News @ M-Media
Tag: turkey
  • ကာ့ဒ်ဒေသ ပြန်တည်ဆောက်ရေး တူရကီက ကန်ဒေါ်လာ ၃.၄ ဘီလီယံ အသုံးပြုမည်
    ကာ့ဒ်ဒေသ ပြန်တည်ဆောက်ရေး တူရကီက ကန်ဒေါ်လာ ၃.၄ ဘီလီယံ အသုံးပြုမည်
    စက်တင်ဘာ ၆၊ ၂၀၁၆
    M-Media
    kurdish
    – အတိုက်အခံများနှင့် အစိုးရတပ်များ အကြီးအကျယ်တိုက်ပွဲဖြစ်ကာ ထိခိုက်ပျက်စီးခဲ့သော နိုင်ငံအရှေ့တောင်ပိုင်း ကာ့ဒ်ဒေသ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းအတွက် တူရကီက လီရာ ၁၀ ဘီလီယံ (ကန်ဒေါ်လာ ၃.၄ ဘီလီယံ) သုံးစွဲသွားမည်ဟု ၀န်ကြီးချုပ် ဘီနာလီ ယီလ်ဒီရင်မ်က တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။
    တူရကီအစိုးရက မတရားအသင်းအဖြစ် ကြေငြာထားသည့် ကာ့ဒ်အလုပ်သမားများပါတီ (PKK) နှင့် အစိုးရတပ်အကြား နှစ်နှစ်ခွဲကြာခဲ့သည့် အပစ်ရပ်ရေး ပျက်ပြယ်သွားပြီးနောက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့်အတွက် တူရကီအရှေ့တောင်ပိုင်းဒေသတစ်ဝိုက် ပျက်ဆီးယိုယွင်းခဲ့သည်။
    စစ်ဆင်ရေးဆောင်ရွက်သည့် နေရာများတွင် အဆောက်အဦးပေါင်း ၆၀၀ ခန့် ပျက်ဆီးခဲ့သည်ဟု တူရကီအစိုးရက စောစာပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ပြီး ပြန်လည်ပြင်ဆင်မှုတန်ဖိုးမှာ လီရာ ၁ ဘီလီယံ (ကန်ဒေါ်လာ ၃၄၅ သန်း) ရှိမည်ဟု ဆိုသည်။
    “ကျွန်တော်တို့ လီရာ ၁၀ ဘီလီယံအထိ သုံးစွဲသွားမှာ ဖြစ်ပါတယ်။ PKK က ဖျက်ဆီးပစ်လိုက်တဲ့ အိမ်တွေအစား အိမ်လှလှလေးတွေ ဆောက်လုပ်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ယီလ်ဒီရင်မ်က ကာ့ဒ်ဒေသမြို့တော် ဒီယာဘာကီရ်တွင် ပြောကြားခဲ့သည့် မိန့်ခွန်း၌ ထည့်သွင်းပြောဆိုခဲ့သည်။
    ထို့ပြင် အစိုးရအဖွဲ့အနေဖြင့် အရှေ့တောင်ပိုင်းရှိ ပြည်နယ် ၇ ခု၌ ငွေကြေးများ သုံးစွဲသွားမည်ဖြစ်ပြီး အိမ်များ၊ ဗလီများနှင့် ဆေးရုံများ တည်ဆောက်ပေးသွားမည်ဟု ၎င်းက ထည့်သွင်းပြောကြားကြားခဲ့သည်။
    Ref : IINA
  • တူရကီမင်္ဂလာဆောင် အကြမ်းဖက်တိုက်ခိုက်သူမှာ ကလေး အသေခံဗုံးခွဲသမားဟု တူရကီပြော
    တူရကီမင်္ဂလာဆောင် အကြမ်းဖက်တိုက်ခိုက်သူမှာ ကလေး အသေခံဗုံးခွဲသမားဟု တူရကီပြော
    သြဂုတ် ၂၂၊ ၂၀၁၆
    M-Media
    turkey 3
    – တူရကီနိုင်ငံတွင် ယမန်နေ့ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၅၀ ကျော် သေဆုံးခဲ့သည့် မင်္ဂလာဆောင် အသေခံဗုံးခွဲမှုတွင် ကလေးငယ်ကို အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု တူရကီက ပြောကြားလိုက်သည်။
    ဆီရီးယားနှင့်ကပ်နေသည့် နိုင်ငံအနောက်တောင်ပိုင်း ဂါဇီယန်တပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တူရကီသမ္မတ အာဒိုဂန်ကမူ ထိုတိုက်ခိုက်မှုမှာ IS အကြမ်းဖက်အဖွဲ့က ပြုလုပ်ခြင်း ဖြစ်နိုင်ဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် အသေခံ ဗုံးခွဲသူမှာ အသက် ၁၂ နှစ်မှ ၁၄ နှစ်ကြားရှိ ကလေးငယ်ဖြစ်သည်ဟုလည်း ဆိုသည်။
    သို့သော်လည်း အဆိုပါလူငယ်လေးက ဗုံးကို စနက်တံဖြုတ်ခဲ့သည်လား သို့မဟုတ် ၎င်းကိုယ်မှဗုံးကို အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲခဲ့သည်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးဟု သမ္မတက ထပ်လောင်းပြောကြားခဲ့သည်။
    ဗုံးခွဲမှုအတွင်း စုစုပေါင်း ၅၁ ဦး သေဆုံးခဲ့ပြီ ၆၉ ဦး ဒဏ်ရာရခဲ့ကာ၊ ၁၇ ဦး၏ ဒဏ်ရာမှာ အလွန်ပြင်းထန်သည်ဟု သိရသည်။ ထိုတိုက်ခိုက်မှုမှာ တူရကီတွင် IS က ကလေးအသေခံဗုံးခွဲသမားအား ပထမဆုံးအသုံးပြုမှု ဖြစ်လာနိုင်သည်။
    Ref: Aljazeera
  • တူရကီရှိ ရဲစခန်းများတွင် ကားဗုံးကွဲမှု ဖြစ်ပွား
    တူရကီရှိ ရဲစခန်းများတွင် ကားဗုံးကွဲမှု ဖြစ်ပွား
    သြဂုတ် ၁၈၊ ၂၀၁၆
    M-Media
    turkey 1
    – တူရကီနိုင်ငံအရှေ့ပိုင်းရှိ ရဲစခန်းများတွင် ယနေ့မနက်ပိုင်းက ကားဗုံးပေါက်မှုများ ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၁၆၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
    အီလာဇစ်မြို့ရှိ ရဲစခန်းတစ်ခုတွင် ကားဗုံးကွဲမှုအတွင်း သေဆုံးသူ ၃ ဦး ရှိခဲ့ပြီး လူ ၁၂၀ ကျော် ဒဏ်ရာရရှိခဲ့ကာ ဗန်ပြည်နယ်ရှိ ရဲစခန်းတွင် ကားဗုံးပေါက်ကွဲမှုတွင်လည်း လူ ၃ ဦး ထပ်မံသေဆုံးခဲ့ကာ လူ ၄၀ ဒဏ်ရာရရှိခဲ့သည်။
    တူရကီသတင်းအေဂျင်စီတစ်ခုဖြစ်သော Dogan ကမူ အီလာဇစ်မြို့ရှိ တိုက်ခိုက်မှုကိုမူ ပိတ်ပင်ခံထားရသည့် ကာ့ဒ်အလုပ်သမားများပါတီ PKK က ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ဗန်ပြည်နယ်ရှိ တိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်ယူခြင်း မရှိသေးပေ။
    PKK အဖွဲ့မှာ ကာ့ဒ်လူမျိုး အများစုရှိရာ နိုင်ငံအရှေ့တောင်ပိုင်းရှိ ရဲစခန်းများကို မကြာမကြာ တိုက်ခိုက်လေ့ရှိသည်။ တူရကီစစ်တပ်ကလည်း ထိုအဖွဲ့၏ ခြေကုပ်နေရာများအား လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
    Ref: Press TV
  • တူရကီအစိုးရက ထောင်ခါမည်
    တူရကီအစိုးရက ထောင်ခါမည်
    သြဂုတ် ၁၇၊ ၂၀၁၅
    M-Media
    turkey
    – မအောင်မြင်သော အာဏာသိမ်းမှုနှင့် ဆက်စပ်၍ ဖမ်းဆီးထားသူများအား နေရာပေးနိုင်ရန်အတွက် ဇူလိုင် ၁ ရက်နေ့ မနက်တိုင်ခင် ပြစ်မှုကျူးလွန်ထားသော အကျဉ်းသား ၃၈၀၀၀ ခန်ကို တူရကီက လွှတ်ပေးရန် ရှိနေသည်ဟု တရားရေးဝန်ကြီး ဘာကီရန် ဘော့ဒဂ်က ပြောကြားလိုက်သည်။
    ထိုကဲ့သို့ လွှတ်ပေးရန် ယနေ့တွင် အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး လွှတ်ပေးမည့်သူများတွင် လူသတ်မှု၊ လိင်ရာဇ၀တ်မှု၊ အကြမ်းဖက်မှု၊ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ရာဇ၀တ်မှု စသည်တို့ကို ကျူးလွန်သူများနှင့် ဇူလိုင် ၁၅ ရက်နေ့နောက်ပိုင်း ဖမ်းဆီးခံရသူများ မပါဝင်ဟု ဖော်ပြထားသည်။
    ထောင်ဒဏ် ၂ နှစ်နှင့်အောက် ကျခံနေရသူများအား လွှတ်ပေးမည်ဖြစ်ပြီး၊ ပြစ်ဒဏ်၏ ထက်ဝက်ကို ကျခံပြီးသူများကိုလည်း ခံဝန်ဖြင့် ပြန်လွှတ်မည်ဖြစ်သည်။
    ဘော့ဒဂ်ကမူ ထိုကဲ့သို့ အကျဉ်းသားများ လွှတ်ပေးမှုမှာ လွတ်ငြိမ်းချမ်းသာခွင့်မဟုတ်ဘဲ ခံဝန်ဖြင့်လွှတ်သောသူများမှလွဲ၍ ကျန်သူများ၏ ပြစ်မှုကျူးလွန်မှုများကို ပယ်ဖျက်မည်မဟုတ်ဟု ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။
    ဇူလိုင်လက မအောင်မြင်သည့် အာဏာသိမ်းမှုအပြီးတွင် တူရကီအစိုးရမှာ စစ်သားများ၊ ရဲများ၊ တရားသူကြီးများနှင့် ဂျာနယ်လစ် စုစုပေါင်း ၃၅၀၀၀ ခန့်ကို စစ်ဆေးရန်အတွက် ထိန်းသိမ်းထားပြီး၊ ၁၈၀၀၀ ကိုမူ ဖမ်းဆီးတရားစွဲဆိုထားသည်။
    Ref: Aljazeera
  • တူရကီ အာဏာသိမ်းမှုအတွင်း လုပ်ကြံမှုများမှ အံ့ဖွယ်လွတ်မြောက်ခဲ့သည့် အာဒိုဂန်
    တူရကီ အာဏာသိမ်းမှုအတွင်း လုပ်ကြံမှုများမှ အံ့ဖွယ်လွတ်မြောက်ခဲ့သည့် အာဒိုဂန်
    သြဂုတ် ၅၊ ၂၀၁၆
    M-Media
    ardogan
    – ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ တူရကီစစ်တပ်က အာဏာသိမ်းမှုအတွင်းမှာ သမ္မတအာဒိုဂန်ကအနေနဲ့ လုပ်ကြံမှုတွေကနေ အံ့သြဖွယ်လွတ်မြောက်သွားခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
    ဇူလိုင်လ ၁၅ ရက်နေ့က အဲဒီအာဏာသိမ်းမှုဖြစ်စဉ်အတွင်း အာဒိုဂန်ဟာ မိသားစုနဲ့အတူ နိုင်ငံအတွင်းက မာမာရစ်ဆိုတဲ့ မြို့လေးမှာ ခရီးထွက်နေခဲ့တာပါ။
    အာဏာသိမ်းပြီးဆိုတဲ့သတင်း ကြားကြားချင်း အမြန်ပြန်လာခဲ့တဲ့ အာဒိုဂန်ရဲ့လေယာဉ်ကို ပစ်ချဖို့ အာဏာသိမ်းအဖွဲ့က လွှတ်လိုက်တဲ့ F-16 တိုက်လေယာဉ်တစ်စင်းဟာ တွေ့ရှိခဲ့ပေမယ့် ဆီကုန်မယ့်အန္တရာယ် ရင်ဆိုင်ခဲ့ရတဲ့အတွက် လေတပ်စခန်းကို ပြန်လှည့်ခဲ့ရပြီး အာဒိုဂန်ကလည်း အသက်ဘေးကနေ လွတ်မြောက်ခဲ့တယ်လို့ အစိုးရလိုလားတဲ့ Yeni Safak သတင်းစာက ဖော်ပြခဲ့ပါတယ်။
    ပစ်ချဖို့ ပျံသန်းလာတဲ့လေယာဉ်ရဲ့ ရေဒါမှာ အာဒိုဂန်စီးနင်းလာတဲ့ လေယာဉ် ပေါ်လာတဲ့အထိ နီးကပ်ခဲ့တာဖြစ်ပေမယ့် ဒုံးကျည်နဲ့ ပစ်နိုင်တဲ့အကွာအဝေးမရောက်ခင် ဆီမလောက်တော့တာကြောင့် လေယာဉ်မှူးဟာ စစ်ဆင်ရေးကို ဖျက်သိမ်းခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
    အာဒိုဂန်ရဲ့လေယာဉ်ကို ပစ်ချဖို့သွားတဲ့ ဒီ F-16 လေယာဉ်တွေဟာ တစ်စီးတည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဘာ့ကြောင့် မပစ်ခဲ့လဲဆိုတာကို အခုအချိန်အထိ မသိသေးဘဲ ဒီကိစ္စနဲ့ပတ်သက်ပြီး သိရှိထားတဲ့ တူရကီ စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူဟောင်းကတော့ ဒါဟာ ‘နားမလည်နိုင်တဲ့ ကိစ္စ’ လို့ ဖွင့်ဟခဲ့ပါတယ်။
    “အာဒိုရဲ့ဂန်လေယာဉ် အစ္စတန်ဘူလ်ကို ပြန်လာနေတဲ့အချိန်မှာ F-16 တိုက်လေယာဉ် ၂ စင်းလောက်က ဟန့်တားခဲ့ကြတာပါ”
    အာဒိုဂန်ဟာ အာဏာသိမ်းတဲ့ကိစ္စမှာ ဒီတစ်ကြိမ်သာ အသက်အန္တရာယ်နေ လွတ်မြောက်ခဲ့တာ မဟုတ်ပါဘူး။ မာမာရစ်မြို့က ဟိုတယ်တစ်ခုမှာ အနားယူနေစဉ်အတွင်း သူ့ကိုလုပ်ကြံမယ့်အဖွဲ့တွေ ရောက်မလာခင် လက်မတင်လေး လှည့်စားကာ ထွက်သွားနိုင်ခဲ့တယ်လို့ Yeni Safak က ထပ်ရေးထားပါသေးတယ်။
    အစ္စတန်ဘူလ်ကို အာဒိုဂန်ရဲ့ အပြန်ခရီးကို အာဒိုဂန်စီးနင်းတဲ့ Gulfstream IV TC-ATA လေယာဉ်က အလျှို့ဝှက်ဆုံး စီစဉ်ခဲ့တာဖြစ်ပြီး အဲဒီခရီးစဉ်အတွက် ဘာသတင်းအချက်အလက်မှ ထွက်မလာခဲ့ပါဘူး။
    ပြန်လာနေစဉ်အတွင်းမှာ လေယာဉ်လမ်းကြောင်းကို အဇ်မီရ်ဆိုတဲ့မြို့လေးကို ပြောင်းခဲ့ရပြီး အစ္စတန်ဘူလ်လေယာဉ်ကွင်းမှာ စိတ်ချရပြီဆိုမှ ဇူလိုင် ၁၆ ရက်နေ့ အာရုဏ်မတက်ခင်လေးမှာ ဆင်းသက်နိုင်ခဲ့တာဖြစ်ပါတယ်။
    ဒီလိုစီစဉ်မထားတဲ့ လမ်းကြောင်းပြောင်းမှုကို ‘လေထဲကဒုက္ခ’ လို့တောင် နာမည်ပေးခဲ့တယ်လို့ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
    မာမာရစ်မြို့လေးကနေ မိမိထွက်ခွာပြီးတဲ့နောက်မှာ အာဏာသိမ်းမှုကို စီစဉ်နေတဲ့သူတွေက အဲဒီမြို့လေးက နေရာအချို့ကို ဗုံးကြဲခဲ့တယ်လို့ အာဒိုဂန်က Reuters သတင်းဌာနကို ပြောကြားခဲ့ပြီး သူ့ကိုရှာပြီးသက်ဖို့ တပ်ဖွဲ့ဝင် ၂၅ ဦးကိုလည်း ရဟတ်ယာဉ်နဲ့ စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။
    ဇူလိုင် ၁၅ ရက်နေ့ညက ဖြစ်ပွားခဲ့ပြီး မအောင်မြင်တဲ့ အဲဒီအာဏာသိမ်းမှုမှာ လူပေါင်း ၂၅၀ နီးပါးလောက် သေဆုံးခဲ့ပြီး ၂၀၀၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါပေမယ့် အာဏာသိမ်းမှုကို စီစဉ်သူတွေထဲမှာတော့ အနာတရဖြစ်သူ မရှိဘူးလို့ တူရကီအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
    Ref: RT