အောက်တိုဘာ ၁၉ ၊ ၂၀၁၄
M-Media

– ဆော်ဒီတွင် အကျဉ်းသား တစ်ဦး မင်္ဂလာဆောင်အတွက် ၎င်း၏ အကျဉ်းခန်းအား မင်္ဂလာဆောင် ကျင်းပရာ အခန်းအဖြစ် ထောင်အာဏာပိုင်များက ပြင်ဆင် ချယ်သပေးခဲ့သည်ဟု သိရသည်။
နိုင်ငံမြောက်ပိုင်း ဘူရေဒဟ်မြို့ရှိ အကျဉ်းထောင်တွင်ဖြစ်ပြီး အသက် ၃၀ ကျော်အရွယ် အကျဉ်းသား၏ မင်္ဂလာဆောင်ကျင်းပရန် ၎င်း၏အခန်းအား မင်္ဂလာဆောင်နှင့် လိုက်ဖက်မည့် ပြင်ဆင်မှုမျိုးကို လှပစွာ ပြင်ဆင်ပေးခဲ့သည်ဟု ထောင်တာဝန်ရှိသူ ဆာလေဟ် အလ်-ကော်ဇိုင်းက ပြောကြားခဲ့သည်။ အဆိုပါ မင်္ဂလာပွဲအား ထောင်ကပင် တာဝန်ယူ ကျင်းပပေးခြင်းဖြစ်သည်။
ထို့ပြင် ထိုအကျဉ်းသား၏ မင်္ဂလာဆောင် အတွက် အကျဉ်းကျခံနေရသူ၊ တရား ရင်ဆိုင်နေရသူ စသဖြင့် အကျဉ်းသား အားလုံးကို လွတ်လပ်စွာ တက်ရောက် ခွင့်ပေးသွားမည်ဖြစ်ကြောင်း၊ ထောင်သားများ၏ ကျန်ုးမာရေး၊ လုံခြုံရေးနှင့် သက်တောင့် သက်သာဖြစ်ရေးတို့ အတွက် ဆော်ဒီရှိထောင်များ တွင် သေချာစွာ ဆောင်ရွက်ပေးထားကြောင်း ဆာလေဟ်က ထပ်လောင်းပြောကြားခဲ့သည်။
ref_ Al Arabiya News

Leave a Reply
You must be logged in to post a comment.