သြဂုတ် ၁၇၊ ၂၀၁၅
M-Media
– မအောင်မြင်သော အာဏာသိမ်းမှုနှင့် ဆက်စပ်၍ ဖမ်းဆီးထားသူများအား နေရာပေးနိုင်ရန်အတွက် ဇူလိုင် ၁ ရက်နေ့ မနက်တိုင်ခင် ပြစ်မှုကျူးလွန်ထားသော အကျဉ်းသား ၃၈၀၀၀ ခန်ကို တူရကီက လွှတ်ပေးရန် ရှိနေသည်ဟု တရားရေးဝန်ကြီး ဘာကီရန် ဘော့ဒဂ်က ပြောကြားလိုက်သည်။
ထိုကဲ့သို့ လွှတ်ပေးရန် ယနေ့တွင် အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး လွှတ်ပေးမည့်သူများတွင် လူသတ်မှု၊ လိင်ရာဇ၀တ်မှု၊ အကြမ်းဖက်မှု၊ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ရာဇ၀တ်မှု စသည်တို့ကို ကျူးလွန်သူများနှင့် ဇူလိုင် ၁၅ ရက်နေ့နောက်ပိုင်း ဖမ်းဆီးခံရသူများ မပါဝင်ဟု ဖော်ပြထားသည်။
ထောင်ဒဏ် ၂ နှစ်နှင့်အောက် ကျခံနေရသူများအား လွှတ်ပေးမည်ဖြစ်ပြီး၊ ပြစ်ဒဏ်၏ ထက်ဝက်ကို ကျခံပြီးသူများကိုလည်း ခံဝန်ဖြင့် ပြန်လွှတ်မည်ဖြစ်သည်။
ဘော့ဒဂ်ကမူ ထိုကဲ့သို့ အကျဉ်းသားများ လွှတ်ပေးမှုမှာ လွတ်ငြိမ်းချမ်းသာခွင့်မဟုတ်ဘဲ ခံဝန်ဖြင့်လွှတ်သောသူများမှလွဲ၍ ကျန်သူများ၏ ပြစ်မှုကျူးလွန်မှုများကို ပယ်ဖျက်မည်မဟုတ်ဟု ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။
ဇူလိုင်လက မအောင်မြင်သည့် အာဏာသိမ်းမှုအပြီးတွင် တူရကီအစိုးရမှာ စစ်သားများ၊ ရဲများ၊ တရားသူကြီးများနှင့် ဂျာနယ်လစ် စုစုပေါင်း ၃၅၀၀၀ ခန့်ကို စစ်ဆေးရန်အတွက် ထိန်းသိမ်းထားပြီး၊ ၁၈၀၀၀ ကိုမူ ဖမ်းဆီးတရားစွဲဆိုထားသည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.