News @ M-Media

Tag: SaudiArabia

  • အီဘိုလာ တိုက်ဖျက်ရေး အတွက် ဆော်ဒီမှ ဒေါ်လာ ၃၅ သန်း လှူဒါန်း

    အီဘိုလာ တိုက်ဖျက်ရေး အတွက် ဆော်ဒီမှ ဒေါ်လာ ၃၅ သန်း လှူဒါန်း

    ဒီဇင်ဘာ ၁၂၊ ၂၀၁၄
    M-Media
    Liberia Ebola
    – အာဖရိက နိုင်ငံများတွင် ပြန့်နှံ့နေသည့် အီဘိုလာကပ်ရောဂါ တိုက်ဖျက်ရေး ကူညီရန်အတွက် ဆော်ဒီအာရေဗျနိုင်ငံမှ ဘုရင်ကြီး အဘ်ဒူလာ ဘင် အဘ်ဒူလ် အဇစ် အလ် ဆာအွဒ်က ကန်ဒေါ်လာ ၃၅ သန်း လှူဒါန်းခဲ့သည်ဟု သိရသည်။

    ဆော်ဒီဘုရင်ကြီး၏ ထိုကဲ့သို့ လှူဒါန်းမှုကို အစ္စလာမ်ဖွံ့ဖြိုးရေးဘဏ် IDB ဥက္ကဌ ဒေါက်တာ အဟ်မဒ် မိုဟာမက် အလီက ယမန်နေ့တွင်ကြေညာခဲ့ခြင်းဖြစ်ပြီး Saudi Press သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။

ုဘုရင်ကြီး၏ ထိုလှူဒါန်းငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများတွင် ရောဂါပိုးရှိမရှိ စစ်ဆေးသည့် ကိရိယာများကို အီဘိုလာပြန့်နှံ့နေသော နိုင်ငံများရှိ စာသင်ကျောင်းများတွင် တပ်ဆင်မှုလည်း ပါဝင်ပြီး ထိုသို့ တပ်ဆင်မှုက ရောဂါပိုးရှိသူများကို ဖော်ထုတ်နိုင်မည်ဖြစ်ကာ အခြားသူများအား ကူးစက်ခြင်းမရှိမီ ကုသမှုကို စောစီးစွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

    ထိုအစီအစဉ်များအား အကောင်အထည်ဖော်မှုများကို IDB က ဆောင်ရွက်သွားမည်ဟု အလီက ထည့်သွင်း ပြောကြားခဲ့သည်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အီဘိုလာ ပြန့်နှံ့မှုအား ဒီဇင်ဘာ ၁ ရက်နေ့ နောက်ဆုံးထား၍ ထိန်းချုပ်နိုင်ရမည်ဟု မျှော်မှန်းထားခဲ့သော်လည်း ပြည့်မီခဲ့ခြင်းမရှိဘဲ  ရောဂါပိုး ကူးစက်ပြန့်နှံ့မှုနှင့် သေဆုံးမှုများမှာ ယခုအချိန်အထိ ဆက်လက်ဖြစ်ပွားနေသည်။ ထို့ပြင် မိမိတို့၏ အီဘိုလာ တိုက်ဖျက်ရေး လှုပ်ရှားမှုများ နှေးကွေးနေသည်ဟုလည်း WHO က မကြာသေးမီကပင် ၀န်ခံခဲ့သည်။

  • ၁၀ နှစ်အတွင်း ဟဂ်ျပြုသူ ၂၅ သန်း ကို ဆော်ဒီ ၀န်ဆောင်မှုပေးနိုင်ခဲ့

    ၁၀ နှစ်အတွင်း ဟဂ်ျပြုသူ ၂၅ သန်း ကို ဆော်ဒီ ၀န်ဆောင်မှုပေးနိုင်ခဲ့

    အောက်တိုဘာ ၂၂ ၊ ၂၀၁၄
    M-Media
    Muslim pilgrims pray around the holy Kaaba at the Grand Mosque, during the annual hajj pilgrimage in Mecca
    – အစ္စလာမ်ဘာသာဝင်တို့၏ အဓိကမဏ္ဍိုင်များမှ တစ်ခုဖြစ်သည့် ဟဂ်ျဘုရားဖူးခရီးစဉ်အတွက် ဆော်ဒီနိုင်ငံမှာ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ်ဘာသာဝင် စုစုပေါင်း ၂၄.၈ သန်းအား ဟဂ်ျပြုနိုင်ရန် စီစဉ်ပေးခဲ့သည်ဟု သိရသည်။

    ထို ၁၀ တာကာလ၌ တစ်နှစ်အတွင်း ဟဂ်ျပြုသူအရေအတွက် အများဆုံးနှစ်မှာ ၂၀၁၂ ခုနှစ်တွင်ဖြစ်ပြီး ၃.၁၆ သန်းရှိကာ၊ အနည်းဆုံးနှစ်မှာ ၂၀၁၃ ခုနှစ်ဖြစ်ကာ ၁.၉၈ သန်းရှိခဲ့သည်။ ပြီးခဲ့သည့်နှစ်က ဟဂ်ျပြုသူအရေအတွက် လျော့ကျရခြင်းမှာ မက္ကာနှင့် မဒီနာတို့တွင် အဆောက်အဦး တိုးချဲ့မှုများကြောင့်ဖြစ်ပြီး နိုင်ငံခြားမှ ဟဂ်ျပြုသူ ၂၀ ရာခိုင်နှုန်းနှင့် ပြည်တွင်းမှ ဟဂ်ျပြုသူ ၅၀ ရာခိုင်နှုန်းကို ဆော်ဒီအစိုးရက လျှော့ချခဲ့သည်။

    ယခုနှစ်တွင် ဟဂ်ျပြုသူဦးရေမှာ ၂.၁ သန်းခန့်ရှိပြီး အမျိုးသား ၁.၃ သန်းခန့်နှင့် အမျိုးသမီး ၈၄၃၀၀၀ တို့ ဖြစ်ကြသည်။

    ယခုနှစ် ဟဂ်ျပြုသူဦးရေတွင် အင်ဒီုနီးရှားနိုင်ငံက ၂၁ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး၊ ပါကစ္စတန်က ဒုတိယနှင့် အိန္ဒိယတို့က တတိယနေရာတွင် ရှိကြသည်။

    ဆော်ဒီအစိုးရကမူ ဟဂ်ျကျင့်စဉ်များ အဆင်ပြေလွယ်ကူစေရေးအတွက် ကန်ဒေါ်လာ သန်းထောင်ပေါင်း ၁၀၀၀ ကျော် သုံးစွဲကာ အဆင့်မြှင်တင်မှုများ ပြုလုပ်ခဲ့သည်။ တရားဝင်အချက်အလက်များအရ ဟဂ်ျပြုသူ ဦးရေမှာ ၂၀၀၅ ခုနှစ်မှစ၍ ၂၀၀၈ ခုနှစ်အထိ နှစ်စဉ် တိုးတက်လာခဲ့ပြီး ၂၀၀၉ ခုနှစ်အတွင် အနည်းငယ် လျော့ကျခဲ့သော်လည်း နောက်ပိုင်းတွင် ပုံမှန် တိုးတက်လာခဲ့သည်။

    ၁၉၂၀ ခုနှစ်တွင် ဟဂ်ျပြုသူ နိုင်ငံခြားသား ၆၀၀၀၀ သာရှိခဲ့ရာမှ ဆော်ဒီအစိုးရ၏ ဆောင်ရွက်မှုဖြင့် သယ်ယူပို့ဆောင်ရေးစနစ်များ တိုးတက်လာခဲ့ပြီးနောက်ပိုင်း နိုင်ငံခြားမှ ဟဂ်ျပြုရန် လာရောက်ကြသူများမှာ တဖြည်းဖြည်း တိုးလာခဲ့သည်။

    ref_ Saudi Gazette

  • အကျဉ်းသားတစ်ဦး ထောင်ထဲမှာ မင်္ဂလာဆောင်ဖို့ ဆော်ဒီ ထောင်အာဏာပိုင်များ စီစဉ်ပေး

    အကျဉ်းသားတစ်ဦး ထောင်ထဲမှာ မင်္ဂလာဆောင်ဖို့ ဆော်ဒီ ထောင်အာဏာပိုင်များ စီစဉ်ပေး

    အောက်တိုဘာ ၁၉ ၊ ၂၀၁၄
    M-Media
    fca2c3bf-b0e8-4d59-802f-4ee9e1a0c8d3_16x9_600x338
    – ဆော်ဒီတွင် အကျဉ်းသား တစ်ဦး မင်္ဂလာဆောင်အတွက် ၎င်း၏ အကျဉ်းခန်းအား မင်္ဂလာဆောင် ကျင်းပရာ အခန်းအဖြစ် ထောင်အာဏာပိုင်များက ပြင်ဆင် ချယ်သပေးခဲ့သည်ဟု သိရသည်။

    နိုင်ငံမြောက်ပိုင်း ဘူရေဒဟ်မြို့ရှိ အကျဉ်းထောင်တွင်ဖြစ်ပြီး အသက် ၃၀ ကျော်အရွယ် အကျဉ်းသား၏ မင်္ဂလာဆောင်ကျင်းပရန် ၎င်း၏အခန်းအား မင်္ဂလာဆောင်နှင့် လိုက်ဖက်မည့် ပြင်ဆင်မှုမျိုးကို လှပစွာ ပြင်ဆင်ပေးခဲ့သည်ဟု ထောင်တာဝန်ရှိသူ ဆာလေဟ် အလ်-ကော်ဇိုင်းက ပြောကြားခဲ့သည်။ အဆိုပါ မင်္ဂလာပွဲအား ထောင်ကပင် တာဝန်ယူ ကျင်းပပေးခြင်းဖြစ်သည်။

    ထို့ပြင် ထိုအကျဉ်းသား၏ မင်္ဂလာဆောင် အတွက် အကျဉ်းကျခံနေရသူ၊ တရား ရင်ဆိုင်နေရသူ စသဖြင့် အကျဉ်းသား အားလုံးကို လွတ်လပ်စွာ တက်ရောက် ခွင့်ပေးသွားမည်ဖြစ်ကြောင်း၊ ထောင်သားများ၏  ကျန်ုးမာရေး၊ လုံခြုံရေးနှင့် သက်တောင့် သက်သာဖြစ်ရေးတို့ အတွက် ဆော်ဒီရှိထောင်များ တွင် သေချာစွာ ဆောင်ရွက်ပေးထားကြောင်း ဆာလေဟ်က ထပ်လောင်းပြောကြားခဲ့သည်။

    ref_ Al Arabiya News

  • ဆော်ဒီတွင် အ၀လွန်ရောဂါကြောင့် နှစ်စဉ် လူ ၂ သောင်းခန့် သေဆုံးနေ

    ဆော်ဒီတွင် အ၀လွန်ရောဂါကြောင့် နှစ်စဉ် လူ ၂ သောင်းခန့် သေဆုံးနေ

    စက်တင်ဘာ ၁၁ ၊ ၂၀၁၄
    M-Media
    obesity
    – အ၀လွန်ခြင်း၊ ၎င်းနှင့်ဆက်စပ်သည့် ရောဂါများကြောင့် ဆော်ဒီတွင် နှစ်စဉ် လူ ၂ သောင်းဝန်းကျင် သေဆုံးနေကြသည်ဟု လေ့လာမှုများအရ သိရသည်။

    အရွယ်မရောက်သေးသူများနှင့် အရွယ်ရောက်ပြီးသူများတွင် အ၀လွန်ခြင်းမှာတိုးလာနေပြီး ထိုကဲ့သို့ တိုးလာခြင်းကြောင့် ကလေးများအကြား ဆီးချိုရောဂါ ဖြစ်ပွားမှုမှာလည်း တိုးလာနိုင်သည်ဟု ဆော်ဒီဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

    ကျန်းမာရေး အသိပညာပေးခြင်းအစီအစဉ်ကို ကျောင်းများတွင် ထည့်သွင်းထားသော်လည်း ဆော်ဒီတွင် ဆီးချိုရောဂါသည်မှာ ၃ သန်းကျော်ရှိနေသည်။ ထို့ပြင် အ၀လွန်ခြင်းနှင့် အဆင့် ၂ ဆီးချိုရောဂါသည်များမှာလည်း နိုင်ငံလူဦးရေ၏ လေးပုံတစ်ပုံခန့် ရှိလာပြီး တိုကဲ့သို့များပြားလာခြင်းအတွက် နိုင်ငံအရှေ့ပိုင်း ဆီးချိုရောဂါကို စောင့်ကြည့်နေသည့် Saudi Sugar and Endocrinology Society အဖွဲ့ က အစိုးရကို သတိပေးထားသည်။

    “ဒီရောဂါ(အ၀လွန်ခြင်း)ဟာ အခြားနိုင်ငံတွေမှာလိုပဲ ပြည်သူ့ကျန်းမာရေးနဲ့ ဆော်ဒီရဲ့ အမျိုးသားအကျိုးစီးပွားကို ခြိမ်းခြောက်နေပါတယ်။ ကမ္ဘာ့တစ်ဝှမ်း အ၀လွန်သူအရေအတွက်ဟာ သန်း ၂ ထောင်နီးပါးရှိပြီး၊ ဒီအရေအတွက်ဟာ နိုင်ငံတွေရဲ့ ဘဏ္ဍာရေးအတွက် ၀န်ထုတ်ဝန်ပိုးကို ဖြစ်စေပါတယ်။ နောက်ပြီး ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ ကင်ဆာရောဂါပေါင်းစုံကိုလည်း ဖြစ်စေပါတယ်” ဟု အဆိုပါ အဖွဲ့မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် အသက်ရှည်စေမည့် လူမှုဘ၀ ပြောင်းလဲခြင်းအပါအ၀င် အ၀လွန်ခြင်းကို လျှော့ချရန်အတွက် ဆောင်ရွက်မှုများကို ချက်ချင်းအကောင်အထည်ဖော်ရေးကိုလည်း အဆိုပါအဖွဲ့က ဆော်ဒီအစိုးရအား တိုက်တွန်းခဲ့သည်။

    ref_ArabNews

  • တမန်တော် မုဟမ္မဒ် ရဲ့ အုတ်ဂူအား ဖယ်ရှားမည့် သတင်း မမှန်ကြောင်း ဆော်ဒီ အာဏာပိုင်များ သတင်းထုတ်

    တမန်တော် မုဟမ္မဒ် ရဲ့ အုတ်ဂူအား ဖယ်ရှားမည့် သတင်း မမှန်ကြောင်း ဆော်ဒီ အာဏာပိုင်များ သတင်းထုတ်

    စက်တင်ဘာ ၆ ၊ ၂၀၁၄
    M-Media

    8a5135c9-8844-4a00-a709-ea1667d2f308_16x9_600x338
    ဗြိတိန် The Independent သတင်းစာမှာ ဖော်ပြခဲ့သည့် သတင်းအမှား

    – တမန်တော်မြတ် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှုသက်ရောက်ပါစေ) ၏ အုတ်ဂူအား ဖြိုချပစ်မည်ဟူသော သတင်းမှာ မဟုတ်မှန်ဟု မြင့်မြတ်သော ၀တ်ကျောင်းတော်နှစ်ခုအား စောင့်ရှောက်ရေးအဖွဲ့ The General Presidency of the Two Holy mosques က ငြင်းချက်ထုတ်ခဲ့သည်ဟု အလ်-ဂျာဇီးရား သတင်းဌာနက ကြာသာပတေးနေ့တွင် ဖော်ပြခဲ့သည်။

    မုဟမ္မဒ်သခင်၏ အုတ်ဂူအား ဖြိုချပြီး ရုပ်ကလပ်တော်ကိုလည်း ဖယ်ရှားသွားမည်ဆိုသည့် အဆိုပါသတင်းကို ဆော်ဒီပညာရှင်တစ်ဦးမှ မဂ္ဂဇင်တစ်စောင်တွင် အဆိုပြုထားခြင်းကို  ကိုးကား၍ ပြီးခဲ့သည့်တနင်္လာနေ့တွင် ဗြိတိန် သတင်းစာတစ်စောင်ဖြစ်သည့် The Independent က ဖော်ပြခဲ့သည်။

    သို့သော် မြင့်မြတ်သော ဗလီဝတ်ကျောင်းတော်နှစ်ခုအား စောင့်ရှောက်ရေးအဖွဲ့ကမူ အဆိုပါ ပညာရှင်၏ အဆိုပါပြုချက်မှာ မြင့်မြတ်သောဗလီဝတ်ကျောင်းတော်ကို တစိုက်မတ်မတ် စောင့်ရှောက်မည့် ဆော်ဒီအစိုးရနှင့် ပတ်သက်ခြင်းမရှိဟု ပြောကြားခဲ့သည်။

    ထို့ပြင် စောင့်ရှောက်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အဟ်မဒ် မိုဟာမက် အလ်-မန်စူရီကလည်း အဆိုပါသတင်းမှာ ထိုပညာရှင်၏ သဘောထားသည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဆော်ဒီအာရေဗျရှိ Makkah သတင်းစာမှ လက်ထောက်အယ်ဒီတာချုပ် မိုဝါဖက် အလ်-နိုဝေစာကမူ The Independent သတင်းစာမှာ သြဂုတ်လ ၂၅ ရက်နေ့က Saudi Daily သတင်းစာတွင် ဖော်ပြခဲ့သော အာရဗီ ဆောင်းပါးတစ်ခုကို ခိုးယူ၍ တလွဲဘာသာပြန်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။

    The Independent  သတင်းစာမှ လက်ထောက် အယ်ဒီတာ ၀ီလ် ဂိုရီကမူ ပြီးခဲ့သည့် သီတင်းပတ်အစောပိုင်းက Makkah သတင်းစာတွင် ဖော်ပြခဲ့သည့် သတင်းအား သိရှိခြင်းမရှိဟု ပြန်လည်တုံ့ပြန်ခဲ့သည်။ ထို့ပြင် ၎င်းတို့ဖော်ပြခဲ့သည်သတင်းမှာ မှန်ကန်သည်ဟု ပြောကြားခဲ့ပြီး အခြားသာ ဗြိတိန်ဝဘ်ဆိုက်များကလည်း ထိုသတင်းကို ထပ်ဆင့် မျှဝေခဲ့ကြသည်။

    The Independent မှ ဖော်ပြသည့် အဆိုပါသတင်းတွင် ဆော်ဒီအာဏာပိုင်များ၏ အတည်ပြုချက် သို့မဟုတ် မှတ်ချက်များ ပါဝင်ခဲ့ခြင်းမရှိပေ။ Al Arabiya သတင်းဌာနက စုံစမ်းရာ ထိုကိစ္စမှာ မဂ္ဂဇင်းတွင်ဖော်ပြခဲ့သည့် ပညာရှင်တစ်ဦး၏ အဆိုပြုချက်ထက် မပိုဘဲ အစိုးရ၏ ဆုံးဖြတ်ချက်မဟုတ်ကြောင်း ဆော်ဒီအစိုးရက ပြန်လည်ဖြေကြားခဲ့သည်။

    ref_Al Arabiya English