News @ M-Media

Tag: ShortNews

  • ဒီဇင်ဘာ ၂၂၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၂၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၂၊ ၂၀၁၃
    M-Media

    KIA ဖမ်းဆီးသွားသည့် ရှမ်းလူမျိုးများ ပြန်လည်လွတ်မြောက်

    – KIA မှ ယခု ဒီဇင်ဘာ လဆန်းပိုင်းတွင် ဖမ်းဆီးသွားသည့် မန်စီမြို့နယ်မှ ရှမ်းတိုင်းရင်းသားအားလုံး လွတ်မြောက်ရေးအတွက် လွန်ခဲ့သော သောကြာနေ့က မြစ်ကြီးနားမှာ လူထုအစည်းအဝေးပြုလုပ် တောင်းဆိုခဲ့ကြပြီးနောက် မြစ်ကြီးနားရှိ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ရုံးမှ ဆက်သွယ် ပေးမှုကြောင့် မိမိကိုယ်တိုင် KIA တပ်ဖွဲ့ဝင်လိုသူ အနည်းငယ်မှအပ ကျန်သည့် ရှမ်းတိုင်းရင်းသားများကို KIA မှ လွှတ်ပေးလိုက်ကြောင်း သိရသည်။
    ________________________

    ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ပြီးဆုံး၊ နိုင်ငံအလိုက် ထိုင်းအသင်းဗိုလ်စွဲ၊ အိမ်ရှင်မြန်မာ ဒုတိယရ

    – မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသော ၂၇ ကြိမ်မြောက်အရှေ့အောင်အာရှ အားကစားပြိုင်ပွဲ ယနေ့ နောက်ဆုံးနေ့အဖြစ် ယှဉ်ပြိုင် ခဲ့ကြပြီး ပြိုင်ပွဲအားလုံးပြီးစီးတဲ့အချိန်မှာတော့ အိမ်နီးချင်းထိုင်းနိုင်ငံက ရွှေတံဆိပ် (၁၀၇) ခုအပါအဝင် စုစုပေါင်း ဆုတံဆိပ် ၂၈၂ ခုဖြင့် နိုင်ငံအလိုက်
    ပထမနေရာကို ဆွတ်ခူးရရှိသွားပါတယ်။
    ________________________

    မူးယစ်ရမ်းကားသူတစ်စုကြောင့် ခေါင်းကွဲသွားတဲ့ ဆယ်အိမ်မှူး

    – မူးယစ်ရမ်းကားသော လူတစ်စုအား မဆူပူရန် တားမြစ်သည့် ဆယ်အိမ်မှူးအား အဆိုပါ လူစုမှ ဘီယာပုလင်းဖြင့် ပစ်ပေါက်သဖြင့် ဆယ်အိမ်မှူး ဦးခေါင်းကွဲသွားရသော ဖြစ်စဉ်တစ်ခု လားရှိုးမြို့၌ ဖြစ်ပွားခဲ့ပြီး ဆယ်အိမ်မှူးလည်း လားရှို့မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။
    ________________________

  • ဒီဇင်ဘာ ၂၁၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၁၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၁၊ ၂၀၁၃
    M-Media

    ဒေါ်အောင်ဆန်းစုကြည် ခြေထောက်ခွဲစိတ်မှု အောင်မြင်စွာ ပြီးစီး

    – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ခြေထောက်အား ဒီဇင်ဘာ ၁၆-ရက်နေ့က ခွဲစိတ်မှုအသေးစားပြုလုပ်ခဲ့ရာ ယနေ့ တွင် ကျန်းမာရေးအခြေအနေကောင်းမွန်သော်လည်း လမ်းလျှောက်ရန်နှင့် မတ်တပ်ရန်ရန် မသင့်လျော်သေးသည့် အတွက် မကြာမီ ရက်များအတွင်း ခရီးစဉ်များကို ယာယီဖျက်သိမ်းလိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက ယနေ့တွင် ထုတ်ပြန် လိုက်ကြောင်း သိရသည်။
    ________________________

    ကချင်ပြည်နယ် ဒီမိုကရေစီပါတီရုံးချုပ် မြစ်ကြီးနားတွင် ဖွင့်လှစ်

    – ကချင်ပြည်နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားအားလုံးအတွက် အမျိုးသားရင်ကြားစေ့ရေးနှင့် စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ကြိုးစားသွားမည်ဟု ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာက ယနေ့ ပါတီရုံးချုပ် ဖွင့်လှစ်စဉ်မှာ ပြောကြားခဲ့ကြောင်း သိရသည်။
    ________________________

    နိုင်ငံရေးအကျဉ်းသားများလွှတ်ရေး အိုဘားမား တိုက်တွန်းရန် တောင်းဆို

    – မြန်မာနိုင်ငံ အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသား လက်ကျန်များကို မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် ပေးထားသည့် ကတိအတိုင်း ၂၀၁၃-ခု နှစ်မကုန်မီ ပြန်လွှတ်ပေးရန် အမေရိကန် သမ္မတအနေဖြင့် မြန်မာအစိုးရအား ဖိအားပေးရန် လူ့အခွင့်အရေးအဖွဲ့ ၄၀ ကျော်က ပန်ကြားလိုက်ပြီး၊
    ________________________

    တက္ကသိုလ်မူဝါဒမူကြမ်းအား ဆရာ၊ဆရာမ အသင်းသားများနှင့် ကျောင်းသားသမဂ္ဂများကန့်ကွက်

    – ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ရန်ကုန်တက္ကသိုလ်တွင် မနေ့က ဆွေးနွေးခဲ့သည့် အဆင့်မြင့်ပညာရေးနှင့်ပတ်သက်သည့် တက္ကသိုလ်မူဝါဒ မူကြမ်းကို တက္ကသိုလ်ဆရာ/ဆရာမ အသင်းများနှင့် ကျောင်းသား သမဂ္ဂအဖွဲ့များမှ ကန့်ကွက်လိုက်ကြောင်းသိရသည်။
    ________________________

  • ဒီဇင်ဘာ ၂၀၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၀၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၀၊ ၂၀၁၃
    M-Media
    ကျောက်ဖြူအနီး တည်ဆောက်မည့် ရဲတပ်ရင်း လွှတ်တော်၌ တင်သွင်းကန့်ကွက်မည်

    – ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီး တည်ဆောက်မည့် ရဲတပ်ရင်းအား လွှတ်တော်တွင် တင်သွင်းကန့်ကွက်မည်ဖြစ်ပြီး ရဲတပ်ရင်းတည်ဆောက်မည့်နေရာသည် ဒေသခံများ၏ လယ်ယာမြေ တောတောင်များဖြစ်သည့်အတွက် လွှတ်တော်တွင် တင်ပြဆွေးနွေးမည်ဖြစ်ကြောင်း ကျောက်ဖြူဒေသခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ဧရာဝတီသို့ ပြောကြားခဲ့ကြောင်း သိရသည်။
    ________________________

    Sea Game အမျိုးသမီးဘောလုံးပြိုင်ပွဲ မြန်မာ ၆ ဂိုး ဂိုးမရှိနှင့် မလေးရှားအသင်းအား အနိုင်ရ

    – ဒီဇင်ဘာ ၂၀-ရက်နေ့ညပိုင်း၌ မန္တလေးမြို့ မန္တလာသီရိကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းမှ မလေးရှားအသင်းအား ၆-ဂိုး ဂိုးမရှိ အပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီး တတိယ ကြေးတံဆိပ်ကို ဆွတ်ခူးရရှိသွားပြီ ဖြစ်ပါသည်။
    ________________________

    KIA မှ ခေါ်ဆောင်သွားသည့် ရှမ်းတိုင်းရင်းသားများ ပြန်လွှတ်ပေးရေး ဆန္ဒပြ တောင်းဆို

    – KIA မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ရှမ်းတိုင်းရင်းသားများကို ပြန်လွှတ်ပေးရန်အတွက် ဒီဇင်ဘာ ၂၀-ရက်နေ့ မနက်ပိုင်းက မြစ်ကြီးနားမြို့မှာ လူ(၇၀၀)ခန့်ဖြင့် လူထုအစည်းအဝေးပြုလုပ်ကာ ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။
    ________________________

  • ဒီဇင်ဘာ ၁၉၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၁၉၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၁၉၊ ၂၀၁၃
    M-Media
    ရှမ်းပြည်မြောက်ပိုင်း ကွမ်းလုံအနီး ပေါက်ကွဲမှုဖြစ်

    – ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံအနီးတွင် ဒီဇင်ဘာ ၁၇-ရက်နေ့မနက်ပိုင်းက ထော်လာဂျီတစ်စီး ရုတ်တရက် ပြင်းထန်စွာပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး၊ ၎င်းဗုံးကြောင့် ယာဉ်မောင်းအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ အဆိုပါ နေရာအနီးရပ်ထားသော Asia World ကုမ္ပဏီ၏ လမ်းခင်းစက်ပေါ်မှ ယာဉ်မောင်း ၂-ဦးနှင့် ဆိုင်ကယ်မောင်းနှင်လာသော တပ်မတော်သားတစ်ဦးလည်း သေဆုံးသွားကြောင်းနှင့် ပေါက်ကွဲမှု မှုခင်းအား သက်ဆိုင်ရာ အာဏာပိုင်များမှ စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။
    ________________________

    KIA ဖမ်းဆီးထားသည့် တိုင်းရင်းသားလူငယ်များ လွတ်မြောက်ရေး ဆန္ဒထုတ်ဖော်မည်

    – KIA က ဖမ်းဆီးထားသည့် တိုင်းရင်းသား လူငယ်များ ပြန်လည်လွတ်မြောက်ရေးအတွက် ဆန္ဒထုတ်ဖော်ရန် သက်ဆိုင်ရာ၏ ခွင့်ပြုချက် မရသော်လည်း မနက်ဖြန် ဒီဇင်ဘာ ၂၀-ရက်နေ့တွင် ဆန္ဒထုတ်ဖော်မှု ပြုလုပ်သွားမည်ဖြစ်ပြီး KIA အဖွဲ့၏ တပ်သားသစ် စုဆောင်းရန် ဒေသခံ လူငယ်များကို ဖမ်းဆီးနေသည်ဟု ပြောဆိုမှုများနှင့်ပတ်သက်၍မူ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည့်အတွက် တပ်သားသစ် ဆက်လက်စုဆောင်းသွားမည်ဟု KIA မဟာဗျူဟာ လေ့လာရေးဌာနမှ ဦးဒေါင်ခါးမှ BBC သို့ ပြောကြားခဲ့ကြောင်း သိရသည်။
    ________________________

    ဂုဏ်သိက္ခာကို တကယ်တန်ဖိုးထားသူများအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအား မပြင်ဆင်ပဲ ရွေးကောက်ပွဲ ၀င်မည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

    – ၂၀၀၈-ဖွဲ့စည်းပုံ အခြေခံဥပဒေအား မပြုပြင်ပဲနှင့် ၂၀၁၅ ရွေးကောက်ပွဲဝင်ရန်မှာ မိမိဂုဏ်သိက္ခာကို တကယ်တန်ဖိုးထားသူများအနေနှင့် ပြုလုပ်မည် မဟုတ်ကြောင်း၊ ၎င်းကဲ့သို့ ပြောကြားခြင်းမှာ NLD အနေနှင့် ရွေးကောက်ပွဲ မ၀င်တော့ခြင်းမဟုတ်ပဲ ယှဉ်ပြိုင်လိုစိတ် မရှိကြောင်း၊ ကိုယ့်က တဘက်မှာ အသာရရှိထားသည့်ပွဲတွင် ယှဉ်ပြိုင်လိုခြင်းဟာ မိမိကိုယ်သိက္ခာကို မထောက်ထားရာရောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့ပါတယ်။
    ________________________

    မိုးထိ မိုးမိ ရွှေလုပ်သားများ ဆန္ဒပြ ၉-ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

    – ဒေသတွင် လုပ်ကိုင်စားသောက်ခွင့်ပြန်ရရေး ဆန္ဒပြ တောင်းဆိုကြသည့် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ မိုးထိ မိုးမိတောင်မှ ရွှေလုပ်သား ၁၀၀-ကျော်ခန့်နှင့် ရဲများ ဒီဇင်ဘာလ ၁၈-ရက်နေ့ညက ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်မှုဖြစ်ပွားကာ ဆန္ဒပြသူ ၉-ဦးထက် မနည်း ထိခိုက်ဒဏ်ရာရရှိပြီး ၅-ဦးမှာ ရမည်းသင်းဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးဝါး ကုသခံနေရကြောင်း သိရသည်။
    ________________________

    ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်စခန်းတွေဆီ သွားရောက်လည်ပတ်မည့် ဗြိတိသျှ သံအမတ်ကြီး

    – မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး Mr. Andrew Patrick နှင့် အဖွဲ့သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ယနေ့ရောက်ရှိပြီး စစ်ဘေး ဒုက္ခသည်စခန်းများဆီကို သွားရောက်လည်ပတ်ဟု သိရပြီး၊ ဘာသာရေး နိုင်ငံရေး၊ လူမှုရေး ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်မှ ဒုက္ခသည်များအား လာမည့် တစ်နှစ်ခွဲအတွင်း ဒေါ်လာ သန်း ၂၀ ခန့် ထောက်ပံ့ပေးရန် DFID (အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုါ်တိုးတက်ရေးဌာန)က စီစဉ်ထားကြောင်း သိရသည်။
    ________________________

  • ပြည်တွင်းသတင်း စုစည်းမှု

    ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၁၈၊ ၂၀၁၃
    M-Media

    မြန်မာနိုင်ငံတွင်း တရားမ၀င် အလုပ်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၆-ဦးအား ဖမ်းဆီး

    – မြန်မာနိုင်ငံအတွင်းသို့ အလည်အပတ်ဗီဇာနှင့် ရောက်ရှိလာပြီး တရားမ၀င် အလုပ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၆-ဦးကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မနေ့က ဖမ်းဆီးခဲ့ပြီး ရမည်းသင်းမြို့ မိုးထိမိုးမိဒေသရှိ အမျိုးသားကြီးပွားရေး ရွှေတူးဖော်ထုတ်လုပ်မှု ကုမ္ပဏီတွင်လည်း အလားတူ တရုတ်နိုင်ငံသား ၂၃-ဦးအားလည်း လွန်ခဲ့သော သီတင်းပတ်က ဖမ်းဆီး၍ ပြည်နှင် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
    ________________________

    အအေးလှိုင်းကြောင့် ဒုက္ခသည်များ အကူအညီလိုအပ်

    – အအေးလှိုင်းဖြတ်သန်းမှုကြောင့် မြန်မာပြည်မြောက်ဖျားပိုင်းဒေသများရှိ ကချင်စစ်ဘေးရှောင် ဒုက္ခသည်စခန်းများ၌ အနွေးထည်နှင့် စောင်မလုံလောက်မှုများ ကြုံတွေ့နေရသဖြင့် အကူအညီများ လိုအပ်လျက်ရှိကြောင်းသိရသည်။
    ________________________

    ကုလဆောင်ရွက်နေတဲ့ ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ အောင်မြင်မှု မရသေး

    – ဆင်းရဲတဲ့ ဘိန်းစိုက်တောင်သူတွေမှာ ဘိန်းစိုက်ပျိုးမှုမှ လွဲ၍ အခြားရွေးချယ်ရန် အခွင့်အလမ်းမရှိသည့်အတွက် ဘိန်းအထွက်နှုန်း သိသာစွာ တိုးလာခဲ့ပြီး ကုလသမဂ္ဂမှ ချမှတ်ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေး အစီအစဉ်လည်း အောင်မြင်မှုမရသေးပဲ မြန်မာနိုင်ငံ၏ ဘိန်းအထွက်နှုန်းသည် လွန်ခဲ့သည့် ၁၀-နှစ်ကျော်အတွင်း အမြင့်ဆုံးကို ရောက်ရှိသွားပြီဟု ကုလသမဂ္ဂမှ ပြောကြားလိုက်ကြောင်း သိရသည်။
    ________________________

    ICRC ကို ယုံကြည်မှုနည်းတဲ့ ရခိုင်ပြည်နယ် ပေါက်တောမြို့ခံတွေ ဆန္ဒပြ

    – လွန်ခဲ့သောလက ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့မှုများတွင် ICRC အဖွဲ့သည် မွတ်စလင်မ်များကိုသာ အကူအညီပေးတာကြောင့် ICRC အဖွဲ့အား မြို့ပေါ်မလာရောက်ရန် ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ မြို့ခံ ၁၀၀ နီးပါးက ကန့်ကွက်တောင်းဆိုခဲ့ကြောင်း၊ ယင်းကိစ္စအား စစ်တွေအခြေစိုက် ICRC ရခိုင်ပြည်နယ်ရုံးအား RFA မှ ဆက်သွယ်မေးမြန်းသော်လည်း ပြည်နယ်ရုံးတာဝန်ရှိသူများအနေဖြင့် ယခုကိစ္စရပ်အား တာဝန်ယူပြောဆိုခွင့် မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု သိရသည်။
    ________________________

    ထိုင်း-မြန်မာ (အမျိုးသမီး)ဘောလုံးအသင်း ၁၁-ဂိုး ၁၀-ဂိုးဖြင့် ထိုင်းအသင်း အနိုင်ရ

    – အမျိုးသမီးဘောလုံးအသင်း ထိုင်းအသင်းနှင့် မြန်မာအသင်းတို့ ယနေ့တွင် မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားရာ ထိုင်းအသင်း ပွဲပြီးသည်အထိ သရေဖြစ်သဖြင့် နှစ်သင်းလုံး ပင်နယ်တီကစားရာ ထိုင်းအသင်းမှ မြန်မာအသင်းအား ၁၁-ဂိုး ၁၀-ဂိုးဖြင့် အနိုင်ရရှိသွားပါသည်။
    ________________________