News @ M-Media

Tag: turkey

  • Lock Down ပြီးဆုံးမှုကို အောင်ပွဲခံရင်း တူရကီတွင် အမျိုးသမီးတစ်ဦးသေဆုံး

    Lock Down ပြီးဆုံးမှုကို အောင်ပွဲခံရင်း တူရကီတွင် အမျိုးသမီးတစ်ဦးသေဆုံး

    မေ ၁၊ ၂၀၂၀
    M-Media

    -တူရကီနိုင်ငံမှာ ရွေ့လျားသွားလာမှုကန့်သတ်ချက် ပယ်ဖျက်မှုကို အောင်ပွဲခံရင်း အမျိုးသမီးတစ်ဦး တောင်စောင်းကနေ ပြုတ်ကျသေဆုံးသွားတယ်လို့ သိရပါတယ်။

    Olesya Suspitsyna လို့ အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ အသက် ၃၁ နှစ်အရွယ်ရှိပြီး ကာဇက်စတန်နိုင်ငံသူဖြစ်ကာ တူရကီနိုင်ငံတောင်ပိုင်း အန်တာလ်ယာ အပန်းဖြေမြို့မှာ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေတာပါ။

    Covid-19 ပြန့်နှံ့မှုကြောင့် ပြုလုပ်ထားတဲ့ ရွေ့လျားကန့်သတ်မှုအမိန့်ကို ပယ်ဖျက်ခဲ့တဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နာမည်ကျော် ဒူကန်ပန်းခြံကို သူငယ်ချင်းနဲ့သွားရင်း အခုလို ကြမ္မာဆိုးမျိုးကို ကြုံတွေ့ခဲ့ရတာ​ ဖြစ်ပါတယ်။

    ပန်းခြံက တောင်စောင်းတစ်ခုရဲ့ထိပ် အကာအရံပေါ်ကိုတက်ကာ ရေတံခွန်နောက်ခံထားပြီး ဓာတ်ပုံရိုက်ရာကနေ Olesya Suspitsyna တစ်ယောက် ခြေချော်ပြီး ပြုတ်ကျသေဆုံးခဲ့ပါတယ်။

    ဒီအဖြစ်အပျက်ဟာ တူရကီဆိုရှယ်မီဒီယာမှာ အလျင်အမြန် ပြန့်နှံ့သွားခဲ့ပြီး တူရကီပြည်သူတွေကလည်း ဝမ်းနည်းကြောင်း ရေးသားခဲ့ကြပါတယ်။

    Olesya Suspitsyna ရဲ့ အလောင်းကို ဆယ်ယူပြီးတဲ့နောက် ကာဇက်စတန်နိုင်ငံကို ပြန်လည် ပို့ဆောင်သွားမှာ ဖြစ်ပါတယ်။

    Ref: Khallej Times

  • ရုရှားဒုံးခွင်းစနစ်ကို မသုံးလျှင် ပက်ထရီယော့ဒုံးခွင်းစနစ် ရောင်းပေးမည်ဟု တူရကီကို ကန် ကမ်းလှမ်း

    ရုရှားဒုံးခွင်းစနစ်ကို မသုံးလျှင် ပက်ထရီယော့ဒုံးခွင်းစနစ် ရောင်းပေးမည်ဟု တူရကီကို ကန် ကမ်းလှမ်း

    မတ် ၁၂၊ ၂၀၂၀
    M-Media

    -ရုရှားရဲ့ နာမည်ကျော် S-400 ဒုံးခွင်းစနစ်ကို အသုံးမပြုဘူးလို့ ကတိပြုရင် မိမိတို့ရဲ့ ပက်ထရီယော့ ဒုံးခွင်းစနစ်ကို ရောင်းချပေးမယ်လို့ အမေရိကန်က တူရကီကို ကမ်းလှမ်းလိုက်ပါတယ်။

    S-400 ဝယ်ယူမယ့်ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တူရကီတို့အကြား ပြီးခဲ့တဲ့လတွေမှာ တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ ဒီကိစ္စကြောင့် ပက်ထရီယော့ ဒုံးခွင်းစနစ် ရောင်းချဖို့ ဆွေးနွေးမှု၊ F35 တိုက်လေယာဉ် ရောင်းချမယ့် အစီအစဉ်ကို ကို အမေရိကန်က ပယ်ဖျက်ခဲ့ပါတယ်။ ဒါပေမယ့် အခုကမ်းလှမ်းမှုဟာ အမေရိကန်ရဲ့ သဘောထား ပြောင်းလဲသွားမှုကို ဖော်ပြနေတာပါ။

    တူရကီအစိုးရ တာဝန်ရှိသူ ၂ ဦးက အမေရိကန်ရဲ့ ဒီကမ်းလှမ်းမှုကို တူရကီက စဉ်းစားသုံးသပ်နေပေမယ့် S-400 ဒုံးခွင်းစနစ်နဲ့ ပတ်သက်တဲ့ အစီအစဉ်ကို ပြောင်းလဲသွားမှာမဟုတ်ဘဲ လာမယ့်လမှာ စတင်အသုံးပြုသွားမယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    အခုနှစ်အတွင်း ဆီးရီးယားနိုင်ငံ အီဒလစ်မြို့ဒေသမှာ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်ပွားပြီးတဲ့နောက် တူရကီ-ဆီးရီးယားနယ်စပ်မှာ ပက်ထရီယော့ဒုံးခွင်းစနစ် ချထားဖို့ အမေရိကန်ကို တူရကီက တောင်းဆိုခဲ့ပါတယ်။ အမေရိကန်ကတော့ တူရကီဟာ S-400 နဲ့ ပက်ထရီယော့ ဒုံးခွင်းစနစ်ကို တစ်ပြိုင်တည်း အသုံးပြုလို့မရဘူးလို့ ပြောကြားခဲ့ပါတယ်။

    ဘရပ်ဆဲလ်က ပြန်ရောက်ပြီးတဲ့နောက် လေဆိပ်ကသတင်းရှင်းလင်းပွဲမှာ တူရကီသမ္မတ အာဒိုဂန်က ပက်ထရီယော့ဒုံးခွင်းစနစ် ချထားဖို့ အမေရိကန်ကို မိမိတို့က တောင်းဆိုထားပြီး ဝယ်ဖို့ အဆင်သင့်ပဲလို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ရုရှားနှင့် တူရကီတို့ ဆီးရီးယားတွင် စစ်ရာဇဝတ်မှု ကျူးလွန်ဖွယ်ရှိဟု ကုလထုတ်ပြန်

    ရုရှားနှင့် တူရကီတို့ ဆီးရီးယားတွင် စစ်ရာဇဝတ်မှု ကျူးလွန်ဖွယ်ရှိဟု ကုလထုတ်ပြန်

    မတ် ၃၊ ၂၀၂၀
    M-Media

    -ဆီးရီးယားစစ်ပွဲမှာ ပါဝင်နေတဲ့ ရုရှားနဲ့ တူရကီတို့ဟာ အရပ်သားတွေကိုအပေါ် ပစ်မှတ်ထားတိုက်ခိုက်​မှုတွေ ရှိတဲ့အတွက် စစ်ရာဇဝတ်မှု ကျူးလွန်တာမျိုး ရှိနိုင်တယ်လို့ ကုလ စုံစမ်းစစ်ဆေးရေးမှူးတွေက မနေ့မှာ အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

    ရုရှားဟာ အာဆတ်အစိုးရရဲ့ အဓိက မဟာမိတ်ဖြစ်ပြီး တူရကီက သူပုန်တွေဖက်ကနေ ဝင်ရောက် တိုက်ခိုက်ပေးနေတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ ဩဂုတ်လတွေမှာ သူပုန်တွေထိန်းချုပ်ထားရာ ဒေသက လူစည်ကားရာ စျေးတစ်ခုနဲ့ စစ်ရှောင်စခန်းတစ်ခုတို့ကို ရုရှားက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး အရပ်သားအများအပြား သေဆုံးခဲ့တာကို ကုလရဲ့ အခုအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    “ဒီအဖြစ်အပျက် ၂ ခုစလုံးမှာ ရုရှားဟာ စစ်ဖက်ပစ်မှတ်ကို တိုက်ရိုက်တိုက်ခိုက်တာမျိုး မရှိပါဘူး။ အရပ်သားဧရိယာမှာ စစ်သား၊ အရပ်သား မခွဲခြားဘဲ တိုက်ခိုက်ခဲ့တာဟာ စစ်ရာဇဝတ်မှုမြောက်ပါတယ်” လို့ အစီရင်ခံစာက ဆိုပါတယ်။

    တူရကီနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဆီးရီးယားသူပုန်တွေ ကာ့ဒ်ဒေသအတွင်း တိုက်ခိုက်တဲ့အချိန်မှာ ကျူးလွန်မှုတွေရှိခဲ့ပြီး အဲဒီတပ်ဖွဲ့တွေသာ တူရကီတပ်မှူးတွေရဲ့ ထိန်းချုပ်မှုအောက်မှာရှိခဲ့တယ်ဆိုရင် တူရကီကလည်း စစ်ရာဇဝတ်မှု ကျူးလွန်မှုမှာ ပါဝင်မယ်လို့ ကုလ စုံစမ်းစစ်ဆေးရေးမှူးတွေက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ပေါ်လို ပင်ဟီရိုက ၉ နှစ်တာကြာမြင့်နေပြီဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်မှာ ကျူးလွန်မှုတွေကို အရေးယူဖို့ ကမ္ဘာတစ်ဝှမ်း တရားရေးတာဝန်ရှိသူ ၂၀၀ လောက်ရဲ့ တောင်းဆိုမှုကို ရရှိထားပြီး ကျူးလွန်တယ်လို့ သံသယရှိတဲ့ သူတွေစာရင်းကို ပြုစုထားကြောင်း၊ ဒီစာရင်းဟာ လျှို့ဝှက်စာရင်းဖြစ်ပြီး မကြာသေးခင်က ကိစ္စတွေမှာ ပါဝင်ပတ်သက်ခဲ့သူတွေကိုပါ ပေါင်းထည့်ထားကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ် ဇူလိုင်လကနေ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအထိ အဖြစ်အပျက်တွေကို မှတ်တမ်းတင်ထားတဲ့ အခုအစီရင်ခံစာမှာ ​ဆေးရုံတွေ၊ ကျောင်းတွေလို့ အရပ်သားနေရာတွေကို ဆီးရီးယားအစိုးရနဲ့ မဟာမိတ်တပ်ဖွဲ့တွေက တမင်ပစ်မှတ်ထားတိုက်ခိုက်တာတွေကိုလည်း ရှုတ်ချထားပါတယ်။

    Ref : Aljazeera

  • ဆီးရီးယား ဒုက္ခသည်များအား ဥရောသွားရန် တံခါးဖွင့်ပေးလိုက်ပြီဟု အာဒိုဂန်ပြော

    ဆီးရီးယား ဒုက္ခသည်များအား ဥရောသွားရန် တံခါးဖွင့်ပေးလိုက်ပြီဟု အာဒိုဂန်ပြော

    ဖေဖော်ဝါရီ ၂၉၊ ၂၀၂၀
    M-Media

    -လတ်တလောမတည်ငြိမ်မှုတွေကြောင့် ဆီးရီးယားကနေ ဝင်ရောက်လာတဲ့ ဒုက္ခသည်အရေးကို ကိုင်တွယ်ဖြေရှင်းတော့မှာမဟုတ်ဘဲ ဥရောပနိုင်ငံကိုသွားရောက်ဖို့ မိမိတို့အစိုးရက စတင်ခွင့်ပြုနေပြီလို့ တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်ပါတယ်။

    ကြာသာပတေးနေ့က ဆီးရီးယားနိုင်ငံ အီဒလစ်ပြည်နယ်မှာ ဆီးရီးယားအစိုးရတပ်ရဲ့ လက်ချက်ကြောင့် တူရကီစစ်သား ၃၃ ဦး သေဆုံးမှုနဲ့ပတ်သက်ပြီး တူရကီအစိုးရက အခုလို တုန့်ပြန်လိုက်တာပါ။

    “မနေ့က ဘာလုပ်ခဲ့လဲဆိုရင် တံခါးတွေ ဖွင့်ပေးလိုက်တယ်။ တံခါးတွေ ပိတ်ထားတော့မှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဥရောပသမဂ္ဂက ကတိမတည်လို့ပါ” လို့ အာဒိုဂန်က ပြောကြားခဲ့ပါတယ်။

    တူရကီ-ဥရောပနယ်စပ်မှာ သေကြာနေ့က ဒုက္ခသည် ၁၈၀၀၀ လောက် ရှိနေပြီး စနေနေ့မှာ ၃ သောင်းလောက်အထိ များလာလိမ့်မယ်လို့ လည်း သူက ဆိုပါတယ်။

    တူရကီ-ဂရိ နယ်စပ်မှာ ဂရိလုံခြုံရေးအဖွဲ့တွေက ဒုက္ခသည်တွေကို အင်အားသုံးဖြိုခွင်းမှုတွေလည်း ရှိလာပါတယ်။

    သူပုန်တွေရဲ့ နောက်ဆုံးခြေကုပ်ဖြစ်တဲ့ အီဒလစ်ပြည်နယ်ကို ပြန်ရရေး ဆီးရီးယားအစိုးရတပ်က အပြင်းအထန် ထိုးစစ်ဆင်နေတဲ့ ပြီးခဲ့တဲ့ လတွေအတွင်း အဲဒီပြည်နယ်မှာ စစ်စခန်းတွေရှိနေတဲ့ တူရကီနဲ့ တင်းမာမှု မြင့်တက်လာတာပါ။ ဒီတင်းမာမှုအသစ်ကြောင့် တူရကီဖက်ကို ‌ဒုက္ခသည်တွေ နောက်ထပ် ထွက်ပြေးရတာ‌တွေလည်း ရှိလာပါတယ်။

    တူရကီအစိုးရဟာ ဒုက္ခသည်အရေးကို နိုင်ငံရေးနဲ့ စစ်ရေးအကျိုးအမြတ်အတွက် အသုံးချနေတယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

    Ref: Ajazeera

  • ဆီးရီးယားစစ်တပ်၏ တိုက်ခိုက်မှုကြောင့် တူရကီစစ်သား ၃၀ ကျော်သေဆုံး

    ဆီးရီးယားစစ်တပ်၏ တိုက်ခိုက်မှုကြောင့် တူရကီစစ်သား ၃၀ ကျော်သေဆုံး

    ဖေဖော်ဝါရီ ၂၈၊ ၂၀၂၀
    M-Media

    ဆီးရီးယားရှိ တူရကီတပ်ဖွဲ့ဝင်များ

    -ဆီးရီးယားနိုင်ငံ အနောက်မြောက်ဖက် အီဒလစ်ပြည်နယ်မှာ သောကြာနေ့က ဆီးရီးယားအစိုးရတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း တူရကီစစ်သား အနည်းဆုံး ၃၃ ဦးသေဆုံးခဲ့ပြီး တူရကီကတော့ ပြင်းပြင်းထန်ထန် လက်တုန့်ပြန်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒါဟာ ၂၀၁၆ ခုနှစ်က ဆီးရီးယားပြည်တွင်းစစ်မှာ စတင်ပါဝင်ပြီးနောက်ပိုင်း တစ်ရက်အတွင်း တူရကီစစ်သား အများဆုံး သေဆုံးမှုလည်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီလအတွင်း သေဆုံးခဲ့တဲ့ စစ်သည်အရေအတွက်ဟာ ၅၄ ဦး ရှိလာပြီလို့လည်း တူရကီက ထုတ်ပြန်ထားပါတယ်။

    သူပုန်တွေရဲ့ နောက်ဆုံးခြေကုပ်စခန်းဖြစ်တဲ့ အီဒလစ်ပြည်နယ်ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် ဆီးရီးယားအစိုးရတပ်တွေက ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ထိုးစစ်အရှိန်မြှင့်ရာမှာ စစ်စခန်းတွေရှိနေတဲ့ တူရကီနဲ့ တင်းမာမှု မြင့်တက်လာ ဖြစ်ပါတယ်။

    အာဆတ်အစိုးရတပ်ကို ကူညီပေးနေတဲ့ ရုရှားက တူရကီဟာ သူတို့တပ်ဖွဲ့တွေ သူပုန်နဲ့ပေါင်းပြီး တိုက်နေတာကို သတင်းပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ တူရကီဖက်ကတော့ ဒီပြောဆိုချက်ကို ငြင်းပါတယ်။

    တူရကီကတော့ ဆီးရီးယားအစိုးရတပ်ရဲ့ သိသမျှစခန်းတွေကို လက်တုန့်ပြန်တိုက်ခိုက်သွားမှာဖြစ်ပြီး၊ နိုင်ငံအတွင်းရှိနေတဲ့ ဆီးရီးယားဒုက္ခသည်တွကိုလည်း ဥရောပနိုင်ငံတွေဆီသွားဖို့ ဖွင့်ပေးလိုက်ပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။

    အီဒလစ်ပြည်နယ် တောင်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ တူရကီဖက်က ချက်ခြင်း လက်တုန့်ပြန်တိုက်ခိုက်မှုတွေ ရှိနေပြီး အနည်းဆုံး ဆီးရီးယားစစ်သား ၁၆ ဦး သေဆုံးခဲ့တယ်လို့ ယူကေအခြေစိုက် စောင့်ကြည့်အဖွဲ့ Syrian Observatory for Human Rights က ပြောပါတယ်။ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒီတင်းမာမှုအတွက် အလွန်စိုးရိမ်တယ်လို့ ပြောကြားခဲ့ပြီး နှစ်ဖက်စလုံး အပစ်ရပ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera