News @ M-Media
Tag: thai
  • ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား တစ်ဦး လုပ်ငန်းခွင်၌ ငြမ်းပေါ်မှ ပြုတ်ကျပြိး ဦးခေါင်း ဒဏ်ရာရ
    ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား တစ်ဦး လုပ်ငန်းခွင်၌ ငြမ်းပေါ်မှ ပြုတ်ကျပြိး ဦးခေါင်း ဒဏ်ရာရ
    သြဂုတ် ၂၉ ၊ ၂၀၁၄
    M-Media
    1_201482882119291_OjETSMnHyXwrNWYkTaSXsYeXlQZIvDBPEWPLUnTx_jpeg
    ဖူးကက်။    ။မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးသည် ထိုင်းနိုင်ငံ၊ Thalang မှ Koh Kaew ရှိ Baan Reua ကျောင်း၏ ငြမ်းစင်ပေါ်မှ ခြေချော်ကျကာ ဦးခေါင်းဒဏ်ရာဖြင့် ဆေးရုံတွင် ဆေးကုသခံယူနေရကြောင်း သိရသည်။
    လုပ်သားအမည်မှာ ရဲမှတ်တမ်းအရ မစ္စတာ ၀မ်ချုင်း (၂၀ နှစ်) ဖြစ်၍ အင်္ဂါနေ့က ကျောင်း အဆောက်အဦ ဆေးသုတ်နေစဉ် (၆)မီတာအမြင့်မှ ခြေချော်ကျပြီး မြေပြင်လူသွားလမ်းနှင့် ဦးခေါင်းကို ပြင်းထန်စွာ ရိုက်ခတ်မိသွားသည်။
    ကယ်ဆယ်ရေးလုပ်သားများက မစ္စတာ ၀မ်ချိုင်းအား Thalang ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ပေးခဲ့သည်။ ၎င်းနောက် ဒဏ်ရာပြင်းထန်သောကြောင့် ဖူးကက်မြို့ရှိ Vachira Phuket ဆေးရုံသို့ ပြောင်းရွှေ့လိုက်သည်။
    “ဘာအကာအကွယ်မှ မထားပဲ နေရာမြင့်မြင့်မှာ အလုပ်လုပ်ရင် အန္တရာယ်တွေ့ရစမြဲပါ” ဟု ဆိုလျက် ကာနယ် ဆန်နစ်မှ လုပ်သားအားလုံးကို လက်ရှိမိုးရာသီကာလအတွင်း လုပ်ငန်းခွင်၌ အထူးသတိကရုပြုကြရန် နှိုးဆော်လိုက်သည်။
    Ref : Phuket Gazette
  • အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ်အား ၀န်ကြီးချုပ်အဖြစ် ထိုင်းဘုရင် အသိအမှတ်ပြု
    အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ်အား ၀န်ကြီးချုပ်အဖြစ် ထိုင်းဘုရင် အသိအမှတ်ပြု
    သြဂုတ် ၂၆ ၊ ၂၀၁၄
    M-Media
    201482544538515734_20
    – နိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် စစ်တပ်ကြီးစိုးသည့် ပါလီမန်က ရွေးချယ်ခဲ့သော ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာအား ၀န်ကြီးချုပ်အဖြစ် ထိုင်းဘုရင် ဘုမိဘောက ယနေ့တွင် အသိအမှတ်ပြုခဲ့သည်ဟု သိရသည်။
    ဘုရင်ကြီး ဘုမိဘောမှ အသိအမှတ်ပြုခြင်းအခမ်းအနားကို စစ်ဌာနချုပ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကြားဖြတ်အစိုးရသစ် ဖွဲ့စည်းရေးကို လာမည့် သီတင်းပတ်များတွင် ပြုလုပ်သွားဖွယ် ရှိနေသည်။ ပရာယွတ်အား ၀န်ကြီးချုပ်သစ်အဖြစ် ခန့်အပ်လိုက်ခြင်းကြောင့် အာဏာမှာ စစ်တပ်၏ လက်တွင် ဆက်လက်တည်ရှိနေသည်။
    “ဘုန်းတော် ကြီးမြတ်လှသော ဘုရင်ကြီးက ကျွန်တော့်ကို ၀န်ကြီချုပ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး သိပ်ကို ကျေးဇူးတင်မိပါတယ်။ ဒါဟာ ကျွန်တော်နဲ့ ကျွန်တော့် မိသားစုအတွက် ဂုဏ်ယူစရာပါ။ တိုင်းပြည်နဲ့လူမျိုးအကျိုးအတွက် ကျွန်တော့်ရဲ့တာဝန်ကို ရိုးသားစွာ ထမ်းဆောင်သွားပါမယ်” ဟု ပရာယွတ်က အခမ်းအနား အပြီးတွင် ပြောကြားခဲ့သည်။
    အဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် ပါလီမန်တွင် စစ်တပ်မှ လွှမ်းမိုးခဲ့ပြီး၊ မကြာခင် ဖွဲ့စည်းမည့် ကြားဖြတ်အစိုးရအဖွဲ့တွင်လည်း စစ်တပ်အရာရှိများသာ ပါဝင်လိ့မ်မည်ဟု လေ့လာစောင့်ကြည့်သူများက ခန့်မှန်းပြောဆိုနေကြသည်။
    Agencies
  • အာဏာသိမ်း ထိုင်းစစ်တပ်ခေါင်းဆောင် ယူနီဖောင်းလဲကာ ၀န်ကြီးချုပ် ဖြစ်လာဖွယ်ရှိနေ
    အာဏာသိမ်း ထိုင်းစစ်တပ်ခေါင်းဆောင် ယူနီဖောင်းလဲကာ ၀န်ကြီးချုပ် ဖြစ်လာဖွယ်ရှိနေ
    သြဂုတ် ၂၁၊ ၂၀၁၄
    M-Media
    2205thaiWorld_840_600_100
    – အာဏာသိမ်းထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယွတ်မှာ ထိုင်းနိုင်ငံ၏ ၀န်ကြီးချုပ်သစ်အဖြစ် ရွေးတင်မြှောက်ခံရဖွယ်ရှိကြောင်း စစ်တပ်ကိုယ်စားလှယ် အများစုပါဝင်သော အမျိုးသားညီလာခံအရ သိရှိရသည်ဟု စစ်တပ်သတင်းရင်းမြစ်များကဆိုသည်။
    နိုင်ငံခေါင်းဆောင်တစ်ဦးကို ရွေးချယ်ရေး အဆိုပါ ညီလာခံကို အင်္ဂါနေ့က ပြလုပ်ခဲ့ခြင်းဖြစ်ပြီး ၀န်ကြီးချုပ်ရာထူးအတွက် စစ်တပ်အကြီးအကဲ ပရာယွတ် ချန်အိုချာက တစ်ဦးတည်းသော ယှဉ်ပြိုင်မည့်သူဖြစ်နေသည်။
    “ဗိုလ်ချုပ် ပရာယွတ်ကလွဲပြီး ၀န်ကြီးချုပ်နေရာအတွက် တခြားလူရှာဖို့ ခက်ပါတယ်။ သူမှ မဟုတ်ရင် နောက်ဘယ်သူဖြစ်သင့်လဲ? အာဏာသိမ်းဖို့ သူစီစဉ်ခဲ့တယ်။ ပြဿနာတွေအားလုံးကို ကိုယ်တိုင်ဖြေရှင်းဖို့အတွက် သူ တာဝန်ယူရပါမယ်။ ၀န်ကြီးချုပ်ဖြစ်လာမှ သူဟာ လုပ်ပိုင်ခွင့် အပြည့်အ၀ ရလာမှာပါ” ဟု စစ်တပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
    ယခင်ရှိခဲ့သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ NCPO မှ တာဝန်ရှိသူဟောင်း တစ်ဦးကလည်း ပရာယွတ်သာ ထိုရာထူးနှင့် သင့်တော်ကြောင်း၊ မဲပေးမှုများအရ ၎င်းသာလျှင် လူကြိုက်များပြီး ပြည်သူများမှာ NCPO ၏ ဆောင်ရွက်မှုများကို နှစ်ခြိုက်ကြကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ပရာယွတ်မှာ ၀န်ကြီးချုပ်ဟောင်း ယင်းလပ်ရှင်နာဝပ်ထရာအား အခြေခံဥပဒေခုံရုံးက ရာထူးမှ ဖယ်ရှားပြီးနောက် မေလ ၂၂ ရက်နေ့တွင် အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းပြီးနောက် လာမည့်နှစ် အထွေထွေ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။
    – AFP
  • ထိုင်းမွတ်စ်လင်မ်  ၁ သောင်းကျော် ယခုနှစ် ဟဂ်ျ ခရီးစဉ် သွားရောက်မည်
    ထိုင်းမွတ်စ်လင်မ် ၁ သောင်းကျော် ယခုနှစ် ဟဂ်ျ ခရီးစဉ် သွားရောက်မည်
    သြဂုတ် ၄ ၊ ၂၀၁၄
    M-Media
    Thai Muslim villagers pray in a mosque during the Ramadan festival in Thailand's southern province of Narathiwat
    ထိုင်းနိုင်ငံတောင်ပိုင်း နာရာဆီဝပ်ပြည်နယ်မှ ကျေးလက်နေထိုင်းမွတ်စ်လင်မ်တို့မှ ဥပုသ်လအတွင်း ဗလီဝတ်ကျောင်းတစ်ခု၌ ၀တ်ပြုနေကြစဉ် (ဓာတ်ပုံ)
    ဗုဒ္ဓဘာသာဝင်များပြီးလျှင် ဒုတိယလူဦးရေအများဆုံးဖြစ်သော ထိုင်းနိုင်ငံမွတ်စ်လင်မ်တို့သည် ယခုနှစ်တွင် လူပေါင်း တစ်သောင်းကျော် ဟဂ်ျခရီးစဉ်သွားရောက်စေမည့် မူဝါဒသစ်တစ်ရပ်ကို ထိုင်းနိုင်ငံမှ ထုတ်ပြန်ကြေငြာသည်။
    မက္ကဟ်ဝတ်ကျောင်းတော် ဆက်လက်တိုးချဲ့ပြုပြင်နေမှုကြောင့် ထိုင်းနှင့် အခြားနိုင်ငံများစွာမှ ဟဂ်ျခရီးသည်ဦးရေကို လျှော့ချထားကြောင်း၊ ထိုင်းဟဂ်ျခရီးသည်များအတွက် ထိုင်းနိုင်ငံလေကြောင်းလိုင်း Thai Airways International ၏ ခရီးစဉ် (၂၀)ဖြင့် Songkhla ပြည်နယ်မှ ဆော်ဒီအာရေဗျသို့ စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းသံရုံး၊ စီမံရေးရာဦးစီး Wijak Chittarat ကပြောသည်။
    ထိုင်း၏ ဟဂ်ျခရီးသည်များအတွက် သုဝဏ္ဏဘုမ္မိ နှင့် ဖူးခက်နိုင်ငံတကာလေဆိပ်တို့မှ ဂျစ်ဒါနှင့် မဒီနဟ်သို့သွားမည့် လေယာဉ်များစွာရှိနေသည်။ (၂၀၁၄)ခုနှစ်တွင် ထိုင်းနိုင်ငံအတွက် ဟဂ်ျခရီးသည်ခွဲတမ်း (၁၀၄၀၀)ဦး ရရှိထားသည်။ ယခုနှစ် လျှောက်ထားသူအများစုမှာ ထိုင်းနိုင်ငံတောင်ပိုင်း
    အတွင်းကျဒေသများမှဖြစ်သည်။
    ထိုင်းနိုင်ငံသည် ဗုဒ္ဓဘာသာဝင်အများစုနေထိုင်သည့် တိုင်းပြည်ဖြစ်သော်လည်း ဘာသာပေါင်းစုံသည် သမိုင်းနှင့်ချီ၍ သဟဇာတဖြစ်စွာ နေထိုင်လာခဲ့ကြသည်။ ဘာသာရေးလွတ်လပ်ခွင့်အား ထိုင်းဘုရင်မှာ ကာကွယ်ပေးခဲ့သလို လက်ရှိခေတ်သမယတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အကာအကွယ်ပေးထားသည်။ မှတ်တမ်းများအရ ထိုင်းနိုင်ငံတွင်း မှတ်ပုံတင်ထားပြီးသော ဗလီဝတ်ကျောင်းတော်ပေါင်း (၃၈၀၂)လုံးရှိ၍ (၆၈၁)လုံးမှာ Pattani ပြည်နယ်တွင် ရှိကြောင်း၊ ဘန်ကောက်တစ်မြို့တည်းမှာပင် ခန့်မှန်းချေ (၁၇၇)လုံးရှိကြောင်း Chittarat မှ ဆိုသည်။
    Source : Arab news
  • အစ္စရေး၏ ဂါဇာအား ကျူးကျော် တိုက်ခိုက်မှု ထိုင်းမွတ်စလင်မ် မီဒီယာကွန်ရက်မှ ရှုံ့ချ ၊ ထိုင်းပြည်သူများ ဆန္ဒပြ
    ၁၈ ဇူလိုင် ၂၀၁၄
    M-Media
    သတင်း/ဓါတ်ပုံ- ပျံလွှား
    10492353_4268618890461_643635664886785743_n
    ဇူလိုင် ၁၈ရက်နေ့တွင် ဘန်ကောက်ရှိ ထိုင်းနိုင်ငံအစ္စလာမ့်စင်တာတွင် ထိုင်းမွတ်စလင်မ် မီဒီယာကွန်ရက်မှ ဦးစီးပြီး ‘အစ္စရေးက ပါလက်စတိုင်းတို့အား လူမျိုးတုန်းသတ်ဖြတ်မှုများ’ ဆိုသည့် ခေါင်းစဉ်ဖြင့် အစ္စရေးကို ဆန့်ကျင်ရှုံ့ချသည့် indoor လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ပါသည်။
    ထိုလှုပ်ရှားမှုကို ဆွေးနွေးဟောပြောပွဲပုံစံအဖြစ် ကျင်းပခဲ့ပြီး နိုင်ငံရေး သိပ္ပံပညာရှင်များဖြစ်ကြသော ဒေါက်တာ ဂျာရမ်မာလူလင်းမ်၊ ဒေါက်တာ စရာဝသ်အရီးနှင့် ဒေါက်တာဖာရွက်တို့မှ ဥိးဆောင် ဆွေးနွေးခဲ့ကြသည်။ သုံးဦးစလုံးမှာ ထိုင်း ထိပ်တန်း တက္ကသိုလ်များမှ ကထိကများ ပညာရှင်များ ဖြစ်ကြသည်။ ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်ကတော့ လက်ရှိ ဖြစ်ပွားနေသော ဂါဇာအရေးနှင့်ပတ်သက်ပြီး မျက်ခြေမပြတ်စောင့်ကြည့် သုံးသပ်ရန်ဖြစ်ကြောင်း သိရှိရပါသည်။
    10450838_4268619490476_8554314206580421772_n
    ဂါဇာကို အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေမှာ ၂၃၀ခန့်ရှိပြီ ဖြစ်ပြီး အများစုမှာ ကလေးနှင့် အမျိုးသမီးများဖြစ်ကြသည်။
    ထိုပွဲသို့ ချာတာစောင်ဒေသ ကစ်သလစ်ခရစ်ယာန် အသင်းတော်မှ မယ်သီလရှင်များလည်း ပါဝင်ခဲ့ကြသည်။ နေ့လည် ၂နာရီမှ ၄နာရီအထိကျင်းပခဲ့သော ထိုပွဲတွင် စုစုပေါင်း ပါဝင်သူ ၈၀ ကျော်ရှိသည်။
    ပါလက်စတိုင်း အစ္စရေး ပဋိပက္ခ သမိုင်းမှာ ရှည်လျားလှသော်လည်း အစ္စရေး၏ လုပ်ရပ်မှာ ပါလက်စတိုင်းပြည်သူများနှင့် ဟားမတ်စ်အဖွဲ့ကို အပြတ်ရှင်းရန်နှင့် ပါလက်စတိုင်းမြေမှ ဖယ်ရှားပစ်ရန်သာ ဖြစ်ကြောင်း ပညာရှင်များက ဆွေးနွေး သုံးသပ်ခဲ့သည်။
    10394142_4268620490501_3861854122837662912_n
    ထိုလှုပ်ရှားမှုနှင့်အတူ ထိုင်းမွတ်စလင်မ်မီဒီယာကွန်ရက်မှ ဒုတိယအကြိမ် သဘောထား ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပြီး ထို ထုတ်ပြန်ချက်တွင်
    (၁) အစ္စရေးနိုင်ငံကို အကြမ်းဖက် နိုင်ငံအဖြစ် သတ်မှတ် ရှုံ့ချကြောင်း
    (၂) အစ္စရေး၏ ဂါဇာဒေသကို တိုက်ခိုက်မှုမှာ လူအများအပြားကို သတ်ဖြတ်သည့် စစ်ရာဇဝတ်မှုဖြစ်ကြောင်း
    (၃) ကမ္ဘာ့မွတ်စလင်မ်နိုင်ငံများနှင့် ကမ္ဘာပေါ်ရှိ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူတိုင်းအား အစ္စရေးအား ကန့်ကွက်ရှုံ့ချရန် မေတ္တာရပ်ခံကြောင်း
    (၄) ပါလက်စတိုင်းပြည်သူများအတွက် ဆုတောင်းမေတ္တာ တောင်းခံပေးရန် စသည့်အချက်များ ပါဝင်သည်။
    ပြီးခဲ့သည့် အင်္ဂါနေ့ ဇူလိုင် ၁၅ ရက်နေ့ကလည်း အစ္စရေး၏ ဂါဇာအား ကျူးကျော်ကာ အပြစ်မဲ့ကလေးငယ်များအား ရက်ရက်စက်စက် ပစ်မှတ်ထားတိုက်ခိုက်မှုအပေါ်ဘန်ကောက်ရှိ အစ္စရေးသံရုံးကို လူငါးရာခန့်မှ မနက် ၉နာရီမှ နေ့လည် ၁၂အထိ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသေးသည်။
    1907378_4268629530727_1080630572601353892_n
    ထိုင်းနိုင်ငံတွင်သာမက ဂျူးလူမျိုးများ ကိုယ်တိုင် အပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးမှ ဇီယွန်ဝါဒီ အစ္စရေးအစိုးရကို ဂါဇာအား ကျူးကျော်မှုနှင့် ကလေးငယ်များအား ပစ်မှတ်ထားတိုက်ခိုက်မှုအပေါ် ရှုံ့ချ ဝေဖန်လျက်ရှိနေသည်။
    10389295_4268628010689_1203248071460944930_n
    995059_4268630650755_1326408194722340323_n