News @ M-Media

Tag: South Korea

  • တောင်ကိုရီးယားတွင် အမေရိကန်ဒုံးခွင်းစနစ်အပေါ် ဆန့်ကျင်မှု လွှတ်တော်အမတ်များ ပါဝင်လာ

    တောင်ကိုရီးယားတွင် အမေရိကန်ဒုံးခွင်းစနစ်အပေါ် ဆန့်ကျင်မှု လွှတ်တော်အမတ်များ ပါဝင်လာ

    သြဂုတ် ၄၊ ၂၀၁၅
    M-Media

    korea

    – အမရေိကန်ဒုံးခွင်းစနစ် THAAD ကို တောင်ကိုရီးယားမှာ ချထားမယ့်အရေး ဆန့်ကျင်ကန့်ကွင်မှုတွေမှာ ပြည်သူတွေအပါအ၀င် လွှတ်တော်အမတ်တွေလည်း ပါဝင်လာကြတယ်လို့ သိရပါတယ်။

    အဓိကအတိုက်အခံပါတီဖြစ်တဲ့ မင်ဂျူပါတီက ဥပဒေပြုလွှတ်တော်အမတ် ကင်ယောင်ဟိုက ဆွန်ဂျူဒေသမှာ အဲဒီ ဒုံးခွင်းစနစ် ချထားမယ့်အစီအစဉ်ကို ၎င်းရဲ့ပါတီကလည်း ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

    တောင်ကိုးရီးယားနဲ့ အမေရိကန်တို့ကတော့ ဒီအစီအစဉ်ဟာ မြောက်ကိုးရီးယားရဲ့ နျူကလီးယားလက်နက်နဲ့ ဒုံးကျည်ရန် တွေကနေ ကာကွယ်ဖို့ဖြစ်ပြီး လာမယ့်နှစ်အဆုံးပိုင်းမှာ တပ်ဆင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားပြည်သူတွေကတော့ အပြင်းအထန်ကန့်ကွက်နေကြပါတယ်။

    ကင်ယောင်ဟိုက မိမိတို့ပါတီဝင်ထက်ဝက်ခန့်လောက်ဟာ THAAD စနစ်တပ်ဆင်မယ့်အပေါ် အပြင်းအထန်ဆန့်ကျင် ကန့်ကွက်ကြပြီး၊ ဒီကိစ္စအပေါ် ပြန်လည်သုံးသပ်ဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတွေလည်း ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

    အမေရိကန်ရဲ့ ဒီဒုံးခွင်းစနစ်တပ်ဆင်မယ့်အစီအစဉ်ကို တောင်ကိုရီးယားပြည်တွင်းမှာသာမကဘဲ ပြည်ပနိုင်ငံတွေကလည်း ကန့်ကွက်နေကြပြီး တရုတ်နဲ့ ရုရှားကတော့ ဒီဆောင်ရွက်မှုဟာ ကိုရီးယားကျွန်းဆွယ်အတွင်းမှာ လုံခြုံရေး၊ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်မှာဖြစ်ပြီး နျူကင်းစင်ဒေသဖြစ်ဖို့အတွက်ည ဘာအထောက်အကူမှဖြစ်မှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

    Ref : Presstv

  • အမေရိကန်ဒုံးခွင်းစနစ် ထားရှိမည့်အစီအစဉ် တောင်ကိုရီးယား ပြည်သူများ ကန့်ကွက်

    အမေရိကန်ဒုံးခွင်းစနစ် ထားရှိမည့်အစီအစဉ် တောင်ကိုရီးယား ပြည်သူများ ကန့်ကွက်

    သြဂုတ် ၂၊ ၂၀၁၆
    M-Media

    south

    – အမေရိကန်ရဲ့ THAAD ဒုံးခွင်းစနစ်ချထားမယ့်အစီအစဉ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို တောင်ကိုရီးယားပြည်သူတွေက နိုင်ငံတစ်ဝှမ်းမှာ ပြုလုပ်နေတယ်လို့ သိရပါတယ်။

    အဲဒီဒုံးခွင်းစနစ်ကို ဆွန်းဂျူးဒေသမှာ ထားရှိသွားမှာဖြစ်ပြီး သေခံတွေကတော့ တနင်္ဂနွေနေ့မှာ အစိုးရအဆောက်အအုံအရှေ့မှာ စုရုံး ဆန္ဒပြခဲ့ကြပါတယ်။ အစိုးရက အဲဒီနေရာကို ရွေးချယ်ခဲ့ပြီးနောက်ပိုင်း ဇူလိုင်လ ၁၃ ရက်နေ့ကတည်းက စတင်ကာ ဒေသခံပြည်သူတွေက ဆန္ဒပြခဲ့ကြတာပါ။

    ဒီလိုချထားတာဟာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တုန့်ပြန်သွားဖို့ဖြစ်တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပြောကြားထားပြီး၊ တနင်္ဂနွေနေ့ ဆန္ဒပြမှုမှာတော့ ပြည်သူတွေက “THAAD ချထားရေးအပေါ် အသေခံကာကွယ်သွားမည်” စတဲ့ ဆိုင်းဘုတ်တွေကိုတောင် ကိုင်ဆောင်ခဲ့ကြပါတယ်။

    တောင်ကိုရီးယားပြည်သူတွေဟာ ဒုံးခွင်းစနစ်ကြောင့် ပတ်းဝန်းကျင်အပေါ် သက်ရောက်နိုင်တဲ့ဆိုးကျိုး၊ ကျန်းမာရေးဆိုးကျိုးတွေ ရှိလာမှာကို စိုးရိမ်နေကြပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ အာရုံစူးစိုက်မှုကို ရရှိစေဖို့ လက်မှတ်ရေးထိုးကန့်ကွက်တဲ့ လှုပ်ရှားမှုကိုလည်း ဆောင်ရွက်နေပါတယ်။

    “အမေရိကန်ဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့ အကျိုးစီးပွားကို လစ်လျူရှုပြီး THAAD စနစ်ကို ဒီမှာထားဖို့ ပြောနေတာပါ။ သူတို့ဟာ ကျွန်တော်တို့တိုင်းပြည်ကို နောက်ကျော ဓားနဲ့ထိုးလိုက်တာပါပဲ” လို့ ဆန္ဒပြွဲမှာ ပါဝင်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။

    Ref : Presstv

  • တောင်ကိုရီးယားနှင့် အမေရိကန်တို့မှာ ၀မ်းနည်းစရာနိဂုံးနှင့် ကြုံရမည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

    တောင်ကိုရီးယားနှင့် အမေရိကန်တို့မှာ ၀မ်းနည်းစရာနိဂုံးနှင့် ကြုံရမည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

    မတ် ၂၃၊ ၂၀၁၆
    M-Media

    north

    – တောင်ကိုရီးယားသမ္မတ ပတ်ဂျုံဟေးနှင့် ၎င်း၏ မဟာမိတ်များမှာ ၀မ်နည်းစရာကောင်းသည့် နိဂုံးနှင့် ကြုံတွေ့ရမည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက်ပြောဆိုလိုက်သည်။

    ယနေ့မနက်ပိုင်းတွင် ခြိမ်းခြောက်ပြောဆိုလိုက်ခြင်းဖြစ်ပြီး မိမိတို့မှာ ပက်ဂျုံဟေးအပေါ် “တရားသော လက်တုံ့ပြန်စစ်ပွဲ” ဆင်နွှဲသွားမည်ဖြစ်ကာ မိမိတို့၏ အမြောက်တပ်မှာ ပက်၏ ရုံးအား မီးပင်လယ်ဖြစ်အောင် ပြုလုပ်ရန် အဆင်သင့်ရှိနေသည်ဟု ဆိုသည်။

    “မြောက်ကိုရီးယားရဲ့ ဒီသတိပေးချက်က ရန်လိုတာတော့မဟုတ်ပါဘူး။ အမေရိကန်နဲ့ ပက်ဂျုံဟေးတို့က မဆင်မခြင်လုပ်မယ်ဆိုရင် ၀မ်းနည်းဖို့ကောင်းတဲ့ အဆုံးသတ်နဲ့ ကြုံရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိစေချင်တာပါ” ဟု မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန KCNA က ပြောကြားခဲ့သည်။

    တောင်ကိုရီးယားနှင့် အမေရိကန်တို့က Foal Eagle ဟု အမည်ရသည့် စစ်ရေးလေ့ကျင့်မှုကို စတင်ပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုရီးယားမှာ နျူဖြင့်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်မှုများ၊ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများကို ပြုလုပ်ခဲ့သည်။

    ထို့ပြင် အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် မြောက်ကိုရီးယားရှိ အဓိကအဆောက်အဦးများကို ပစ်မှတ်ထားဖျက်ဆီးသည့် လေ့ကျင့်ခန်းများ ပါဝင်ခြင်းမှာ မိမိတို့အား ရန်စခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားက ထည့်သွင်းပြောကြားခဲ့သည်။

    Rfe: Channelnewsasia

  • ကန်ဒုံးခွင်းစနစ်ချထားမှု တရုတ်၏ သတိပေးချက်ကို တောင်ကိုရီးယားအာခံ

    ကန်ဒုံးခွင်းစနစ်ချထားမှု တရုတ်၏ သတိပေးချက်ကို တောင်ကိုရီးယားအာခံ

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၆
    M-Media

    missile

    – အမေရိကန်ဒုံးခွင်းစနစ်ကို တောင်ကိုးရီးယာမြေပေါ်မှာ ချထားတာဟာ တရုတ်နဲ့ တောင်ကိုးရီးယားအကြား ဆက်ဆံရေး ပျက်ယွင်းလိမ့်မယ်လို့ တရုတ်နိုင်ငံရဲ့ သတိပေးချက်ကို တောင်ကိုးရီးယား ပယ်ချလိုက်ပါတယ်။

    တောင်ကိုရီးယားသမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျွန် ယွန် ဂက်က “အဆင်မြင့် ဝေဟင် ကာကွယ်ရေး ဒုံးကျည်စနစ်ဖြစ်တဲ့ THAAD ကို ချထားခြင်းဟာ မြောက်ကိုးရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေအတွက် ကိုယ့်ကိုယ်ကိုယ်ကာကွယ်တဲ့ ဆောင်ရွက်ချက်ဖြစ်တယ်” လို့ ယမန်နေ့မှာ တုံ့ပြန်ပြောကြားခဲ့တာပါ။

    နောက်ပြီး ဒီဆောင်ရွက်မှုဟာ နိုင်ငံလုံခြုံရေး၊ အမျိုးသားအကျိုးစီးပွားတို့အရ ဆောင်ရွက်တာဖြစ်ပြီး တရုတ်နိုင်ငံအနေနဲ့ ဒီအချက်ကို လက်ခံရလိမ့်မယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    တောင်ကိုရီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျူ ဂူဟောင်က THAAD ဒုံးကျည်စနစ် ချထားခြင်းဟာ နှစ်နိုင်ငံဆက်ဆံရေးကို ပျက်ဆီးစေလိမ့်မယ်လို့ အင်္ဂါနေ့က ပြောကြားခဲ့ပြီးတဲ့နောက် တောင်ကိုရီးယားဘက်က ဒီလို တုံ့ပြန်မှုတွေ ပေါ်ထွက်လာတာပါ။

    “တရုတ်နဲ့ တောင်ကိုးရီးယား ဒီလိုအခြေအနေထိရောက်အောင် အများကြီး အားထုတ်ကြိုးစားခဲ့ရတာပါ၊ ဒါပေမယ့်ဒီကိစ္စတစ်ခုကြောင့် ဆက်ဆံရေးက ချက်ခြင်း ပျက်သွားနိုင်ပါတယ်” လို့ ကျူက ဒုံးကျည်စနစ် ထားရှိမှုကို ရည်ရွယ်ပြောကြားခဲ့ပါတယ်။

    အင်္ဂါနေ့အစောပိုင်းမှာ တောင်ကိုးရီးယားကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန်နဲ့ တောင်ကိုးရီးယားတို့ဟာ ဒီဒုံးခွင်းစနစ် ချထားရေးအတွက် အသေးစိတ်အချက်အလက်တွေ ဆွေးနွေးဖို့ ပူးပေါင်းကော်မတီဖွဲ့စည်းရေး သဘောတူညီခဲ့ပြီလို့ ပြောကြားခဲ့ပါတယ်။

    THAAD ဒုံးကျည်စနစ်ဟာ တိုက်ချင်းပစ်ဒုံးကျည်တွေကို ကြားဖြတ်ပစ်ခတ်နိုင်ဖို့ တီထွင်ထုတ်လုပ်ထားတာဖြစ်ပြီး အမေရိကန်ကလည်း မြောက်ကိုရီးယားရန်ကြောင့် ဒီ ဒုံးခွင်းစနစ်ကို တောင်ကိုရီးယားမှာ ထားရှိရတာလို့ ပြောကြားခဲ့ပါတယ်။

    Ref: Press TV

  • တောင်ကိုရီးယားနှင့် အငြင်းပွားရေပိုင်နက်တွင် မြောက်ကိုရီးယားက အမြှောက်များပစ်ခတ်

    တောင်ကိုရီးယားနှင့် အငြင်းပွားရေပိုင်နက်တွင် မြောက်ကိုရီးယားက အမြှောက်များပစ်ခတ်

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၆
    M-Media

    north korea

    – တောင်ကိုရီးယားနှင့် ရေပိုက်နက်အငြင်းပွားမှုများရှိနေသည့် ပင်လယ်ပြင်အနီး၌ မြောက်ကိုရီးယားက ယနေ့တွင် အမြှောက်များဖြင့် ပစ်ခတ်ခဲ့ပြီး ဒေသခံများ အလန့်တကြားဖြစ်ခဲ့သည်ဟု သိရသည်။

    တောင်ကိုရီးယား စစ်တပ်ကမူ အဆိုပါ အမြှောက်ဆံများမှာ နယ်စပ်ဖြတ်ကျော်လာခြင်း မရှိသော်လည်း တောင်ကိုရီးယားဘက်တွင် နေထိုင်သည့် ပြည်သူများမှာ စိုးရိမ်မှုများ ဖြစ်ပွားခဲ့သည်ဟု ပြောကြားခဲ့သည်။ ယခုလအစောပိုင်းတွင်မြောက်ကိုရီးယားမှာ တားမြစ်ထားသည့် တိုက်ချင်းပစ်ဒုံးကျည်ကို အသုံးပြု၍ ဂြိုဟ်တုတစ်လုံးကို လွှတ်တင်ခဲ့ပြီး ထိုလုပ်ရပ်ကို တောင်ကိုရီးယားနှင့် အမေရိကန်တို့က ရှုတ်ချခဲ့သည်။

    ဇန်န၀ါရီလကလည်း မြောက်ကိုရီးယားမှာ နျူကလီးယားစမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့သည်။ ယနေ့ ပြုလုပ်ခဲ့သည့် ထိုပစ်ခတ်မှုမှာ စစ်ရေးလေ့ကျင့်မှု အစိတ်အပိုင်းတစ်ခု ဖြစ်မည်ဟု တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူက ပြောကြားခဲ့သည်။ သို့သော်လည်း ထိုကဲ့သို့ ပစ်ခတ်မှုမှလွဲ၍ မြောက်ကိုရီးယားစစ်တပ်မှာ အခြား မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ခဲ့ချေ။

    Ref: Aljazeera