မတ် ၂၇၊ ၂၀၁၆
M-Media
– ပြီးခဲ့သည့်နှစ် မေလကတည်းက IS အဖွဲ့မှ သိမ်းပိုက်ထားသည့် သမိုင်းဝင် ပါလ်မိုင်ရာမြို့ကို ဆီးရီးယားအစိုးရတပ်များက ယနေ့တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
ရုရှား၏ လေကြောင်းပစ်ကူနှင့်အတူ ဆီးရီးယားတပ်ဖွဲ့ဝင်များနှင့် မဟာမိတ်ပြည်သူ့စစ်များက သီတင်းတစ်ပတ်ကြာ ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ဟု ဆီးရီးယားနိုင်ငံပိုင် ရုပ်သံက စစ်တပ်ရင်းမြစ်တစ်ခုကို ကိုးကား၍ ဖော်ပြခဲ့သည်။
ထိုတိုက်ပွဲတွင် IS တိုက်ခိုက်ရေးသမား ၄၀၀ ခန့်ကို သုတ်သင်နိုင်ခဲ့ပြီး လွန်ခဲ့သည့် ၂ နှစ် အီရတ်နှင့် ဆီးရီးယားတို့ရှိ နယ်မြေများကိုသိမ်းပိုက်ကာ ခလီဖိတ်ဒေသအဖြစ် ကြေငြာခဲ့ပြီးနောက် IS ၏ အကြီးမားဆုံး ရှုံးနိမ့်မှုဖြစ်သည်။ လက်ရှိအချိန်တွင် ဆီးရီးယားစစ်တပ်မှာ မြို့တစ်ဝိုက်တွင် ထောင်ထားသောဗုံးများကို ရှင်းလင်းနေသည်။
ယူနက်စကို၏ ကမ္ဘာ့ ရှေးဟောင်းသမိုင်းဝင်နေရာအဖြစ် သတ်မှတ်ထားသည့် ပါလ်မိုင်ရာမြို့မှာ ၂၀၁၁ ခုနှစ် ဆီးရီးယား မတည်မငြိမ်မဖြစ်ခင် ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားရာမြို့ဖြစ်ပြီး နှစ်စဉ် ခရီးသွား သိန်းနှင့်ချီ လာရောက်သည့်နေရာဖြစ်သည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.