News @ M-Media

Tag: Syria

  • ဆီးရီးယားတွင် ဓာတုလက်နက်ဖြင့်တိုက်ခိုက်မှု ထပ်ဖြစ်ပြန်

    ဆီးရီးယားတွင် ဓာတုလက်နက်ဖြင့်တိုက်ခိုက်မှု ထပ်ဖြစ်ပြန်

    ဧပြီ ၅၊ ၂၀၁၇
    M-Media

    – ဆီးရီးယားရှိ သူပုန်များ ထိန်းချုပ်ထားသော ဒေသသို့ အစိုးရတပ်က ဓာတုလက်နက်များအသုံးပြုကာ တိုက်ခိုက်သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့သည်ဟု သိရသည်။

    ယမန်နေ့က အစ်ဒလစ်ပြည်နယ် ခန် ရှိခ်ခွန်မြို့တွင် လေကြောင်းမှ ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုများ၌ အနည်းဆုံး ၇၂ ဦး သေဆုံးခဲ့ပြီး ၅၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ထိုဒေသတွင် ဆေးရုံများကို စီမံခန့်ခွဲနေသည့် SMAS အဖွဲ့က ပြောကြားခဲ့သည်။ သေဆုံးသူအရေအတွက်မှာ နောက်ပိုင်းတွင် မြင့်တက်လာသည်ဟု ပြောကြားမှုများလည်း ရှိနေသည်။

    တိုက်ခိုက်မှုပြီးနောက် ပြည်သူများမှာ ပျို့အန်ခြင်း၊ ပါးစပ်များမှ အမြှုပ်များထွက်လာခြင်း၊ သတိလစ်ခြင်း၊ အကြောဆွဲခြင်း၊ နှလုံးခုန်နှုန်းနှေးလာခြင်းတို့ ဖြစ်လာခဲ့ပြီး SMAS အဖွဲ့က အဆိုပါလက္ခဏာများမှာ ဓာတုလက်နက် ဆာရင်းတွင် ပါဝင်သည့် အဆိပ်ရှိသော ဓာတ်ငွေ့ကြောင့်ဖြစ်သော လက္ခဏာများဖြစ်သည်ဟု
    ဆိုသည်။

    အတိုက်အခံအဖွဲ့ Syrian National Coalition က ဆာရင်းနှင့်တူညီသည့် ဓာတုလက်နက်ကို အစိုးရလေယာဉ်များက အသုံးပြုခဲ့သည်ဟု ပြောကြားခဲ့ပြီး၊ ဆီးရီးယားအစိုးရကမူ ထိုစွပ်စွဲချက်ကို ငြင်းပယ်ခဲ့သည်။ အစိုးရတပ်များနှင့် ပူးပေါင်းကာ ဗုံးကြဲမှုများပြုလုပ်နေသည့် ရုရှားကလည်း ထိုတိုက်ခိုက်မှုအတွက် တာဝ
    န်မရှိဟု ငြင်းဆိုခဲ့သည်။

    ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူက အတွင်းရေးမှူးမှာ ထိုသတင်းအတွက် လွန်စွာ စိတ်ပျက်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်သွာမည်ဟု ပြောကြားခဲ့သည်။ ထိုကိစ္စအတွက် ယနေ့တွင် ကုလ လုံခြုံရေးကောင်စီ၌ ဆွေးနွေးမည်ဖြစ်သည်။

    Ref: Aljazeera

  • ဆီးရီးယားသူပုန်များ မြို့တော်ကို အံ့အားသင့်ဖွယ် ထိုးစစ်ဆင်

    ဆီးရီးယားသူပုန်များ မြို့တော်ကို အံ့အားသင့်ဖွယ် ထိုးစစ်ဆင်

    မတ် ၁၉၊ ၂၀၁၇
    M-Media

    – ဆီးရီးယားမှ သူပုန်များမှာ အစိုးရက ထိန်းချုပ်ထားရာ မြို့တော် ဒမတ်စကတ် အရှေ့ပိုင်း ခရိုင်များ၌ ယနေ့တွင် အံ့အားသင့်ဖွယ် ထိုးစစ်များဆင်နွှဲခဲ့ပြီး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ယခင်က အလ်-ကိုင်းဒါးအဖွဲ့ကို သစ္စာခံသော ဖာတာ အလ်-ရှမ်တပ်ဦးနှင့်အတူ ပူးပေါင်းထိုးစစ်ဆင်ခြင်းဖြစ်ပြီး အစိုးရပစ်မှတ်များကို ကားဗုံးများ၊ အသေခံဗုံခွဲမှုများ ပြုလုပ်၍ တိုက်ခိုက်ခဲ့သည်ဟု ဆီးရီးယား လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်အဖွဲ့ အကြီးအကဲ ရာမီ အဘ်ဒဲလ် ရဟ်မန်က ပြောကြားခဲ့သည်။

    ဂျိုဘာရ်ခရိုင်မှ စတင်တိုက်ခိုက်ခဲ့ပြီးနောက် သူပုန်များမှာ အဘ္ဘာစစ်ရင်ပြင်တစ်ဝိုက်ကို ရောက်ရှိလာခဲ့ပြီး အဆောက်အဦးများစွာကို သိမ်းပိုက်နိုင်ခဲ့ကာ ဒမတ်စကတ်ပတ်ဝန်းကျင်ကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်။

    အစိုရစစ်တပ်ကလည်း လေကြောင်းတိုက်ခိုက်မှုများဖြင့် ပြန်လည်တုန့်ပြန်ခဲ့သည်။ ဂျိုဘာရ်ခရိုင်မှာ ၂ နှစ်ကျော်ခန့် စစ်မြေပြင်ဖြစ်ခဲ့ပြီး သူပုန်များနှင့် အစိုးရတပ်များ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ထို့ပြင် ထိုနေရာမှာ မြို့တော် ဒမတ်စတ် ပိုက်နက်အတွင်း သူပုန်များက သိမ်းပိုက်ထားသော နေရာ ၃ ခုမှ တစ်ခုလည်းဖြစ်သည်။

    ဆီးရီးယား နိုင်ငံပိုင်သတင်းဌာနကမူ အစိုးရတပ်များမှာ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကို တွန်းလှန်နေပြီး၊ လက်နက်ကြီးများလည်း အသုံးပြုနေကာ ဒေသခံများကို မိမိအိမ်တွင်သာ နေထိုင်ရန် အမိန့်ပေးထားသည်ဟု ဖော်ပြခဲ့သည်။

    Ref: Aljazeera

  • နယ်ကျော်လာသည့် အစ္စရေးတိုက်လေယာဉ်များမှ တစ်စီးကို ပစ်ချခဲ့သည်ဟု ဆီးရီးယားပြော

    မတ် ၁၇၊ ၂၀၁၇
    M-Media

    – အစ္စရေး တိုက်လေယာဉ် ၄ စင်းမှာ မိမိတို့၏ လေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာသည့်အတွက် မိမိတို့က ပစ်ချခဲ့ပြီး တစ်စီးပျက်ကျကာ အခြားတစ်စီးမှာလည်း ကျည်ထိမှန်သွားခဲ့သည်ဟု ဆီးရီးယားစစ်တပ်က ပြောကြားလိုက်သည်။

    မတ်လ ၁၇ ရက်နေ့ ဒေသစံတော်ချိန် မနက် ၂ နာရီ မိနစ် ၄၀ တွင် အစ္စရေးတိုက်လေယာဉ်များမှာ လက်ဘနွန်ပိုင်နက်မှတစ်ဆင့် ဆီးရီးယားသို့ ၀င်ရောက်လာခဲ့ပြီး ပါလ်မိုင်ရာမြို့သွားရာလမ်းရှိ စစ်စခန်းတစ်ခုကို ပစ်ခတ်ခဲ့သည်ဟု ဆီးရီးယားနိုင်ငံပိုင်သတင်းဌာန SANA က စစ်တပ်မှထုတ်ပြန်သည့် ကြေငြာချက်ကို ဖော်ပြခဲ့သ
    ည်။

    “ကျွန်တော်တို့ရဲ့ ကာကွယ်ရေးစနစ်ဟာ သူတို့နဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး သူတို့ သိမ်းပိုက်ထားတဲ့ ပိုင်နက်ပေါ်မှာ တစ်စီးကို ပစ်ချခဲ့ကာ နောက်တစ်စီးကတော့ ကျည်ဆံမှန်ခဲ့ပါတယ်။ ကျန်တဲ့လေယာဉ်တွေက ထွက်ပြေးသွားပါတယ်” ဟု အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသော ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ကို ရည်ညွှန်း၍ ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် အစ္စရေး၏ ထိုတိုက်ခိုက်မှုမှာ ရန်စမှုလုပ်ရန်ဖြစ်ပြီး IS အကြမ်းဖက်အဖွဲ့ကို ကူညီရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆီးရီးယားစစ်တပ်က ထည့်သွင်းပြောကြားခဲ့သည်။

    ဆီးရီးယားအစိုးရတပ်မှာ ပါလ်မိုင်ရာ ရှေးဟောင်းမြို့ကို IS အကြမ်းဖက်သမားများလက်မှ မတ်လ ၂ ရက်နေ့တွင် ပြန်လည်သိမ်းပိုက်ခဲ့သည်။

    ဇန်န၀ါရီလကလည်း ဒမတ်စကတ်မြို့အနီးရှိ မာဇီဟ် လေတပ်စခန်းကို အစ္စရးက ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆီးရီးယားစစ်တပ်က ပြောကြားခဲ့သည်။ အစ္စရေးမှာ ယခင်ကလည်း ဆီးရီးယားပိုက်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ ဆီးရီးစစ်တပ် ပစ်မှတ်များကို မကြာခဏ တိုက်ခိုက်ခဲ့သည်။

    Ref: Press TV

  • ၂၀၁၆ ခုနှစ်မှာ ဆီးရီးယားကလေးများအတွက် အဆိုးဆုံးနှစ်ဖြစ်

    ၂၀၁၆ ခုနှစ်မှာ ဆီးရီးယားကလေးများအတွက် အဆိုးဆုံးနှစ်ဖြစ်

    မတ် ၁၃၊ ၂၀၁၇
    M-Media

    – ၆ နှစ်တာ ကြာမြင့်နေပြီဖြစ်သည့် ဆီးရီးယား ပြည်တွင်းစစ်တွင် ၂၀၁၆ ခုနှစ်မှာ ဆီးရီးယားကလေးငယ်များအတွက် အဆိုးရွားဆုံးနှစ် ဖြစ်သည်ဟု ယူနီဆက်ဖ်က ပြောကြားလိုက်သည်။

    တစ်နှစ်လုံးတွင် အနည်းဆုံး ကလေးငယ် ၆၅၂ ဦး သေဆုံးခဲ့ပြီး ၂၅၅ ဦးမှာ ကျောင်းတက်နေသူများ၊ သို့မဟုတ် ကျောင်းတက်ရတော့မည့်သူများ ဖြစ်သည်။ ထိုအရေအတွက်မှာ ၂၀၁၅ ခုနှစ်က ကလေးငယ်များ သေဆုံးမှုနှင့် ယှဉ်လျှင် ၂၀ ရာခိုင်နှုန်း တက်လာခြင်းဖြစ်သည်။

    ယခုထုတ်ပြန်မှုမှာ တရားဝင် အတည်ပြုနိုင်ခဲ့သည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် သေဆုံးမှုမှာ ယခုထက်ပို၍ မြင့်မားနိုင်သည်။

    ၂၀၁၆ ခုနှစ်အတွင်း တိုက်ခိုက်ရန်အတွက် လူသစ်စုဆောင်းခံရသူ ကလေးငယ် အရေအတွက်မှာ ၈၅၀ ကျော် ရှိမည်ဟု ယူနီဆက်ဖ်က ယုံကြည်နေသည်။ ထိုအရေအတွက်မှာလည်း ၂၀၁၅ ခုနှစ်ကထက် နှစ်ဆ မြင့်တက်လာခြင်းဖြစ်သည်။

    “ထိခိုက်ခံစားရမှု အနေအထားက မကြုံစဖူးပါပဲ။ ဆီးရီးယားက သန်းနဲ့ချီတဲ့ ကလေးတွေဟာ နေ့စဉ်လိုလို တိုက်ခိုက်ခံနေရပြီး သူတို့ရဲ့ ဘ၀တွေဟာ စကောထဲ ထည့်လှိမ့်ခံနေသလိုပါပဲ” ဟု ယူနီဆက်ဖ်၏ အရှေ့အလယ်ပိုင်းနှင့် မြောက်အမေရိကဆိုင်ရာ ဒါရိုက်တာ ဂါ့တ် ကာပီလေရီက ပြောကြားခဲ့သည်။

    လက်ရှိတွင် ဆီးရီးယား၌ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေသူ ကလေးငယ်အရေအတွက်မှာ ၆ သန်းခန့် ရှိနေသည်။

    ၂.၃ သန်းခန့်မှာ တိုင်းပြည်မှ ထွက်သွားကြပြီး၊ အခြား ၂.၈ သန်းမှာ အကူအညီရောက်ပေါက်နိုင်ခြင်းမရှိသည့် ဒေသများတွင် ပိတ်မိနေကြကာ ထိုအထဲတွင် လက်နက်ကိုင်များ ၀န်းရံ ပိတ်ဆို့မှုကို ခံထားရသည့် ၂၈၀၀၀၀ လည်း ပါဝင်သည်။

    Ref: BBC

  • ပုပ်ရဟန်းမင်းကြီးက အဲလစ်ပိုပြည်သူများအတွက် ယူရို ၁ သိန်း လှူဒါန်း

    ပုပ်ရဟန်းမင်းကြီးက အဲလစ်ပိုပြည်သူများအတွက် ယူရို ၁ သိန်း လှူဒါန်း

    မတ် ၁၃၊ ၂၀၁၇
    M-Media

    – ဆီးရီးယားနိုင်ငံမှ စစ်ဒဏ်ခံနေရသော အဲလစ်ပိုမြို့မှ အတိဒုက္ခရောက်နေသူများအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ယူရို ၁ သိန်း ထောက်ပံ့လှူဒါန်းခဲ့သည်ဟု ဗာတီကန်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သောကြာနေ့တွင် ကြေငြာချက် ထုတ်ပြန်လိုက်သည်။

    Curia ဟုခေါ်သည့် ဗာတီကန် အုပ်ချုပ်ရေးအဖွဲ့က ထိုလှူဒါန်းမှုကို ပြုလုပ်ခြင်းဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး ပရဟိတရုံးမှတစ်ဆင့် ပေးအပ်သွားမည်ဖြစ်သည်။

    အဲလစ်ပိုမှာ လွန်ခဲ့သည့် ၆ နှစ် ပြည်တွင်းစစ် မဖြစ်ခင်အချိန်က ဆီးရီးယားတွင် လူနေအထူထပ်ဆုံး မြို့တစ်မြို့ဖြစ်ခဲ့ပြီး၊ စစ်ဖြစ်လာသော အထိနာဆုံး မြို့ဖြစ်ခဲ့သည်။ အဆောက်အဦးများ ထောင်နှင့်ချီ ပျက်ဆီးဆုံးရှုံးကာ၊ လူများလည်း သိန်နှင့်ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    မြို့ကို သူပုန်အဖွဲ့မှ အချိန်အတော်ကြာ သိမ်းပိုက်ထားခဲ့သော်လည်း ဒီဇင်ဘာတွင် အစိုးရတပ်များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

    Ref: Reuters