News @ M-Media

Tag: ShortNews

  • နွယ်အေးဗလီ သာရေးနာရေးကော်မတီ ၃-နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်မည်

    နွယ်အေးဗလီ သာရေးနာရေးကော်မတီ ၃-နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်မည်

    ဇန်န၀ါရီလ ၁၈၊ ၂၀၁၄
    M-Media
    K K

    1525078_262918437205736_1350202903_n

    ရန်ကုန် ။      ။    ရန်ကုန်မြို့ ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်ရှိ နွယ်အေးစွန္နီဂျာမေဗလီ သာရေးနာရေးဆပ်မကော်မတီ၏ ၃-နှစ်ပြည့် အခမ်းအနား ဇန်န၀ါရီ ၁၉-ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

    ၎င်းအခမ်းအနားကို ၂၀၁၄-ခု ဇန်န၀ါရီလ ၁၉-ရက်နေ့ မနက် ၉း၀၀-နာရီမှာ ၁၂း၀၀-နာရီအထိ နွယ်အေးစွန္နီဂျာမေဗလီဝင်းအတွင်း ပြုလုပ်မည် ဖြစ်ပြီး ရန်ကုန်မြို့ရှိ သာရေးနာရေးအဖွဲ့အစည်းများ ပါဝင်တက်ရောက်ပေးရန် ဖိတ်ကြားထားကြောင်းလည်း သိရသည်။

  • ဇန်န၀ါရီ ၁၇၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၁၇၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၁၇၊ ၂၀၁၄
    M-Media

    အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသ ပူးပေါင်းရေးစာချွန်လွှာရေးထိုးရန် ပြည်သူ့လွှတ်တော် အတည်ပြု

    – အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသပူးပေါင်းဆောင်ရွက်ရေး နားလည်မှု သဘောတူစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးရန်အတွက် ဖွဲ့စည်းပုံဥ့ဒေပါ အချက်အလက်များအရ ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ် ယူရမည်ဖြစ်၍ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်အစည်းအဝေးမှ အတည်ပြုလိုက်ကြောင်း သိရသည်။
    ________________________

    အာယီဆံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရဲ့ သတင်းစာရှင်းလင်းပွဲ

    – ၂၀၁၄-ခုနှစ်၏ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အာယီဆံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံ၍ ပုဂံမြို့မှာ ပြုလုပ်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲပါ ပြုလုပ်ခဲ့ရာတွင် အာဆီယံ အဖွဲ့၏ မူတစ်ခုသည် အဖွဲ့ဝင် နိုင်ငံတစ်ခုစီ၏ အတွင်းရေးကို ၀င်ရောက်စွက်ဖက်ခြင်း မရှိပဲ နိုင်ငံတစ်နိုင်ငံရဲ့ အဖြစ်အပျက်များဟာ သက်ဆိုင်ရာ နိုင်ငံများနဲ့သာ သက်ဆိုင်သည်ဖြစ်၍ ပြည်တွင်းနိုင်ငံရေးကိစ္စများကို ဆွေးနွေးခြင်း မှတ်ချက်ပေးခြင်းမရှိကြောင်း အလှည့်ကျ ဥက္ကဋ္ဌ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့သည်ဟု သိရသည်။
    ________________________

    မိကျောင်းကန်ဆန္ဒပြမှု ငွေယူသည်ဟု စွပ်စွဲသော မြ၀တီကို တရားစွဲမည်

    – သင်္ဃန်းကျွန်း မိကျောင်းကန် ဆန္ဒပြမှုမှာ အခကြေးငွေယူပြီး ဆန္ဒပြခဲ့တယ်လို့ မြဝတီ အင်တာနက်စာမျက်နှာ၏ စွပ်စွဲရေးသားမှုများ အတွက် ဆောင်းပါးရှင်တွေကို တရားစွဲဆိုသွားမယ်လို့ မိကျောင်းကန် ဆန္ဒပြသူတွေက ဇန်နဝါရီ ၁၇ရက်နေ့မှာ ပြောလိုက်ကြောင်း ကမာရွတ်မီဒီယာတွင် ဖော်ပြထားသည်။
    ________________________

    သမ္မတ ဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော်၏ နိုင်ငံခြားရေး နှင့် ပေါင်းစည်းရေးကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ အား လက်ခံတွေ့ဆုံ

    သမ္မတ ဦးသိန်းစိန်သည် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော် ၏ နိုင်ငံခြားရေး နှင့် ပေါင်းစည်းရေးကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ အား လက်ခံတွေ့ဆုံစဉ်ကိုရီးယားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အတွေ့အကြုံများ မျှဝေသွားရေး၊ ကိုရီးယားကုမ္ပဏီများ ပိုမိုလာရောက် ရင်းနှီးမြှုပ်နှံမှု ပြုရေး၊ ပညာရေး၊ နည်းပညာဆိုင်ရာ အကူအညီများပေးရေး၊ ကိုရီးယားနိုင်ငံမှ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ လာရောက် လုပ်ကိုင်ခွင့်ရရှိရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
    ________________________

  • ကတ်သလစ်ဘာသာဝင်များ မြန်မာနိုင်ငံသို့ရောက်ရှိခြင်း နှစ် (၅၀၀) ပြည့်အခမ်းနား စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

    ကတ်သလစ်ဘာသာဝင်များ မြန်မာနိုင်ငံသို့ရောက်ရှိခြင်း နှစ် (၅၀၀) ပြည့်အခမ်းနား စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

    ဇန်န၀ါရီ ၁၆၊ ၂၀၁၄
    M-Media
    သီရိ

    DSC00278-1

    ရန်ကုန် ။      ။ မြန်မာနိုင်ငံသို့ ကတ်သလစ်ဘာသာဝင်များ ရောက်ရှိလာခြင်း နှစ် (၅၀၀) ပြည့် အခမ်းနားကို ၂၀၁၄-ခု နိုဝင်ဘာလတွင် စည်ကားသိုက်မြိုက် ခမ်းနားစွာ ကျင်းပသွားမည် ဖြစ်ကြောင်းသိရပါသည်။

    “ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် မျိုးစေ့တစ်စေ့ မြန်မာ့မြေပေါ်သို့ရောက်ရှိလာတာဟာ နှစ် (၅၀၀) ရှိခဲ့ပါပြီ။ သမိုင်းတစ်လျောက်မှာလဲ သာသနာပြုခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ ကျေးဇူးတော်တွေကိုလဲ ဖော်ထုတ်ပွဲ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အားပေးမှုကိုလည်း လိုအပ်ပါတယ်” ဟု ကတ်သလစ်အသင်း အလှည့်ကျ ဥက္ကဌ John Hsane Hgyi ကပြောကြားခဲ့သည်။

    အဆိုပါအခမ်းနားပွဲကြီးကို ၂၀၁၄-ခု နိုဝင်ဘာ ၂၁၊ ၂၂၊ ၂၃ ရက်တို့တွင် ခမ်းခမ်းနားနား ကျင်းပသွားမည် ဖြစ်ပြီး ထိုအခမ်းနားပွဲကြီးအတွက် ကတ်သလစ်အသင်းတော်ကြီးရဲ့ ပုပ်ရဟန်းမင်းကြီးကိုလည်း ဖိတ်ကြားထားပြီး ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များနှင့် နိုင်ငံတော်အစိုးရ၀န်ကြီးများကိုလည်း ဖိတ်ကြား ထားသည်ဟုသိရပါသည်။

    အခမ်းနားကျင်းပရာနေ့တိုင်းတွင် ဘုရားသခင်၏ဂုဏ်ကျေးဇူးတော်များကို ချီးမွမ်းခြင်း၊ ဆုတောင်းဝတ်ပြု ကိုးကွယ်ခြင်းများကိုလည်း ပြုလုပ်သွားမည်ဖြစပြီး နောက်ဆုံးရက် ၂၃-ရက်နေ့တွင် အခမ်းနားဆုံးနှင့် အကြီးကျယ်ဆုံး ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရပါသည်။

    “ဒီပွဲရဲ့ရည်ရွယ်ချက်ဟာ ပစ္စုပန်နှင့် အနာဂတ်မှာ စိတ်အားထက်သန်စွာနဲ့ လူငယ်တွေကို သာသနာအကျိုးပြုလုပ်ငန်းတွေ ပြုလုပ်နိုင်ရန်ဖြစ်ပါတယ် နိုင်ငံတော်ရဲ့ ရှေ့ဆက်မယ့် အနာဂတ်ခရီးစဉ်မှာလည်း ကတ်သလစ် အသင်းတော်အနေနဲ့ တတ်နိုင်တဲ့နေရာတစ်ခုကနေ ပါဝင်သွားမယ်ဆိုတဲ့ မျှော်မှန်းချက်တွေနဲ့ ဒီပွဲကိုပြုလုပ်ရခြင်းလည်းဖြစ်တယ်။ အခုနေထိုင်လာတာဟာ နှစ် (၅၀၀) တိုင်ရှိခဲ့ပါပီ နောက်လည်း မြန်မာအကျိုးတွေကို သယ်ပိုးရင်းနဲ့ အတူတကွ ယှဉ်တွဲနေထိုင်သွားမှာဖြစ်ပါတယ်” ဟု ကတ်သလစ်အဖွဲ့ချုပ် အတွင်းရေးမှူး Fr. Maurine Nyunt Wai က ပြောကြားခဲ့ပါသည်။

  • ဦးအောင်သိန်းလင်းကို လုံးဝ အယုံအကြည်မရှိသည့် တောင်သူလယ်သမားများ သပိတ်စခန်းဖွင့်မည်ဟုပြော

    ဦးအောင်သိန်းလင်းကို လုံးဝ အယုံအကြည်မရှိသည့် တောင်သူလယ်သမားများ သပိတ်စခန်းဖွင့်မည်ဟုပြော

    ဇန်န၀ါရီ ၁၆၊ ၂၀၁၄
    M-Media
    သီရိ

    DSC00257

    ရန်ကုန်   ။         ။ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် လှော်ကားကျေးရွာအုပ်စုမှ ၁၉၉၃/၁၉၉၄ ခုနှစ်က လယ်အဓမ္မသိမ်းခံရသူများ၏ စာနယ်ဇင်း ရှင်းလင်းပွဲကို ရန်ကုန်မြို့ ၃၆-လမ်းရှိ မြန်မာဂျာနယ်လစ် ရုံးခန်းတွင် ပြုလုပ်ခဲ့ပါသည်။

    ရွှေပြည်သာမြို့နယ်ရှိ လယ်ယာများကို ၁၉၉၃/၉၄ တွင် စစ်တပ်မှ သိမ်းယူခဲ့ခြင်း ဖြစ်ပြီး ထိုဒေသရှိလယ်သမားများသည် ၎င်းတို့၏ လယ်ယာမြေ ပြဿနာများကို အမြန်ဆုံး ဖြေရှင်းပေးရန် သမ္မတကြီးကို တောင်းဆိုကြောင်း လယ်သိမ်းခံထားရသော လယ်သမားအားလုံးက ပြောကြားခဲ့သည်။ လယ်သမားအများစုသည် မိမိတို့သိမ်းခံထားရသော လယ်များကို နေရာကိုပြန်ရသည်ဖြစ်စေ ငွေကိုပြန်ရသည်ဖြစ်စေ ပြန်လိုချင်လျက်ရှိပြီး စစ်တပ် သိမ်း မြေယာများထဲတွင် စီမံကိန်းအဖြစ်ပြုလုပ်ထားသော ကွန်ပျူတာတက္ကသိုလ် မီးရထားလမ်းနှင့် အမှတ် (၄)လမ်းမကြီး ကားလမ်း ဖောက်လုပ်ထား သည့် လယ်ယာမြေများကိုမှု လျော်ကြေးမတောင်းခံပဲ နိုင်ငံတော်သို့ လှူဒါန်းမှုကို ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

    နိုင်ငံရေးအကျဉ်းသားဟောင်းများအင်အားစု ကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုရဲထွဋ်ခေါင်မှ “ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က လယ်သမားတွေဘက်ကနေ ကာကွယ်ပေးသွားမှာပါ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က လယ်ယာမြေတွေကို ပြန်ပေးမယ် ဆိုတဲ့ သူရဲ့နှုတ်ထွက်စကားနှင့်အညီ ပြန်ပေးပါ၊ ကျွန်တော်တို့ဖက်က ၂-လပိုင်း ကုန်တဲ့အထိ စောင့်ပါ့မယ် အဲဒီအထိမှ ကတိစကားမတည်ရင် ကျွန်တော်တို့  နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးဆောင်ပြီး သပိတ်စခန်း ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်၊ ခွင့်ပြုချက်လည်းမတောင်းပါဘူး၊ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အနေနဲ့လည်း ကတိတည်ပါလို့ ပြောချင်တယ်။ စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပြီး ကတိမတည်ရင်တော့ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို စိတ်ချရတော့မှာ မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။

    ထို့နောက် ” ပြည်ထောင်စုကြံ့ခိုင်ရေး ဖွံ့ဖြိုးရေးပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကို လုံးဝအယုံကြည်မရှိပါဘူး၊ သူက ခရိုနီတွေရဲ့စကားကို နားယောင်ပြီး လယ်သမားတွေကို ဖိနှိပ်နေပါတယ်၊ လုံးဝကိုအယုံကြည်မရှိတာပါ” ဟု၎င်းကထပ်လောင်းပြောကြားခဲ့ပါသည်။

    ထို့နောက် လယ်သမားအားလုံးသည် ဦးအောာင်သိန်းလင်းကို ၎င်းတို့အနေနှင့် လုံးဝကိုယုံကြည်မှုမရှိကြောင်း၊ လယ်ယာမြေများကို ပြန်လည်ရယူလိုပြီး မျှတသောတရားဥပဒေစိုးမိုးရေးကို ရယူလိုကြောင်း ပြောကြားခဲ့ကြသည်။

  • ဇန်န၀ါရီ ၁၅၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၁၅၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၁၅၊ ၂၀၁၄
    M-Media

    တိုင်းရင်းသားမျိုးနွယ်စုကွဲပြားစေရန် သန်းခေါင်းစာရင်းကောက်ယူခြင်းဆိုသည်ကို တိုင်းရင်းသားများကန့်ကွက်

    – မကြာခင် သန်းခေါင်စာရင်းကောက်ယူရာ၌ အသုံးပြုမည့် တိုင်းရင်းသားမျိုးနွယ်စုများ သတ်မှတ်ချက် ဂဏန်း (Code)များသည် မျိုးနွယ်များကို ရှုပ်ထွေးမှုဖြစ်စေပြီး တိုင်းရင်းသားလူမျိုးများအတွင်း ပိုမိုကွဲစေသည့် အသွင်တွေ့နေရကြောင်း ကရင်တိုင်းရင်းသားများ၏ ၂-ရက်ကြာ ဆွေးနွေးပွဲအပြီး ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
    ________________________

    အမျိုးဘာသာစောင့်ရှောက်ရေး အထက်မြန်မာပြည် ဖွဲ့

    – အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့၊ အထက်မြန်မာပြည် (မန္တလေး) အဖွဲ့ကို အမျိုးဘာသာ သာသနာ အရှည်တည်တံ့ရေးအတွက် စိတ်တွင်တွေး၍ အလေးထားဆောင်ရွက်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် သီတဂူဆရာတော် ဘဒ္ဒန္တ ဥာဏ်ဿရနှင့် အင်းစိန်ရွာမ အဓိပတိဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသံတို့ ဦးဆောင်လျက် ဇန်န၀ါရီလ ၁၅-ရက်နေ့က မန္တလေးမြို့ မဟာအောင်မြေမှာရှိတဲ့ မဟာအတုလဝေယံ (အတုမရှိ)ကျောင်းတွင် ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
    ________________________