News @ M-Media

Tag: thailand

  • ဂူထဲတွင် ပျောက်သွားသည့် ထိုင်းကလေးငယ်များအား အသက်ရှင်လျက် ပြန်တွေ့ (မြန်မာစာတမ်းထိုး)

    ဇူလိုင် ၃၊ ၂၀၁၈
    M-Media
     
    – ထိုင်း-မြန်မာနယ်စပ်အနီးက ဂူထဲမှာ လွန်ခဲ့တဲ့ ၁၀ ရက်လောက်က ၀င်ရောက်ပျောက်ဆုံးသွားတဲ့ ထိုင်း လူငယ်ဘောလုံးသမား ၁၂ ဦးနဲ့ သူတို့ရဲ့ နည်းပြကို ဗြိတိန် ရေငုပ်သမားတွေက မနေ့မှာ အသက်ရှင်လျက် ပြန်တွေ့ခဲ့ပါတယ်။
     
    Source – BBC

  • သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    သောကြာနေ့မနက် နိုင်ငံတကာသတင်းများ

    ဇွန် ၂၉၊ ၂၀၁၈
    M-Media

    ပျောက်ဆုံးထိုင်းကလေးများရှာဖွေမှု မျှော်လင့်ချက်နည်းလာ
    ===============
    ထိုင်းမြန်မာနယ်စပ်က လှိုဏ်ဂူထဲမှာ ပျောက်ဆုံးသွားတဲ့ လူ ၁၃ ဦးကို ရှာဖွေဖို့ ရေငုပ်သမားတွေရဲ့ ဒီကနေ့ ကြိုးစားမှုဟာ ဂူအတွင်း ရေစီးအလွန်သန်နေတာကြောင့် အရာမရောက် ဖြစ်နေပါတယ်။ လူငယ်ဘောလုံးသမား ၁၂ ဦးနဲ့ သူတို့ရဲ့ နည်းပြတစ်ဦး စုစုပေါင်း ၁၃ ဦးပါဝင်တဲ့ သူတို့အဖွဲ့ ပျောက်ဆုံးသွားတာ ၆ ရက်မြောက်လာခဲ့ပါပြီ။ ကယ်ဆယ်ရေးသမားတွေက ဂူအတွင်း ရေတက်လာမှုကြောင့် သူတို့အဖွဲ့ဟာ ဂူအပေါ်က အကန့်တွေမှာ ပိတ်မိနေမယ်လို့ ယူဆနေကြပါတယ်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာဟာ ဒီကနေ့မှာ အဲဒီဂူကို လာရောက်ခဲ့ပြီး ပူဆွေးသောကရောက်နေတဲ့ မိသားစုတွေကို နှစ်သိမ့်ခဲ့ပါတယ်။ ရာသီဥတု ဆိုးရွားမှုကြောင့် မနေ့ကလည်း ရှာဖွေမှုကို နာရီအတော်ကြာ ရပ်ဆိုင်းခဲ့ရပါတယ်။

    အမေရိကန် သတင်းစာတိုက်တစ်ခုတွင် ပစ်ခတ်မှုဖြစ်ပြီး လူ ၅ ဦးသေဆုံး
    ==========
    အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် အန်နာပိုလစ်မြို့က Capital Gazette သတင်းစာတိုက်နဲ့ အခြား သတင်းစာရုံးခန်းတွေရှိတဲ့ အဆောက်အဦးမှာ မနေ့နေ့လည်ပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ကတော့ တိုက်ခိုက်သူဟာ အသက် ၃၈ နှစ်အရွယ် ဂျာရိုဒ် ရာမို့စ်ဆိုသူဖြစ်ပြီး အသရေဖျက်မှုကိစ္စအတွက် ၂၀၁၅ ခုနှစ်မှာ Capital Gazette သတင်းစာကို အမှုရှုံးခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ရာမို့စ်ဟာ Capital Gazette က ၀န်ထမ်းတွေကို ပစ်မှတ်ထားကာ ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

    ထရမ့်-ပူတင် ထိပ်သီးအစည်းအဝေး ဇူလိုင် ၁၇ ရက်နေ့တွင် လုပ်မည်
    ============
    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ပူတင်တို့ဟာ ဇူလိုင်လ ၁၆ ရက်နေ့ ဖင်လန်နိုင်ငံ ဟယ်လင်စကီးမြို့မှာ ထိပ်သီးဆွေးနွေးပွဲတစ်ခု ကျင်းပမယ်လို့ အိမ်ဖြူတော်က မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားက ပါဝင်ပတ်သက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ ကိစ္စအတွက် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေတဲ့အချိန် ဒီလို ထိပ်သီးဆွေးနွေးပွဲ ပေါ်ပေါ်လာတာပါ။ ဆီးရီးယား၊ ယူကရိန်းနဲ့ အခြားကိစ္စတွေအကြောင်း ဆွေးနွေးဖို့ရှိနေပြီး ရလဒ်က အပြုသဘောဆောင်လိ့မ်မယ်လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

    ဆော်ဒီမှ မလေးရှားတပ်များ ပြန်လည်ရုပ်သိမ်းမည်
    ====================
    အရှေ့အလယ်ပိုင်းပြဿနာမှာ မပါဝင်ချင်တာကြောင့် ဆော်ဒီမှာရှိတဲ့ သူတို့တပ်တွေကို ရုပ်သိမ်းသွားမယ်လို့ မလေးရှားကာကွယ်ရေးဝန်ကြီး မိုဟာမက် ဆာဘူးက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ ယီမင်က မလေးနိုင်ငံသားတွေကို ကယ်ထုတ်ဖို့အတွက် ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်လက်ထက် ၂၀၁၅ မှာ မလေးရှားတပ်တွေကို ဆော်ဒီကို ပို့ဆောင်ခဲ့တာပါ။ ဒါပေမယ့် အရေအတွက် ဘယ်လောက်ရှိလဲဆိုတာ မသိရပါဘူး။ ဆာဘူးက မလေးရှားအနေနဲ့ နိုင်ငံခြားရေးပေါ်လစီမှာ ကြားနေ၀ါဒကို အမြဲတမ်းကျင့်သုံးသွားမယ်လို့ ဆိုပါတယ်။

    Ref : Aljazeera, CNA

  • မြန်မာမိန်းကလေးများဖြင့် ၀န်ဆောင်မှုပေးနေသည့် ကန်ပြည့်တန်ဆာခေါင်းကို ထိုင်းဖမ်းဆီး

    မြန်မာမိန်းကလေးများဖြင့် ၀န်ဆောင်မှုပေးနေသည့် ကန်ပြည့်တန်ဆာခေါင်းကို ထိုင်းဖမ်းဆီး

    မေ ၈၊ ၂၀၁၈
    M-Media

    – ကာမဆန္ဒ ဖြည့်ဆည်းချင်သူတွေကို မြန်မာအမျိုးသမီးတွေနဲ့ ချိတ်ပေးတဲ့ ပြည့်တန်ဆာခေါင်း အမေရိကန်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    အသက် ၆၆ နှစ်အရွယ် ဗစ်ဂို အလ်ဘာ့တ်ဆန်ဆိုတဲ့ အဲဒီအမျိုးသားဟာ Chiang Rai ပြည်နယ်မှာ အငြိမ်းစားဗီဇာနဲ့ နေထိုင်နေတာဖြစ်ပြီး Burmese Border Chicks for Hire ဆိုတဲ့ ၀ဘ်ဆိုက်နဲ့ Facebook စာမျက်နှာတွေကို လွှင့်တင်ထားကာ ဘတ် ၆၅၀၀ နဲ့ မြန်မာအမျိုးသမီးတွေနဲ့ ပျော်ပါးနိုင်အောင် စီစဉ်ပေးတာဖြစ်ပါတယ်။

    အလ်ဘာ့ဆန်ဟာ သူ့ဖောက်သည်တွေကို မယ်ဆိုင်မှာ မြန်မာမိန်းကလေးတွေနဲ့တွေ့ဖို့ စီစဉ်ပေးသလို၊ မြန်မာနိုင်ငံထဲ ၀င်ရောက်ပျော်ပါးနိုင်အောင်လည်း ပြုလုပ်ပေးတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။

    “သူ ဒီအလုပ်လုပ်နေတာ အနည်းဆုံး ၁၀ နှစ်လောက်ရှိပါပြီ” လို့ ထိုင်း ရာဇ၀တ်မှုနှိမ်နှင်းရေးဌာနက ဒုတိယအကြီးအကဲ ကာနယ် Jirabhob Bhuridej က ပြောကြားခဲ့ပါတယ်။

    မယ်ဆိုင် ဟိုတယ်တစ်ခုမှာ ဖောက်သည်အဖြစ် ဟန်ဆောင်ထားတဲ့ ထိုင်းရဲတပ်ဖွဲ့က အသွင်ယူရဲသားတွေကို မြန်မာနိုင်ငံက အသက် ၂၅ နှစ်နဲ့ ၁၈ နှစ်အရွယ်ရှိတဲ့ မိန်းကလေးနှစ်ယောက်နဲ့ တွေ့ဆုံဖို့ စီစဉ်ပေးခဲ့ပြီးတဲ့နောက် အလ်ဘာ့တ်ဆန်ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

    အလ်ဘာတ်ဆန်အပြင် အဲဒီ မြန်မာမိန်းကလေးနှစ်ဦး၊ ကူညီပေးခဲ့တဲ့ မြန်မာပွဲစား အမျိုးသမီးတစ်ဦးတို့ကိုလည်း ပြည့်တန်ဆာဆိုင်ရာ ဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။

    ထိုင်းနိုင်ငံမှာ တွင်ကျယ်နေတဲ့ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ ဝေဖန်မှုတွေ ကျယ်လောင်လာခဲ့ပြီးတဲ့နောက် ဒီလို ဖမ်းဆီးမှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    ထိုင်းနိုင်ငံက လိင်လုပ်ငန်းအတွက် အိမ်နီးချင်းမြန်မာနိုင်ငံက မိန်းကလေးတွေဟာ လူကုန်ကူးမှုသားကောင် ဖြစ်နေရပါတယ်။

    Ref: Straits Times

  • တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    ဧပြီ ၃၀၊ ၂၀၁၈
    M-Media

    ထိုင်းပြည်သူများ၏ ဆန္ဒပြမှု

    တရုတ်နိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယားသွားမည်
    ================
    နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီဟာ ဒီတစ်ပတ်အတွင်း မြောက်ကိုရီးယားနိုင်ငံကို သွားရောက်မယ်လို့ တရုတ်က ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယွန်ဟိုရဲ့ ဖိတ်ကြားမှုနဲ့ ဗုဒ္ဓဟူးနဲ့ ကြာသာပတေးတွေမှာ သွားရောက်မှာဖြစ်ကာ ၂၀၀၇ ခနှစ်နောက်ပိုင်း မြောက်ကိုရီးယားကို သွားရောက်တဲ့ ပထမဆုံး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာမှာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ပြီးခဲ့တဲ့တစ်ပတ်မှာ တောင်ကိုရီးယားသမ္မတနဲ့ တွေ့ဆုံခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့လည်း မေလမှာ တွေ့ဆုံဖို့ရှိပါတယ်။

    အစိုးရဇိမ်ခံအိမ်ယာစီမံကိန်း ဖျက်သိမ်းရေး ထိုင်းပြည်သူများ ဆန္ဒပြ
    ==============
    သစ်တောမြေမှာ အစိုးရဇိမ်ခံအိမ်ယာ ဆောက်လုပ်မှုကို ဆန့်ကျင်တဲ့အနေနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်က ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ မနေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ဒါဟာ ၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အကြီးမားဆုံး ဆန္ဒပြမှုလည်း ဖြစ်ပါတယ်။ ဆန္ဒပြသူတွေက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ဒီစီမံကိန်းကို ရပ်တန့်ဖို့ အစိုးရကို အချိန်တစ်ပတ်ပေးထားပြီး ဒီလိုမှမလုပ်ရင် နောက်ထပ် ဆန္ဒပြမှုတွေနဲ့ ကြုံတွေ့ရမယ်လို့ သတိပေးခဲ့ကြပါတယ်။

    အစ္စရေး၏ ပစ်ခတ်မှုကြောင့် ဂါဇာတွင် ပါလက်စတိုင်း ၃ ဦး ထပ်မံသေဆုံး
    =============
    ပါလက်စတိုင်းပိုင်နက်ဖြစ်တဲ့ ဂါဇာမှာ မနေ့က ဆန္ဒပြမှုအတွင်း အစ္စရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းအရပ်သား ၃ ဦး ထပ်မံသေဆုံးသွားပါတယ်။ ၁၉၄၈ ခုနှစ် ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းတွေ နေရပ်ပြန်နိုင်ရေးအတွက် ဂါဇာပြည်သူတွေဟာ မတ်လ ၃၀ ရက်နေ့ကတည်းက စတင် ဆန္ဒပြခဲ့ကြတာဖြစ်ပြီး အစ္စရေးရဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးသူဟာ ၅၀ နီးပါးရှိလာကာ ဒဏ်ရာရသူတွေက ၅၅၀၀ ကျော်လောက် ရှိလာပြီ ဖြစ်ပါတယ်။

    IS နှင့်ပေါင်းသည့် နိုင်ငံခြားအမျိုးသမီးများကို အီရတ်က ထောင်တစ်သက်ချ
    ===============
    IS အကြမ်းဖက်အဖွဲ့ကို ထောက်ခံမှုနဲ့ ပူးပေါင်းမှုအတွက် ရုရှားနိုင်ငံသား အမျိုးသမီး ၁၉ ဦး၊ အဇာဘိုင်ဂျန်နဲ့ တာဂျီကစ္စတန်က အမျိုးသမီး ၆ ဦးတို့ကို အီရတ်က မနေ့မှာ ထောင်ဒဏ် တစ်သကတ်တစ်ကျွန်း ချမှတ်လိုက်ပါတယ်။ အမျိုးသမီးတွေကတော့ သူတို့ဟာ လိမ်လည်ခေါ်ဆောင်မှုကို ခံခဲ့ရတာဖြစ်တယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ အခုလအစောပိုင်းကလည်း အီရတ်ဟာ ပြင်သစ်အမျိုးသမီးတစ်ဦးကို IS နဲ့ ပူးပေါင်းမှုအတွက် ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ဖူးပါတယ်။

    Ref: Aljazeera, CNA

  • ဘန်ကောက်ရှိသံရုံးကို ပေါင် သန်း ၄၀၀ကျော်ဖြင့် ဗြိတိန်က ရောင်းချ

    ဘန်ကောက်ရှိသံရုံးကို ပေါင် သန်း ၄၀၀ကျော်ဖြင့် ဗြိတိန်က ရောင်းချ

    ဇန်န၀ါရီ ၃၁၊ ၂၀၁၈
    M-Media

    – ဗြိတိန်မှာ ဘန်ကောက်ရှိ ၎င်းတို့၏သံရုံးကို ပေါင်း သန်း ၄၂၀ ဖြင့် ရောင်းချလိုက်ပြီး သမိုင်းတစ်လျှောက် ပိုင်ဆုံးမှုရောင်းချရာတွင် အကြီးမားဆုံးလည်း ဖြစ်သည်။

    ရောင်းချ၍ရသည့်ငွေကို ကမ္ဘာတစ်ဝှမ်းမှ အခြားသော ဗြိတိန်သံရုံးများအား ပြုပြင်ရန် အသုံးပြုသွားမည်ဟု ဆိုသည်။ ထိုင်းနိုင်ငံမှ ဗြိတိန်သံအဖွဲ့မှာ ၂၀၁၉ ခုနှစ်တွင် အဆောက်အဦးအသစ်သို့ ပြောင်းရွှေ့ရန် စီစဉ်ထားသည်။

    ယခုရောင်းချလိုက်သည့် သံရုံးကို ၁၉၂၂ ခုနှစ်တွင် ဗြိတိန်က ဘန်ကောက်မြို့ ဆင်ခြေဖုံး၌ မြေ ၉ ဧက ၀ယ်ယူကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

    သံရုံးဝင်းအတွင်း ပန်းခြံတစ်ခု၊ ၀ိတိုရိယဘုရင်မ၏ ရုပ်ထုနှင့် စစ်ပွဲ အထိမ်းအမှတ် အမှတ်အသားတစ်ခုရှိသည်။ ဘုရင်မရုပ်ထုကို ၀င်းအတွင်း ဆက်လက်ထားရှိမည်ဖြစ်ပြီး စစ်ပွဲအမှတ်အသားကို အဆောက်အဦးအသစ်သို့ ယူဆောင်သွားမည်ဖြစ်သည်။

    သံရုံးရောင်းချသည့် တန်ဖိုးမှာ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနက၏ တစ်နှစ်စာ ဘက်ဂျက် ပေါင် ၁.၂ ဘီလီယံ၏ ထက်ဝက်နီးပါးရှိသည်။

    ရောင်းချ၍ ရရှိသည့် ငွေကြေးများကို ပဲရစ်နှင့် ကိုင်ရိုတို့ရှိ ဗြိတိသျှသံရုံးများ ပြုပြင်ခြင်း၊ နယူးဒေလီတွင် သံရုံးအတွက် အဆောက်အဦးဝယ်ယူခြင်းတို့တွင် သုံးစွဲသွားမည်ဖြစ်သည်။

    Ref: BBC