖွဲ့ခွဲများအနေဖြင့် ထိုလုပ်ငန်းတွင် ပူးပေါင်း ဆောင်ရွက်ရေးရန်အတွက်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

    Ref: Arabnews