ဇန်န၀ါရီ ၁၇၊ ၂၀၁၄
M-Media
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသ ပူးပေါင်းရေးစာချွန်လွှာရေးထိုးရန် ပြည်သူ့လွှတ်တော် အတည်ပြု
– အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသပူးပေါင်းဆောင်ရွက်ရေး နားလည်မှု သဘောတူစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးရန်အတွက် ဖွဲ့စည်းပုံဥ့ဒေပါ အချက်အလက်များအရ ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ် ယူရမည်ဖြစ်၍ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်အစည်းအဝေးမှ အတည်ပြုလိုက်ကြောင်း သိရသည်။
________________________
အာယီဆံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရဲ့ သတင်းစာရှင်းလင်းပွဲ
– ၂၀၁၄-ခုနှစ်၏ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အာယီဆံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံ၍ ပုဂံမြို့မှာ ပြုလုပ်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲပါ ပြုလုပ်ခဲ့ရာတွင် အာဆီယံ အဖွဲ့၏ မူတစ်ခုသည် အဖွဲ့ဝင် နိုင်ငံတစ်ခုစီ၏ အတွင်းရေးကို ၀င်ရောက်စွက်ဖက်ခြင်း မရှိပဲ နိုင်ငံတစ်နိုင်ငံရဲ့ အဖြစ်အပျက်များဟာ သက်ဆိုင်ရာ နိုင်ငံများနဲ့သာ သက်ဆိုင်သည်ဖြစ်၍ ပြည်တွင်းနိုင်ငံရေးကိစ္စများကို ဆွေးနွေးခြင်း မှတ်ချက်ပေးခြင်းမရှိကြောင်း အလှည့်ကျ ဥက္ကဋ္ဌ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့သည်ဟု သိရသည်။
________________________
မိကျောင်းကန်ဆန္ဒပြမှု ငွေယူသည်ဟု စွပ်စွဲသော မြ၀တီကို တရားစွဲမည်
– သင်္ဃန်းကျွန်း မိကျောင်းကန် ဆန္ဒပြမှုမှာ အခကြေးငွေယူပြီး ဆန္ဒပြခဲ့တယ်လို့ မြဝတီ အင်တာနက်စာမျက်နှာ၏ စွပ်စွဲရေးသားမှုများ အတွက် ဆောင်းပါးရှင်တွေကို တရားစွဲဆိုသွားမယ်လို့ မိကျောင်းကန် ဆန္ဒပြသူတွေက ဇန်နဝါရီ ၁၇ရက်နေ့မှာ ပြောလိုက်ကြောင်း ကမာရွတ်မီဒီယာတွင် ဖော်ပြထားသည်။
________________________
သမ္မတ ဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော်၏ နိုင်ငံခြားရေး နှင့် ပေါင်းစည်းရေးကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ အား လက်ခံတွေ့ဆုံ
သမ္မတ ဦးသိန်းစိန်သည် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော် ၏ နိုင်ငံခြားရေး နှင့် ပေါင်းစည်းရေးကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ အား လက်ခံတွေ့ဆုံစဉ်ကိုရီးယားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အတွေ့အကြုံများ မျှဝေသွားရေး၊ ကိုရီးယားကုမ္ပဏီများ ပိုမိုလာရောက် ရင်းနှီးမြှုပ်နှံမှု ပြုရေး၊ ပညာရေး၊ နည်းပညာဆိုင်ရာ အကူအညီများပေးရေး၊ ကိုရီးယားနိုင်ငံမှ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ လာရောက် လုပ်ကိုင်ခွင့်ရရှိရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
________________________
Leave a Reply
You must be logged in to post a comment.