News @ M-Media

Tag: thailand

  • ထိုင်းနိုင်ငံရှိ မီးပန်းစက်ရုံ ပေါက်ကွဲမှုကြောင့် မြန်မာနိုင်ငံသား ၆ ဦး သေဆုံး

    ထိုင်းနိုင်ငံရှိ မီးပန်းစက်ရုံ ပေါက်ကွဲမှုကြောင့် မြန်မာနိုင်ငံသား ၆ ဦး သေဆုံး

    မေ ၉၊ ၂၀၁၆
    M-Media

    fireworks

    – ထိုင်းနိုင်ငံရှိ မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှုအတွင်း မြန်မာနိုင်ငံသား ၆ ဦး သေဆုံးခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့သည်။

    ပေါက်ကွဲသည့်စက်ရုံမှာ နိုင်ငံအလယ်ပိုင်း ဆူဖန် ဘူရီပြည်နယ်ရှိ ယာတောအိမ်ကလေးကို ပြုလုပ်ထားသည့် တရားမ၀င် မီးရှူးမီးပန်းစက်ရုံဖြစ်ပြီး သေဆုံးသူများမှာ အမျိုးသမီးလေးဦးနှင့် အမျိုးသားနှစ်ဦးဖြစ်ကာ အဆိုပါစက်ရုံတွင် အလုပ်လုပ်နေသည်ဟု ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။

    ထို့ပြင် အဆိုပါအဖွဲ့မှာ လုပ်ငန်းလိုင်စင်မရှိဘဲ ငှက်များကိုမောင်းထုတ်ရန်အတွက် အဆိုပါ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကို လယ်သမားများအား ရောင်းချပုံရသည်ဟု ဆိုသည်။

    ရဲတပ်ဖွဲ့ကမူ မီးလောင်ထားသော အလောင်းများကို ဆေးရုံသို့ပို့ထားပြီး မည်သည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ရန် ဆောင်ရွက်နေကာ မီးလောင်ပေါက်ကွဲမှု၏ အကြောင်းအရင်းကိုလည်း ရှာဖွေနေသည်။

    Ref: Yangon.coconuts

  • ခေါင်းပုံဖြတ်ခံရသည့် မြန်မာလုပ်သားများကို ထိုင်း ပင်လယ်စာလုပ်ငန်းတစ်ခုက နစ်နာကြေးပေးမည်

    ခေါင်းပုံဖြတ်ခံရသည့် မြန်မာလုပ်သားများကို ထိုင်း ပင်လယ်စာလုပ်ငန်းတစ်ခုက နစ်နာကြေးပေးမည်

    မတ် ၂၊ ၂၀၁၆
    M-Media

    thai

    – မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုအတွက် နစ်နာကြေးအဖြစ် ကန်ဒေါ်လာ ၁.၃ သန်းပေးအပ်ရန် ထိုင်း ငါးလုပ်ငန်းတစ်ခုက သဘောတူလိုက်ပြီး ကျွန်ပြုခိုင်းစေမှုများရှိသည်ဟု မကောင်းသတင်းများ ထွက်ပေါ်ခဲ့သည့် ထိုင်းပင်လယ်စာလုပ်တွင် လုပ်ကိုင်နေရသော ရွှေ့ပြောင်းလုပ်သားများအတွက် ရှားပါးသည့် အောင်မြင်မှုဖြစ်သည်။

    လျော်ကြေပေးမည့် ကုမ္ပဏီမှာ Golden Prize Tuna Canning ဖြစ်ပြီး စမွတ် ဆက်ခ်ဟွန်ဒေသ၌ အခြေစိုက်သော အဆိုပါ ကုမ္ပဏီမှာ ကမ္ဘာတစ်ဝှမ်းသို့ ငါးများ တင်ပို့နေသည့် လုပ်ငန်းတစ်ခုလည်း ဖြစ်သည်။ အလုပ်သမားများ၏ လုပ်ငန်းခွင်အခြေအနေများအပေါ် အမြတ်ထုတ်မှုအတွက် နစ်နာကြေးရရှိရန် အလုပ်သမားအဖွဲ့အစည်းများက လအနည်းငယ် ကြိုးပမ်းခဲ့ရပြီး ရာနှင့်ချီသော မြန်မာလုပ်သားများမှာ ထိုနစ်နာကြေးကို ခံစားရမည်ဖြစ်သည်။

    လူ့အခွင့်အရေးအဖွဲ့များကမူ Golden Prize မှာ အလုပ်သမားများကို အစိုးရက သတ်မှထားသည့်လစာထက် လျှော့ပေးခြင်း၊ အလုပ်သမားခေါင်းများက အလုပ်သမားများအပေါ် ရိုင်းပျစွာ ဆက်ဆံခြင်းနှင့် လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရမှုများအတွက် နစ်နာကြေးပေးမှုမရှိခြင်း စသည့် ဥပဒေချိုးဖောက်မှုများကို အချိန်အတော်ကြာကတည်းက လုပ်ဆောင်နေသည့် ကုမ္ပဏီဖြစ်သည်ဟု ဆိုသည်။

    ထိုကဲ့သို့သော အခြေအနေများကြောင့် ပြီးခဲ့သည့်တစ်ပတ်က အလုပ်သမား ၁၀၀၀ ကျော်မှာ သပိတ်မှောက်မှုများ ပြုလုပ်ခဲ့ကာ ကုမ္ပဏီ ကိုယ်စားလှယ်များက စစ်ဖက်ဆိုင်ရာနှင့် အစိုးရတာဝန်ရှိသူများ၊ ရွှေ့ပြောင်းအလုပ်သမားခေါင်းဆောင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နစ်နာကြေးပေးရန် တနင်္လာနေ့တွင် သဘောတူခဲ့ခြင်းဖြစ်သည်။ ထိုစက်ရုံတွင် လုပ်ကိုင်နေသည့် လုပ်သားများမှာ ၂၀၀၀ ကျော်ရှိနေပြီး အများစုမှာ မြန်မာနိုင်ငံမှဖြစ်သည်။

    ထိုင်းနိုင်ငံမှာ ကမ္ဘာ့ တတိယအကြီးဆုံး ပင်လယ်စာတင်ပို့သည့် နိုင်ငံဖြစ်သော်လည်း ထိုလုပ်ငန်းတွင် အိမ်နီးချင်း မြန်မာနှင့် ကမ္ဘောဒီယားနိုင်ငံတို့မှ လုပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ကျွန်ပြုခိုင်းစေမှုများကြောင့် နာမည်ပျက်များရှိနေပြီး ထိုင်းအစိုးရနှင့် နိုင်ငံတကာမှ စုံစမ်စစ်ဆေးမှုများကို ခံနေရသည်။

    Ref: The Guardian

  • ဘန်ကောက်ဗုံးကွဲမှုအတွက် စွပ်စွဲခံထားရသူ ၀ီဂါလူမျိုးနှစ်ဦးက ပြစ်မှုကျူးလွန်မှုမရှိကြောင်း ငြင်းဆို

    ဘန်ကောက်ဗုံးကွဲမှုအတွက် စွပ်စွဲခံထားရသူ ၀ီဂါလူမျိုးနှစ်ဦးက ပြစ်မှုကျူးလွန်မှုမရှိကြောင်း ငြင်းဆို

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၆
    M-Media

    china 3

    – သြဂုတ်လက ဘန်ကောက်မြို့ရှိ ဧရာဝဏ်နတ်ကွန်း ဗုံးပေါက်ကွဲမှုအတွက် စွပ်စွဲခံထားရသည့် ၀ီဂါလူမျိုး ၂ ဦးက ထိုအဖြစ်အပျက်တွင် ၎င်းတို့ ပါဝင်မှုမရှိဟု ဆိုပြီး၊ ရဲတပ်ဖွဲ့က နှိပ်စက်ငြှင်းပမ်းမှုကြောင့် ဖြောင့်ချက်ပေးခဲ့ရသည်ဟု ယနေ့တွင် ပြောကြားလိုက်သည်။

    အဒီမ်း ကရာဒဂ်နှင့် ယူဆူဖူ မီလာရိုင်လီတို့ဖြစ်ကြပြီး ယနေ့တွင် ရုံးချိန်းအတွက် စစ်ခုံရုံးသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ တရားရုံးကမူ ၎င်းတို့ နှစ်ဦးအား ကြိုတင်ကြံစည်မှုဖြင့် လူသတ်ခြင်း၊ တရားမ၀င် လက်နက်များ ကိုင်ဆောင်ခြင်း စသည့် စွဲချက်များဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ဦးကမူ ထိုဗုံးပေါက်ကွဲမှုအတွက် အပြစ်မရှိဟု ပြောကြားခဲ့သည်။

    “ကျွန်တော့်မှာ အပြစ်မရှိပါဘူး။ ကျွန်တော်ထောင်ထဲရောက်နေတာ ၆ လရှိပါပြီ” ဟု မီရိုင်လီက ဆိုသည်။

    သြဂုတ်လ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ နတ်ကွန်း ဗုံးပေါက်ကွဲမှုအတွင်း လူ ၂၀ ခန့် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။ ဗုံးဖောက်မှု၏ နောက်ကွယ်မှ အကြောင်းအရင်းကို အတိအကျ ထုတ်ဖော် မပြောဆိုနိုင်သေးသော်လည်း အခင်းမဖြစ်ပွားခင် ၀ီဂါပြောင်းရွှေ့အခြေချသူများအား တရုတ်နိုင်ငံသို့ ပြန်ပို့ခဲ့ခြင်းက ဗုံးဖောက်ခွဲမှု၏ အကြောင်းအရင်း ဖြစ်နိုင်သည်ဟု ပြောဆိုမှုများ ရှိသည်။

    ရဲတပ်ဖွဲ့ကမူ ဖမ်းဆီးခံထားရသည့် ၀ီဂါလူမျိုး နှစ်ဦးစလုံးက စောစောပိုင်းတွင် ၀န်ခံခဲ့သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း CCTV တွင် တွေ့မြင်ခဲ့ရသည့် ဗုံးထောင်သူနှင့် တူညီသည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရသည့် အဒီမ်း ကရာဒဂ်၏ ရှေ့နေကမူ ၎င်းအမှုသည်မှာ ညှင်းပမ်းနှိပ်စက်မှုနှင့် တရုတ်နိုင်ငံသို့ ပြန်ပို့မည်ဟူသော ခြိမ်းခြောက်မှုများကြောင့် ၀န်ခံထွက်ဆိုခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ကရာဒဂ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်ပိုင်း ၄ ရက်ကြာမှ ထိုင်းနိုင်ငံအတွင်းသို့ လာအိုနယ်စပ်မှ ၀င်ရောက်လာခဲ့ခြင်းဖြစ်ပြီး နယ်ခြားစောင့်တပ်ဖွဲ့ကို ကန်ဒေါ်လာ ၆၀၀ လာဘ်ထိုးခဲ့ရကြောင်း ရှေ့နေကဆိုသည်။

    အသက် ၂၆ နှစ်အရွယ် မီရိုင်လီကမူ ဗုံးထည့်ထားသော ကျောပိုးအိတ်ကို ပေးပို့ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ ၎င်းတို့ နှစ်ဦးစလုံးမှာ စစ်ကြောမှုအတွင်း အထိုးခံရခြင်း၊ မျက်နှာကိုအ၀တ်စည်းကာ ပြစ်မှုကျူးလွန်သည်ဟု မထွက်ဆိုပါက တရုတ်အစိုးရထံသို့ လွှဲပြောင်းပေးအပ်မည်ဟု ခြိမ်းခြောက်ခံရခြင်း စသည်တို့ ရှိခဲ့သည်ဟု ရှေ့နေက ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် ကရာဒဂ်မှာ လူမှောင်ခိုကူးသူများ၏ ခေါ်ဆောင်မှုကြောင့် ဘန်ကောက်သို့ ရောက်ရှိလာကြောင်း၊ CCTV တွင် တွေ့ရသည့်လူနှင့် တူညီအောင် ဆံပင်တု၊ မျက်မှန်နှင့် အ၀ါရောင်အင်္ကျီတို့ကို ၀တ်ဆင်ပေးခဲ့ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

    Ref: Channelnewsasia

  • ထိုင်းနိုင်ငံတွင် မားစ်ရောဂါကူးစက်နေသူအား ဒုတိယအကြိမ်တွေ့ရှိ

    ထိုင်းနိုင်ငံတွင် မားစ်ရောဂါကူးစက်နေသူအား ဒုတိယအကြိမ်တွေ့ရှိ

    ဇန်န၀ါရီ ၂၅၊ ၂၀၁၆
    M-Media

    – နိုင်ငံအတွင်း မားစ် (MERS) ရောဂါ ဖြစ်ပွားမှုကို ဒုတိယအကြိမ်မြောက် တွေ့ခဲ့ရတယ်လို့ ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

    ဘန်ကောက်ကိုခရီးထွက်လာတဲ့ အိုမန်လူမျိုး အသက် ၇၁ နှစ်အရွယ် အဘိုးအိုတစ်ဦးမှာ အဲဒီရောဂါကို တွေ့ခဲ့ရတာဖြစ်တယ်လို့ ၀န်ကြီး ပီယာဆာခို ဆာခိုဆတ္တရာဒွန်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    “ဟိုတယ်သွားဖို့ တက္ကစီငှားပြီးတဲ့နောက်မှာ ဆေးရုံခေါ်သွားပြီး သူ့ကို ဗိုင်းရပ်ပိုးရှိ၊ မရှိ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ မားစ် ဗိုင်းရပ်ပိုးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီရောဂါကို အချိန်မီတွေ့ရှိခဲ့တာဖြစ်လို့ ပြည်သူတွေအနေနဲ့ ဘာမှကြောက်စရာမရှိပါဘူး” လို့ ၀န်ကြီးက ပြောခဲ့ပါတယ်။

    အဲဒီအဘိုးအိုနဲ့အတူ ပါလာတဲ့ သားဖြစ်သူအပါအ၀င် အခြားသော ၃၇ ယောက်လောက်ကိုလည်း ဗိုင်းရပ်စ်ရှိ၊ မရှိ ထိုင်းနိုင်ငံက စောင့်ကြည့်နေပါတယ်။ ထိုင်းနိုင်ငံရဲ့ ပထမဆုံး မားစ်ရောဂါကို ပြီးခဲ့တဲ့နှစ်က အိုမန်နိုင်ငံမှ ရောက်လာတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှာ တွေ့ရှိခဲ့တာပါ။

    မားစ်ရောဂါဟာ ၂၀၀၃ ခုနှစ်အတွင်း တရုတ်ပြည်မှာ အသေအပျောက်များစေခဲ့တဲ့ ပြင်းထန်သောအသက်ရှုလမ်းကြောင်းရောဂါ (SARS) ကိုဖြစ်စေတဲ့ ကော်ရိုနာဗိုင်းရပ်စ်မျိုးနွယ်ဝင်မှတဆင့် ဖြစ်ပွားစေတာမျိုးပဲ ဖြစ်ပါတယ်။

    မားစ်ရောဂါကို ၂၀၁၂ ခုနှစ်က ဆော်ဒီအာရေးဗီးယားမှာ ပထမဆုံး တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ ရောဂါအများစုဟာအရှေ့အလယ်ပိုင်း ဒေသတွေမှာ အဖြစ်များကြပါတယ်။

    Ref: Reuters

  • OIC အကြီးအကဲနှင့် ထိုင်းဝန်ကြီးချုပ် ဒေသအရေး တွေ့ဆုံဆွေးနွေး

    OIC အကြီးအကဲနှင့် ထိုင်းဝန်ကြီးချုပ် ဒေသအရေး တွေ့ဆုံဆွေးနွေး

    ဇန်န၀ါရီ ၁၅၊ ၂၀၁၆
    M-Media

    oic thai

    – ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာနှင့် OIC အထွေထွေအတွင်းရေးမှူး အီယဒ် အေမင် မဒနီတို့မှာ ယခုသီတင်းပတ်အတွင်း တွေ့ဆုံခဲ့ကြပြီး ဒေသရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    အဆိုပါ တွေ့ဆုံမှုအတွင်း ဒေသဖွံ့ဖြိုးရေးကိစ္စများ၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ပါဝင်ပြီး၊ မဒနီမှာ ထိုနေ့တွင်ပင် ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး သာဝစ် နထရီယွမ် နှင့် ထို င်းနိုင်ငံ အစ္စလာမ်ဘာသာရေးရာ အကြီးအကဲ ရှိုက်ခွလ်အစ္စလာမ် အာရစ် ပီသက်ခမ်ဖူလ်တို့အပါအ၀င် အခြား ထိုင်းအစိုးရ အရာရှိများနှင့်လည်း တွေ့ဆုံခဲ့သည်။

    နာထရီယွမ်နှင့် တွေ့ဆုံမှုအတွင်း နှစ်ဖက်ဆက်ဆံရေးကိစ္စများနှင့် နိုင်ငံပေါင်းစုံအဖွဲ့တစ်ခုဖြစ်သည့် OIC ၏ အခန်းကဏ္ဍတို့လည်း ပါဝင်ခဲ့သည်။ ၁၇ ရာစုကတည်းက ဖွင့်လှစ်ခဲ့သည့် ရှိုက်ခွလ်အစ္စလာမ်ရုံးတွင်မူ ထိုရုံး၏ လုပ်ဆောင်ချက်များနှင့် OIC ၏ လေ့လာသူနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံရှိ မတူညီသောလူမျိုးစုများမှ အစ္စလာမ်ဘာသာဝင် လူ့အဖွဲ့အစည်းများကြောင်းကို ဆွေးနွေးခဲ့ကြသည်။

    ရှိုက်ခွလ်အစ္စလာမ်ရုံးက တည်ထောင်ထားသည့် ၀ါစာတီယာငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအသင်းကိုလည်း မဒနီက လေ့လာခဲ့သည်။ အဆိုပါအသင်းမှာ ဘာသာရေးခေါင်းဆောင်များကို မွေးထုတ်ပေးရန်၊ အစ္စလာမ်ဘာသာဝင်များနှင့် အခြားဘာသာဝင်များအကြား ပိုမိုကောင်းမွန်သော နားလည်မှု ရရှိရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ထားခြင်းဖြစ်သည်။

    OIC အထွေထွေအတွင်းရေးမှူးမှာ မတူညီသော ဘာသာဝင်များအကြား ယဉ်ကျေးမှုများ ဖလှယ်ရေးနှင့် ငြိမ်းချမ်းမှု တိုးမြှင့်နိုင်ရေး ပညာရပ်များကို သင်ကြားပေးသည့် နိုင်ငံတကာငြိမ်းချမ်းရေးလေ့လာမှုအသင်း (IIPS) ကိုလည်း သွားရောက်လေ့လာခဲ့သည်။

    Ref: IINA