မေ ၉၊ ၂၀၁၆
M-Media
– ထိုင်းနိုင်ငံရှိ မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှုအတွင်း မြန်မာနိုင်ငံသား ၆ ဦး သေဆုံးခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့သည်။
ပေါက်ကွဲသည့်စက်ရုံမှာ နိုင်ငံအလယ်ပိုင်း ဆူဖန် ဘူရီပြည်နယ်ရှိ ယာတောအိမ်ကလေးကို ပြုလုပ်ထားသည့် တရားမ၀င် မီးရှူးမီးပန်းစက်ရုံဖြစ်ပြီး သေဆုံးသူများမှာ အမျိုးသမီးလေးဦးနှင့် အမျိုးသားနှစ်ဦးဖြစ်ကာ အဆိုပါစက်ရုံတွင် အလုပ်လုပ်နေသည်ဟု ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။
ထို့ပြင် အဆိုပါအဖွဲ့မှာ လုပ်ငန်းလိုင်စင်မရှိဘဲ ငှက်များကိုမောင်းထုတ်ရန်အတွက် အဆိုပါ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကို လယ်သမားများအား ရောင်းချပုံရသည်ဟု ဆိုသည်။
ရဲတပ်ဖွဲ့ကမူ မီးလောင်ထားသော အလောင်းများကို ဆေးရုံသို့ပို့ထားပြီး မည်သည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ရန် ဆောင်ရွက်နေကာ မီးလောင်ပေါက်ကွဲမှု၏ အကြောင်းအရင်းကိုလည်း ရှာဖွေနေသည်။
Ref: Yangon.coconuts


Leave a Reply
You must be logged in to post a comment.