News @ M-Media

၁၀ နှစ်အတွင်း ဟဂ်ျပြုသူ ၂၅ သန်း ကို ဆော်ဒီ ၀န်ဆောင်မှုပေးနိုင်ခဲ့

အောက်တိုဘာ ၂၂ ၊ ၂၀၁၄
M-Media
Muslim pilgrims pray around the holy Kaaba at the Grand Mosque, during the annual hajj pilgrimage in Mecca
– အစ္စလာမ်ဘာသာဝင်တို့၏ အဓိကမဏ္ဍိုင်များမှ တစ်ခုဖြစ်သည့် ဟဂ်ျဘုရားဖူးခရီးစဉ်အတွက် ဆော်ဒီနိုင်ငံမှာ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ်ဘာသာဝင် စုစုပေါင်း ၂၄.၈ သန်းအား ဟဂ်ျပြုနိုင်ရန် စီစဉ်ပေးခဲ့သည်ဟု သိရသည်။

ထို ၁၀ တာကာလ၌ တစ်နှစ်အတွင်း ဟဂ်ျပြုသူအရေအတွက် အများဆုံးနှစ်မှာ ၂၀၁၂ ခုနှစ်တွင်ဖြစ်ပြီး ၃.၁၆ သန်းရှိကာ၊ အနည်းဆုံးနှစ်မှာ ၂၀၁၃ ခုနှစ်ဖြစ်ကာ ၁.၉၈ သန်းရှိခဲ့သည်။ ပြီးခဲ့သည့်နှစ်က ဟဂ်ျပြုသူအရေအတွက် လျော့ကျရခြင်းမှာ မက္ကာနှင့် မဒီနာတို့တွင် အဆောက်အဦး တိုးချဲ့မှုများကြောင့်ဖြစ်ပြီး နိုင်ငံခြားမှ ဟဂ်ျပြုသူ ၂၀ ရာခိုင်နှုန်းနှင့် ပြည်တွင်းမှ ဟဂ်ျပြုသူ ၅၀ ရာခိုင်နှုန်းကို ဆော်ဒီအစိုးရက လျှော့ချခဲ့သည်။

ယခုနှစ်တွင် ဟဂ်ျပြုသူဦးရေမှာ ၂.၁ သန်းခန့်ရှိပြီး အမျိုးသား ၁.၃ သန်းခန့်နှင့် အမျိုးသမီး ၈၄၃၀၀၀ တို့ ဖြစ်ကြသည်။

ယခုနှစ် ဟဂ်ျပြုသူဦးရေတွင် အင်ဒီုနီးရှားနိုင်ငံက ၂၁ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး၊ ပါကစ္စတန်က ဒုတိယနှင့် အိန္ဒိယတို့က တတိယနေရာတွင် ရှိကြသည်။

ဆော်ဒီအစိုးရကမူ ဟဂ်ျကျင့်စဉ်များ အဆင်ပြေလွယ်ကူစေရေးအတွက် ကန်ဒေါ်လာ သန်းထောင်ပေါင်း ၁၀၀၀ ကျော် သုံးစွဲကာ အဆင့်မြှင်တင်မှုများ ပြုလုပ်ခဲ့သည်။ တရားဝင်အချက်အလက်များအရ ဟဂ်ျပြုသူ ဦးရေမှာ ၂၀၀၅ ခုနှစ်မှစ၍ ၂၀၀၈ ခုနှစ်အထိ နှစ်စဉ် တိုးတက်လာခဲ့ပြီး ၂၀၀၉ ခုနှစ်အတွင် အနည်းငယ် လျော့ကျခဲ့သော်လည်း နောက်ပိုင်းတွင် ပုံမှန် တိုးတက်လာခဲ့သည်။

၁၉၂၀ ခုနှစ်တွင် ဟဂ်ျပြုသူ နိုင်ငံခြားသား ၆၀၀၀၀ သာရှိခဲ့ရာမှ ဆော်ဒီအစိုးရ၏ ဆောင်ရွက်မှုဖြင့် သယ်ယူပို့ဆောင်ရေးစနစ်များ တိုးတက်လာခဲ့ပြီးနောက်ပိုင်း နိုင်ငံခြားမှ ဟဂ်ျပြုရန် လာရောက်ကြသူများမှာ တဖြည်းဖြည်း တိုးလာခဲ့သည်။

ref_ Saudi Gazette

Comments

Leave a Reply