သြဂုတ် ၂၆ ၊ ၂၀၁၄
M-Media

– နိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် စစ်တပ်ကြီးစိုးသည့် ပါလီမန်က ရွေးချယ်ခဲ့သော ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာအား ၀န်ကြီးချုပ်အဖြစ် ထိုင်းဘုရင် ဘုမိဘောက ယနေ့တွင် အသိအမှတ်ပြုခဲ့သည်ဟု သိရသည်။
ဘုရင်ကြီး ဘုမိဘောမှ အသိအမှတ်ပြုခြင်းအခမ်းအနားကို စစ်ဌာနချုပ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကြားဖြတ်အစိုးရသစ် ဖွဲ့စည်းရေးကို လာမည့် သီတင်းပတ်များတွင် ပြုလုပ်သွားဖွယ် ရှိနေသည်။ ပရာယွတ်အား ၀န်ကြီးချုပ်သစ်အဖြစ် ခန့်အပ်လိုက်ခြင်းကြောင့် အာဏာမှာ စစ်တပ်၏ လက်တွင် ဆက်လက်တည်ရှိနေသည်။
“ဘုန်းတော် ကြီးမြတ်လှသော ဘုရင်ကြီးက ကျွန်တော့်ကို ၀န်ကြီချုပ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး သိပ်ကို ကျေးဇူးတင်မိပါတယ်။ ဒါဟာ ကျွန်တော်နဲ့ ကျွန်တော့် မိသားစုအတွက် ဂုဏ်ယူစရာပါ။ တိုင်းပြည်နဲ့လူမျိုးအကျိုးအတွက် ကျွန်တော့်ရဲ့တာဝန်ကို ရိုးသားစွာ ထမ်းဆောင်သွားပါမယ်” ဟု ပရာယွတ်က အခမ်းအနား အပြီးတွင် ပြောကြားခဲ့သည်။
အဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် ပါလီမန်တွင် စစ်တပ်မှ လွှမ်းမိုးခဲ့ပြီး၊ မကြာခင် ဖွဲ့စည်းမည့် ကြားဖြတ်အစိုးရအဖွဲ့တွင်လည်း စစ်တပ်အရာရှိများသာ ပါဝင်လိ့မ်မည်ဟု လေ့လာစောင့်ကြည့်သူများက ခန့်မှန်းပြောဆိုနေကြသည်။
Agencies

Leave a Reply
You must be logged in to post a comment.