News @ M-Media

Tag: ShortNews

  • လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် နိုင်ငံရေး အကျဉ်းသားအားလုံး မရှိတော့ဟု အစိုးရ ကြေညာ

    လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် နိုင်ငံရေး အကျဉ်းသားအားလုံး မရှိတော့ဟု အစိုးရ ကြေညာ

    ဒီဇင်ဘာ ၃၁၊ ၂၀၁၃
    M-Media

    Untitled

    ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးမည်ဟု မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်၏ ကတိစကားအား ဆောက်ရွက်သည့် အနေဖြင့် ယမန်နေ့က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသား လုံးဝမရှိတော့ဟု အစိုးရက ယနေ့တွင် ကြေညာခဲ့သည်။

    ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်ရန်အတွက် စစ်အုပ်ချုပ်ရေးအဆုံးသတ်ခဲ့သည့် ၂၀၁၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား များကို တဖြည်းဖြည်း လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ယမန်နေ့က ထုတ်ပြန်ခဲ့သည့် လတ်ငြိမ်းချမ်းသာခွင့်အမိန့်တွင် အတိုက်အခံများအား ထောင်ချရာတွင် အသုံးပြုသည့် လုံခြုံရေးအက်ဥပဒေအပါအ၀င် အငြင်းပွားဖွယ် ဥပဒေပုဒ်မများဖြင့် အကျဉ်းချထားသည့် အကျဉ်းသားများလည်း ပါဝင်ခဲ့သည်။

    သမ္မတ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ယခုထုတ်ပြန်ခဲ့သော လွတ်ငြိမ်းချမ်းသာခွင့်အမိန့်မှာ သမ္မတအနေဖြင့် ပြည်သူကို ပေးထားသော ကတိ အား ဖြည့်ဆည်းခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသားများ လုံးဝ ရှိတော့မည်မဟုတ်ဟု ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

    ထိုလွတ်ငြိမ်း ချမ်းသာခွင့်အမိန့်ကြောင့် အကျဉ်းသား မည်မျှ လွတ်မြောက်လာသည်ကို သိရှိရခြင်းမရှိသေးပေ။ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး တက်ကြွလှုပ်ရှားသူများကမူ ထောင်းအတွင်းတွင် ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများမှာ ၄၀-ခန့်ရှိပြီး အခြားအကျဉ်းသား ၂၀၀-ခန့်မှာ ခွင့်ပြုချက် မရှိဘဲ ဆန္ဒပြသည့် ပုဒ်မဖြင့် အမှုရင်ဆိုင်နေရသည်ဟု ပြောဆိုထားသည်။

    Ref : ChannelNewsAsia

  • ဒီဇင်ဘာ ၃၀၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၃၀၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၃၀၊ ၂၀၁၃
    M-Media

    ကရင်နီ ဒုက္ခသည်များ ပြန်လည်ခေါ်ယူမည်

    – ထိုင်းနယ်စပ်နှင့် ပြည်တွင်း ဒုက္ခသည်စခန်းများတွင် ရှိနေသော စစ်ဘေးရှောင် ကရင်နီ (ကယား)တိုင်းရင်းသားများကို ပြန်လည်နေရာချထားပေးရန် အိမ်ခြေ ၅၀-ခန့် ဆောက်လုပ်ပေးပြီး ၃-နှစ်အတွက် ထောက်ပံ့ကြေးပေးရန်၊ မိုင်းရှင်းလင်းရန်တွေ လုပ်ဆောင်ပြီးရင် ပြန်လည်ခေါ်ယူရန် ပြင်ဆင် နေကြောင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၏ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောကြောင်း သိရသည်။
    ________________________

    လေးပွင့်ဆိုင်ဆွေးနွေးရေး နိုင်ငံရေးအကျဉ်းသားဟောင်းများ ထောက်ခံ

    – ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရန်အတွက် နိုင်ငံတော်သမ္မတ၊ လွှတ်တော်နဲ့ တပ်မတော်အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ကမ်းလှမ်းချက်ကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS)က ထောက်ခံကြောင်း ဒီနေ့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ကြောင်း RFA သတင်းမှာ ဖော်ပြထားသည်။
    ________________________

    ကရင်နှစ်သစ်ကူးပွဲတော် ရန်ကုန်တွင် စည်ကားစွာ ကျင်းပရန် စီစဉ်ထား

    – ၂၀၁၄-ခု ဇန်န၀ါရီလ ၁-ရက်နေ့မှာ ကျရောက်မှာဖြစ်တဲ့ ကရင်နှစ်သစ်ကူးပွဲတော်ကို မျိုးဆက်သစ် ကရင်လူငယ်များမှ ရိုးရာယဉ်ကျေးမှု များကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ချက်နဲ့ ရန်ကုန်မြို့မှာ ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပပြုလုပ်သွားမည်ဟု ကရင် နှစ်သစ်ကူးနေ့ ကျင်းပရေးကော်မတီအတွင်းရေးမှူးက ပြောကြောင်း သိရသည်။
    ________________________

    ဖွဲ့စည်းပုံပြင်ရန် အကြံပြုစာ ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်တင်သွင်းမည်

    – ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် အကြံပြုစာအား ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီထံသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒီဇင်ဘာလ ၃၁-ရက်နေ့တွင် တင်သွင်းမည်ဟု မဇ္ဈိမသတင်းတွင် ဖော်ပြထားသည်။
    ________________________

  • လပွတ္တာမြို့နယ် ကန်ဘတ်တွင် ရွာလုံးကျွတ်မီးလောင်မှု ဖြစ်ပွား

    လပွတ္တာမြို့နယ် ကန်ဘတ်တွင် ရွာလုံးကျွတ်မီးလောင်မှု ဖြစ်ပွား

    ဒီဇင်ဘာ ၃၀၊ ၂၀၁၃
    M-Media
    ပြည့်ပြည့်

    မီးလောင်နေမှုအား တဘက်ကမ်းမှ တွေ့မြင်ရပုံ (ဓါတ်ပုံ - အင်တာနက်)
    မီးလောင်နေမှုအား တွေ့မြင်ရပုံ (ဓါတ်ပုံ – အင်တာနက်)

     

    လပွတ္တာ  ။     ။ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ကန်ဘတ်ကျေးရွာတွင် ယနေ့ နံနက် ၁-နာရီဝန်းကျင်က မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပေါ်ခဲ့ပြီး တစ်ရွာလုံးနီးပါး မီးလောင်ကျွမ်းသွားခဲ့ကြောင်း သတင်းရရှိသည်။

    နံနက် ၁-နာရီဝန်းကျင်က စတင်လောင်ကျွမ်းခဲ့သော မီးသည် နံနက် ၇-နာရီခန့်အထိ ကြာမြင့်ခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၁၅၀-ကျော် မီးလောင်သွားခဲ့ကြောင်းသိရသည်။

    ယခုအခါ ကယ်ဆယ်ရေးများ ရောက်ရှိ ကူညီနေကြပြီဖြစ်သော်လည်း မည်ကဲ့သို့ စတင်လောင်ကျွမ်းခဲ့သည်ကို မသိရှိရသေးဟု ဆိုသည်။

  • ဒီဇင်ဘာ ၂၉၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၉၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၉၊ ၂၀၁၃
    M-Media

    ဦးခင်ညွန့်အနေနဲ့ ဘာသာရေးပဲလုပ်ပြီး နိုင်ငံရေးအခင်းအကျင်းမှာ ပါဝင်မည်ကို အားမပေးဟု အလိုတော်ပြည့်ဆရာတော်မိန့်ကြား

    – နေအိမ်အကျယ်ချုပ်က လျွှ်မြောက်လာပြီး မီဒီယာများနဲ့ ထိတွေ့မှုအတော်အသင့်ရှိလာသည့် ဦးခင်ညွန့်အနေဖြင့် ဘာသာရေးလုပ်မည်ဆိုပါက ဘာသာရေးကိုသာလုပ်ရန်နှင့် နိုင်ငံရေး အခင်းအကျင်းမှာ ပါဝင်ပတ်သက်မည်ကို အားမပေးဟု အလိုတော်ပြည့် ဆရာတော်က မိန့်ကြားခဲ့ကြောင်း သိရသည်။
    ________________________

    မြန်မာပိုင်နက်သို့ အိန္ဒိယအဆောက်အုံတိုးချဲ့မှု နယ်နိမိတ်မိုင်တိုင်များ သတ်မှတ်ပေးရန် တမူးဒေသခံများ ကြေညာချက်ထုတ်ပြန်

    – မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား နယ်နိမိတ်အငြင်းပွားနေသည့် နယ်နိမိတ် မှတ်တိုင်နေရာများတွင် အိန္ဒိယဘက်မှ အဆောက်အအုံ တိုးချဲ့ဆောက်လုပ်နေမှုအား ပြည်သူများထိခိုက်မှု မရှိစေပဲ မြန်မာအစိုးရက ပြန်လည်ရယူပေးရန်နှင့် နယ်နိမိတ်မိုင်တိုင်များကို တိကျစွာ အမြန်ဆုံးသတ်မှတ်ပေးရန် အချက် ၁၀-ချက်ပါဝင်တဲ့ ကြေညာချက်တစ်ရပ်ကို တမူးဒေသခံများက ထုတ်ပြန်လိုက်ကြောင်း သိရသည်။
    ________________________

    ၂၀၁၂-ခုနှစ် ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်

    ၂ဝ၁၂-ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု ပေးပွဲကို ရန်ကုန်မြို့တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့ရာ အသံဆု – တိုနီလင်း (ကယန်းအလှ)၊ ဂီတဆု – ဝင်းကို (အမွေခံထိုက်သူဖြစ်ပါစေ)၊ တည်းဖြတ်ဆု – ဇော်မင်း-ဟံသာမြေ (ဥ)၊ ဓာတ်ပုံဆု – အောင်ကိုလတ်(ကယန်းအလှ)၊ အထူးဆု – ယွန်းယွန်း (တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ)၊ အမျိုးသားဇာတ်ဆောင်ဆု – ပြေတီဦး (လက်ပံ)၊ အမျိုးသမီးဇာတ်ပို့ဆု – ချောရတနာ (ဥ)၊ အမျိုးသမီးဇာတ်ဆောင်ဆု – ဖွေးဖွေး (လက်ပံ)၊ ဒါရိုက်တာဆု – ကိုဇော် – အရုဏ်ဦး (ဥ) တို့မှ ရရှိခဲ့ကြပြီး ဥ ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ပို့ဆု၊ ဒါရိုက်တာဆု၊ တည်းဖြတ်ဆု တို့ ရရှိခဲ့ပြီး ကယန်းအလှဇာတ်ကားဖြင့် ဓာတ်ပုံဆုနှင့် အသံဆု ၂ခု ဆွတ်ခူး ရရှိခဲ့ကြသည်။
    ________________________

  • ဒီဇင်ဘာ ၂၈၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၈၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၈၊ ၂၀၁၃
    M-Media

    အခြေခံဥပဒေကြောင့် ၂၀၁၅ ရွေးကောက်ပွဲ NLD မ၀င်ပဲ နေမည်မဟုတ်

    – ၂၀၁၅-ရွေးကောက်ပွဲတွင် NLD ပါတီသည် ပြည်ခိုင်ဖြိုးပါတီနှင့် ယှဉ်ပြိုင် ရွေးကောက်ခံမည်ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည် ဖြစ်စေ မပြင်ဆင်သည်ဖြစ်စေ ရွေးကောက်ပွဲ ၀င်ရောက်သွားမည်ဖြစ်ကြောင်း ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတါင် ဦးဥာဏ်ဝင်းက ပြောဆိုခဲ့သည်။
    ________________________

    စစ်စခန်းနှင့်ထောင်တွင်း ကျဆုံး နိုင်ကျဉ်း ၅၄-ဦးကို ဂုဏ်ပြုမည်

    – စစ်ထောက်လှမ်းရေးရဲ့ စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင်များတွင်ကျဆုံးသွားသည့် နိုင်ငံရေးအကျဉ်းသား ၅၄-ဦးကို ဂုဏ်ပြုသည့် အခမ်းအနားတစ်ရပ်ကို ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP နှင့် နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့က ပူးပေါင်းပြီး ဇန်န၀ါရီလ ၂-ရက်နေ့မှာ ရန်ကုန်မှာ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
    ________________________

    လွတ်လပ်ရေးနေ့ ဆန္ဒပြခွင့် အာဏာပိုင်မှ ခွင့်မပြု

    – ပုဒ်မ ၁၈ ဥပဒေကို ဖျက်သိမ်းပေးရန် ၈၈-မျိုးဆက်အဖွဲ့နှင့် အရပ်ဖက်လူထုအခြေပြုအဖွဲ့များမှ လာမည့် ၂၀၁၄-ခု လွတ်လပ်ရေးနေ့တွင် ဆန္ဒပြရန် လျှောက်ထားရာ ရန်ကုန် ကျောက်တံတားမြို့နယ်နှင့် မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွေမှ ယနေ့မှာ ပယ်ချလိုက်ကြောင်း သိရှိရပါသည်။
    ________________________

    ဒုတိယအကြိမ် မွန်လူငယ်နေ့ကျင်းပရာ လူငယ် တစ်သောင်းခန့်တက်ရောက်

    – ဒုတိယအကြိမ်မြောက် မွန်လူငယ်နေ့ကို မွန်ပြည်နယ် ရေးမြို့ မော့ကနင်ကျေးရွာမှာ ယနေ့ပြုလုပ်ခဲ့ရာ မွန်နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် လူငယ်များအကြား မွန်အမျိုးသား နိုင်ငံရေးနှင့်ပတ်သက်သည့် ရှေ့ရေးကိစ္စများကို ဆွေးနွေးခဲ့ကြတယ်လို့ သိရှိရသည်။
    ________________________