News @ M-Media

Tag: ShortNews

  • ဒီဇင်ဘာ ၂၆၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၆၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၆၊ ၂၀၁၃
    M-Media

    မန္တလေးမြို့လယ်ခေါင် ရွှေဆိုင် လုယက်သူမှာ လွှတ်တော်ကိုယ်စားလှယ်၏ တူဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ပြောကြား

    – မန္တလေး မြို့လယ်ခေါင်ရှိ မောင်ကိန်းရွှေဆိုင်အား ဒီဇင်ဘာ ၂၄-ရက် ညနေပိုင်းက သေနတ်ဖြင့်ပတ်၍ ဓါးပြတိုက်လုယက်သူမှာ ကိုးကန့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ တူဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးမှ အတည်ပြု  ပြောကြားလိုက်ကြောင်း သိရသည်။
    ________________________

    မလေးရှားရှိ မြန်မာအလုပ်သမားနှင့် အင်ဒိုအလုပ်သမားအကြား ပြဿနာကို မြန်မာအစိုးရတာဝန်ယူ ဖြေရှင်းမည်

    – မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားအလုပ်သမားများနှင့် အင်ဒိုနီးရှား နိုင်ငံသားများအကြား  ပြဿနာ ဖြစ်ပွားခဲ့မှု များကို မြန်မာအစိုးရမှ တာဝန်ယူဖြေရှင်းမည်ဖြစ်ပြီး မလေးရှားရှိ မြန်မာအလုပ်သမား သံအရာရှိမှလည်း ကူညီဆောင်ရွက်နေသည့် အတွက် စိုးရိမ်ရသည့် အခြေအနေတွင် မရှိကြောင်း အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားခဲ့ကြောင်း ဧရာဝတီသတင်းတွင် ဖော်ပြထားသည်။
    ________________________

    ဧရာဝတီမြစ်ဆုံစီမံကိန်း မြန်မာအစိုးရ မှန်ကန်စွာဆုံးဖြတ်ရန် တရုတ်ကုမ္ပဏီပြော

    – ရပ်ဆိုင်းထားသည့် ဧရာဝတီမြစ်ဆုံ စီမံကိန်း ပြန်လည်စတင်ရန် ကြိုးစားနေသည်လားဟူသည်မေးခွန်းအား ပြည်သူတွေကို မှန်ကန်စွာ ချပြသွားမှာ ဖြစ်ပြီး အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာအစိုးရအနေနဲ့ မှန်ကန်သည့် ဆုံးဖြတ်ချက် ချမှတ်နိုင်မည်ဟု မျှော်လင့်ကြောင်း ယနေ့ပြုလုပ်တဲ့ ဧရာဝတီမြစ်ဆုံ စီမံကိန်း သတင်းစာရှင်းလင်းပွဲမှာ တရုတ်ကုမ္ပဏီ ACHC ဥက္ကဌ Mr. Li Guanghua က ပြောခဲ့ ကြောင်း သိရသည်။
    ________________________

    လားရှိုးမြို့ ကား ၁၀-စီး တိုက်မှု တရားခံ စုံစမ်းစစ်ဆေးရေး ပြုလုပ်

    – စက်တင်ဘာ ၁၉-ရက်နေ့က လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သည့် ကုန်တင်ယာဉ်ကြီးတစ်စီးမှ ဘရိတ်ပေါက်ကာ မော်တော်ကား ၁၀-စီးနှင့် ဆိုင်ကယ် ၁-စီးတိုက်မိပြီး လူ ၄-ဦး ပြင်းထန်စွာ ဒဏ်ရာရှိခဲ့သည့် အမှုတွင် ယာဉ်မောင်းသူအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီး တရားခံပြေးအဖြစ် တင်ပို့ခဲ့သည့်အတွက် နစ်နာသူများမှ ဒုတိယ သမ္မတ စိုင်းမောက်ခမ်းထံ ယခု လဆန်းပိုင်းက တိုင်ကြားခဲ့သည့်အတွက် အဆိုပါ အမှုကိစ္စအတွက် ၃-ဦးပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့မှ စတင် စစ်ဆေးနေကြောင်း မြန်မာ့ခေတ်သတင်းဖော်ပြချက်မှ သိရှိရသည်။
    ________________________

  • ဒီဇင်ဘာ ၂၅၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၅၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၅၊ ၂၀၁၃
    M-Media

    ကားပါမစ်များ တိုင်းရင်းသားခေါင်းဆောင်များကို လက်ဆောင်ပေးခဲ့သည့် နေပြည်တော်က ပြည်ထောင်စုနေ့အခမ်းအနား

    – နေပြည်တော်တွင်ကျင်းပသည့် ၆၆-နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် တိုင်းရင်းသား အဖွဲ့အသီးသီးသို့ ပေးအပ်သည့် ငြိမ်းချမ်းရေးလက်ဆောင် ကားပါမစ်များသည် ၀န်ကြီးဦးအောင်မင်း ကိုယ်တိုင် ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားခဲ့ကြောင်း ဧရာဝတီ သတင်းဌာနတွင် ဖော်ပြထားသည်။
    ________________________

    မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေး စာရွက်ပေါ်တွင်သာရှိကြောင်း SSA/RCSS မှ ပြော

    – အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့်အညီ မူးယစ်ဆေးဝါး တိုက်ဖျက်ရန်လုပ်ငန်းများသည် လက်တွေ့တွင် လုပ်ဆောင်မှု မရှိပဲ စာရွက်ပေါ်တွင်သာ ရှိနေပြီး နိုင်ငံတော်အစိုးရမှ လိုက်နာဆောင်ရွက်မှု မရှိခြင်းသည် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ရန် အဟန့်အတား အခက်အခဲများသာ ဖြစ်သည်ဟု SSA, RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်းမှ ပြောကြားလိုက်ကြောင်း သိရသည်။
    ________________________

    နိုင်ငံတကာလှည့် ကမ္ဘာ့ဖလားဆုကြီး ရန်ကုန်မြို့ကို ရောက်ရှိ

    – ကမ္ဘာ့ဘောလုံးလောက၏ အမြင့်မားဆုံးဆုဖြစ်သည့် ကမ္ဘာ့ဖလားဆုကြီးဟာ ယနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး အများပြည်သူတို့ ကြည့်ရှုနိုင်ရန် မနက်ဖြန်မှာ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ပြသထားမည်ဖြစ်ပြီး ၎င်း FIFA ကမ္ဘာ့ဖလားဆုကြီးဟာ နိုင်ငံပေါင်း ၅၀ ကျော်သို့ လှည့်လည်ပြသနေခြင်း ဖြစ်ကြောင်း သိရသည်။
    ________________________

    တိုင်းရင်းသားနိုင်ငံရေးပါတီများပေါင်းစု ဖက်ဒရယ်ပြည်ထောင်စုပါတီ မှတ်ပုံတင်ရရှိ

    – တိုင်းရင်းသားနိုင်ငံရေးပါတီများ ပေါင်းစုပြီးဖွဲ့စည်းထားသည့် ဖက်ဒရယ် ပြည်ထောင်စုပါတီ (FUP) အား ပါတီမှတ်ပုံတင် ချမှတ်ပေးလိုက်ပြီ ဖြစ်သည့်အတွက် ၂၀၁၅- ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးများတွင် တိုင်းရင်းသား လွှတ်တော်အမတ်များ ၀င်ရောက်ယှဉ်ပြိုင်ပြီး အောင်နိုင်ရေးအတွက် ကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။
    ________________________

  • ဒီဇင်ဘာ ၂၄၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၄၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၄၊ ၂၀၁၃
    M-Media

    ပုဒ်မ ၁၈ ဖျက်သိမ်းရေး အဖွဲ့ ၆၀ မှ လွတ်လပ်ရေးနေ့တွင် ဆန္ဒပြမည်

    – ပုဒ်မ ၁၈ အပါအ၀င် ဒီမိုကရေစီနှင့် မကိုက်ညီသည့် ပြည်သူလူထုအား ကန့်သတ်သည့် ဥပဒေများကို ဖျက်သိမ်းပေးရန် ဆန္ဒထုတ်ဖော်မှုကို ၂၀၁၄-ခု လွတ်လပ်ရေးနေ့တွင် ၈၈ မျိုးဆက်မှ ဦးဆောင်၍ အရပ်ဘက် အဖွဲ့အစည်း ၆၀ ခန့်က ပြုလုပ်ကြမည်ဟု သိရသည်။
    ________________________

    Sea Game လုပ်အားပေးများ ခွဲခြားခံရ

    – ၂၇-ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းတွင် မြန်မာနိုင်ငံအနှံ့မှ လာရောက် လုပ်အားပေး ခဲ့ကြသူများကို နိုင်ငံတော်က တယ်လီဖုန်း ကတ်များ ချီးမြှင့်ရာ၌ မိတ်ကပ် ပညာရှင်များ အဖွဲ့က ၎င်းတို့မရရှိကြောင်း ပြောသည်ဟု သိရသည်။
    ________________________

    မြန်လာလူထု ညီလာသို့ သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ တက်ရောက်ရန် ဖိတ်ကြားမှု အကြောင်းမပြန်သေး

    – ဒီဇင်ဘာ ၂၈ မှ ၃၀ အထိ ပြုလုပ်မည့် မြန်မာလူထုညီလာခံသို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် နာယက ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖိတ်ကြားထားသော်လည်း ယခုထက်တိုင် အကြောင်းပြန်ကြားမှု မရှိသေးကြောင်း သိရသည်။
    ________________________

    ပုဒ်မ ၁၈ ဖျက်သိမ်းရန် လမ်းလျှောက်ဆန္ဒပြသူ ထောင်ဒဏ်အမိန့်ချမှတ်

    – ပုဒ်မ ၁၈ ဖျက်သိမ်းရန်အတွက် သြဂတ်လ ၂၇-ရက်နေ့က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှ ကျောက်တံတားမြို့နယ်သို့ လမ်းလျှောက်၍ ဆန္ဒထုတ်ဖော်ခဲ့သော Generation Youth မှ ကိုတင်ထွဋ်ပိုင်အား အာဏာပိုင်များမှ ယနေ့မှာ ထောင်ဒဏ် ၃-လ ချမှတ်လိုက်ပြီး တရုတ်အလံ မီးရှို့မှုအတွက်လည်း တရားရုံးတွင် ရှေ့လဆန်း၌ ရုံးချိန်း ပေးထားကြောင်း သိရသည်။
    ________________________

  • ဒီဇင်ဘာ ၂၃၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၃၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၃၊ ၂၀၁၃
    M-Media

    KEAP အဖွဲ့အား တရားမ၀င် ကုန်သွယ်မှု ထိန်းချုပ်ရေးအဖွဲ့က ကန့်သတ်၍ တင်းမာမှု ဖြစ်ပွား

    – တရားမ၀င်ကုန်သွယ်မှုထိန်းချုပ်ရေးအဖွဲ့က ကရင်ငြိမ်းချမ်းရေးအဖွဲ့ဖြစ်သည့် နောင်ရိုးအထူးဒေသအဖွဲ့ (KEAP) အဖွဲ့မှ မြ၀တီ-ရန်ကုန်လမ်း၊ ဒိုက်ဦးလမ်းဆုံအနီး ညောင်ခါးရှည်ရွာတွင် ဒီဇင်ဘာလဆန်းပိုင်းက သယ်ဆောင်လာသော ကုန်ပစ္စည်းများစစ်ဆေး ထိန်းသိမ်းခဲ့ပြီး နောက်ရက်တွင် KEAP အဖွဲ့မှ လက်နက်ကိုင် လူအင်အား ၁၀-ဦးကျော်ဖြင့် လာရောက်ပြန်လည် ယူဆောင်သွားခဲ့မှုကြောင့် ရဲတပ်ဖွဲ့ဝင်များကို လက်နက်အစုံ တပ်ဆင် ပေးလိုက်ကြောင်း သိရသည်။
    ________________________

    ရထားလမ်းစီမံကိန်း နစ်နာမှု တောင်သူများ ယခုထိ လျော်ကြေးမရရှိသေး

    – ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာနှင့် ကျောက်တော်မြို့အထိ ဖောက်လုပ်ခဲ့ပြီး လွန်ခဲ့သော ၃-နှစ်နီးပါးကတည်းမှ ပြေးဆွဲနေ သည့် ရထားလမ်းစီမံကိန်းကြောင့် ဆုံးရှုံးခဲ့ရသည့် လယ်ယာမြေများအတွက် ယနေ့အထိ လျော်ကြေးတစ်စုံတစ်ရာ မရရှိသေးဟု ဒေသခံ တောင်သူ များက ပြောကြားခဲ့ကြောင်း သိရသည်။
    ________________________

    ဗိုလ်ချုပ်အောင်ဆန်းအထ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား ၂၀၁၅-ခုနှစ်တွင် မပြသနိုင်သေး

    – ၂၀၁၅-ခုနှစ် ဖေဖော်ဝါရီ ၁၃-ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အမီ မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများတွင်ပြသရန် စီစဉ် ထားသည့် ဗိုလ်ချုပ်အောင်ဆန်း အထ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားမှာ ပြသရန် မဖြစ်နိုင်သေးကြောင်း ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ဝင် တစ်ဦး ဖြစ်သူ ဦးဇာဂနာက မိဇ္ဈိမသို့ သုံးသပ်ပြောကြားခဲ့ကြောင်း သိရသည်။
    ________________________

    ၂၀၁၃-ခုနှစ် မကုန်မီ ကျန်ရှိနေတဲ့ နိုင်ကျဉ်းများ လွတ်မြောက်ရေး ကြိုးပမ်း

    – ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် မြန်မာနိုင်ငံတ၀န်းရှိ အကျဉ်းသားများ ၂၀၁၃ အကုန်မှာ မရှိစေရဆိုသည့် သမ္မတ၏ ကတိစကား အတိုင်း နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် ကြိုးစားဆောင်ရွက်နေကြပြီး နောက်ဆုံးလက်ကျန်စာရင်းအရ အကျဉ်းကျသူ ၃၈-ဦးနဲ့ အမှု ရင်ဆိုင်နေရသူ ၂၀၀ ကျော်ရှိကြောင်း လက်ကျန်နိုင်ငံရေါ် အကျဉ်းသားစိစစ်ရေး ကော်မတီအဖွဲ့ဝင်၊ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း AAPPB ၏ အတွင်းရေးမှူး ဦးဘိုကြည်မှ ပြောကြားခဲ့ကြောင်း သိရသည်။
    ________________________

  • ရှမ်းပြည်တောင်ပိုင်း တရုတ်ဝယ်လက် ကျွန်းသစ်အ၀ယ်ကြမ်း

    ရှမ်းပြည်တောင်ပိုင်း တရုတ်ဝယ်လက် ကျွန်းသစ်အ၀ယ်ကြမ်း

    ရှမ်းပြည်တောင်ပိုင်း တရုတ်ဝယ်လက် ကျွန်းသစ်အ၀ယ်ကြမ်း

    ဒီဇင်ဘာ ၂၃၊ ၂၀၁၃
    M-Media
    ရတီစိုး

    ကချင် တရုတ်နယ်စပ်မှ တရားမဝင်သစ်များသယ်ယူနေသည့် မြင်ကွင်းတခု (ဓါတ်ပုံ အင်တာနက်)
    ကချင် တရုတ်နယ်စပ်မှ တရားမဝင်သစ်များသယ်ယူနေသည့် မြင်ကွင်းတခု (ဓါတ်ပုံ အင်တာနက်)

    ရှမ်းပြည်တောင်ပိုင်း    ။         ။    ရှမ်းပြည်နယ်တောင်ပိုင်း ကျိုင်းတောင်းမြို့ နှင့်အနီးပတ်ဝန်းကျင်တွင် ကျွန်းသစ်များကို တရုတ်နိုင်ငံသားများ ကိုယ်တိုင် ၀င်ရောက်ကာ ဈေးကောင်းပေးဝယ်ယူလျက် ရှိသည်ဟုသိရပါတယ်။

    သစ်အရောင်းအ၀ယ်ပြုလုပ်မှုမှာ ယခင်ကကဲ့သို့ သစ်လုံးအနေဖြင့် မဟုတ်တော့ပဲ သစ်ပင်အလိုက်ကို ဈေးဖြတ်ပြီး ၀ယ်ယူမှုများ ပြုလုပ်လျက်ရှိပြီး ၀ယ်ယူသူများမှာ မြန်မာစကား၊ ရှမ်းစကားလုံးဝ တတ်ကျွမ်းမှု မရှိသည့် တရုတ်လူမျိုးများသာ ဖြစ်နေသည်ဟု ကျိုင်းတောင်းမြို့ခံ အမျိုးသမီးမှ ပြောပါတယ်။

    “ကျွန်မတို့ဆီမှာ အခုစီးပွားရေး အရမ်းကောင်းတယ်။ ဗမာစကား၊ ရှမ်းစကားမတတ်တဲ့ တရုတ်နိုင်ငံသားတွေကိုယ်တိုင်ဒီမှာ သစ်တွေကို အရင်လို သစ်လုံးအနေနဲ့တောင်မဟုတ်ပဲ အပင်လိုက်ဈေးဖြတ်ပြီး အလုအယှက်ဝယ်နေကျတယ်။ ရွာသားတွေကို ဆိုင်ကယ် အသစ် ၀ယ်ပေးတာတို့ တစ်ခြားလိုအပ်ချက်တွေဖြည့်ဆည်းပေးတာတို့ လုပ်ပြီး အလုအယက် ၀ယ်နေကျတော့ ဒေသခံတွေထဲမှာ ၀င်ငွေတိုးတက်လာပြီး ရောင်းဝယ် ဖောက်ကားမှုတွေတော်တော်ကောင်းလာတယ်” လို့ ကျိုင်းတောင်းမြို့အနီး ကုန်စုံရောင်းချနေသည့် အမျိုးသမီးတစ်ဦးမှ ပြောပါတယ်။

    ဆက်လက်ပြီး အဆိုပါ ဈေးအနီး ဟန်းဆက်နှင့်အပိုပစစည်းများရောင်းချနေသူ ဘွဲ့ရလူငယ်တစ်ယောက်ကတော့ “ဒီလိုစီးပွားဖြစ်တာ ဒေသခံတွေ အတွက်တော့ တစ်ဖက်ကကြည့်ရင် ကောင်းပါတယ်။ ဒါပေမယ့် ဒီလိုရှားပါးသံယံဇာတတွေအစုလိုက်အပြုံလိုက် နိုင်ငံခြားသားတွေ လက်ထဲရောက်သွားတော့ ဆိုးတယ်။ အခုဆို အနည်းဆုံးတစ်ညကို ကားကြီး အစီး-၃၀ စာလောက်ထွက်တယ်ဗျာ။ အရင်အစိုးရလက်ထက်တွေတုန်းကလည်း အကန့်အသတ်မဲ့ အများကြီး ထုတ်ယူသွားခဲ့တယ်။ ဆိုတော့ဒီဟာကနောက်ပိုင်း အကျိုးဆက်တွေကို ဒေသခံတွေနဲ့နိုင်ငံသားအားလုံးခံစားရမှာလေ။ သစ်တော ပြုန်းတီးမှုတွေကြောင့် ဆိုရွားတဲ့ရာသီဥတုတွေလည်း ကြုံလာရမှာပေါ့” ဟု M Media သို့ ထပ်မံ ပြောပြခဲ့ပါတယ်။